နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ မေလ 20 ရက်

1027 Operations

1027 Operations ၁၁၁၃ ရခိုင်စစ်ပွဲ

စစ်ရေးအရှိန်အနည်းငယ်ရပ်တန့်သွားပေမယ့် စစ်ဆင်ရေးကြီးက ဆက်လက်ရွေ့လျားနေတယ်လို့ ညီနောင်(၃)ဖွဲ့ပြော

ဇန်နဝါရီလ (၁၉)ရက်။

စစ်ဆင်ရေးအရှိန်မှာ အနည်းငယ်ရပ်တန့်သွားတယ်လို့ ထင်ရပေမယ့် “ ၁၀၂၇ စစ်ဆင်ရေးကြီး” က ဆက်လက်ရွေ့လျားနေတယ်လို့ ညီနောင်မဟာမိတ်(၃)ဖွဲ့ရဲ့ စစ်ဆင်ရေး(၈၄)ရက်မြောက်နေ့မှာ ပြောဆိုထားချက်အရ သိရပါတယ်။

“ ၁၀၂၇ စစ်ဆင်ရေးကြီး” က မြန်မာပြည်သူထုတစ်ရပ်လုံး လိုလားတဲ့ ဘုံရည်မှန်းချက်တွေအတွက် ပုံမှန် အလုပ်လုပ်နေတယ်လို့ အသိပေးပြောဆိုထားပါတယ်။

အဖက်ဖက်မှာ ရှုံးနိမ့်နေတဲ့ စစ်ကောင်စီဟာ အရင်ရက်တွေအတိုင်း ညီနောင်(၃)ဖွဲ့နဲ့ အရပ်သားပြည်သူတွေကို လေကြောင်းပစ်ခတ်တာတွေ အပိုးမကျိုးဘဲ ဆက်လက်ပြုလုပ်နေတယ်လို့ ဖော်ပြထားပါတယ်။

စစ်ကောင်စီရဲ့ မိုးမိတ်မြို့အခြေစိုက် စစ်ကောင်စီတပ်စခန်းကနေ မနေ့က နံနက်(၈)နာရီ (၄၉)မိနစ်ခန့်ကနေ နေ့လယ် (၁၂)နာရီ (၂၈)မိနစ်အထိ ရွှေဆာလီရွာအနီးကို ဂျက်ဖိုက်တာနဲ့ (၈)ကြိမ်၊ ATR-72 နဲ့ (၃)ကြိမ်အပါအဝင် Y012 နဲ့ (၅)ကြိမ် ပစ်ခတ်ခဲ့တယ်လို့ ပြောဆိုထားပါတယ်။

ဒါ့ပြင် ရခိုင်ဒေသမှာလည်း ရက္ခိုင့်တပ်တော်(AA)နဲ့ စစ်ကောင်စီတို့ကြား မင်းပြား၊ ပေါက်တော၊ မြောက်ဦး၊ ရမ်းဗြဲနဲ့ အိမ်းမြို့နယ်တွေထဲ အရင်ရက်တွေအတိုင်း ထိတွေ့တိုက်ပွဲတွေ ရှိနေတယ်လို့ ရေးသားထားပါတယ်။

အလားတူ မင်းပြား၊ မြောက်ဦးနဲ့ ပေါက်တောမြို့နယ်ထဲက အပြီးသတ်သိမ်းပိုက်ဖို့ ကျန်နေသေးတဲ့ စစ်ကောင်စီရဲ့ လက်ကျန်စခန်းတွေကို ရက္ခိုင့်တပ်တော်(AA)က ဆက်လက်ချေမှုန်းနေတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

1027 Operations မြန်မာသတင်း

KIO ဥက္ကဋ္ဌဟောင်း ကွယ်လွန်သွားတဲ့အပေါ် TNLA ဝမ်းနည်းကြောင်းသဝဏ်လွှာပေးပို့

  • 2025 ခုနှစ်၊ မေလ 16 ရက်
  • 35 Views
မေလ (၁၆)ရက်။ KIO ဥက္ကဋ္ဌဟောင်း Lanyaw Zawng Hra ကွယ်လွန်သွားတဲ့အပေါ် ဝမ်းနည်းကြောင်းသဝဏ်လွှာကို TNLA က ဒီကနေ့မှာ
၁၁၁၃ ရခိုင်စစ်ပွဲ မြန်မာသတင်း

ကျောက်တော်မြို့ (၂)ရက်ဆက်တိုက် ဗုံးကြဲခံရတဲ့ဖြစ်စဉ်ထဲ ပြည်သူ (၈)ဦးသေဆုံးပြီး (၁၄)ဦး ဒဏ်ရာရခဲ့

  • 2025 ခုနှစ်၊ မေလ 16 ရက်
  • 31 Views
မေလ (၁၆)ရက်။ မေလ (၁၄)ရက်နဲ့ (၁၅)ရက်နေ့က ရခိုင်ပြည်နယ် ကျောက်တော်မြို့ကို စစ်ကောင်စီက လေကြောင်းကနေ (၂)ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ AA
၁၁၁၃ ရခိုင်စစ်ပွဲ

အပစ်ရပ်ကာလကို အခွင့်ကောင်းယူကာ စစ်ကောင်စီတပ်ရဲ့ တိုက်ခိုက်တာတွေအပေါ် ပြင်းထန်စွာရှုတ်ချတယ်လို့ AA ထုတ်ပြန်

  • 2025 ခုနှစ်၊ မေလ 15 ရက်
  • 12 Views
မေလ (၁၅)ရက်။ အပစ်ရပ်ကာလ ထပ်တိုးထားတာကို အခွင့်ကောင်းယူပြီး စစ်ကောင်စီတပ်က အပြစ်မဲ့ပြည်သူတွေအပေါ် တိုက်ခိုက်နေတာကို ပြင်းထန်စွာရှုတ်ချတယ်လို့ AA က မနေ့က ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ ငလျင်ဒဏ် အပြင်းအထန်ခံစားနေရတဲ့ ပြည်သူတွေအတွက် လူသားစာနာမှုအကူအညီတွေ ထိရောက်စွာပေးနိုင်ဖို့ AA
1027 Operations မြန်မာသတင်း

နောင်ချိုမှာ မင်္ဂလာဆောင်ကျင်းပနေတဲ့နေရာကို စစ်ကောင်စီ ဗုံးကြဲ၊ ကလေးငယ်အပါအဝင် (၅)ဦးသေဆုံးခဲ့

  • 2025 ခုနှစ်၊ မေလ 9 ရက်
  • 42 Views
မေလ (၉)ရက်။ မနေ့က နောင်ချိုမြို့နယ်မှာ မင်္ဂလာဆောင်ကျင်းပနေတဲ့ သရက်ချိုရွာကို စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ TNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မင်္ဂလာဆောင်ကျင်းပနေတဲ့ သရက်ချိုရွာကို စစ်ကောင်စီရဲ့ အမတ(၉၀၂)က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တဲ့အတွက်
၁၁၁၃ ရခိုင်စစ်ပွဲ မြန်မာသတင်း

ဦးဦးလှစော ကွယ်လွန်သွားတဲ့အပေါ် TNLA က ဝမ်နည်းကြောင်း သဝဏ်လွှာပေးပို့

  • 2025 ခုနှစ်၊ မေလ 8 ရက်
  • 43 Views
မေလ (၈)ရက်။ အာရက္ခတပ်တော်(ULA/AA)ရဲ့ နိုင်ငံရေးမှူး ဦးဦးလှစော ကွယ်လွန်သွားတဲ့အပေါ် AA အပါအဝင် မိသားစုဝင်တွေနဲ့ ထပ်တူ ဝမ်းနည်းပူဆွေးရတယ်လို့ TNLA ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ရက္ခိတလမ်းစဉ်ကိုင်ဆွဲကာ အာရက္ခပြည်ကို ပုံဖော်နေတဲ့ကာလမှာ မူဝါဒပိုင်းဆိုင်ရာတွေ
1027 Operations မြန်မာသတင်း

ကျောက်မဲမြို့ကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်

  • 2025 ခုနှစ်၊ မေလ 5 ရက်
  • 31 Views
မေလ (၅)ရက်။ ဒီကနေ့ နံနက် (၁၁)နာရီ (၂၀)မိနစ်အချိန်က ကျောက်မဲမြို့ကို စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ TNLA ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ကျောက်မဲမြို့ကို စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ ဗုံး
1027 Operations မြန်မာသတင်း

စစ်ကောင်စီက တပ်တွေအားလုံး ပြန်ဆုတ်ခိုင်းတဲ့အပေါ် TNLA ငြင်း

  • 2025 ခုနှစ်၊ မေလ 2 ရက်
  • 93 Views
မေလ (၂)ရက်။ တရုတ်နိုင်ငံရဲ့ ကြားဝင်စီစဉ်တာနဲ့ စစ်ကောင်စီနဲ့ TNLA ကိုယ်စားလှယ်တွေဟာ ဧပြီလ (၂၈)ရက်နဲ့ (၂၉)ရက်နေ့တို့က ကူမင်းမြို့မှာ ထပ်မံတွေ့ဆုံခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တွေ့ဆုံပွဲထဲ စစ်ကောင်စီဘက်က နောင်ချို၊ ကျောက်မဲ၊ သီပေါ်၊
1027 Operations မြန်မာသတင်း

မိုးကုတ်မြို့ကို စစ်ကောင်စီက လေကြောင်းကနေ ပေါင် (၂၅၀)ဗုံး (၂)လုံး ကြဲချတိုက်ခိုက်

  • 2025 ခုနှစ်၊ မေလ 1 ရက်
  • 54 Views
မေလ (၁)ရက်။ မနေ့က ည (၈)နာရီခွဲအချိန်က မိုးကုတ်မြို့အနောက်ပိုင်း သစ်စိမ့်ကုန်းနဲ့ ကျောက်ပုတ်ရွာကြားကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ TNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မိုးကုတ်အနောက်ခြမ်း သစ်စိမ့်ကုန်းနဲ့ ကျောက်ပုတ်ရွာကြားကို စစ်ကောင်စီက