နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မေလ 2 ရက်

မြန်မာသတင်း

မြန်မာသတင်း

အကြမ်းဖက်စစ်ကောင်စီကို အရေးယူဆောင်ရွက်နိုင်ဖို့ အင်မတန်အရေးကြီးတယ်လို့ NUG ပြည်ထောင်စုဝန်ကြီးချုပ်ပြော

ဇန်နဝါရီလ (၁၆)ရက်။

ရာဇဝတ်မှုပေါင်းများစွာကို ကျူးလွန်နေတဲ့ အကြမ်းဖက်စစ်ကောင်စီကို အရေးယူဆောင်ရွက်နိုင်ဖို့ဟာ အင်မတန် အရေးကြီးတယ်လို့ NUG ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ဒီကနေ့မှာပြုလုပ်တဲ့ အစိုးရအဖွဲ့အစည်းအဝေးမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

အခုဆို အကြမ်းဖက်စစ်ကောင်စီဟာ လေကြောင်းကိုအသုံးပြုပြီး အပြစ်မဲ့ပြည်သူတွေရှိရာ ရပ်ရွာတွေကို တိုက်ခိုက်နေတာဟာ (၅၈၃)ကြိမ်ရှိနေပြီလို့ ဆိုပါတယ်။

“ အဲ့ဒီလိုတိုက်ခိုက်တဲ့အခါမှာ ရပ်ရွာတင်မက စာသင်ကျောင်းတွေ၊ ဆေးရုံတွေ၊ ဘာသာရေးအဆောက်အအုံတွေပါမချန် တိုက်ခိုက်နေတာဟာ မြန်မာ့သမိုင်းမှာသာမက ကမ္ဘာ့သမိုင်းမှာပါ ဆိုးရွားလွန်းတဲ့ သမိုင်းတင်စေမယ့် ရက်စက်ကြမ်းကြုတ်မှုတွေဖြစ်တယ်” လို့ ၎င်းက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

ဆိုးဝါးလွန်းတဲ့ ဖြစ်စဉ်တွေကို ရပ်တန့်အောင်လုပ်ဖို့က တော်လှန်ရေးဦးဆောင်အစိုးရဖြစ်တဲ့ NUG အပါအဝင် တော်လှန်ရေးကို ဦးဆောင်နေကြတဲ့ အစုအဖွဲ့အသီးသီးရဲ့ စုပေါင်းအားနဲ့ ကြိုးပမ်းဆောင်ရွက်နိုင်တဲ့အပေါ်ကို မူတည်မှာဖြစ်တယ်လို့ ပြောဆိုခဲ့ကြောင်း သိရပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်တွေအနေနဲ့ အခုကာလထဲမှာ အတွေ့အကြုံကောင်းတွေ အများကြီးရလိုက်တာဖြစ်လို့ အားကောင်းနေပြီဖြစ်တဲ့ နိုင်ငံရေးအရှိန်နဲ့ စစ်ရေးအရှိန်တွေကို ဆက်လက်ထိန်းသိမ်းရမယ်လို့ ဆိုထားပါတယ်။

အခုနှစ်ဟာ အောင်ပွဲနှစ်ဖြစ်ပြီး တော်လှန်ရေးအင်အားစုတွေနဲ့ ခိုင်ခိုင်မာမာ ချိတ်ဆက်မှုအားကောင်းကောင်းနဲ့ အတူတကွ လက်တွဲနိုင်ဖို့ ကြိုးစားရမှာဖြစ်သလို ဘဏ္ဍာငွေတွေ ရှာဖွေရာမှာ အားလုံးအားဖြည့်ကြဖို့လည်း ဝိုင်းဝန်းကြိုးစားရမှာဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ်က ပြောဆိုခဲ့ကြောင်း သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ရေစကြိုရှိ တောင်အိုစစ်ဆေးရေးဂိတ် ပစ်ခတ်ခံရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်အားလုံး သေဆုံးခဲ့

  • 2026 ခုနှစ်၊ မေလ 2 ရက်
  • 18 Views
မေလ (၂)ရက်။ ဧပြီလ (၃၀)ရက်နေ့ နေ့လယ် (၁၁)နာရီ (၂၅)မိနစ်အချိန်က ရေစကြိုမြို့ရှိ တောင်အိုစစ်ဆေးရေးဂိတ်ကို ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Southern YSO
မြန်မာသတင်း

မြန်မာနိုင်ငံရဲ့ အလုပ်သမားအရေး ဆက်လက်အာရုံစိုက်ပြီး အရေးယူဖို့ နိုင်ငံတကာကို NUG တိုက်တွန်း

  • 2026 ခုနှစ်၊ မေလ 2 ရက်
  • 16 Views
မေလ (၂)ရက်။ နိုင်ငံတကာအနေနဲ့ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ အလုပ်သမားအခွင့်အရေး ချိုးဖောက်တာတွေကို ဆက်လက်အာရုံစိုက်ပြီး ထိရောက်စွာ အရေးယူဆောင်ရွက်ဖို့ NUG ဝန်ကြီးချုပ်
မြန်မာသတင်း

ဖလမ်းမှာ စစ်တပ်ရဲ့ လေကြောင်းဗုံးကြဲတာကြောင့် ကလေးငယ်တွေအပါအဝင် အရပ်သား (၆)ဦး သေဆုံး

  • 2026 ခုနှစ်၊ မေလ 2 ရက်
  • 19 Views
မေလ (၂)ရက်။ မနေ့က နေ့လယ် (၃)နာရီအချိန်က ဖလမ်းမြို့ရှိ Khawpuichhip ရွာကို စစ်တပ်က ဂျက်ဖိုက်တာနဲ့ လေကြောင်းဗုံးကြဲခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။ “ ဂျက်ဖိုက်တာနဲ့ ရွာလယ်ကို ဗုံးကြဲသွားတာ၊ သေဆုံးတာက ကလေးငယ်တွေလဲပါတယ်။ တော်တော်များများလဲ
မြန်မာသတင်း

လယ်ဒိုမှာ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်တာကြောင့် ကလေးတဦးသေဆုံးပြီး (၅)ဦး ဒဏ်ရာရ

  • 2026 ခုနှစ်၊ မေလ 1 ရက်
  • 21 Views
မေလ (၁)ရက်။ ဧပြီလ (၂၄)ရက်နေ့က လယ်ဒိုမြို့ရှိ လယ်မူသောရွာထဲကို စစ်တပ်က ဂျက်ဖိုက်တာနဲ့ (၅)ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ KNU ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ လေကြောင်းတိုက်ခိုက်တဲ့ဖြစ်စဉ်ထဲ အသက် (၁၅)နှစ်အရွယ် နော််တူလိုမူး သေဆုံးခဲ့ပြီး
မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို ရွှေ့ပြောင်းတာက လွှတ်ပေးတာမဟုတ်ဘူးလို့ သားဖြစ်သူပြော

  • 2026 ခုနှစ်၊ မေလ 1 ရက်
  • 30 Views
မေလ (၁)ရက်။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ရွှေ့ပြောင်းတာက လွှတ်ပေးတာမဟုတ်ဘူးလို့ သားဖြစ်သူ ကင်မ်အဲရစ်(ခ)ကိုထိန်လင်းက ပြောဆိုထားတယ်လို့ သိရပါတယ်။ “ သူမကို ရွှေ့ပြောင်းတာက လွှတ်ပေးတာ မဟုတ်ပါဘူး၊ ထောင်ဒဏ်လျှော့ပေါ့တာနဲ့ မသိနိုင်တဲ့နေရာတစ်ခုကို ရွှေ့ပြောင်းတာဟာ အခြေအနေကို မပြောင်းလဲစေပါဘူး”
မြန်မာသတင်း

ဖမ်းဆီးထိန်းသိမ်းခံထားရသည့် မြန်မာ့ခေါင်းဆောင်ဟောင်း ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းရွှေ့လိုက်ကြောင်း စစ်ကောင်စီ ပြောကြား

  • 2026 ခုနှစ်၊ မေလ 1 ရက်
  • 24 Views
CNN- ၂၀၂၆ခုနှစ်၊ မေလ ၁ရက် ရိုက်တာသတင်းဌာန —ဖမ်းဆီးထိန်းသိမ်းခံထားရသည့် မြန်မာ့ခေါင်းဆောင်ဟောင်း ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းရွှေ့တော့မည်ဖြစ်ကြောင်း နိုင်ငံပိုင်မီဒီယာက ကြာသပတေးနေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။ ယင်းသည် စစ်တပ်က သူမဦးဆောင်သည့် အရပ်သားအစိုးရကို ဖြုတ်ချပြီး နိုဗယ်လ်ဆုရှင်အား ထောင်သွင်း
မြန်မာသတင်း

ရေးမြိုမှာ DKBA ခေါင်းဆောင်တဦးကို ရေးဘီလူးတပ်ရင်း ဝင်ရောက်ပစ်ခတ်၊ လက်နက်ခဲယမ်းအချို သိမ်းဆည်းရမိခဲ့တယ်လိုဆို

  • 2026 ခုနှစ်၊ ဧပြီလ 30 ရက်
  • 35 Views
ဧပြီလ (၃၀)ရက်။ ရေးမြိုနယ်မှာ စစ်တပ်နဲ့ပူးပေါင်းတဲ့ DKBA ခေါင်းဆောင် ထွန်းရီဆိုသူကို ပစ်ခတ်ခဲ့တယ်လို ရေးဘီလူးတပ်ရင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ရေးမြိုမှာ စစ်တပ်နဲ့ပူးပေါင်းတဲ့ DKBA ခေါင်းဆောင် ထွန်းရီကို နေအိမ်ထဲ ဝင်ရောက်ပစ်ခတ်ခဲ့တာ။
မြန်မာသတင်း

ကဆုန်လပြည့်ဗုဒ္ဓနေ့ အကျဉ်းသား (၁၅၀၀)ကျော်ကို ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင် လွတ်ငြိမ်းခွင့်ပေး

  • 2026 ခုနှစ်၊ ဧပြီလ 30 ရက်
  • 25 Views
ဧပြီလ (၃၀)ရက်။ ဒီကနေ့မှာကျရောက်တဲ့ ကဆုန်လပြည့်ဗုဒ္ဓနေ့ အထိမ်းအမှတ်အနေနဲ့ အကျဉ်းသား (၁၅၀၈)ဦးကို ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်က လွတ်ငြိမ်းခွင့်ပေးခဲ့တယ်လို့ သိရပါတယ်။ မင်းအောင်လှိုင်က ကဆုန်လပြည့်ဗုဒ္ဓနေ့အထိမ်းအမှတ်အပါအဝင် လူသားစာနာမှုနဲ့ နိုင်ငံတည်ဆောက်ရေးမှာ ပါဝင်စေဖို့ဆိုပြီး ပြစ်ဒဏ်ကျခံနေရတဲ့ အကျဉ်းသား (၁၅၀၈)ဦးကို လွတ်ငြိမ်းခွင့်ပေးတာလို့