နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇွန်လ 6 ရက်

1027 Operations

1027 Operations ၁၁၁၃ ရခိုင်စစ်ပွဲ

ရှမ်းမြောက်မှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်တာတွေ ဆက်လုပ်နေတယ်လို့ ညီနောင်(၃)ဖွဲ့ပြော

ဇန်နဝါရီလ (၂၀)ရက်။

ရှမ်းမြောက်ဒေသမှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်တာတွေ ဆက်လက်ပြုလုပ်နေတယ်လို့ ညီနောင်မဟာမိတ် (၃)ဖွဲ့ရဲ့ မနေ့က ပြောဆိုထားချက်အရ သိရပါတယ်။

“ ၁၀၂၇ စစ်ဆင်ရေးကြီး” (၃)လပြည့်ဖို့ တစ်ပတ်အလိုဖြစ်တဲ့ (၈၅)ရက်မြောက်တဲ့နေမှာလည်း ညီနောင်(၃)ဖွဲ့ဟာ စစ်ရေး၊ နိုင်ငံရေး ရည်မှန်းချက်တွေရဲ့ ဦးတည်ချက် မပြောင်းလဲဘဲ ဆက်လက်ချီတက်နေတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီဟာ ရခိုင်ဒေသထဲက မြို့နယ်အချို့ကို ဆက်သွယ်ရေးဆိုင်ရာ သတင်းအချက်အလက်တွေ ဖြတ်တောက်ပြီး စစ်ရာဇ၀တ်မှု၊ လူ့အခွင်း‌အရေး ချိုးဖောက်တာတွေကို အင်တိုက်အားတိုက် ကျူးလွန်ဖို့ ပြင်ဆင်နေတယ်လို့ ရေးသားထားပါတယ်။

မနေ့ကလည်း ပေါက်တော၊ မင်းပြား၊ မြောက်ဦး၊ အမ်းနဲ့ ရမ်းဗြဲမြို့တွေမှာ စစ်ကောင်စီနဲ့ ရက္ခိုင့်တပ်တော်(AA)တို့အကြား ကြိုကြားကြိုကြား တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတယ်လို့ ပြောဆိုထားပါတယ်။

ဒါ့ပြင် ပေါက်တောမြို့ထဲနဲ့ အနီး၀န်းကျင်မှာ တိုက်ပွဲတွေ ပြင်းထန်နေခဲ့ပြီး စစ်ကောင်စီက လက်နက်ကြီးပစ်ကူအပါအ၀င် လေကြောင်းနဲ့ ရေကြောင်းပစ်ကူတွေ အသုံးပြုပြီး ခုခံကာကွယ်နေရတယ်လို့ ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့နှစ်ရက်ကလည်း မင်းပြားမြို့ပေါ်က ရပ်ကွက်တွေကို စစ်ကောင်စီက ဂျက်ဖိုက်တာ၊ ရဟတ်ယာဉ်နဲ့ နေဗီသင်္ဘောတွေကနေ အပြင်းအထန် ပစ်မှတ်ထားတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

ဇန်နဝါရီလ (၁၈)ရက်နေ့ နံနက် (၁၀)နာရီခွဲအချိန်က စစ်ကောင်စီဟာ ဂျက်ဖိုက်တာနဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် မင်းပြားမြို့ရှိ ဦးစိုးတင့်ရပ်ကွက်ထဲ ကျရောက်ပေါက်ကွဲ့ခဲ့ကာ ဒေသခံတစ်ဦး သေဆုံးခဲ့ပြီး နေအိမ် (၁၀)လုံးကျော် မီးလောင်ပြာကျခဲ့တယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

1027 Operations ၁၁၁၃ ရခိုင်စစ်ပွဲ

ငလျင်ကြောင့် အပစ်ရပ်ကာလကို တစ်လထပ်တိုးတယ်လို့ ညီနောင်(၃)ဖွဲ့ ထုတ်ပြန်

  • 2025 ခုနှစ်၊ ဇွန်လ 3 ရက်
  • 12 Views
‌ဇွန်လ (၃)ရက်။ ငလျင်နောက်ဆက်တွဲလုပ်ငန်းတွေ ဆောင်ရွက်နိုင်ဖို့ တဖက်သတ် အပစ်ရပ်ကာလကို အခုဇွန်လကုန်အထိ ထပ်မံတိုးမြှင့်လိုက်တယ်လို့ ညီနောင်မဟာမိတ် (၃)ဖွဲ့ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ
1027 Operations မြန်မာသတင်း

နောင်ချိုမြို့ ချိုခမ်းဘုန်းကြီးကျောင်းက စစ်ဘေးရှောင်တွေကို လုံခြုံရေးအရ ရွှေ့ပြောင်းခိုင်းတာလို့ TNLA ပြော

  • 2025 ခုနှစ်၊ မေလ 23 ရက်
  • 55 Views
မေလ (၂၃)ရက်။ နောင်ချိုမြို့ ချိုခမ်းဘုန်းကြီးကျောင်းက စစ်ဘေးရှောင်တွေကို လုံခြုံရေးအရ ရွှေ့ပြောင်းခိုင်တာလို့ TNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
1027 Operations မြန်မာသတင်း

KIO ဥက္ကဋ္ဌဟောင်း ကွယ်လွန်သွားတဲ့အပေါ် TNLA ဝမ်းနည်းကြောင်းသဝဏ်လွှာပေးပို့

  • 2025 ခုနှစ်၊ မေလ 16 ရက်
  • 68 Views
မေလ (၁၆)ရက်။ KIO ဥက္ကဋ္ဌဟောင်း Lanyaw Zawng Hra ကွယ်လွန်သွားတဲ့အပေါ် ဝမ်းနည်းကြောင်းသဝဏ်လွှာကို TNLA က ဒီကနေ့မှာ ပေးပို့ခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မနေ့က အသက် (၈၇)နှစ်အရွယ် KIO ဥက္ကဋ္ဌဟောင်း
၁၁၁၃ ရခိုင်စစ်ပွဲ မြန်မာသတင်း

ကျောက်တော်မြို့ (၂)ရက်ဆက်တိုက် ဗုံးကြဲခံရတဲ့ဖြစ်စဉ်ထဲ ပြည်သူ (၈)ဦးသေဆုံးပြီး (၁၄)ဦး ဒဏ်ရာရခဲ့

  • 2025 ခုနှစ်၊ မေလ 16 ရက်
  • 62 Views
မေလ (၁၆)ရက်။ မေလ (၁၄)ရက်နဲ့ (၁၅)ရက်နေ့က ရခိုင်ပြည်နယ် ကျောက်တော်မြို့ကို စစ်ကောင်စီက လေကြောင်းကနေ (၂)ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ AA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ‌မေလ (၁၄)ရက်နေ့က ကျောက်တော်မြို့ ရွာမရပ်ကွက်ကို
၁၁၁၃ ရခိုင်စစ်ပွဲ

အပစ်ရပ်ကာလကို အခွင့်ကောင်းယူကာ စစ်ကောင်စီတပ်ရဲ့ တိုက်ခိုက်တာတွေအပေါ် ပြင်းထန်စွာရှုတ်ချတယ်လို့ AA ထုတ်ပြန်

  • 2025 ခုနှစ်၊ မေလ 15 ရက်
  • 57 Views
မေလ (၁၅)ရက်။ အပစ်ရပ်ကာလ ထပ်တိုးထားတာကို အခွင့်ကောင်းယူပြီး စစ်ကောင်စီတပ်က အပြစ်မဲ့ပြည်သူတွေအပေါ် တိုက်ခိုက်နေတာကို ပြင်းထန်စွာရှုတ်ချတယ်လို့ AA က မနေ့က ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ ငလျင်ဒဏ် အပြင်းအထန်ခံစားနေရတဲ့ ပြည်သူတွေအတွက် လူသားစာနာမှုအကူအညီတွေ ထိရောက်စွာပေးနိုင်ဖို့ AA
1027 Operations မြန်မာသတင်း

နောင်ချိုမှာ မင်္ဂလာဆောင်ကျင်းပနေတဲ့နေရာကို စစ်ကောင်စီ ဗုံးကြဲ၊ ကလေးငယ်အပါအဝင် (၅)ဦးသေဆုံးခဲ့

  • 2025 ခုနှစ်၊ မေလ 9 ရက်
  • 81 Views
မေလ (၉)ရက်။ မနေ့က နောင်ချိုမြို့နယ်မှာ မင်္ဂလာဆောင်ကျင်းပနေတဲ့ သရက်ချိုရွာကို စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ TNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မင်္ဂလာဆောင်ကျင်းပနေတဲ့ သရက်ချိုရွာကို စစ်ကောင်စီရဲ့ အမတ(၉၀၂)က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တဲ့အတွက်
၁၁၁၃ ရခိုင်စစ်ပွဲ မြန်မာသတင်း

ဦးဦးလှစော ကွယ်လွန်သွားတဲ့အပေါ် TNLA က ဝမ်နည်းကြောင်း သဝဏ်လွှာပေးပို့

  • 2025 ခုနှစ်၊ မေလ 8 ရက်
  • 79 Views
မေလ (၈)ရက်။ အာရက္ခတပ်တော်(ULA/AA)ရဲ့ နိုင်ငံရေးမှူး ဦးဦးလှစော ကွယ်လွန်သွားတဲ့အပေါ် AA အပါအဝင် မိသားစုဝင်တွေနဲ့ ထပ်တူ ဝမ်းနည်းပူဆွေးရတယ်လို့ TNLA ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ရက္ခိတလမ်းစဉ်ကိုင်ဆွဲကာ အာရက္ခပြည်ကို ပုံဖော်နေတဲ့ကာလမှာ မူဝါဒပိုင်းဆိုင်ရာတွေ
1027 Operations မြန်မာသတင်း

ကျောက်မဲမြို့ကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်

  • 2025 ခုနှစ်၊ မေလ 5 ရက်
  • 66 Views
မေလ (၅)ရက်။ ဒီကနေ့ နံနက် (၁၁)နာရီ (၂၀)မိနစ်အချိန်က ကျောက်မဲမြို့ကို စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ TNLA ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ကျောက်မဲမြို့ကို စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ ဗုံး