နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 7 ရက်

1027 Operations

1027 Operations ၁၁၁၃ ရခိုင်စစ်ပွဲ

ကျောက်တော်မြို့နယ်၊ တောင်ရှည်တောင်ဗျူဟာစခန်းက စခန်းတစ်ခုလုံး ရက္ခိုင့်တပ်တော်ထံ လက်နက်ချ

၂ဝ၂၄ ခုနှစ်၊ ဇန်နဝါရီလ (၈) ရက်။

ရက္ခိုင်ပြည်၊ ကျောက်တော်မြို့နယ်၊ တောင်ရှည်တောင်ဗျူဟာစခန်းက စခန်းတစ်ခုလုံးမှာရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် (၂၀၀) ခန့်ဟာ ရက္ခိုင့်တပ်တော်ထံကိုလက်နက်ချ အညံ့ခံခဲ့တယ်လို့ ဒီကနေ့ ရက္ခိုင့်တပ်တော်က သတင်းထုတ်ပြန်ထားပါတယ်။

အဲ့ဒီလိုပဲ စစ်ကောင်စီရဲ့ အခြားတပ်စခန်းတွေကလည်း မိမိတို့ထံ ဤကဲ့သို့ လက်နက်ချ အညံ့ခံဖို့နဲ့ ပြည်သူ့ရင်ခွင်ကို ဝင် ရောက်ခိုလှုံဖို့ ဆက်သွယ်မှုတွေ ရရှိထားတယ်လို့ ဆိုပါတယ်။

တောင်ရှည်တောင်ဗျူဟာစခန်းသိမ်းတိုက်ပွဲအတွင်းမှာ ရက္ခိုင့်တပ်တော်နဲ့အတူ မိတ်ဖက်အဖွဲ့အစည်းအချို့က ရဲဘော်တွေလည်း စစ်ရေးအတွေ့အကြုံယူဖို့ တက်ကြွစွာ တိုက်ပွဲဝင်ခဲ့ကြတယ်လို့ ဖော်ပြထားပါတယ်။

ချင်းပြည်နယ် ပလက်ဝဒေသတစ်ခုလုံး စစ်ကောင်စီ ကင်းစင်တဲ့နယ်မြေဖြစ်လာနိုင်ဖို့ ရက္ခိုင့်တပ်တော်က စစ်ကောင်စီရဲ့စခန်းတွေကို ချေမှုန်း တိုက်ခိုက်နေတယ်လို့ သိရပြီး ဇန်နဝါရီလ (၇) ရက်နေ့ကစပြီး ပလက်ဝ အနောက်ဘက်ခြမ်းရှိ စစ်ကောင်စီရဲ့ စခန်းအားလုံးကို ရက္ခိုင့်တပ်တော်က သိမ်းပိုက်ရယူထားပြီးဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

ရှင်းလက်ဝ (ချင်းလက်ဝ) စခန်းသိမ်းတိုက်ပွဲက ထွက်ပြေးသွားသော စစ်ကောင်စီတပ်ဖွဲ့ဝင် (၁၀၄) ဦးခန့်ဟာ အိန္ဒိယနိုင်ငံအတွင်းကို အာသံရိုင်ဖယ်ရဲ့ အကူအညီနဲ့ ထွက်ပြေးသွားတယ်လို့ သိရပါတယ်။

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၂၉) ရက်နေ့တုန်းကလည်း ပွိုင့် (၃၇၇) စခန်းက စစ်ကောင်စီတပ်ဖွဲ့ဝင် (၁၅၁) ဦးဟာ အိန္ဒိယနိုင်ငံထဲကို ထွက်ပြေးဝင်ရောက်သွားခဲ့ပြီး ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၂) ရက်နေ့မှာ အိန္ဒိယအစိုးရက စစ်ကောင်စီထံ ပြန်လည်လွှဲပြောင်းပေးခဲ့တယ်လို့ သိရပါတယ်။

ရက္ခိုင်ပြည်၊ မြောက်ဦး သင်းကျစ်တော်တောင်စခန်းကို၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၇) ရက်၊ ညနေ (၄) နာရီမှာ ရက္ခိုင့်တပ်တော်က အပြီးသတ်သိမ်းပိုက်ရရှိခဲ့ပြီး စစ်အသုံးအဆောင်ပစ္စည်းတွေနဲ့ လက်နက်ခဲယမ်း အမြောက်အမြားကို သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်သားတွေနဲ့ စစ်စခန်းတွေအနေနဲ့ လက်နက်ချအညံ့ခံလိုပါက ရက္ခိုင့်တပ်တော်ကို အချိန်မရွေး ဆက်သွယ်နိုင်ပါတယ်လို့ ထပ်မံအသိပေးထားပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

၁၁၁၃ ရခိုင်စစ်ပွဲ

ရခိုင်သတင်းသမားတွေ စုပေါင်းပြီး အာရက္ခမီဒီယာကောင်စီ(APC) ဖွဲ့စည်း

  • 2026 ခုနှစ်၊ ဇွန်လ 22 ရက်
  • 47 Views
ဇွန်လ (၂၂)ရက်။ ပြည်တွင်း၊ ပြည်ပရှိ လွတ်လပ်တဲ့ ရခိုင်သတင်းသမားတို့ စုပေါင်းပြီး အာရက္ခမီဒီယာကောင်စီ(APC)ကို ဖွဲ့စည်းခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
1027 Operations

သေဒဏ်အထိချမှတ်နိုင်တဲ့ မူးယစ်ဆေးဝါးဆိုင်ရာ ပြစ်မှုပြစ်ဒဏ်တွေ MNDAA ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 19 ရက်
  • 62 Views
ဇွန်လ (၁၉)ရက်။ မူးယစ်ဆေးဝါးကင်းစင်တဲ့ ဒေသဖြစ်စေဖို့ မူးယစ်ဆေးဝါးဆိုင်ရာ ပြစ်မှု‌နဲ့ ပြစ်ဒဏ်တွေကို ကိုးကန့်တပ်(MNDAA)က ဒီကနေ့မှာ တရားဝင် ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။
1027 Operations

စစ်ကော်မရှင်ငြိမ်းချမ်းရေးအဖွဲ့ မိုင်းလားမှာ NDAA ကို သွားတွေ့

  • 2026 ခုနှစ်၊ ဇွန်လ 19 ရက်
  • 63 Views
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဖို့ နိုင်ငံရေးရည်မှန်းချက်ကို ဆုပ်ကိုင်ထားတယ်လို့ NDAA ပြော ဇွန်လ (၁၉)ရက်။ ဇွန်လ (၁၇)ရက်နေ့က မိုင်းလားဒေသမှာ ရာပြည့် ဦးဆောင်တဲ့ စစ်ကော်မရှင်ငြိမ်းချမ်းရေးကော်မတီနဲ့ မိုင်းလားတပ်ဖွဲ့(NDAA)တို့ အလွတ်သဘောတွေ့ဆုံခဲ့တယ်လို့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။ တွေ့ဆုံပွဲမှာ နယ်စပ်ဒေသတည်ငြိမ်ဖို့၊ အမျိုးသားပြန်လည်သင့်မြတ်ဖို့၊
၁၁၁၃ ရခိုင်စစ်ပွဲ

ရခိုင်ပြည် ကျောက်တော်မြိုပေါ်ရှိ အပြစ်မဲ့ အရပ်သားပြည်သူများနေထိုင်ရာ ရပ်ကွက် များနှင့် လမ်းမတော်ကျေးရွာ ဈေးဆိုင်တန်း ကျောက်ကွင်းအနီး တစ်ဝိုက်ကို စစ်တပ်မှ လေကြောင်းဖြင့်ဗုံးကြဲတိုက်ခိုက်ခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 18 ရက်
  • 58 Views
၂၀၂၆ ခုနှစ်၊ ဇွန်လ (၁၈) ရက် ၂၀၂၆ ခုနှစ်၊ ဇွန်လ (၁၇) ရက်နေ့၊ ညနေ (၃) နာရီအချိန်ခန့်တွင် ၊ ကျောက်တော်မြိုပေါ်ရှိ အရပ်သားပြည်သူများနေထိုင်ရာ ရပ်ကွက်များကို စစ်ကော်မရှင်တပ်မှ ဂျက်ဖိုက်တာ (၄)
၁၁၁၃ ရခိုင်စစ်ပွဲ

CPU/CPA နဲ့ AA ခေါင်းဆောင်တွေ တွေ့ဆုံဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဧပြီလ 21 ရက်
  • 148 Views
ဧပြီလ (၂၁)ရက်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက ချင်းအမျိုးသားအစည်းအရုံး(CPU/CPA)နဲ့ AA ခေါင်းဆောင်တွေ တွေ့ဆုံခဲ့ကြတယ်လို့ မနေ့က သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။ CPU ရဲ့ ဗဟိုအလုပ်အမှုဆောင် ကော်မတီ‌ဝင်တွေဟာ AA က ဖိတ်ကြားတာကြောင့် အာရက္ခဒေသကို သွားရောက်ပြီး
1027 Operations

မဟာမိတ်အကြား ပြဿနာတွေကို တွေ့ဆုံဆွေးနွေး အဖြေရှာသွားမယ်လို TNLA ထုတ်ပြန်

  • 2026 ခုနှစ်၊ မတ်လ 16 ရက်
  • 190 Views
TNLA ဟာ ပြဿနာကို မဖြေရှင်းလိုတာကြောင့် ဖြစ်ပေါ်လာတဲ့ နောက်ဆက်တွဲပြဿနာတွေကို တာဝန်ယူရမယ်လို ကိုးကန့်တပ်ပြော မတ်လ (၁၄)ရက်။ မဟာမိတ်တိုင်းရင်းသားညီနောင်အကြား ပြဿနာတွေကို တွေ့ဆုံဆွေးနွေးညှိနှိင်းပြီး အဖြေရှာသွားမယ်လို TNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ကွတ်ခိုင်မြိုမှာ
၁၁၁၃ ရခိုင်စစ်ပွဲ

ပုဏ္ဏားကျွန်းမြို့ ဗုံးကြဲခံရတဲ့ဖြစ်စဉ်ထဲ အရပ်သား (၁၇)ဦး သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 25 ရက်
  • 272 Views
ဖေဖော်ဝါရီလ (၂၄)ရက်။ ဒီကနေ့ နေ့လယ် (၂)နာရီကျော်အချိန်က ပုဏ္ဏားကျွန်းမြို့ ယိုးငူရွာကို စစ်ကော်မရှင်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ AA ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “(၂)နာရီ (၇)မိနစ်လောက်က ပုဏ္ဏယးကျွန်း ယိုးငူရွာက ဈေးတန်းကို အကြမ်းဖက်စစ်ကော်မရှင်တပ်က
1027 Operations

TNLA နဲ့ MNDAA တို့အကြား အငြင်းပွားတာတွေကို ညှိနှိုင်းဖြေရှင်းဖို့ တအာင်းအရပ်ဖက်အဖွဲ့တွေ တိုက်တွန်း

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 24 ရက်
  • 1.32K Views
ဖေဖော်ဝါရီလ (၂၆)ရက်။ ကွတ်ခိုင်မြို့မှာ TNLA နဲ့ MNDAA တို့ မြေပြင်မှာ နှစ်ဖက်တင်းမာတာတွေ ဖြစ်ပွားခဲ့တာ တပတ်ကျော်ကြာခဲ့ပြီဖြစ်တယ်လို့ တအာင်းအရပ်ဖက်အဖွဲ့များကွန်ရက်ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီတင်းမာတာတွေ ဖြစ်ပွားတဲ့ကာလထဲ အပြန်အလှန် ရိုက်နှက်တာကြောင့် နှစ်ဖက်