နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇူလိုင်လ 9 ရက်

1027 Operations

1027 Operations ၁၁၁၃ ရခိုင်စစ်ပွဲ

ကျောက်တော်မြို့နယ်၊ တောင်ရှည်တောင်ဗျူဟာစခန်းက စခန်းတစ်ခုလုံး ရက္ခိုင့်တပ်တော်ထံ လက်နက်ချ

၂ဝ၂၄ ခုနှစ်၊ ဇန်နဝါရီလ (၈) ရက်။

ရက္ခိုင်ပြည်၊ ကျောက်တော်မြို့နယ်၊ တောင်ရှည်တောင်ဗျူဟာစခန်းက စခန်းတစ်ခုလုံးမှာရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် (၂၀၀) ခန့်ဟာ ရက္ခိုင့်တပ်တော်ထံကိုလက်နက်ချ အညံ့ခံခဲ့တယ်လို့ ဒီကနေ့ ရက္ခိုင့်တပ်တော်က သတင်းထုတ်ပြန်ထားပါတယ်။

အဲ့ဒီလိုပဲ စစ်ကောင်စီရဲ့ အခြားတပ်စခန်းတွေကလည်း မိမိတို့ထံ ဤကဲ့သို့ လက်နက်ချ အညံ့ခံဖို့နဲ့ ပြည်သူ့ရင်ခွင်ကို ဝင် ရောက်ခိုလှုံဖို့ ဆက်သွယ်မှုတွေ ရရှိထားတယ်လို့ ဆိုပါတယ်။

တောင်ရှည်တောင်ဗျူဟာစခန်းသိမ်းတိုက်ပွဲအတွင်းမှာ ရက္ခိုင့်တပ်တော်နဲ့အတူ မိတ်ဖက်အဖွဲ့အစည်းအချို့က ရဲဘော်တွေလည်း စစ်ရေးအတွေ့အကြုံယူဖို့ တက်ကြွစွာ တိုက်ပွဲဝင်ခဲ့ကြတယ်လို့ ဖော်ပြထားပါတယ်။

ချင်းပြည်နယ် ပလက်ဝဒေသတစ်ခုလုံး စစ်ကောင်စီ ကင်းစင်တဲ့နယ်မြေဖြစ်လာနိုင်ဖို့ ရက္ခိုင့်တပ်တော်က စစ်ကောင်စီရဲ့စခန်းတွေကို ချေမှုန်း တိုက်ခိုက်နေတယ်လို့ သိရပြီး ဇန်နဝါရီလ (၇) ရက်နေ့ကစပြီး ပလက်ဝ အနောက်ဘက်ခြမ်းရှိ စစ်ကောင်စီရဲ့ စခန်းအားလုံးကို ရက္ခိုင့်တပ်တော်က သိမ်းပိုက်ရယူထားပြီးဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

ရှင်းလက်ဝ (ချင်းလက်ဝ) စခန်းသိမ်းတိုက်ပွဲက ထွက်ပြေးသွားသော စစ်ကောင်စီတပ်ဖွဲ့ဝင် (၁၀၄) ဦးခန့်ဟာ အိန္ဒိယနိုင်ငံအတွင်းကို အာသံရိုင်ဖယ်ရဲ့ အကူအညီနဲ့ ထွက်ပြေးသွားတယ်လို့ သိရပါတယ်။

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၂၉) ရက်နေ့တုန်းကလည်း ပွိုင့် (၃၇၇) စခန်းက စစ်ကောင်စီတပ်ဖွဲ့ဝင် (၁၅၁) ဦးဟာ အိန္ဒိယနိုင်ငံထဲကို ထွက်ပြေးဝင်ရောက်သွားခဲ့ပြီး ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၂) ရက်နေ့မှာ အိန္ဒိယအစိုးရက စစ်ကောင်စီထံ ပြန်လည်လွှဲပြောင်းပေးခဲ့တယ်လို့ သိရပါတယ်။

ရက္ခိုင်ပြည်၊ မြောက်ဦး သင်းကျစ်တော်တောင်စခန်းကို၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၇) ရက်၊ ညနေ (၄) နာရီမှာ ရက္ခိုင့်တပ်တော်က အပြီးသတ်သိမ်းပိုက်ရရှိခဲ့ပြီး စစ်အသုံးအဆောင်ပစ္စည်းတွေနဲ့ လက်နက်ခဲယမ်း အမြောက်အမြားကို သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်သားတွေနဲ့ စစ်စခန်းတွေအနေနဲ့ လက်နက်ချအညံ့ခံလိုပါက ရက္ခိုင့်တပ်တော်ကို အချိန်မရွေး ဆက်သွယ်နိုင်ပါတယ်လို့ ထပ်မံအသိပေးထားပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

1027 Operations

တရက်ထဲ နောင်ချိုမှာ စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံးအပါအဝင် လက်နက်ကြီး စုစုပေါင်း (၁၀၀)နီးပါး တိုက်ခိုက်ခဲ့

  • 2025 ခုနှစ်၊ ဇွန်လ 26 ရက်
  • 37 Views
ဇွန်လ (၂၆)ရက်။ မနေ့က တရက်ထဲ နောင်ချိုမြို့ရှိ ကျေးရွာအချို့မှာ စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံး (၂၈)လုံးနဲ့ လက်နက်ကြီး (၆၈)လုံး
1027 Operations

တအာင်းပြည်မှာ DPLF/DPLA ရဲ့ စစ်သင်တန်းဆင်းပွဲနဲ့ လက်နက်တပ်ဆင်တဲ့အခမ်းအနား ပြုလုပ်ခဲ့

  • 2025 ခုနှစ်၊ ဇွန်လ 24 ရက်
  • 36 Views
ဇွန်လ (၂၄)ရက်။ ဇွန်လ (၂၁)ရက်နေ့က တအာင်းပြည်တနေရာမှာ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော်(DPLF/DPLA)ရဲ့ အပတ်စဉ် (၆) စစ်သင်တန်းဆင်းပွဲအခမ်းအနားကို ပြုလုပ်ခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ
1027 Operations

မိုးမိတ်မြို့မှာ TNLA နဲ့ SSPP/SSA တို့ နှစ်ဖက်တိုက်ပွဲတွေဖြစ်ပွားခဲ့

  • 2025 ခုနှစ်၊ ဇွန်လ 23 ရက်
  • 39 Views
ဇွန်လ (၂၃)ရက်။ ဒီကနေ့ နံနက် (၁၀)နာရီကျော်အချိန်ကစပြီး မိုးမိတ်မြို့နယ် မိုးဟောက်ကျေးရွာအုပ်စုထဲ TNLA နဲ့ SSPP/SSA တို့ နှစ်ဖက်တိုက်ပွဲတွေ ဖြစ်ပွားခဲ့တယ်လို့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မိုးဟောက်ကျေးရွာအုပ်စုထဲ TNLA က စစ်ကြောင်းထွက်ကင်းလှည့်နေတဲ့အချိန်
1027 Operations

နောင်ချိုမြို့နယ်ထဲ စစ်ကောင်စီတပ်နဲ့ TNLA တို့ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေ

  • 2025 ခုနှစ်၊ ဇွန်လ 21 ရက်
  • 30 Views
ဇွန်လ (၂၁)ရက်။ နောင်ချိုမြို့နယ်ထဲရှိ ကျေးရွာ (၇)ရွာမှာ စစ်ကောင်စီတပ်နဲ့ TNLA တို့အကြား တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ နှစ်ဖက်တိုက်ပွဲတွေဟာ နောင်ချိုမြို့ရှိ လက်ပံကုန်း၊ သရက်ကုန်း၊ ဉာဏ်တော၊ ရွေသွန်း၊ လုံဝယ်၊
၁၁၁၃ ရခိုင်စစ်ပွဲ

ရခိုင်ကိုပို့မယ့် (၈)ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွဆေးပြားတွေနဲ့အတူ မူးယစ်ဂိုဏ်းအဖွဲ့ကို ဖမ်းမိခဲ့တယ်လို့ စစ်ကောင်စီထုတ်ပြန်

  • 2025 ခုနှစ်၊ ဇွန်လ 13 ရက်
  • 31 Views
ဇွန်လ (၁၃)ရက်။ ရခိုင်ကိုပို့မယ့် (၈)ဒသမ(၁၈)ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွဆေးပြား (၅၇)သိန်းကျော်နဲ့အတူ မူးယစ်မှောင်ခိုဂိုဏ်းအဖွဲ့ကို ဖမ်းမိခဲ့တယ်ဆိုပြီး စစ်ကောင်စီရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဇွန်လ (၄)ရက်နေ့ နေ့လယ် (၁၂)နာရီခွဲအချိန်က ပြည်-အောင်လံသွား ကားလမ်းရှိ တိုးဂိတ်အနီးမှာ မူးယစ်ဆေးဝါး
၁၁၁၃ ရခိုင်စစ်ပွဲ

ရခိုင်ရှိ သံတွဲမြို့က နေရာ (၃)ခုကို စစ်ကောင်စီ လေကြောင်းဗုံးကြဲ၊ (၁၂)နှစ်အရွယ်အပါအဝင် စစ်ရှောင် (၄)ဦးသေဆုံးခဲ့

  • 2025 ခုနှစ်၊ ဇွန်လ 9 ရက်
  • 40 Views
ဇွန်လ (၉)ရက်။ ဇွန်လ (၇)ရက်နေ့ ည (၁၀)နာရီကျော်အချိန်က ရခိုင်ပြည်နယ် သံတွဲမြို့ရှိ နေရာ (၃)ခုကို စစ်ကောင်စီက လေကြောင်းကနေ ဂျက်ဖိုက်တာနဲ့ ဗုံးကြဲခဲ့တယ်လို့ ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “ ည (၁၀)နာရီကျော်အချိန်မှာ သံတွဲမြို့က
၁၁၁၃ ရခိုင်စစ်ပွဲ

မင်းပြားမှာ (၉)နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးကို မုဒိန်းကျင့် သတ်ဖြတ်ခဲ့သူတွေကို ဖမ်းမိထားတယ်လို့ AA ထုတ်ပြန်

  • 2025 ခုနှစ်၊ ဇွန်လ 6 ရက်
  • 33 Views
ဇွန်လ (၆)ရက်။ မင်းပြားမြို့ ဖားပြိုရွာမှာ (၉)နှစ်အရွယ်ရှိ မအိအိဆန်းကို မုဒိန်းကျင့်ပြီး သတ်ဖြတ်ခဲ့တဲ့ သံသယတရားခံ (၈)ဦးကို ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ AA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီအမှုဖြစ်စဉ်ကို မင်းပြားမြို့မရဲစခန်းမှာ (ပ)၆၀/၂၀၂၅၊ ရာဇသတ်ကြီးပုဒ်မ
1027 Operations ၁၁၁၃ ရခိုင်စစ်ပွဲ

ငလျင်ကြောင့် အပစ်ရပ်ကာလကို တစ်လထပ်တိုးတယ်လို့ ညီနောင်(၃)ဖွဲ့ ထုတ်ပြန်

  • 2025 ခုနှစ်၊ ဇွန်လ 3 ရက်
  • 33 Views
‌ဇွန်လ (၃)ရက်။ ငလျင်နောက်ဆက်တွဲလုပ်ငန်းတွေ ဆောင်ရွက်နိုင်ဖို့ တဖက်သတ် အပစ်ရပ်ကာလကို အခုဇွန်လကုန်အထိ ထပ်မံတိုးမြှင့်လိုက်တယ်လို့ ညီနောင်မဟာမိတ် (၃)ဖွဲ့ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ညီနောင်မဟာမိတ် (၃)ဖွဲ့အနေနဲ့ ငလျင်ကြောင့် လူသားစာနာမှုဆိုင်ရာ အပစ်ရပ်စဲတာကို ဧပြီလနဲ့ မေလတို့မှာ