နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဧပြီလ 30 ရက်

1027 Operations

1027 Operations ၁၁၁၃ ရခိုင်စစ်ပွဲ

တိုက်ခိုက်ခံနေရတဲ့ တောင်ပြိုလက်ဝဲစခန်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးနေရ

ဖေဖော်ဝါရီလ (၆) ရက်။

ရက္ခိုင့်တပ်တော်(AA)ရဲ့ ထိုးဆင်စစ်တိုက်ခိုက်တာကိုခံနေရတဲ့ နယ်ခြားစောင့်တပ်စခန်းတစ်ခုဖြစ်တဲ့ တောင်ပြိုလက်ဝဲစခန်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးနေရတယ်လို့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

အဲ့ဒီတောင်ပြိုလက်ဝဲစခန်းကို AA က ဖေဖော်ဝါရီလ (၄)ရက်နေ့ကစပြီး တိုက်ခိုက်နေကာ ပထမနေ့မှာပဲ စစ်ကောင်စီတပ်ဖွဲ့ဝင် (၆၀)ကျော်ဟာ လက်နက်တွေနဲ့အတူ ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးလွတ်မြောက်ခဲ့တယ်လို့ ဆိုပါတယ်။

ဒုတိယနေ့ ဖေဖော်ဝါရီလ (၅)ရက်မှာလည်း ထိုးစစ်ဆင်တိုက်ခိုက်ခံနေရတာကြောင့် စခန်းထဲမှာ ကျန်ရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ဘင်္ဂလားဒေ့ရှ်ဘက် ထပ်မံထွက်ပြေးသွားခဲ့ပြီး အရေအတွက်ကိုတော့ မသိရသေးဘူးလို့ ဖော်ပြထားပါတယ်။

စစ်ကောင်စီဘက်က တိုက်ပွဲဖြစ်ပွားနေတဲ့ နယ်စပ်တလျှောက်ကို လေကြောင်းကနေ လာရောက်ပစ်ကူတိုက်ခိုက်တာတွေ ပြုလုပ်ခဲ့သလို လက်နက်ကြီးကျည်တွေ ဘင်္ဂလားဒေ့ရှ်ဘက်ခြမ်းက ရွာတွေကို ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ရေးသားထားပါတယ်။

စစ်ကောင်စီရဲ့ လက်နက်ကြီးကျည်တွေ ဘင်္ဂလားဒေ့ရှ်ဘက်ခြမ်း ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ဒေသခံ အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦး သေဆုံးခဲ့ရပြီး ကလေးငယ်တစ်ဦးလဲ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ AA က ပြောဆိုထားပါတယ်။

အခုလို ဘင်္ဂလားဒေ့ရှ်ဘက်ခြမ်းကို လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး ဒေသခံတွေ သေဆုံးဒဏ်ရာရခဲ့တဲ့အပေါ် စစ်ကောင်စီဘက်ကတော့ တစ်စုံတစ်ရာ ထုတ်ပြန်ပြောဆိုထားတာမရှိဘူးလို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

1027 Operations မြန်မာသတင်း

နိုင်ငံရေးဖိအားတွေကြောင့် လားရှိုးမြို့ကနေ ဆုတ်ခွာရတာလို့ MNDAA ပြော

  • 2025 ခုနှစ်၊ ဧပြီလ 26 ရက်
  • 25 Views
ဧပြီလ (၂၆)ရက်။ နိုင်ငံရေးဖိအားများစွာကြောင့် လားရှိုးမြို့ကနေ ဆုတ်ခွာခဲ့ရတာလို့ ကိုးကန့်တပ်(MNDAA)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ နိုင်ငံရေးဖိအားများစွာကြောင့် လားရှိုးမြို့ကနေ
1027 Operations မြန်မာသတင်း

လားရှိုးမြို့ကို စစ်ကောင်စီတပ် ယာဉ်တန်း (၇၀)ထက်မနည်း ထပ်မံဝင်ရောက်

  • 2025 ခုနှစ်၊ ဧပြီလ 22 ရက်
  • 21 Views
ဧပြီလ (၂၂)ရက်။ ဒီကနေ့ နံနက်ပိုင်းအချိန်ကစပြီး လားရှိုးမြို့ထဲကို စစ်ကောင်စီတပ်ဖွဲ့ရဲ့ ယာဉ်တန်း (၇၀)ကျော်ထက်မနည်း ထပ်မံဝင်ရောက်လာခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောဆိုထားချက်တွေအရ သိရပါတယ်။
1027 Operations မြန်မာသတင်း

လာရှိုးမြို့ကို စစ်ကောင်စီတပ်တွေ စတင်ဝင်ရောက်၊ လုံခြုံရေးကြောင့် လမ်းပိုင်းအချို့ကို MNDAA ပိတ်ထား

  • 2025 ခုနှစ်၊ ဧပြီလ 18 ရက်
  • 40 Views
ဧပြီလ (၁၈)ရက်။ ဒီကနေ့ နံနက်ပိုင်းအချိန်ကစပြီး လားရှိုးမြို့ကို စစ်ကောင်စီတပ်တွေ ဝင်ရောက်လာနေတယ်လို့ ဒေသထဲသတင်းအရင်းအမြစ်တွေရဲ ပြောဆိုထားချက်တွေအရ သိရပါတယ်။ “ စကစတပ်တွေက လားရှိုးမြို့ထဲကို နမ်ပေါင်ဘက်ကနေ စဝင်လာနေပြီလို့ပြောတယ်။ ဘယ်လိုအဖွဲ့တွေပါတယ်ဆိုတာတော့ မသိသေးဘူး။ MNDAA ဘက်ကလဲ လမ်းပိုင်းအချို့
1027 Operations မြန်မာသတင်း

တောင်းခမ်းမှာ TNLA တပ်စခန်းတွေကို စစ်ကောင်စီ ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်နေ

  • 2025 ခုနှစ်၊ ဧပြီလ 13 ရက်
  • 45 Views
ဧပြီလ (၁၃) ရက်။ ရှမ်းမြောက်ပိုင်း နောင်ချိုမြို့နယ်၊ တောင်းခမ်းကျေးရွာ အနီးဝန်းကျင်မှာ တအာင်းတပ်မတော် TNLA ရဲ့ တပ်စခန်းတွေကို စစ်ကောင်စီတပ်က ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်နေပြီး တိုက်ပွဲ ပြင်းထန်နေတယ်လို့ သိရပါတယ်။ မနေ့က ဧပြီ
1027 Operations မြန်မာသတင်း

လားရှိုးမြို့သိမ်းတိုက်ပွဲထဲ နေအိမ်ပျက်စီးသွားတာတွေအတွက် MNDAA က ကျပ်သိန်း(၁၅၀၀၀)ကျော် ထောက်ပံ့

  • 2025 ခုနှစ်၊ ဧပြီလ 10 ရက်
  • 41 Views
ဧပြီလ (၁၀)ရက်။ လားရှိုးမြို့သိမ်းတိုက်ပွဲထဲ နေအိမ်ပျက်စီးဆုံးရှုံးခဲ့တဲ့ ပြည်သူတွေအတွက် ကိုးကန့်တပ်(MNDAA)က ငွေကျပ်သိန်းပေါင်း (၁၅၀၀၀)ကျော် ထောက်ပံ့ပေးအပ်ခဲ့တယ်လို့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။ လားရှိုးမြို့မှာ တိုက်ပွဲကာလထဲ နေအိမ်ပျက်စီးဆုံးရှုံးသွားတဲ့ ပြည်သူတွေကို ထောက်ပံ့ပေးအပ်တဲ့အခမ်းအနားကို ဧပြီလ (၇)ရက်နေ့မှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။
1027 Operations ၁၁၁၃ ရခိုင်စစ်ပွဲ မြန်မာသတင်း

တော်လှန်ရေးအောင်ပွဲရောက်တဲ့အထိ စည်းလုံးညီညွတ်မယ်လို့ ညီနောင်မဟာမိတ်အဖွဲ့ ထုတ်ပြန်

  • 2025 ခုနှစ်၊ ဧပြီလ 10 ရက်
  • 45 Views
ဧပြီလ (၁၀)ရက်။ တော်လှန်ရေးအောင်ပွဲရောက်တဲ့အထိ ခိုင်မာတဲ့ ညီနောင်မဟာမိတ်စိတ်ဓါတ်နဲ့ စည်းလုံးညီညွတ်မယ်လို့ ဒီကနေ့မှာကျရောက်တဲ့ AA (၁၆)နှစ်ပြည့်မှာ TNLA နဲ့ MNDAA တို့က ပေးပို့တဲ့သဝဏ်လွှာမှာ ပြောဆိုထားတယ်လို့ သိရပါတယ်။ ညီနောင်မဟာမိတ် (၃)ဖွဲ့ဟာ အခက်အခဲ ဖိအားပေါင်းစုံကို
1027 Operations မြန်မာသတင်း

KIO နဲ့ PSLF တွေ့ဆုံဆွေးနွေးမယ့် နေရာ၊ အချိန်၊ ဖိတ်ကြားရမယ့်အဖွဲ့တွေနဲ့ ဆွေးနွေးပွဲအတွက် ကြိုတင်ဆွေးနွေး

  • 2025 ခုနှစ်၊ ဧပြီလ 9 ရက်
  • 36 Views
ဧပြီလ (၉) ရက်။ KIO နဲ့ PSLF ကြား တွေ့ဆုံဆွေးနွေးမယ့် နေရာ၊ အချိန်၊ ဖိတ်ကြားရမယ့်အဖွဲ့တွေနဲ့ ဆွေးနွေးပွဲဒီဇိုင်း ကြိုတင်ဆွေးနွေးမှု ပြုလုပ်ခဲ့တယ်လို့ KIO သတင်းနဲ့ ပြန်ကြားရေးဌာနက သတင်းထုတ်ပြန်ပါတယ်။ KIO ဘက်က
1027 Operations မြန်မာသတင်း

လားရှိုးမြို့ပေါ်က နေရာအချို့ကို စစ်ကောင်စီ ပြန်လည်အုပ်ချုပ်ဖို့ရှိနေတယ်လို့ သတင်းတွေထွက်ပေါ်

  • 2025 ခုနှစ်၊ ဧပြီလ 4 ရက်
  • 39 Views
ဧပြီလ (၄)ရက်။ ကိုးကန့်တပ် သိမ်းပိုက်ထိန်းချုပ်ထားတဲ့ လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်အချို့ကို စစ်ကောင်စီက ပြန်လည်အုပ်ချုပ်သွားဖို့ရှိနေတယ်ဆိုပြီး နီးစပ်ရာအသိုင်းအဝိုင်းတွေဆီကနေ သတင်းတွေထွက်ပေါ်နေပါတယ်။ “ အခု ရပ်ကွက်အလိုက်မှာ အစည်းအဝေးခေါ်ပြီး ပြောတာ။ မြို့ပေါ်က ရပ်ကွက်တွေမှာ စကစက ပြန်အုပ်ချုပ်မယ်ပေါ့၊ ဘယ်လိုပုံစံလာမလဲတော့