ဇန်နဝါရီလ (၂၉)ရက်။
ဦးကိုနီနဲ့ ကိုနေဝင်းတို့ လုပ်ကြံသတ်ဖြတ်ခံရပြီး ကျဆုံးခဲ့ရတဲ့ (၇)နှစ်ပြည့်မြောက်နေ့မှာ အောက်မေ့သတိရကြောင်း NUG က ထုတ်ပြန်ခဲ့တယ်လို့ သိရပါတယ်။
ဒီကနေ့ ဇန်နဝါရီလ (၂၉)ရက်နေ့ဟာ ရန်ကုန်လေဆိပ်မှာ ဥပဒေပညာရှင်တစ်ဦးဖြစ်သူ ဦးကိုနီနဲ့ အငှားယာဉ်မောင်း ကိုနေဝင်းတို့ လုပ်ကြံသတ်ဖြတ်ခံရပြီး ကျဆုံးခဲ့ရတဲ့ (၇)နှစ်ပြည့်မြောက်တဲ့နေ့ဖြစ်ပါတယ်။
ဒီလိုလုပ်ကြံသတ်ဖြတ်ခဲ့သူတွေထဲက ကြံရာပါတစ်ဦး အခုအချိန်အထိ လွတ်မြောက်နေတာဟာ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးဖြစ်စဉ်မှာ လွန်စွာ ရုပ်ဆိုးအကျည်းတန်တဲ့ဖြစ်ရပ်လို့ ဆိုပါတယ်။
အဲ့ဒီဖြစ်စဉ်ဟာ စစ်အာဏာရှင်စနစ်အောက် ပြည်သူလူထုရဲ့ မလုံခြုံတာ၊ မငြိမ်းချမ်းတာနဲ့ တရားဥပဒေစိုးမိုးမှုမရှိတာတို့ကို ဖော်ညွှန်းနေတဲ့ ဖြစ်ရပ်တစ်ခုဖြစ်တယ်လို့လဲ ဖော်ပြထားပါတယ်။
အဲ့ဒီလိုဖြစ်ရပ်မျိုး ထပ်မဖြစ်စေဖို့ အကြမ်းဖက်စစ်တပ်နဲ့အတူ လက်နက်အားကိုး အနိုင်ကျင့်လိုတဲ့အကျင့်ဆိုးကို ဒီနွေဦးတော်လှန်ရေးမှာ အမြစ်ဖြတ်ပစ်နိုင်ဖို့ သတိချပ်အားထုတ်သင့်တယ်လို့ NUG က တိုက်တွန်းထားကြောင်း သိရပါတယ်။