နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မေလ 20 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အာရှ

နည်းပညာတွေကို တရုတ် ခိုးယူနေတယ်လို့ ထိုင်ဝမ်သံအမတ်စွပ်စွဲ

တရုတ်နိုင်ငံဟာ မိုက်ခရိုချစ်ပ်နည်းပညာကနေ သတင်းအချက်အလက်ခိုးယူနေတယ်လို့ အမေရိကန်နိုင်ငံဆိုင်ရာ ထိုင်ဝမ်သံအမတ်က စွပ်စွဲပြောဆိုလိုက်ပါတယ်။ တရုတ်ရဲ့ နည်းပညာခိုးယူမှုကြောင့် ဝါရှန်တန်က တရုတ်ရဲ့ပို့ကုန်တွေပိတ်ဆို့တာကို မိမိအနေနဲ့ အားပေးထောက်ခံတယ်လို့ ထိုင်ဝမ်သံအမတ် အလက်ဇန္ဒာယူအီက ထုတ်ဖော်ပြောဆိုခဲ့တာပါ။

အမေရိကန်နိုင်ငံဟာ သူတို့ရဲ့ စစ်ဘက်သုံးပစ္စည်းတွေမှာ AI နဲ့ ခေတ်မီကွန်ပြူတာစနစ်တွေထိ ဝင်ရောက်ထောက်လှမ်းနိုင်တဲ့ တရုတ်ထုတ် Chip နဲ့ Chip ထုတ်လုပ်တဲ့ ကရိယာတွေကို နိုင်ငံထဲ ဝင်မလာစေဖို့အတွက် မဟာမိတ်နိုင်ငံတွေနဲ့ လက်တွဲလုပ်ဆောင်နေတာဖြစ်ပါတယ်။

ရိုက်တာနဲ့ပြုလုပ်တဲ့ အင်တာဗျူးမှာ အမေရိကန်နိုင်ငံဆိုင်ရာ ထိုင်ဝမ်သံအမတ် အလက်ဇန္ဒားယူအီက တရုတ်နိုင်ငံနဲ့ ကုန်သွယ်မှုမှာ ပို့ကုန်ပစ္စည်းတွေကို ထိန်းချုပ်သင့်တယ်လို့ အကြံပြုပြောဆိုခဲ့ပါတယ်။ ဒါ့အပြင် ယူအီက တရုတ်နိုင်ငံကို ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ထဲ ပေးဝင်ပြီး နိုင်ငံတကာစည်းမျဉ်းတွေကို လိုက်နာခိုင်းတဲ့ အနောက်နိုင်ငံတွေရဲ့ ကြိုးပမ်းမှုဟာ အလုပ်မဖြစ်ဘူးလို့လည်းဆိုပါတယ်။

“တရုတ်နိုင်ငံဟာ ကုန်သွယ်မှုမှာ စည်းမျဉ်းစည်းကမ်းတွေကို ချိုးဖောက်ပြီး နည်းပညာတွေ ခိုးယူဖို့ ကြိုးစားနေတာကိုတွေ့ရပါတယ်။ ဒါကြောင့် အခုလို ပို့ကုန်ပစ္စည်းတွေ ကန့်သတ်လိုက်ခြင်းဟာ သူတို့ကို စည်းမျဉ်း၊စည်းကမ်းတွေလိုက်နာဖို့ ထိရောက်တဲ့ နည်းလမ်းတစ်ခုပါ”လို့ အလက်ဇန္ဒားယူအီက ပြောသွားခဲ့တာပါ။

အမေရိကန်က တရုတ်ရဲ့ ပို့ကုန်ပစ္စည်းတွေကို တင်းကြပ်တားမြစ်ထားပေမယ့်လည်း တရုတ်ချစ်ပ်ထုတ်လုပ်သူတွေကတော့ ယခုနှစ်အစောပိုင်းမှာတင် စမတ်ဖုန်းချစ်ပ် နောက်မျိုးဆက်တစ်ခုကို ထုတ်လုပ်နိုင်ဖို့ မျှော်လင့်နေကြပါတယ်။ တရုတ်နိုင်ငံအနေနဲ့ ချစ်ပ်ထုတ်လုပ်မှုမှာ ထိုင်ဝမ်လို အဆင့်မျိုးရောက်လာဖို့တော့ နှစ်ပေါင်းများစွာကြိုးစားရဦးမယ်လို့ အလက်ဇန္ဒားယူအီက ဆိုပါတယ်။

“ထိုင်ဝမ်ကို အတုခိုးပြီး များပြားလှတဲ့ အမှုဆောင်တွေ၊ အင်ဂျင်နီယာတွေကို ခန့်ထားပြီး ကိုယ်ပိုင် ချစ်ပ် ထုတ်ဖို့ တရုတ်နိုင်ငံက ကြိုးပမ်းနေတာပါ။ ဒါပေမယ့် လက်တွေ့မှာ အလုပ်မဖြစ်သေးပါဘူး”

ယူအီရဲ့ ပြောဆိုချက်တွေနဲ့ ပတ်သက်ပြီး အမေရိကန်နိုင်ငံဆိုင်ရာ တရုတ်သံရုံးပြောရေးဆိုခွင့်ရှိသူက ဒါဟာ အောက်လုံးထိုးတိုက်ခိုက်မှုသာဖြစ်တယ်လို့ မှတ်ချက်ပြုခဲ့ပါတယ်။ အမေရိကန်နိုင်ငံဆိုင်ရာ ထိုင်ဝမ်သံအမတ်ကြီး အလက်ဇန္ဒားယူအီဟာ ထိုင်ဝမ်ဒုသမ္မတဖြစ်လာတဲ့ ရှောင်ဘိုင်ကင်ရဲ့ နေရာမှာ တာဝန်ထမ်းဆောင်ဖို့ ပြီးခဲ့တဲ့ ဒီဇင်ဘာလက ဝါရှင်တန်ကိုရောက်ရှိလာခဲ့သူဖြစ်ပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

တရုတ် နိုင်ငံတကာသတင်း အမေရိကန် အာရှ

ထိုင်ဝမ်သို့ လက်နက်ရောင်းချရန် ဆိုင်းငံ့ထားမှုအပေါ် “ ညှိနှိုင်းရယူဖို့ ကောင်းမွန်တဲ့ အကျိုးအမြတ်တစ်ခု” ဟု ထရမ့် ခေါ်ဆို

  • 2026 ခုနှစ်၊ မေလ 16 ရက်
  • 37 Views
CNN- ၂၀၂၆ခုနှစ်၊ မေလ ၁၆ရက် သမ္မတ ဒေါ်နယ်ထရမ့်က ထိုင်ဝမ်သို့ လက်နက်များ ရောင်းချရန် ဆိုင်းငံ့ထားသည့် ဒေါ်လာ ၁၄
တရုတ် နိုင်ငံတကာသတင်း အမေရိကန်

ဂျင်မီလိုင်အား ထောင်မှလွှတ်ပေးရန် တောင်းဆိုချက်အပေါ် ရှီကျင့်ဖျင်၏ တုံ့ပြန်မှုမှာ “ အပြုသဘောမဆောင်” ဟု ထရမ့် ပြောကြား

  • 2026 ခုနှစ်၊ မေလ 16 ရက်
  • 36 Views
CNN- ၂၀၂၆ခုနှစ်၊ မေလ ၁၆ရက် ဟောင်ကောင် မီဒီယာလုပ်ငန်းရှင်ဟောင်း ဂျင်မီလိုင် (Jimmy Lai) နှင့် ပါစတာ ဇာဂျင်မင်ရီ
နိုင်ငံတကာသတင်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

နျူကလီးယားထိပ်ဖူးတပ်ဆင်နိုင်သော အစွမ်းထက်ဒုံးကျည်စမ်းသပ်မှုဖြင့် ပူတင် အင်အားပြ

  • 2026 ခုနှစ်၊ မေလ 16 ရက်
  • 28 Views
၂၀၂၆ ခုနှစ်၊ မေလ ၁၄ ရက် မော်စကို —နေတိုး (NATO) အဖွဲ့က “စေတန် ၂” (Satan II) ဟု အမည်ပေးပုံတူကူးထားသည့် ရုရှား၏ ကမ္ဘာ့အစွမ်းထက်ဆုံး ဒုံးကျည်စနစ်ကို အင်္ဂါနေ့က အောင်မြင်စွာ
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

စစ်ပွဲစတင်ကတည်းက အကြီးမားဆုံးနှင့် အချိန်အရှည်ကြာဆုံး ဒရုန်းတိုက်ခိုက်မှုဖြင့် ယူကရိန်းကို ရုရှားက အပြင်းအထန် ဗုံးကြဲတိုက်ခိုက်

  • 2026 ခုနှစ်၊ မေလ 16 ရက်
  • 28 Views
CNN- ၂၀၂၆ ခုနှစ်၊ မေလ ၁၆ ရက် ကိဗ်၊ ယူကရိန်း — ယူကရိန်းအာဏာပိုင်များ၏ ပြောကြားချက်အရ ယူကရိန်းနိုင်ငံ၏ မြို့တော် ကိဗ်ကို ရုရှားက တစ်ညတာအတွင်း အကြီးအကျယ် လှိုင်းလုံးကဲ့သို့ ဗုံးကြဲ တိုက်ခိုက်ခဲ့ရာ
နိုင်ငံတကာသတင်း အီရန်

အမေရိကန် စက်သုံးဆီဆိုင်များရှိ ဆီတိုင်ကီဖတ်စနစ်များကို ဟက်ကာများ ဖောက်ထွင်း ဝင်ရောက်၊ အီရန်တွင် တာဝန်ရှိသည်ဟု တာဝန်ရှိသူများ သံသယရှိ

  • 2026 ခုနှစ်၊ မေလ 16 ရက်
  • 27 Views
CNN- ၂၀၂၆ ခုနှစ်၊ မေလ ၁၆ ရက် အမေရိကန်ပြည်ထောင်စု ပြည်နယ်အများအပြားရှိ စက်သုံးဆီဆိုင်များတွင် အသုံးပြုနေသည့် သိုလှောင်ကန်များအတွင်းရှိ ဆီပမာဏကို စောင့်ကြည့်စစ်ဆေးသော စနစ်များကို ဟက်ကာ များက ဖောက်ထွင်းဝင်ရောက်ခဲ့သည့် ဖြစ်စဉ်များ၏ နောက်ကွယ်တွင် အီရန်ဟက်ကာများ
တရုတ် နိုင်ငံတကာသတင်း အမေရိကန် အီရန်

အမေရိကန်-တရုတ် ထိပ်သီးအစည်းအဝေး – ရှီကျင့်ဖျင်နှင့် ထိုင်ဝမ်သို့ လက်နက်ရောင်းချရေးကိစ္စ ဆွေးနွေးခဲ့ကြောင်း ထရမ့်ပြောကြား

  • 2026 ခုနှစ်၊ မေလ 15 ရက်
  • 38 Views
CNN – ၂၀၂၆ ခုနှစ်၊ မေလ ၁၅ ရက် အီရန်စစ်ပွဲသည်လည်း အဆိုပါအစည်းအဝေးများအတွင်း အဓိကဆွေးနွေးခဲ့သည့် အခြားအကြောင်းအရာတစ်ခု ဖြစ်ခဲ့ပြီး၊ အရေးကြီးသည့် ကိစ္စရပ်များနှင့်ပတ်သက်၍ မည်သည့်ရေရာပြတ်သားသော သဘောတူညီချက်မျှ ကြေညာနိုင်ခြင်းမရှိဘဲ အစည်းအဝေးများ ပြီးဆုံးခဲ့သည်။ ထရမ့်
တရုတ် နိုင်ငံတကာသတင်း အမေရိကန်

ထရမ့် နှင့် ရှီ တို့သည် ကြိုဆိုပွဲအခမ်းအနားတစ်လျှောက် ရင်းနှီးပွင့်လင်းစွာ စကားပြောဆိုခဲ့ကြသည်

  • 2026 ခုနှစ်၊ မေလ 14 ရက်
  • 43 Views
၂၀၂၆ခုနှစ်၊ မေလ ၁၄ရက် ဘီဂျင်း။ တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင်သည် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်၏ ၂၀၁၇ ခုနှစ်နောက်ပိုင်း ပထမဆုံး တရုတ်နိုင်ငံခရီးစဉ်အတွက် ကော်ဇောနီခင်းကာ ကြိုဆိုခဲ့သည်။ ထရန့်သည် ပေကျင်းမြို့ရှိ ပြည်သူ့ခန်းမဆောင်ကြီး (Great Hall of
တရုတ် နိုင်ငံတကာသတင်း အမေရိကန်

အဆုံးအဖြတ်ပေးမည့် ရှီနှင့်တွေ့ဆုံပွဲမတိုင်မီ ထရမ့် တရုတ်နိုင်ငံသို့ ဆိုက်ရောက်

  • 2026 ခုနှစ်၊ မေလ 13 ရက်
  • 37 Views
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင်တို့သည် နည်းပညာ၊ ကုန်သွယ်ရေး၊ အီရန်နှင့် ထိုင်ဝမ် အရေးကိစ္စရပ်များကို ဆွေးနွေးညှိနှိုင်းကြရမည်ဖြစ်သည်။ CNN – ၂၀၂၆ ခုနှစ်၊ မေလ ၁၃ ရက် ဘေဂျင်းသို့ ဆိုက်ရောက်ခြင်း: ကမ္ဘာ့အကြီးဆုံး