နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဒီဇင်ဘာလ 6 ရက်

မြန်မာသတင်း

မြန်မာသတင်း

ကောလင်းမြို့ပြန်မပေးရဖို့ တော်လှန်ရေးအဖွဲ့တွေ အံတုကာကွယ်နေတယ်လို့ အသိပေး

ဖေဖော်ဝါရီလ (၈) ရက်။

ကောလင်းမြို့ကို စစ်ကောင်စီက ပြန်ရယူနိုင်ဖို့ ကြိုးစားနေတာကို တော်လှန်ရေးအဖွဲ့တွေ အံတုခုခံကာကွယ်နေတယ်လို့ Kawlin Revolution-KR ရဲ့ အသိပေးပြောဆိုထားချက်အရ သိရပါတယ်။

စစ်ကောင်စီဟာ ကောလင်းမြို့ကို ပြန်လည်ရယူနိုင်ဖို့ ဖေဖော်ဝါရီလ (၃)ရက်နေ့ကစပြီး စစ်ကြောင်းတွေ၊ လက်နက်ကြီးပစ်ကူတွေအပါအဝင် လေကြောင်းပစ်ကူတွေနဲ့ ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ ဆိုပါတယ်။

“ အခုကောလင်းနဲ့ ကာကွယ်ရေးတပ်တွေအားလုံးက သာလွန်အင်အားတင်မကဘဲ လေကြောင်းရယ် လက်နက်ကြီးပစ်ကူတွေကို စိတ်ဓါတ်တစ်ခုနဲ့ အံတုနေတာပါ။ ပြီးတော့ တိုက်ပွဲက ၃ရက်နေ့ကနေ ၇ရက်နေ့အထိကို ရောက်လာပြီ၊ အခုထိ မနားကြသေးဘူး” လို့ KR က ပြောဆိုထားပါတယ်။

အခု ဖေဖော်ဝါရီလ (၈) ရက်နေ့အထိ ကောလင်းမြို့မှာ စစ်ကောင်စီနဲ့ ကာကွယ်ရေးတပ်တို့အကြား တိုက်ပွဲတွေဟာ (၆)ရက်ကြာတဲ့အထိ ဆက်လက်ပြင်းထန်နေကာ မနေ့ကလည်း တစ်နေကုန် တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဖော်ပြထားပါတယ်။

“ ဘာမှမပိုင်ဆိုင်တဲ့ အနေအထားကနေ အခုမြို့ကိုပိုင်ပြီး အာဏာရူးလက်ကနေ ပြန်ကာကွယ်ရတဲ့အဆင့်၊ မတူတော့ဘူး၊ စိတ်ပူလို့ရတယ်။ ကိုယ့်ရဲဘော်တွေကို စိတ်ပူပေးကြပါ။ နွေးထွေးပေးကြပါ။ ယုံကြည်မှုလဲ ထားပေးကြပါ” လို့ ထပ်မံပြောဆိုထားပါတယ်။

ဒီကနေ့ နံနက်ပိုင်း (၁၀)နာရီ (၄၀)မိနစ်အချိန်မှာ စစ်ကောင်စီတပ်တွေဟာ ကောလင်းမြို့ရှိ မင်းတဲ့ကြီးရပ်ကွက်ရဲ့ မင်းချမ်းဘက်ကို စတင်ဝင်ရောက်နေပြီဖြစ်ကာ တိုက်ပွဲဟာ မြို့အနီးကို ကပ်လာနေပြီလို့ ရေးသားထားပါတယ်။

အခုအချိန်အထိ ကောလင်းမြို့ကို တော်လှန်ရေးအင်အားစုတွေက ဆက်လက်ထိန်းထားဆဲဖြစ်ကာ တိုက်ပွဲတွေကြောင့် ကောလင်းမြို့နေပြည်သူအားလုံး စစ်ရှောင်နေရပြီး စစ်ရှောင်ဦးရေ (၁၅၀၀၀)ခန့်ရှိနိုင်တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

ကောလင်းမြို့ကို ထိန်းချုပ်လိုက်ပြီး ပြည်သူ့တော်လှန်ရေး အလံတော်လွှင့်ထူထားစဉ် (၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၆) ရက်)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ပုလောမြို့မှာ တစညပါတီဥက္ကဋ္ဌ ပစ်ခတ်ခံရပြီး သေဆုံးခဲ့

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 6 ရက်
  • 13 Views
ဒီဇင်ဘာလ (၆)ရက်။ ပုလောမြို့ ကျောက္ကာရွာနေ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး(တစည)ပါတီဥက္ကဋ္ဌ ဦးကြည်သန်းကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ မြိတ်ခရိုင်အမှတ်(၁)တပ်ရင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “
မြန်မာသတင်း

ဗန်းမော်မြို့သိမ်းတိုက်ပွဲ စစ်ရေးအနိုင်ရတဲ့အထိ တိုက်ပွဲဝင်သွားမယ်လို့ KIO ပြော

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 6 ရက်
  • 16 Views
ဒီဇင်ဘာလ (၆)ရက်။ ဗန်းမော်မြို့သိမ်းတိုက်ပွဲ မပြီးမချင်း စစ်ရေးအနိုင်ရတဲ့အထိ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ KIO သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက ထုတ်ပြန်ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
မြန်မာသတင်း

ရွေးကောက်ပွဲမကျင်းပနိုင်တဲ့ နယ်မြေတွေစာရင်း စစ်တပ်ထုတ်ပြန်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 6 ရက်
  • 15 Views
ဒီဇင်ဘာလ (၆)ရက်။ စစ်တပ်က ဦးဆောင်ကျင်းပမယ့် ရွေးကောက်ပွဲ အပိုင်း(၁)နဲ့(၂)မှာ မကျင်းပနိုင်တဲ့ နယ်မြေတွေစာရင်းကို ရွေးကောက်ပွဲကော်မရှင်က ဒီကနေ့မှာ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ ရွေး/ကော်ကထုတ်ပြန်တဲ့ ရွေးကောက်ပွဲမကျင်းပနိုင်တဲ့ မြို့နယ်တွေထဲက ရပ်/ကျေးစာရင်းဟာ ကချင်မှာ (၁၀၆)ခု၊ ကယားမှာ (၅၁)ခု၊
မြန်မာသတင်း

ဒီပဲယင်းမှာ စစ်တပ်ရဲ့ အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်တာကြောင့် ပြည်သူ (၁၈)ဦး သေဆုံးခဲ့ရ

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 6 ရက်
  • 15 Views
ဒီဇင်ဘာလ (၆)ရက်။ မနေ့က ည (၈)နာရီကျော်အချိန်က ဒီပဲယင်းမြို့အရှေ့ခြမ်းရှိ မရကန်ရွာကို စစ်တပ်က လေကြောင်းကနေ တိုက်ခိုက်ခဲ့တယ်လို့ မြို့နယ်ပအဖရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဒီပဲယင်းအရှေ့ခြမ်း မရကန်ရွာကို အကြမ်းဖက်စကမက ဂျက်ဖိုက်တာနဲ့ အကြောင်းမဲ့
မြန်မာသတင်း

တောင်ငူရှိ ကေတုမတီလေဆပ် အဆင့်မြင့်အသေခံဒရုန်းတွေနဲ့ တိုက်ခိုက်ခံရ

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 6 ရက်
  • 26 Views
ဒီဇင်ဘာလ (၅)ရက်။ မနေ့က နံနက် (၈)နာရီ (၁၅)မိနစ်အချိန်က တောင်ငူရှိ ကေတုမတီလေဆိပ်ထဲကို အဆင့်မြင့် FVP အသေခံဒရုန်း (၄)စင်းနဲ့ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ဝရဇိန်တပ်ဖွဲ့ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ကေတုမတီလေဆိပ်ထဲကို “
မြန်မာသတင်း

ရန်ကုန် (၁၉)လမ်းရှိ ရွှေဆိုင်တဆိုင် ဓါးပြတိုက်ခံရပြီး ရွှေထုပ်နဲ့ ကျပ်သိန်း(၁၀၀၀)ကျော်ပါသွား

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 5 ရက်
  • 33 Views
ဒီဇင်ဘာလ (၅)ရက်။ ဒီကနေ့ နံနက် (၉)နာရီကျော်အချိန်က လသာမြို့နယ် (၁၉)လမ်းရှိ ရွှေဇင်ရွှေဆိုင် ဓါးပြတိုက်ခံခဲ့ရတယ်လို့ မြို့နေပြည်သူတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။ “ ဓါးပြတိုက်ခံရတာက (၁၉)လမ်း မဟာဗန္ဓုလလမ်းပေါ်က ရွှေဇင်ရွှေဆိုင်ပါ။ ဆိုင်ဖွင့်ဖို့ ကားပေါ်ကနေ ပစ္စည်းတွေချနေတဲ့အချိန်
မြန်မာသတင်း

ရွှေဘိုမြို့မှာ စစ်တပ်ရဲ့ လေကြောင်းဗုံးကြဲတာကြောင့် ကလေးငယ်အပါအဝင် (၃)ဦးသေဆုံး

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 5 ရက်
  • 35 Views
ဒီဇင်ဘာလ (၅)ရက်။ ဒီကနေ့ နံနက် (၁)နာရီ (၁၉)မိနစ်အချိန်က ရွှေဘိုမြို့အရှေ့ခြမ်းရှိ သစ်ချိုပင်ရွာကို စစ်တပ်က လေကြောင်းကနေ ‌ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ မြေပြင်သတင်းတွေထံက သိရပါတယ်။ “ ရွှေဘိုအရှေ့ခြမ်းက သစ်ချိုပင်ရွာထဲကို တံတားဦးတပ်ကနေ ဂျက်ဖိုက်တာနဲ့ ပေါင် (၂၅၀)ဗုံး
မြန်မာသတင်း

ဆန္ဒပြခဲ့တဲ့ မန္တလေးဈေးချိုတော်အနီးက ဈေးသည်တွေကို စစ်အုပ်စု ရန်ပြုဖျက်ဆီး

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 5 ရက်
  • 24 Views
ဒီဇင်ဘာလ (၅)ရက်။ သပိတ်ခေါင်းဆောင် ဒေါက်တာတေဇာဆန်း ဦးဆောင်တဲ့ လူငယ်တွေ ‌မန္တလေးဈေးချိုတော်မှာ ဆန္ဒပြပြီးနောက် စစ်အုပ်စုက ဈေးသည်တွေကို ရန်ပြုတာတွေ ပြုလုပ်ခဲ့တယ်လို့ မြို့ခံတွေထံက သိရပါတယ်။ “ ဈေးချိုတော်အနီးမှာ ဒေါက်တာတေဇာဆန်းတို့ ဆန္ဒပြပြီး နောက်နေ့ပေါ့ မနေ့က