နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇန်နဝါရီလ 25 ရက်

မြန်မာသတင်း

မြန်မာသတင်း

ချင်းပြည်ကောင်စီက ချင်းပြည်အစိုးရ ဖွဲ့စည်း

ဖေဖော်ဝါရီလ (၂) ရက်။

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်နေ့မှာ ချင်းပြည်ကောင်စီ (Chinland Council) က ချင်းပြည်အစိုးရ ဖွဲ့လိုက်ကြောင်း ကြေညာလိုက်ပါတယ်။

ချင်းပြည်ကောင်စီကို ချင်းအမျိုးသားတပ်ဦး (CNF) က ဦးဆောင်ပြီး CNF ကိုယ်စားလှယ် (၂၇) ဦး၊ လွှတ်တော်ကိုယ်စားလှယ် (၁၇) ဦး၊ မြို့နယ်နဲ့ ဒေသအုပ်ချုပ်ရေးအဖွဲ့တွေက ကိုယ်စားလှယ် (၆၈) ဦးတို့နဲ့ ဖွဲ့စည်းထားပါတယ်။

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၄) ရက်နေ့ကနေ (၇) ရက်နေ့အထိ ပြုလုပ်ခဲ့တဲ့ ချင်းပြည်ကောင်စီ ပထမအကြိမ်ညီလာခံမှာ အတည်ပြုခဲ့တဲ့ ချင်းပြည်ဖွဲ့စည်းပုံအခြေခံဥပဒေအရ ချင်းပြည်အစိုးရကို ဖွဲ့စည်းလိုက်တာဖြစ်ပြီး ဝန်ကြီးဌာန ၁၄ ခု ပါဝင်တယ်လို့ ချင်းပြည်ကောင်စီရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ချင်းပြည်ကောင်စီ ဥက္ကဋ္ဌ ပူးဇင်ကျုံးက ဝန်ကြီးချုပ်အဖြစ် NLD မတူပီလွှတ်တော်အမတ် Pu Pa Thang, နိုင်ငံခြားရေးဝန်ကြီးအဖြစ် ဒေါက်တာ Sui Khar, ကာကွယ်ရေးဝန်ကြီးအဖြစ် Pu Thawng Za Lian, ပြည်ထဲရေးဝန်ကြီးအဖြစ် Pu Robin, ရှေ့နေချုပ်အဖြစ် ဒေါက်တာ Tial Hnin နဲ့ အခြားဝန်ကြီးတွေကို ခန့်အပ်တာဝန်ပေးလိုက်တာလို့ ဆိုပါတယ်။

ချင်းပြည်ကောင်စီရဲ့ ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားတဲ့ “ ပူးဇင်ကျုံး” ဟာ ချင်းအမျိုးသားတပ်ဦး (CNF) မှာလည်း ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားပါတယ်။ အဲ့ဒီဥက္ကဋ္ဌကပဲ အစိုးရအဖွဲ့တာဝန်ယူမယ့်သူတွေကို ရွေးချယ်ခန့်အပ်နိုင်တယ်လို့ ဆိုပါတယ်။

ချင်းပြည်ကောင်စီအတွင်းရေးမှူးအဖြစ် ဆလိုင်းပေါလ်က တာဝန်ယူထားပြီး ချင်းပြည်ကောင်စီဟာ ချင်းပြည်ဖွဲ့စည်းပုံအခြေခံဥပဒေအရ အမြင့်ဆုံးမှာရှိပြီး မူဝါဒရေးရာ ဦးဆောင်အဖွဲ့ဖြစ်တယ်လို့ ဆိုထားပါတယ်။ ချင်းပြည်ကောင်စီရဲ့အောက်မှာ အစိုးရအဖွဲ့၊ လွှတ်တော်၊ တရားစီရင်ရေးနဲ့ ကာကွယ်ရေးကဏ္ဍတို့ရှိတယ်လို့ ဆိုထားပါတယ်။

ချင်းပြည်ကောင်စီနဲ့ အစိုးရဖွဲ့ဖို့ ကြိုးပမ်းမှုကို ကန့်ကွက်တဲ့ ချင်းလက်နက်ကိုင်တော်လှန်ရေးအဖွဲ့ ၅ ဖွဲ့ရှိပါတယ်။ ချင်းအမျိုးသားကောင်စီ (မင်းတပ်) ၊ ချင်းအမျိုးသားအဖွဲ့ချုပ် (CNO) ၊ ဇိုမီးဖက်ဒရယ် အစည်းအရုံး (ZFU) နှင့် မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ (MTC) နဲ့ နောက်ပိုင်းမှာ ပါဝင်လာတဲ့ CDF-ကန်ပက်လက်ဖြစ်ပါတယ်။ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၃၁ ရက်နေ့က ကြေညာချက်ထဲမှာ တပ်ရင်း ၇ ရင်းရှိတဲ့အနက် တပ်ရင်း ၅ ရင်းက ပူးပေါင်းပါဝင်ခဲ့တာဖြစ်ပါတယ်။

စစ်အာဏာ သိမ်းပြီးနောက် ၂၀၂၁ ခုနှစ်၊ ဧပြီလ (၁၃) ရက်နေ့မှာ ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC) ကို ဖွဲ့စည်းထားပြီး ဖြစ်ပါတယ်။ ချင်းပြည်ကောင်စီကတော့ သူတို့ ကောင်စီဖွဲ့လိုက်တဲ့နေ့မှစပြီး ICNCC ရဲ့ လုပ်ငန်းတာဝန်တွေကို လွှဲပြောင်းရယူသွားမှာလို့ ဆိုပေမယ့် ICNCC က လက်မခံနိုင်ကြောင်း၊ ICNCC ကို ဘယ်ပုဂ္ဂိုလ်၊ ဘယ်ကောင်စီ၊ ဘယ်အဖွဲ့အစည်းကမှ ဖျက်သိမ်းခွင့် မရှိကြောင်းနဲ့ ဘယ်သူကိုမှ လွှဲပြောင်းပေးမှာ မဟုတ်ဘူးလို့ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၇) ရက်နေ့မှာ ကြေညာချက် ထုတ်ခဲ့ပါတယ်။

CNF ဟာ ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC) ကနေ နုတ်ထွက်လိုက်ပြီးနောက် ညီလာခံကျင်းပပြီး ချင်းပြည်ကောင်စီကို ဖွဲ့စည်းလိုက်ပြီးနောက် ထမအကြိမ်ညီလာခံမှာ အတည်ပြုလိုက်တဲ့ ချင်းပြည်ဖွဲ့စည်းပုံအခြေခံဥပဒေအရ အခုလို အစိုးရဖွဲ့စည်းလာတာဖြစ်ပါတယ်။

ICNCC အနေနဲ့ ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်အရ Chin Charter ကို ပြင်ဆင်နေပြီး ချင်းပြည်အစိုးရကို ထူထောင်သွားမှာဖြစ်တယ်လို့ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၂၇) ရက်နေ့မှာ ထုတ်ပြန်ကြေညာထားပါတယ်။

ချင်းပြည်ကောင်စီက ချင်းပြည်အစိုးရဖွဲ့လိုက်ပေမယ့် ICNCC က လက်မခံဘဲ ချင်းပြည်အစိုးရဖွဲ့မှာလို့ ပြောထားပါတယ်။

အချက်အလက်။

ချင်းပြည်နယ်မှာ ၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲမှာတော့ ပလက်ဝမြို့နယ်အပါအဝင် ချင်းပြည်နယ်တစ်ခုလုံးမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) က ပြည်ထောင်စုလွှတ်တော်နေရာအတွက် မဲဆန္ဒနယ် ၂၁ ခုမှာ နေရာ ၂၀ အထိ အနိုင်ရရှိခဲ့ပါတယ်။

ချင်းပြည်နယ်မှာ အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်နဲ့ ပြည်နယ်လွှတ်တော် သုံးရပ်လုံးအတွက် မဲဆန္ဒနယ် ၃၉ ခုရှိတဲ့အနက် NLD ပါတီက ၃၆ နေရာအထိ အနိုင်ရရှိခဲ့တယ်လို့ အရင်စာရင်းများအရ သိရပါတယ်။

ဓာတ်ပုံအညွှန်းများ။

ချင်းပြည်ကောင်စီနဲ့ ချင်းအမျိုးသားတပ်ဦး (CNF) တို့မှာ ဥက္ကဋ္ဌအဖြစ်တာဝန်ယူထားတဲ့ “ ပူးဇင်ကျုံး”

ချင်းပြည်အစိုးရဓာတ်ပုံများနဲ့ သက်ဆိုင်ရာ ကြေညာချက်များ။

ချင်းပြည်အစိုးရအဖွဲ့ ဓာတ်ပုံမှတ်တမ်းများ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးကောင်းမွန်တယ်ဆိုပြီး စစ်ကော်မရှင်ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 24 ရက်
  • 20 Views
ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ဖို့မရှိဘူးလို့ဆို ဇန်နဝါရီလ (၂၄)ရက်။ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးကောင်းမွန်တယ်ဆိုပြီး စစ်ကော်မရှင်ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဒီကနေ့မှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
မြန်မာသတင်း

မြင်းခြံမှာ နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်နေပြီး စစ်တပ်ဘက်က (၂၂)ဦး သေဆုံးကာ (၂၀)ကျော် ဒဏ်ရာရခဲ့

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 24 ရက်
  • 25 Views
ဇန်နဝါရီလ (၂၄)ရက်။ ဇန်နဝါရီလ (၂၀)ရက်နေ့က မြင်းခြံနဲ့ နွားထိုးကြီးမြို့အကြားမှာ စစ်တပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေအကြား တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ Myingyan Black Tiger(MBT)ရဲ့
မြန်မာသတင်း

ဂန့်ဂေါမြို့မရဲစခန်းက ဒုရဲအုပ် ဒရုန်းဗုံးမှန်ပြီး သေဆုံး

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 24 ရက်
  • 28 Views
ဇန်နဝါရီလ (၂၄)ရက်။ ဂန့်ဂေါမြို့ရှိ စစ်ကော်မရှင်ရဲ့ မြို့မရဲစခန်း ဒရုန်းနဲ့ ဗုံးကြဲခံရတဲ့ဖြစ်စဉ်မှာ ဒဏ်ရာရရှိခဲ့တဲ့ ဒုရဲအုပ် သေဆုံးခဲ့တယ်လို့ ယောအလင်းတန်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဖြစ်စဉ်ဟာ ဇန်နဝါရီလ (၁၂)ရက်နေ့မှာ ဂန့်ဂေါမြို့ ခလရ(၅၀)တပ်အနီးရှိ လမ်း‌ဆုံက
မြန်မာသတင်း

ဗန်းမော်မြို့သိမ်းတိုက်ပွဲထဲ ဗမာ့တပ်တော်(BA)ရဲဘော် (၂)ဦး ကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 24 ရက်
  • 27 Views
ဇန်နဝါရီလ (၂၄)ရက်။ KIA ဦးဆောင်တဲ့ ဗန်းမော်မြို့သိမ်းစစ်ဆင်ရေးထဲမှာ ဗမာ့တပ်တော်(BA) ပါဝင်တိုက်ပွဲဝင်နေတယ်လို့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီစစ်ဆင်ရေးထဲ ဇန်နဝါရီလ (၁၆)ရက်နေ့ တိုက်ပွဲနဲ့ (၂၁)ရက်နေ့ တိုက်ပွဲတို့မှာ ဗမာ့တပ်တော်(BA)ရဲ့ ရဲဘော် (၂)ဦး ကျဆုံးခဲ့တယ်လို့
မြန်မာသတင်း

အာဆီယံအထူးကိုယ်စားလှယ်နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 23 ရက်
  • 29 Views
ဇန်နဝါရီလ (၂၃)ရက်။ ဖိလစ်ပိုင်နိုင်ငံ တာဂေတေမြို့မှာ အာဆီယံရဲ့ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်နဲ့ NUG ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ NUG ကိုယ်းစားပြုတဲ့ ကိုယ်စားလှယ်တွေ တက်ရောက်ပြီးတော့ တွေ့ဆုံခဲ့တာရှိပါတယ်။ အာဆီယံဥက္ကဋ္ဌအဆက်ဆက် အခုလိုမျိုး
မြန်မာသတင်း

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 23 ရက်
  • 317 Views
မင်္ဂလာဒုံမြို့ရှိ စစ်အုပ်စုရဲ့ တရားမဝင်ရွေးကောက်ပွဲကော်မရှင်ရုံး မိုင်းခွဲခံရ ဇန်နဝါရီလ (၂၃)ရက်။ မနေ့က ည (၇)နာရီအချိန်က ရန်ကုန် မင်္ဂလာဒုံမြို့ ပေါက်ကုန်းရပ်ကွက်ရှိ စစ်အုပ်စုရဲ့ တရားမဝင်ရွေးကောက်ပွဲကော်မရှင်ရုံးကို မိုင်းခွဲတိုက်ခိုက်ခဲ့တယ်လို့ Broken System(BS)ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “
မြန်မာသတင်း

စစ်အုပ်စု ခံစစ်ဆင်ရတဲ့နေရာတွေ များပြားလာအောင် ကြိုးစားတိုက်ပွဲဝင်ရမယ့်အချိန်လို့ PLA ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 23 ရက်
  • 32 Views
ဇန်နဝါရီလ (၂၃)ရက်။ အခုနွေဦးတော်လှန်ရေး (၅)နှစ်တာကာလထဲ တော်လှန်ရေးတပ်ဖွဲ့တွေအနေနဲ့ စိုးမိုးနယ်မြေတွေ ရယူထားနိုင်တဲ့ကာလလို့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)က မနေ့က ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ အဲ့ဒီစိုးမိုးနယ်မြေတွေကို စစ်ကောင်စီက စစ်ရေး၊ သံတမန်အရေး ဖိအားတွေနဲ့ ပြန်လည်ရယူထားနိုင်ပေမယ့် အချို့နေရာတွေမှာ ခံစစ်ဆင်နေရတဲ့ အခြေအနေလို့
မြန်မာသတင်း

ဗန်းမော်မြို့ရဲ့ ဧရာဝတီမြစ်အနောက်ဘက်ကမ်းက စစ်ရှောင်တွေနေတဲ့ရွာကို စစ်တပ်ဗုံးကြဲ၊ သေဆုံးသူ (၂၀)နီးပါးရှိခဲ့

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 23 ရက်
  • 32 Views
ဇန်နဝါရီလ (၂၃)ရက်။ မနေ့က ညနေ (၄)နာရီခွဲအချိန်က ဗန်းမော်မြို့အနောက်ဘက်၊ ဧရာဝတီမြစ်အနောက်ဘက်ကမ်းရှိ ကောင်ဂျာရွာကို စစ်တပ်က လေကြောင်းဗုံးကြဲခဲ့တယ်လို့ ကချင်အမျိုးသမီးအရေးတက်ကြွလှုပ်ရှားသူ ဒေါ်နန်ပူထံက သိရပါတယ်။ “ ညနေ(၄)နာရီခွဲလောက်မှာ စစ်ရှောင်တွေနေတဲ့ ကောင်ဂျာရွာကို စကမက လေကြောင်းကနေ ပေါင်