နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 22 ရက်

မြန်မာသတင်း

မြန်မာသတင်း

ရွှေဘိုခရိုင်ထဲ NUG ရဲ့ ဖွဲစည်းပုံအားနည်းနေကာ လက်နက်အားကိုးတွေနဲ့ မတရားလူသတ်မှုတွေ အများအပြားဖြစ်ပွားနေ

ဇန်နဝါရီလ (၂၃)ရက်။


ရွှေဘိုခရိုင်ထဲက ဝက်လက်မြိုမှာ NUG အနေနဲ့ ဖွဲစည်းပုံအားနည်းနေပြီး မတရားလူသတ်မှုတွေ ဒီကနေ့အထိ ဖြစ်ပွားနေတယ်လို ရွှေဘိုခရိုင် ပကဖရဲ့ ပြောဆိုချက်အရ သိရပါတယ်။


“အခု ရွှေဘိုခရိုင် ဝက်လက်မြိုမှာက လူသတ်မှုတွေ မတရားသတ်မှုတွေ အများကြီးရှိတယ်။ အလောင်းဖျောက်တာတွေလည်း အများကြီးရှိတယ် ဒီနေ့ဒီအချိန်ထိရှိတယ်။ အဲ့ဒါကြောင့် NUG က ဖွဲစည်းပုံ တော်တော်အားနည်းနေတယ်”လို အမည်မဖော်လိုတဲ့ ပကဖအဖွဲ့ဝင်တစ်ဦးက ဆိုပါတယ်။


ရွှေဘိုခရိုင်ထဲ NUG က လက်နက်တပ်ဆင်ပေးထားပြီး အင်အားကောင်းနေတဲ့ ခရိုင်တပ်ရင်း(၁)ခေါင်းဆောင် ဒူချွန်စိုင်းသူ ဦးဆောင်တဲ့အဖွဲဟာ ဒေသကာကွယ်ရေးအဖွဲတွေကို ခြိမ်းခြောက်တာတွေ ရှိခဲ့တယ်လို သိရပါတယ်။


ဒါ့ပြင် ဇန်နဝါရီလ (၁၇)ရက်နေ့ကလည်း ဝက်လက်မြိုနယ်ရှိ ယင်းမတောရွာ ပကဖအဖွဲ့ဝင် အသက် (၂၁) အရွယ်ရှိ ကိုသူရနောင် (ခ) ကိုကျောက်ဆူးကို ဖမ်းဆီးတာရှိခဲ့ပြီး ဇန်နဝါရီလ (၂၁)ရက်နေ့မှာတော့ ထွက်ပြေးဖိုကြိုးစားတာကြောင့်ဆိုပြီး ပစ်သတ်ခဲ့ပါသေးတယ်။


“၂၁နှစ်အရွယ် ကိုကျောက်ဆူးကို အမည်မသိ မျက်နှာဖုံးစွပ်ထားတဲ့သူက ပကဖ၊ ပအဖတွေကို အသိမပေးဘဲနဲ့ ဒူချွန်စိုင်းသူရှိတဲ့ တပ်ရင်း (၁) ကို ဖမ်းခေါ်သွားတာ။ ညနေပိုင်းမှာ သေနတ်သံကြားလိုက်ရတယ်။ အလောင်းကိုပြန်ပေးတဲ့အချိန် သေနတ်ဒင်နဲ့ ထုတဲ့ဒဏ်ရာ၊ ကျည်ဖောက်ထွက်ဒဏ်ရာတွေ တွေ့ရတယ်”လို သူက ပြောပါတယ်။


ကိုသူရနောင် (ခ) ကိုကျောက်ဆူးကို ကျေးရွာပအဖ အုပ်ချုပ်ရေးမှူးနဲ့ တပ်ရင်း (၁)၊ တပ်ခွဲမှူးတိုက (၁၂) နှစ်အရွယ် မျက်နှာဖုံးစွပ်လူငယ်တစ်ဦးက စလစ်မိုင်းခွဲခိုင်းတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးခိုင်းခဲ့ပြီးနောက် ဒူချွန်စိုင်းသူရှိတဲ့ တပ်ရင်း(၁)ကို ဖမ်းဆီးခေါ်ဆောင်ကာ နှိပ်စက်သတ်ဖြတ်ခဲ့တာလို သိရပါတယ်။


“ကျွန်တော်တိုကတော့ ဥပဒေမဲ့ ဘယ်လိုသတ်ဖြတ်တာတွေမဆို ရှုတ်ချပါတယ်။ အခုအမှုကိစ္စ ကျွန်တော့်ဆီကို ရောက်လာပါတယ်။ စိစစ်ဆဲမို လတ်တလောတော့ ပြောဖိုမရှိသေးပါဘူး”လို ဒေသတွင်းနစ်နာသူတွေဘက်က လိုက်ပါကူညီပေးနေတဲ့ ရွှေဘိုမြိုနယ်လွတ်လပ်သောထောက်ပိုရေးအဖွဲတာဝန်ခံ ကိုနေမင်းခန့်က ပြောပါတယ်။


ကိုကျောက်ဇူးဟာ မြင်းဖြူရှင် ကိုဒိုးလေးရဲ့ တပည့်ဖြစ်ပြီး မြင်းဖြူရှင် ကိုဒိုးလေးနဲ့ တပ်ရင်း(၁)၊ မြိုနယ်ပကဖတို့အကြား ပြဿနာတွေ အများအပြားရှိတယ်လို့လည်း ပြောပါတယ်။ ပြီးခဲ့တဲ့နှစ် ဇူလိုင်လကလည်း မြင်းဖြူရှင် ကိုဒိုးလေးတို့အဖွဲ့က ရဲဝန်ထမ်း ၂ ဦးဖမ်းမိပြီး သေနတ် ၂ လက်သိမ်းဆည်းရမိတာကို ဒူချွန်စိုင်းသူတို့အဖွဲ့က တပ်ရင်းတရင်းနဲ့ လာဝိုင်းပြီး အဲ့ဒီသေနတ် (၂) လက်ကို လာသိမ်းသွားခဲ့ဖူးပါတယ်။


“ဒီကိစ္စကို တိုင်တာကတော့ မိသားစုဝင်တွေဘက်ကပဲ လုပ်မယ်လိုပြောတယ်။ ကျွန်တော်တိုကတော့ စောင့်ကြည့်နေတဲ့ပုံစံပါ။ ကျန်တာတော့ သေချာမသိပါဘူး။ ဒေသထဲမှာတော့ တဖွဲနဲ့တဖွဲ ဆက်ဆံရေးက အရင်အတိုင်းပါပဲ။ ပူးပေါင်းတာမျိုးတော့မရှိဘူး”လို မြင်းဖြူရှင် ကိုဒိုးလေးက ပြောပါတယ်။


အခုနောက်ဆုံးဖြစ်ပွားနေတဲ့ ကိုကျောက်ဆူး သေဆုံးတာအပါအဝင် ရွှေဘိုခရိုင် ဝက်လက်မြိုနယ်ထဲမှာ မတရားသတ်မှုဖြစ်စဉ်တွေ ဖြစ်ပွားနေပေမယ့် မြိုနယ်ပလဖအနေနဲ့ အရေးယူမှုတစ်စုံတစ်ရာမရှိဘဲ လျစ်လျူရှုနေတယ်လို ပြောဆိုထားချက်တွေအရ သိရပါတယ်။

အရင်က ရွှေဘိုခရိုင်တပ်ရင်း (၂) ဒူချွန်စိုင်းသူက မြင်းဖြူရှင် ကိုဒိုးလေးကို ခြိမ်းခြောက်ထားတဲ့ရုပ်သံသတင်းကို အောက်ကလင့်မှာ ကြည့်ရှုနိုင်ပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးလို့ စစ်အုပ်စုပြော

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 135 Views
ဇွန်လ (၃၀)ရက်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးဆိုပြီး ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ စစ်အုပ်စုရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်က
မြန်မာသတင်း

ငါတို့တကယ်ရင်ဆိုင်နေရတဲ့ အခက်အခဲ

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 118 Views
Burma Issue: The Crisis We Are Truly Facing ငါတို့တကယ်တွေ့နေရတဲ့ အကြပ်အတည်း ရှေ့နေဦးကြီးမြင့်ရဲ့စာတမ်းတိုလေးကိုသဘောထားကြိုက်ညီတဲ့အတွက် သူအတွေ့အကြုံအရ
မြန်မာသတင်း

ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 107 Views
ဇွန်လ (၃၀)ရက်။ စစ်တပ်လေကြောင်းအင်အားကို ဟန့်တားနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ PDF နဲ့ ပကဖတပ်ဖွဲ့တွေအနေနဲ့ စစ်တပ်လေကြောင်းကို ဟန့်တားနိုင်ဖို့နဲ့ ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ အဆက်မပြတ် ကြိုးပမ်းနေတယ်လို့
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေအပေါ် NUCC နဲ့ NUG ဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 101 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၈)ရက်နေ့က တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေနဲ့ပတ်သက်ပြီး NUCC နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို (၃)နာရီကြာ ပြုလုပ်ခဲ့ပြီး NUCC ကောင်စီဝင်တွေနဲ့ MOD ဝန်ကြီးနဲ့
မြန်မာသတင်း

မင်းအောင်လှိုင် လာအိုနိုင်ငံကို သွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 81 Views
ဇွန်လ (၃၀)ရက်။ လာမယ့်ရက်ပိုင်းထဲ စစ်ခေါင်းဆောင် ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ လာအိုနိုင်ငံကို သွားဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ သူ့မိန်းမ ကြူကြူလှနဲ့အတူ လာအိုနိုင်ငံကို ဇွန်လ (၃)ရက်ကနေ (၅)ရက်အထိ သွားဖို့ရှိတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

မုံရွာပလဖစခန်းကို NUG တပ်ရင်းတွေ စီးနင်းပစ်ခတ်ခံရပြီး ပလဖတာဝန်ခံ အာကူးကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 99 Views
ဇွန်လ (၃၀)ရက်။ မနေ့က ညပိုင်းအချိန်က မုံရွာမြိုပလဖစခန်းကို NUG တပ်ရင်းတွေ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “မုံရွာပလဖစခန်းကို NUG က တပ်ရင်း (၅)ရင်းနဲ့ ဝင်စီးတာ။ အဲ့ဒီမှာ ပစ်ခတ်တာတွေဖြစ်ပြီး ပလဖတာဝန်ခံ အာကူး
မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 87 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲထဲ စစ်ကောင်စီတပ်ဆီကနေ လက်နက်ခဲယမ်းအချိုနဲ့ စစ်သုံပန်း
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 77 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ သက်ရှိထင်ရှား ရှိနေသေးတာကို အခိုင်အမာ သက်သေပြဖို စစ်အုပ်စုကို