နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မေလ 11 ရက်

မြန်မာသတင်း

မြန်မာသတင်း

ရွှေဘိုခရိုင်ထဲ NUG ရဲ့ ဖွဲစည်းပုံအားနည်းနေကာ လက်နက်အားကိုးတွေနဲ့ မတရားလူသတ်မှုတွေ အများအပြားဖြစ်ပွားနေ

ဇန်နဝါရီလ (၂၃)ရက်။


ရွှေဘိုခရိုင်ထဲက ဝက်လက်မြိုမှာ NUG အနေနဲ့ ဖွဲစည်းပုံအားနည်းနေပြီး မတရားလူသတ်မှုတွေ ဒီကနေ့အထိ ဖြစ်ပွားနေတယ်လို ရွှေဘိုခရိုင် ပကဖရဲ့ ပြောဆိုချက်အရ သိရပါတယ်။


“ အခု ရွှေဘိုခရိုင် ဝက်လက်မြိုမှာက လူသတ်မှုတွေ မတရားသတ်မှုတွေ အများကြီးရှိတယ်။ အလောင်းဖျောက်တာတွေလည်း အများကြီးရှိတယ် ဒီနေ့ဒီအချိန်ထိရှိတယ်။ အဲ့ဒါကြောင့် NUG က ဖွဲစည်းပုံ တော်တော်အားနည်းနေတယ်” လို အမည်မဖော်လိုတဲ့ ပကဖအဖွဲ့ဝင်တစ်ဦးက ဆိုပါတယ်။


ရွှေဘိုခရိုင်ထဲ NUG က လက်နက်တပ်ဆင်ပေးထားပြီး အင်အားကောင်းနေတဲ့ ခရိုင်တပ်ရင်း(၁)ခေါင်းဆောင် ဒူချွန်စိုင်းသူ ဦးဆောင်တဲ့အဖွဲဟာ ဒေသကာကွယ်ရေးအဖွဲတွေကို ခြိမ်းခြောက်တာတွေ ရှိခဲ့တယ်လို သိရပါတယ်။


ဒါ့ပြင် ဇန်နဝါရီလ (၁၇)ရက်နေ့ကလည်း ဝက်လက်မြိုနယ်ရှိ ယင်းမတောရွာ ပကဖအဖွဲ့ဝင် အသက် (၂၁) အရွယ်ရှိ ကိုသူရနောင် (ခ) ကိုကျောက်ဆူးကို ဖမ်းဆီးတာရှိခဲ့ပြီး ဇန်နဝါရီလ (၂၁)ရက်နေ့မှာတော့ ထွက်ပြေးဖိုကြိုးစားတာကြောင့်ဆိုပြီး ပစ်သတ်ခဲ့ပါသေးတယ်။


“ ၂၁နှစ်အရွယ် ကိုကျောက်ဆူးကို အမည်မသိ မျက်နှာဖုံးစွပ်ထားတဲ့သူက ပကဖ၊ ပအဖတွေကို အသိမပေးဘဲနဲ့ ဒူချွန်စိုင်းသူရှိတဲ့ တပ်ရင်း (၁) ကို ဖမ်းခေါ်သွားတာ။ ညနေပိုင်းမှာ သေနတ်သံကြားလိုက်ရတယ်။ အလောင်းကိုပြန်ပေးတဲ့အချိန် သေနတ်ဒင်နဲ့ ထုတဲ့ဒဏ်ရာ၊ ကျည်ဖောက်ထွက်ဒဏ်ရာတွေ တွေ့ရတယ်” လို သူက ပြောပါတယ်။


ကိုသူရနောင် (ခ) ကိုကျောက်ဆူးကို ကျေးရွာပအဖ အုပ်ချုပ်ရေးမှူးနဲ့ တပ်ရင်း (၁)၊ တပ်ခွဲမှူးတိုက (၁၂) နှစ်အရွယ် မျက်နှာဖုံးစွပ်လူငယ်တစ်ဦးက စလစ်မိုင်းခွဲခိုင်းတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးခိုင်းခဲ့ပြီးနောက် ဒူချွန်စိုင်းသူရှိတဲ့ တပ်ရင်း(၁)ကို ဖမ်းဆီးခေါ်ဆောင်ကာ နှိပ်စက်သတ်ဖြတ်ခဲ့တာလို သိရပါတယ်။


“ ကျွန်တော်တိုကတော့ ဥပဒေမဲ့ ဘယ်လိုသတ်ဖြတ်တာတွေမဆို ရှုတ်ချပါတယ်။ အခုအမှုကိစ္စ ကျွန်တော့်ဆီကို ရောက်လာပါတယ်။ စိစစ်ဆဲမို လတ်တလောတော့ ပြောဖိုမရှိသေးပါဘူး” လို ဒေသတွင်းနစ်နာသူတွေဘက်က လိုက်ပါကူညီပေးနေတဲ့ ရွှေဘိုမြိုနယ်လွတ်လပ်သောထောက်ပိုရေးအဖွဲတာဝန်ခံ ကိုနေမင်းခန့်က ပြောပါတယ်။


ကိုကျောက်ဇူးဟာ မြင်းဖြူရှင် ကိုဒိုးလေးရဲ့ တပည့်ဖြစ်ပြီး မြင်းဖြူရှင် ကိုဒိုးလေးနဲ့ တပ်ရင်း(၁)၊ မြိုနယ်ပကဖတို့အကြား ပြဿနာတွေ အများအပြားရှိတယ်လို့လည်း ပြောပါတယ်။ ပြီးခဲ့တဲ့နှစ် ဇူလိုင်လကလည်း မြင်းဖြူရှင် ကိုဒိုးလေးတို့အဖွဲ့က ရဲဝန်ထမ်း ၂ ဦးဖမ်းမိပြီး သေနတ် ၂ လက်သိမ်းဆည်းရမိတာကို ဒူချွန်စိုင်းသူတို့အဖွဲ့က တပ်ရင်းတရင်းနဲ့ လာဝိုင်းပြီး အဲ့ဒီသေနတ် (၂) လက်ကို လာသိမ်းသွားခဲ့ဖူးပါတယ်။


“ ဒီကိစ္စကို တိုင်တာကတော့ မိသားစုဝင်တွေဘက်ကပဲ လုပ်မယ်လိုပြောတယ်။ ကျွန်တော်တိုကတော့ စောင့်ကြည့်နေတဲ့ပုံစံပါ။ ကျန်တာတော့ သေချာမသိပါဘူး။ ဒေသထဲမှာတော့ တဖွဲနဲ့တဖွဲ ဆက်ဆံရေးက အရင်အတိုင်းပါပဲ။ ပူးပေါင်းတာမျိုးတော့မရှိဘူး” လို မြင်းဖြူရှင် ကိုဒိုးလေးက ပြောပါတယ်။


အခုနောက်ဆုံးဖြစ်ပွားနေတဲ့ ကိုကျောက်ဆူး သေဆုံးတာအပါအဝင် ရွှေဘိုခရိုင် ဝက်လက်မြိုနယ်ထဲမှာ မတရားသတ်မှုဖြစ်စဉ်တွေ ဖြစ်ပွားနေပေမယ့် မြိုနယ်ပလဖအနေနဲ့ အရေးယူမှုတစ်စုံတစ်ရာမရှိဘဲ လျစ်လျူရှုနေတယ်လို ပြောဆိုထားချက်တွေအရ သိရပါတယ်။

အရင်က ရွှေဘိုခရိုင်တပ်ရင်း (၂) ဒူချွန်စိုင်းသူက မြင်းဖြူရှင် ကိုဒိုးလေးကို ခြိမ်းခြောက်ထားတဲ့ရုပ်သံသတင်းကို အောက်ကလင့်မှာ ကြည့်ရှုနိုင်ပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

အီရန်စစ်ပွဲက ပြောင်းလဲသွားပြီဖြစ်သော်လည်း ထရမ့်၏ ပြောဆိုချက်များမှာ ပြောင်းလဲခြင်းမရှိပေ။

  • 2026 ခုနှစ်၊ မေလ 10 ရက်
  • 21 Views
CNN- ၂၀၂၆ခုနှစ်၊ မေလ (၁၀)ရက်။ ဘောလုံးကို အမြဲတမ်းလှည့်စားပြီး ပြန်ဆွဲယူတတ်သည့် လူစီ (Lucy) ကဲ့သို့ပင်၊ သမ္မတ ဒေါ်နယ်ထရမ့်သည်
မြန်မာသတင်း

တအာင်းပညာရေးရန်ပုံငွေထီ ခေတ္တရပ်နားမယ်လို့ TNLA အသိပေး

  • 2026 ခုနှစ်၊ မေလ 10 ရက်
  • 24 Views
မေလ (၉)ရက်။ တအာင်းပညာရေးရန်ပုံငွေထီကို နိုင်ငံရေးနဲ့ စီးပွားရေး အကြပ်အတည်းတွေကြောင့် ခေတ္တရပ်နားသွားမယ်လို့ TNLA က ဒီကနေ့မှာ အသိပေးထားချက်အရ သိရပါတယ်။
မြန်မာသတင်း

ဧရာဝတီတိုင်းထဲ စစ်ကောင်စီရဲ့ စစ်မှုထမ်းအပတ်စဉ်(၁)က လူငယ် (၉၀၀)နီးပါး ပျောက်ဆုံးနေ

  • 2026 ခုနှစ်၊ မေလ 10 ရက်
  • 28 Views
မေလ (၉)ရက်။ ဧရာဝတီတိုင်းထဲ စစ်ကောင်စီရဲ့ စစ်မှုထမ်းအပတ်စဉ်(၁)က လူငယ် (၈၉၇)ဦးနီးပါး ဒီကနေ့အထိ  ပျောက်ဆုံးနေတယ်လို့ တပ်ထဲသတင်းရင်းမြစ်တွေဆီက သိရပါတယ်။ “ နတခက စစ်မှုထမ်းဥပဒေနဲ့ ပထမဆုံးအကြိမ် အတင်းအဓမ္မခေါ်ခံထားရတဲ့ လူငယ် (၉၀၀)လောက်မှာ (၃)ယောက်ပဲ နေရပ်ပြန်လာတာ
မြန်မာသတင်း

“အာဆီယံကို ခွေးတိုးပေါက်ကသာ ဝင်ရမယ့် သမတအတု”

  • 2026 ခုနှစ်၊ မေလ 10 ရက်
  • 25 Views
ခေတ်မျက်လုံးရဲ့အပတ်စဥ် နိုင်ငံရေးဖြစ်စဥ်ကို လေ့လာသုံးသပ်ကြည့်ခြင်း (၄၆)မှာ မင်းအောင်လှိုင် အနေနဲ့ ဟန်ပြရွေးကောက်ပွဲလုပ် ကိုယ့်ဖဲ့ကိုယ်ချိုးပြီး ပြည်သူက တင်မြှောက်လိုက်တဲ့ သမတအဖြစ်ကြေငြာပေမဲ့ အာဆီယံကို တန်းတူအဖွဲ့ဝင်အဖြစ် တက်ရောက်နိုင်ခွင့်ရနိုင်ခြေမရှိကြောင်းကို ဦးထွန်းအောင်ကျော်နဲ့ဦးထွန်းကြည်တို့က ဆွေးနွေးတင်ပြကြမှာဖြစ်သလို တဖက်မှာလည်း တော်လှန်ရေးဦးဆောင်အဖွဲ့အမည်ခံထားတဲ့ NUG ခေါင်းဆောင်တွေကလည်း
မြန်မာသတင်း

စစ်တပ်က ကျားဖြန့်တွေကို ပျော်စံရာဒေသ ဖန်တီးပေးနေတယ်လို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းပြော

  • 2026 ခုနှစ်၊ မေလ 9 ရက်
  • 25 Views
မေလ (၉)ရက်။ စစ်တပ်ဟာ မြန်မာနိုင်ငံမှာ ကျားဖြန့်တွေကို ပျော်စံရာဒေသဖြစ်ဖို့ ဖန်တီးပေးနေတယ်လို့ မနေ့က ကုလသမဂ္ဂမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ စစ်တပ်ဟာ မြန်မာမှာ အွန်လိုင်းလိမ်လည်မှုတွေ ဖြစ်ပေါ်နေတာအပါအဝင် နယ်စပ်ဖြတ်ကျော်မှုခင်းတွေ ပျော်စံရာဒေသဖြစ်စေဖို့ ဖန်တီးပေးနေတယ်လို့
မြန်မာသတင်း

ရခိုင်မှာ စစ်တပ်ရဲ့ တရက်ထဲ မရပ်မနား ဗုံးကြဲတာကြောင့် အရပ်သားအချို့ ထိခိုက်သေဆုံးခဲ့

  • 2026 ခုနှစ်၊ မေလ 9 ရက်
  • 22 Views
မေလ (၉)ရက်။ မေလ (၇)ရက်နေ့က ရခိုင်ရှိ မင်းပြားနဲ့ ကျောက်တော်မြို့က ကျေးရွာအချို့ကို စစ်တပ်က လေကြောင်းကနေ မရပ်မနား ဗုံးကြဲခဲ့တယ်လို့ AA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီနေ့ နေ့လယ် (၂)နာရီ
မြန်မာသတင်း

ပြည်သူလိုလားတဲ့ နိုင်ငံသစ် မဆောင်ရွက်နိုင်သေးတာကြောင့် တာဝန်မကျေသေးဘူးလို့ ဗကသများအဖွဲ့ချုပ်ပြော

  • 2026 ခုနှစ်၊ မေလ 9 ရက်
  • 25 Views
မေလ (၉)ရက်။ ပြည်သူတရပ်လုံး လိုလားတောင့်တတဲ့ နိုင်ငံသစ်တရပ် ပေါ်ပေါက်အောင် မဆောင်ရွက်နိုင်သေးတာကြောင့် တာဝန်မကျေသေးဘူးလို့ ဗကသများအဖွဲ့ချုပ်ရဲ့ နှစ်(၉၀)ပြည့် အထိမ်းအမှတ်မှာ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ ဖြတ်သန်းလာခဲ့ရတဲ့ နှစ်(၉၀)သမိုင်းဟာ သွေးချွေးမျက်ရည်တွေနဲ့ အရင်းအနှီးပြုထားရတဲ့ ဘဝပေါင်းများစွာရဲ့ တိုက်ပွဲဝင်သမိုင်းလို့ ဆိုပါတယ်။
မြန်မာသတင်း

စစ်ကောင်စီရဲ့ ကပစ(၁၆)အနီးရှိ ကာကင်းစခန်းတွေကို AA ထိုးစစ်ဆင်နေ

  • 2026 ခုနှစ်၊ မေလ 8 ရက်
  • 23 Views
မေလ (၈)ရက်။ ပန်းတောင်းမြို မသုန်ရွာအနီးရှိ စစ်ကောင်စီရဲ့ ကပစ(၁၆)ရဲ့ ကာကင်းစခန်းတွေကို AA က ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို စစ်ရေးသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “ မသုန်ရွာနား စကမရဲ့ ကပစ(၁၆)နားက ကာကင်းစခန်း (၄)ခုကို AA က