နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဧပြီလ 20 ရက်

မြန်မာသတင်း

မြန်မာသတင်း

ရွှေဘိုခရိုင်ထဲ NUG ရဲ့ ဖွဲစည်းပုံအားနည်းနေကာ လက်နက်အားကိုးတွေနဲ့ မတရားလူသတ်မှုတွေ အများအပြားဖြစ်ပွားနေ

ဇန်နဝါရီလ (၂၃)ရက်။


ရွှေဘိုခရိုင်ထဲက ဝက်လက်မြိုမှာ NUG အနေနဲ့ ဖွဲစည်းပုံအားနည်းနေပြီး မတရားလူသတ်မှုတွေ ဒီကနေ့အထိ ဖြစ်ပွားနေတယ်လို ရွှေဘိုခရိုင် ပကဖရဲ့ ပြောဆိုချက်အရ သိရပါတယ်။


“ အခု ရွှေဘိုခရိုင် ဝက်လက်မြိုမှာက လူသတ်မှုတွေ မတရားသတ်မှုတွေ အများကြီးရှိတယ်။ အလောင်းဖျောက်တာတွေလည်း အများကြီးရှိတယ် ဒီနေ့ဒီအချိန်ထိရှိတယ်။ အဲ့ဒါကြောင့် NUG က ဖွဲစည်းပုံ တော်တော်အားနည်းနေတယ်” လို အမည်မဖော်လိုတဲ့ ပကဖအဖွဲ့ဝင်တစ်ဦးက ဆိုပါတယ်။


ရွှေဘိုခရိုင်ထဲ NUG က လက်နက်တပ်ဆင်ပေးထားပြီး အင်အားကောင်းနေတဲ့ ခရိုင်တပ်ရင်း(၁)ခေါင်းဆောင် ဒူချွန်စိုင်းသူ ဦးဆောင်တဲ့အဖွဲဟာ ဒေသကာကွယ်ရေးအဖွဲတွေကို ခြိမ်းခြောက်တာတွေ ရှိခဲ့တယ်လို သိရပါတယ်။


ဒါ့ပြင် ဇန်နဝါရီလ (၁၇)ရက်နေ့ကလည်း ဝက်လက်မြိုနယ်ရှိ ယင်းမတောရွာ ပကဖအဖွဲ့ဝင် အသက် (၂၁) အရွယ်ရှိ ကိုသူရနောင် (ခ) ကိုကျောက်ဆူးကို ဖမ်းဆီးတာရှိခဲ့ပြီး ဇန်နဝါရီလ (၂၁)ရက်နေ့မှာတော့ ထွက်ပြေးဖိုကြိုးစားတာကြောင့်ဆိုပြီး ပစ်သတ်ခဲ့ပါသေးတယ်။


“ ၂၁နှစ်အရွယ် ကိုကျောက်ဆူးကို အမည်မသိ မျက်နှာဖုံးစွပ်ထားတဲ့သူက ပကဖ၊ ပအဖတွေကို အသိမပေးဘဲနဲ့ ဒူချွန်စိုင်းသူရှိတဲ့ တပ်ရင်း (၁) ကို ဖမ်းခေါ်သွားတာ။ ညနေပိုင်းမှာ သေနတ်သံကြားလိုက်ရတယ်။ အလောင်းကိုပြန်ပေးတဲ့အချိန် သေနတ်ဒင်နဲ့ ထုတဲ့ဒဏ်ရာ၊ ကျည်ဖောက်ထွက်ဒဏ်ရာတွေ တွေ့ရတယ်” လို သူက ပြောပါတယ်။


ကိုသူရနောင် (ခ) ကိုကျောက်ဆူးကို ကျေးရွာပအဖ အုပ်ချုပ်ရေးမှူးနဲ့ တပ်ရင်း (၁)၊ တပ်ခွဲမှူးတိုက (၁၂) နှစ်အရွယ် မျက်နှာဖုံးစွပ်လူငယ်တစ်ဦးက စလစ်မိုင်းခွဲခိုင်းတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးခိုင်းခဲ့ပြီးနောက် ဒူချွန်စိုင်းသူရှိတဲ့ တပ်ရင်း(၁)ကို ဖမ်းဆီးခေါ်ဆောင်ကာ နှိပ်စက်သတ်ဖြတ်ခဲ့တာလို သိရပါတယ်။


“ ကျွန်တော်တိုကတော့ ဥပဒေမဲ့ ဘယ်လိုသတ်ဖြတ်တာတွေမဆို ရှုတ်ချပါတယ်။ အခုအမှုကိစ္စ ကျွန်တော့်ဆီကို ရောက်လာပါတယ်။ စိစစ်ဆဲမို လတ်တလောတော့ ပြောဖိုမရှိသေးပါဘူး” လို ဒေသတွင်းနစ်နာသူတွေဘက်က လိုက်ပါကူညီပေးနေတဲ့ ရွှေဘိုမြိုနယ်လွတ်လပ်သောထောက်ပိုရေးအဖွဲတာဝန်ခံ ကိုနေမင်းခန့်က ပြောပါတယ်။


ကိုကျောက်ဇူးဟာ မြင်းဖြူရှင် ကိုဒိုးလေးရဲ့ တပည့်ဖြစ်ပြီး မြင်းဖြူရှင် ကိုဒိုးလေးနဲ့ တပ်ရင်း(၁)၊ မြိုနယ်ပကဖတို့အကြား ပြဿနာတွေ အများအပြားရှိတယ်လို့လည်း ပြောပါတယ်။ ပြီးခဲ့တဲ့နှစ် ဇူလိုင်လကလည်း မြင်းဖြူရှင် ကိုဒိုးလေးတို့အဖွဲ့က ရဲဝန်ထမ်း ၂ ဦးဖမ်းမိပြီး သေနတ် ၂ လက်သိမ်းဆည်းရမိတာကို ဒူချွန်စိုင်းသူတို့အဖွဲ့က တပ်ရင်းတရင်းနဲ့ လာဝိုင်းပြီး အဲ့ဒီသေနတ် (၂) လက်ကို လာသိမ်းသွားခဲ့ဖူးပါတယ်။


“ ဒီကိစ္စကို တိုင်တာကတော့ မိသားစုဝင်တွေဘက်ကပဲ လုပ်မယ်လိုပြောတယ်။ ကျွန်တော်တိုကတော့ စောင့်ကြည့်နေတဲ့ပုံစံပါ။ ကျန်တာတော့ သေချာမသိပါဘူး။ ဒေသထဲမှာတော့ တဖွဲနဲ့တဖွဲ ဆက်ဆံရေးက အရင်အတိုင်းပါပဲ။ ပူးပေါင်းတာမျိုးတော့မရှိဘူး” လို မြင်းဖြူရှင် ကိုဒိုးလေးက ပြောပါတယ်။


အခုနောက်ဆုံးဖြစ်ပွားနေတဲ့ ကိုကျောက်ဆူး သေဆုံးတာအပါအဝင် ရွှေဘိုခရိုင် ဝက်လက်မြိုနယ်ထဲမှာ မတရားသတ်မှုဖြစ်စဉ်တွေ ဖြစ်ပွားနေပေမယ့် မြိုနယ်ပလဖအနေနဲ့ အရေးယူမှုတစ်စုံတစ်ရာမရှိဘဲ လျစ်လျူရှုနေတယ်လို ပြောဆိုထားချက်တွေအရ သိရပါတယ်။

အရင်က ရွှေဘိုခရိုင်တပ်ရင်း (၂) ဒူချွန်စိုင်းသူက မြင်းဖြူရှင် ကိုဒိုးလေးကို ခြိမ်းခြောက်ထားတဲ့ရုပ်သံသတင်းကို အောက်ကလင့်မှာ ကြည့်ရှုနိုင်ပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ကျောက်တော်မြို့ရှိ ရပ်ကွက်တွေကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်၊ အရပ်သားတစ်ဦး သေဆုံးပြီး (၂၀)ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့

  • 2025 ခုနှစ်၊ ဧပြီလ 19 ရက်
  • 10 Views
ဧပြီလ (၁၉)ရက်။ ဒီကနေ့ နံနက် (၂)နာရီခွဲအချိန်ကစပြီး ကျောက်တော်မြို့ရှိ အရပ်သားတွေနေထိုင်တဲ့ ရပ်ကွက်နဲ့ ကျေးရွာတွေကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲခဲ့တယ်လို့
မြန်မာသတင်း

နေပြည်တော်ရဲ့ မြို့အကွက်ချပုံစံကို ပြန်လည်ရေးဆွဲမယ်လို့ စစ်ခေါင်းဆောင်ပြော

  • 2025 ခုနှစ်၊ ဧပြီလ 19 ရက်
  • 31 Views
ဧပြီလ (၁၉)ရက်။ နေပြည်တော်ရဲ့ မြို့အကွက်ချပုံစံကို ပြန်လည်တွက်ချက်ရေးဆွဲသွားဖို့ စီစဉ်နေတယ်လို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မနေ့ကပြုလုပ်တဲ့ စစ်ကောင်စီအစည်းအဝေးမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
မြန်မာသတင်း

ရန်ကုန် ကမာရွတ်မြို့မရဲစခန်း လက်ပစ်ဗုံးနဲ့ ပစ်ခတ်ခံရ

  • 2025 ခုနှစ်၊ ဧပြီလ 19 ရက်
  • 15 Views
ဧပြီလ (၁၉)ရက်။ မနေ့က ည (၉)နာရီ (၅၇)မိနစ်အချိန်က ရန်ကုန်ရှိ စစ်ကောင်စီရဲ့ ကမာရွတ်မြို့မရဲစခန်းကို လက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Yangon UG People Army(YUPA)ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ “ ကမာရွတ်မြို့နယ် မြို့မရဲစခန်းကို
မြန်မာသတင်း

နေပြည်တော်ရှိ စစ်ကောင်စီရဲ့ အေလာလေတပ်စခန်း ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်ခံရ

  • 2025 ခုနှစ်၊ ဧပြီလ 19 ရက်
  • 16 Views
ဧပြီလ (၁၉)ရက်။ မနေ့က ည (၈)နာရီခွဲကျော်အချိန်က နေပြည်တော်ရှိ စစ်ကောင်စီရဲ့ အေလာလေတပ်စခန်းကို (၁၀၇)မမ ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်ခဲ့တယ်လို့ Brave Warriors for Myanmar(BWM)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မနေ့က
မြန်မာသတင်း

ညောင်လေးပင်မှာ စစ်ကောင်စီရဲ့ လေကြောင်းနဲ့ လက်နက်ကြီးကြောင့် အရပ်သားတစ်ဦး ထိမှန်သေဆုံးခဲ့

  • 2025 ခုနှစ်၊ ဧပြီလ 18 ရက်
  • 17 Views
ဧပြီလ (၁၈)ရက်။ ဒီကနေ့ နံနက်ပိုင်းအချိန်က ညောင်လေးပင်ခရိုင် ရေတွင်းကုန်းရွာကို စစ်ကောင်စီက လေကြောင်းနဲ့ လက်နက်ကြီးတွေ ပစ်ခတ်ခဲ့တယ်လို့ အမှတ်(၂)စစ်ဒေသခွဲရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ “ ရေတွင်းကုန်းရွာကို နံနက်ပိုင်းမှာ အကြမ်းဖက်စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတာ။ ပြီးတော့
မြန်မာသတင်း

ရေစကြိုမှာ စစ်ကောင်စီရဲ့ အကြောင်းမဲ့ လေကြောင်းဗုံးကြဲတာကြောင့် ဒေသခံ (၃)ဦး ထိခိုက်ဒဏ်ရာရခဲ့

  • 2025 ခုနှစ်၊ ဧပြီလ 18 ရက်
  • 19 Views
ဧပြီလ (၁၈)ရက်။ မနေ့က ညနေ (၄)နာရီ (၂၀)မိနစ်အချိန်က ရေစကြိုမြို့ ဗလဘကျေးရွာကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချင်တွေအရ သိရပါတယ်။ “ ညနေ (၄)နာရီ (၂၀)မိနစ်လောက်က ဗလဘကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်
နိုင်ငံတကာသတင်း မြန်မာသတင်း အရှေ့တောင်အာရှ

ဘင်္ဂလားဒေ့ရှ် တပ်မတော်ကအမေရိကန်ထောက်ခံမှုဖြင့် အာရက္ခတပ်တော်ကို အကူအညီ ပေးတော့မည်။

  • 2025 ခုနှစ်၊ ဧပြီလ 18 ရက်
  • 21 Views
+++++++++++++++++++++ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်တွင် အမေရိကန် ကျောထောက်နောက်ခံပြုထားသည့် လျှို့ဝှက်စစ်ဆင်ရေး၊များကို ဘင်္ဂလားဒေ့ရှ် တပ်မတော်က ဦးဆောင်မည်ဖြစ်သည်။ ထောက်ပံ့ရေးနှင့် ထောက်ပံ့ပို့ဆောင်ရေး ပံ့ပိုးမှုများအပြင် ဒရုန်းများကို အသုံးပြုခွင့်ပေးခြင်းအထိ ဘင်္ဂလားဒေ့ရှ် တပ်မတော်သည် ရခိုင်ပြည်နယ်ရှိ မြန်မာစစ်အုပ်စုအား ဆန့်ကျင်တိုက်ခိုက်နေသည့် အာရက္ခတပ်တော်
နိုင်ငံတကာသတင်း မြန်မာသတင်း အရှေ့တောင်အာရှ

အာဆီယံဥက္ကဋ္ဌ မလေးရှားနိုင်ငံဝန်ကြီးချုပ် စစ်ကောင်စီဥက္ကဋ္ဌနှင့် ဘန်ကောက်တွင် တွေ့ဆုံ

  • 2025 ခုနှစ်၊ ဧပြီလ 18 ရက်
  • 22 Views
ဧပြီလ (၁၇) ရက်။ မြန်မာနိုင်ငံတွင် ငလျင်ဒဏ်နှင့်ပတ်သက်ပြီး ဆွေးနွေးရန်အတွက် အာဆီယံဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသည့် မလေးရှားဝန်ကြီးချုပ်သည် မြန်မာစစ်အစိုးရခေါင်းဆောင်နှင့် ပုံမှန်မဟုတ်သော တွေ့ဆုံမှုတစ်ခု ပြုလုပ်ခဲ့သည်။ မလေးရှားဝန်ကြီးချုပ် အန်ဝါသည် စစ်ခေါင်းဆောင်မင်းအောင်လှိုင်နှင့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ၁၇ ရက်နေ့က