နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 29 ရက်

1027 Operations

1027 Operations ၁၁၁၃ ရခိုင်စစ်ပွဲ မြန်မာသတင်း

မန္တလေးမြို့မှာ ရခိုင်ဆိုင်တွေကနေ ဝယ်ယူအားပေးတာတွေ မလုပ်ကြဖို့ဆိုပြီး လှုံဆော်တာတွေ ရှိနေ

ဖေဖော်ဝါရီလ (၁၂) ရက်။

မန္တလေးမြို့မှာ ရခိုင်ဆိုင်တွေဆီကနေ သွားရောက်၀ယ်ယူတာတွေ မပြုလုပ်ကြဖို့ဆိုပြီး လူမျိုးရေးလှုံဆော်တာတွေ ရှိနေတယ်လို မြိုခံတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။

စစ်ကောင်စီဟာ ရခိုင်ဒေသဘက်မှာ စစ်ရေးရှုံးနိမ့်နေပြီး တပ်ဖွဲဝင်တွေ ထိခိုက်ကျဆုံးတာတွေ များနေတဲ့အချိန်မှာ အခုလို မန္တလေးမြို့ထဲ လူမျိုးရေးလှုံဆော်တာတွေ ရှိလာတာဖြစ်တယ်လို့ ဆိုပါတယ်။

“ဒီလို လူမျိုးရေးလှုံဆော်တာမျိုး လုပ်တာ‌ကတော့ စစ်တပ်ထောက်ခံတဲ့ဟာတွေနဲ့ မဘသတို့လိုပုံစံမျိုးပဲ လုပ်တာပေါ့၊ ဒီအချိန်မှာ သူတိုက လူမျိုးရေးလှုဆော်လိုလဲ ဘာမှထိရောက်မှာမဟုတ်ဘူး၊ အခုက အာဏာရှင်စနစ်ကို တိုက်ခိုက်နေတဲ့အချိန်” ဖြစ်တယ်လို့ မြို့ပြတော်လှန်ရေးလူငယ်တစ်ဦးက ပြောပါတယ်။

အခုအခါ မန္တလေးမြို့က နေရာအချို့မှာ မန္တလေးမြို့သူမြို့သားတွေက သတိပေးတယ်ဆိုတဲ့ စာတွေကို လိုက်ကပ်ထားပြီး အဲ့ဒီစာမှာ မန္တလေးမြို့က ရခိုင်စားသောက်ဆိုင်တွေနဲ့ အရောင်းဆိုင်တွေကို ဝယ်ယူအားပေးတာမလုပ်ဖို့ ရေးသားထားပါတယ်။

ဒါ့ပြင် ရခိုင်ဆိုင်တွေမှန်သမျှ မြို့ပေါ်က ထွက်သွားဖို့နဲ့ AA အကြမ်းဖက်သမားတွေကို ဆန့်ကျင်တဲ့အနေနဲ့ ရခိုင်ဆိုင်မှန်သမျှကို ဝယ်ယူစားသောက်အားပေးတာ ရှောင်ကြဖို့ဆိုပြီး ပြောဆိုထားပါတယ်။

“ဒါကတော့ ဟိုအရင်စစ်ခေါင်းဆောင်တွေနဲ့ နောက်လိုက်တွေလုပ်တဲ့ပုံစံပေါ့၊ တခုခုဆို လူမျိုးရေး ဘာသာရေးကို ခုတုံးလုပ်ပြီး လှုဆော်တာပေါ့၊ အိမ်ကြက်ချင်းအိုးမဲသုတ်တဲ့သဘောပဲ၊ ဒါမျိုးက အရင်တုန်းကတာ့ ရရင်ရမယ်၊ အခုကတော့ ပြည်သူတွေအားလုံးက အမှားအမှန် ခွဲခြားနိုင်တဲ့ အခြေအနေဖြစ်နေပြီ၊ ပြီးတော့ အခုက ဘုံရန်သူကို ဆန့်ကျင်တိုက်ထုတ်နေတာ၊ သူတိုရောက်စေချင်တဲ့ လမ်းမျိုးကို ရှောင်ဖယ်သွားမှာမဟုတ်တော့ဘူး၊ တော်လှန်ရေးအရှိန်ကလည်း တော်တော်ကောင်းနေပါပြီ” လို့ မြိုခံတစ်ဦးက သုံးသပ်ပြောဆိုထားပါတယ်။

စစ်ကောင်စီနဲ့ ရက္ခိုင်တပ်တော် (AA) တို့ ရေကြောင်း တိုက်ပွဲအတွင်း ရက္ခိုင်တပ်တော် (AA) အနေနဲ့ စစ်သင်္ဘောကို တိုက်ခိုက်ခဲ့ပြီးအချိန်မှာ လက်နက်ချ အလံဖြူထောင် အညံ့ခံဖို အကြိမ်ကြိမ်ပြောဆိုခဲ့ပေမယ့် စစ်ကောင်စီတပ်ဖွဲဝင်တွေဟာ တန်ပြန်တိုက်ခိုက်တာတွေကြောင့် သေဆုံးခဲ့ကြပေမယ့် ရေကူးလွတ်မြောက်လာသူတွေကို ကယ်တင်ထားတယ်လို ထုတ်ပြန်ထားပါတယ်။ စစ်ကောင်စီဝါဒဖြန့် မီဒီယာတွေနဲ့ ပြည်တွင်းမီဒီယာတခုဖြစ်တဲ့ Eleven Media မှာလည်း ကျောက်တော်မှ စွန့်ခွာလာသည့် ကလေးငယ်များ ပါဝင်တဲ့ စစ်ကောင်စီ မိသားစုဝင်တွေ၊ ဝန်ထမ်း မိသားစုတွေ ပါဝင်တဲ့ ရေယာဉ်သုံးစင်းကို Drop Bomb များနဲ့ ပစ်ခတ်တိုက်ခိုက်ခံရပြီး AA အဖွဲ့က မြစ်ကြောင်းတစ်လျှောက် သတ်ဖြတ်မှုအတွင်း သေဆုံးသူ ၇၀၀ နှင့် ၉၀၀ ကြားရှိကြောင်း သတင်းထွက်ပေါ် နေတယ်လို့ ရေးသားထားပါတယ်။ ဒီဖြစ်စဉ်ပေါ်ပေါက်ပြီးနောက် စစ်ကောင်စီဝါဒဖြန့် မီဒီယာတွေမှာ လူမျိုးရေး မုန်းတီးမှုဖြစ်အောင် လှုံ့ဆော်နေလာနေပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

အင်အားနည်းသူအပေါ် အနိုင်ကျင့်ဗိုလ်ကျတဲ့လုပ်ရပ် ကန့်ကွက်ရှုချတယ်လို ကျောင်းသားသမဂ္ဂအင်အားစုတွေ ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 27 ရက်
  • 24 Views
ဇွန်လ (၂၇)ရက်။ အင်အားကြီးသူက အင်အားနည်းသူအပေါ် အနိုင်ကျင့်ဗိုလ်ကျတဲ့ လုပ်ရပ်တွေကို ကန့်ကွက်ရှုချတယ်လို ကျောင်းသားသမဂ္ဂအင်အားစုတွေရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တော်လှန်ရေးအင်အားစုတွေအကြား
မြန်မာသတင်း

တိုင်းရင်းသားလက်နက်ကိုင်တွေကို ငြိမ်းချမ်းရေးဆွေးနွေးဖို့ဆိုပြီး မင်းအောင်လှိုင် ထပ်ဖိတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 27 ရက်
  • 36 Views
ဇွန်လ (၂၇)ရက်။ တိုင်းရင်းသားလက်နက်ကိုင်ဘယ်အဖွဲကိုမဆို ကြိုတင်ကန့်သတ်တာမရှိဘဲ ငြိမ်းချမ်းရေးဆွေးနွေးဖိုဆိုပြီး မင်းအောင်လှိုင်က မနေ့က နယ်စပ်ဒေသအစည်းအဝေးမှာ ပြောဆိုခဲ့တယ်လို သိရပါတယ်။ အစည်းအဝေးထဲ မင်းအောင်လှိုင်က (၅)နှစ်ထဲ တိုင်းပြည်ငြိမ်းချမ်းအောင် ကြိုးစားမယ်ဆိုတာနဲ့ ရက်ပေါင်း(၁၀၀)စီမံချက်ထဲ ငြိမ်းချမ်းရေး‌အတွက် ဆွေးနွေးကြဖို ပြောဆိုခဲ့ပါတယ်။ “ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး
မြန်မာသတင်း

ရေကြည်နဲ့ သာပေါင်းမှာ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်က ခံစစ်ပြင်ဆင်နေရ

  • 2026 ခုနှစ်၊ ဇွန်လ 27 ရက်
  • 34 Views
ဇွန်လ (၂၇)ရက်။ ‌ရခိုင်ရိုးမခြေရင်းရှိ ရေကြည်မြိုနဲ့ သာပေါင်းမြိုတိုမှာ စစ်ကောင်စီတပ်နဲ့ AA ပူးပေါင်းတပ်တိုအကြား တိုက်ပွဲတွေ ပြင်းထန်နေတယ်လို ဒေသထဲစစ်ရေးသတင်းတွေထံက သိရပါတယ်။ “တိုက်ပွဲက နေ့တိုင်း ပြင်းထန်နေတာ၊ စစ်ကောင်စီဘက်ကလဲ စစ်ကူတွေ ဆက်တိုက်ပိုနေတာ၊ တချိုရွာတွေမှာဆို ခံစစ်ပြင်တဲ့အနေနဲ့
မြန်မာသတင်း

အာဆီယံရဲ့ ဘုံသဘောတူညီချက်(၅)ရပ်ကို ပြန်သုံးသပ်ဖိုအဆို စစ်တပ်လွှတ်တော်မှာ တင်သွင်း

  • 2026 ခုနှစ်၊ ဇွန်လ 27 ရက်
  • 34 Views
ဇွန်လ (၂၇)ရက်။ မနေ့ကပြုလုပ်တဲ့ စစ်တပ်ရဲ့ အတုအယောင်ပြည်ထောင်စုလွှတ်တော်မှာ အာဆီယံ ဘုံသဘောတူညီချက် (၅)ရပ်ကို ပြန်သုံးသပ်ဖိုဆိုတဲ့ တိုက်တွန်းတဲ့အဆိုတခုကို တင်သွင်းခဲ့ကြတယ်လို သိရပါတယ်။ အဲ့ဒီအဆိုကို ကြံ့ခိုင်ရေးပါတီရဲ့ ကလောမဲဆန္ဒနယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာနန္ဒာလှမြင့်က တင်သွင်းခဲ့တာလို ဆိုပါတယ်။ သူက
မြန်မာသတင်း

ယင်းမာပင်ခရိုင်တပ်ရင်းထဲ ရဲဘော်တဦးက တပ်ရင်းမှူးကို သေနတ်နဲ့ပစ်သတ်မှုဖြစ်ပွားခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 29 Views
ဇွန်လ (၂၆)ရက်။ ဒီကနေ့ ယင်းမာပင်ခရိုင်အမှတ်(၆)တပ်ရင်းမှာ ရဲဘော်တဦးကို တပ်ရင်းမှူးကို သေနတ်နဲ့ပစ်ခတ်မှု ဖြစ်ပွားခဲ့တယ်လို PDF စစ်ရုံးချုပ်ရဲ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ယင်းမာပင်ခရိုင်အမှတ်(၆)တပ်ရင်းမှာ ရဲဘော် ငဖြိုးက တပ်ရင်းမှူးဖြစ်သူ ရဲဘော် ပုလဲမောင်ကို ပစ္စတိုနဲ့ ပစ်ခတ်ခဲ့ရာ
မြန်မာသတင်း

မြန်မာနိုင်ငံရှိ ကျားဖြန့်ဂိုဏ်းစခန်းများတွင် လူပေါင်း ၅,၃၀၀ ကျော် ဆက်လက်ပိတ်မိ နေဆဲဖြစ်ကြောင်း လူ့အခွင့်အရေးအဖွဲ့ ပြောကြားအဆိုပါ ဝင်းများအတွင်း ပိတ်မိနေသူများထဲတွင် တရုတ်၊ ဖိလစ်ပိုင်၊ ထိုင်ဝမ်၊ မလေးရှားနှင့် ဘရာဇီးနိုင်ငံသားများ ပါဝင်သည်။

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 30 Views
အယ်လ်ဂျာဇီးယား – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် လွန်ခဲ့သည့်နှစ်က ဒေသတွင်း၌ နိုင်ငံစုံပူးပေါင်း နှိမ်နင်းမှုများ ပြုလုပ်ခဲ့သော်လည်း ထိုင်းနယ်စပ်အနီးရှိ မြန်မာနိုင်ငံတွင်းမှ အွန်လိုင်းငွေလိမ်ဂိုဏ်းစခန်းများတွင် လူပေါင်း ၅,၃၀၀ ကျော် ဆက်လက်ပိတ်မိနေဆဲဖြစ်ကြောင်း လူ့အခွင့်အရေးအဖွဲ့တစ်ခုက
မြန်မာသတင်း

ယင်းမာပင်ခရိုင် ကွပ်ကဲရေးမှူးရုံးအစည်းအဝေးမှာ အချင်းချင်းပစ်ခတ်လို့ အမှတ် ၆ တပ်ရင်းမှူး ပုလဲမောင် သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 22 Views
၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် ကွပ်ကဲရေးမှူးရုံးအစည်းအဝေးမှာ ကွပ်ကဲရေးမှူးရှေ့တွင် ကွပ်ကဲရေးမှူး စွမ်းသူမောင်၏ ပီအေက တပ်ရင်းအမှတ် ၆ ရဲ့ တပ်ရင်းမှူးဖြစ်တဲ့ ပုလဲမောင်ကို ဒီကနေ့ ပြုလုပ်တဲ့ ခရိုင်ရုံးအစည်အဝေးမှာ ပစ်သတ်လိုက်ကြောင်းသိရသည်၊ ထိုကိစ္စကို