နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဒီဇင်ဘာလ 11 ရက်

1027 Operations

1027 Operations ၁၁၁၃ ရခိုင်စစ်ပွဲ မြန်မာသတင်း

မန္တလေးမြို့မှာ ရခိုင်ဆိုင်တွေကနေ ဝယ်ယူအားပေးတာတွေ မလုပ်ကြဖို့ဆိုပြီး လှုံဆော်တာတွေ ရှိနေ

ဖေဖော်ဝါရီလ (၁၂) ရက်။

မန္တလေးမြို့မှာ ရခိုင်ဆိုင်တွေဆီကနေ သွားရောက်၀ယ်ယူတာတွေ မပြုလုပ်ကြဖို့ဆိုပြီး လူမျိုးရေးလှုံဆော်တာတွေ ရှိနေတယ်လို မြိုခံတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။

စစ်ကောင်စီဟာ ရခိုင်ဒေသဘက်မှာ စစ်ရေးရှုံးနိမ့်နေပြီး တပ်ဖွဲဝင်တွေ ထိခိုက်ကျဆုံးတာတွေ များနေတဲ့အချိန်မှာ အခုလို မန္တလေးမြို့ထဲ လူမျိုးရေးလှုံဆော်တာတွေ ရှိလာတာဖြစ်တယ်လို့ ဆိုပါတယ်။

“ ဒီလို လူမျိုးရေးလှုံဆော်တာမျိုး လုပ်တာ‌ကတော့ စစ်တပ်ထောက်ခံတဲ့ဟာတွေနဲ့ မဘသတို့လိုပုံစံမျိုးပဲ လုပ်တာပေါ့၊ ဒီအချိန်မှာ သူတိုက လူမျိုးရေးလှုဆော်လိုလဲ ဘာမှထိရောက်မှာမဟုတ်ဘူး၊ အခုက အာဏာရှင်စနစ်ကို တိုက်ခိုက်နေတဲ့အချိန်” ဖြစ်တယ်လို့ မြို့ပြတော်လှန်ရေးလူငယ်တစ်ဦးက ပြောပါတယ်။

အခုအခါ မန္တလေးမြို့က နေရာအချို့မှာ မန္တလေးမြို့သူမြို့သားတွေက သတိပေးတယ်ဆိုတဲ့ စာတွေကို လိုက်ကပ်ထားပြီး အဲ့ဒီစာမှာ မန္တလေးမြို့က ရခိုင်စားသောက်ဆိုင်တွေနဲ့ အရောင်းဆိုင်တွေကို ဝယ်ယူအားပေးတာမလုပ်ဖို့ ရေးသားထားပါတယ်။

ဒါ့ပြင် ရခိုင်ဆိုင်တွေမှန်သမျှ မြို့ပေါ်က ထွက်သွားဖို့နဲ့ AA အကြမ်းဖက်သမားတွေကို ဆန့်ကျင်တဲ့အနေနဲ့ ရခိုင်ဆိုင်မှန်သမျှကို ဝယ်ယူစားသောက်အားပေးတာ ရှောင်ကြဖို့ဆိုပြီး ပြောဆိုထားပါတယ်။

“ ဒါကတော့ ဟိုအရင်စစ်ခေါင်းဆောင်တွေနဲ့ နောက်လိုက်တွေလုပ်တဲ့ပုံစံပေါ့၊ တခုခုဆို လူမျိုးရေး ဘာသာရေးကို ခုတုံးလုပ်ပြီး လှုဆော်တာပေါ့၊ အိမ်ကြက်ချင်းအိုးမဲသုတ်တဲ့သဘောပဲ၊ ဒါမျိုးက အရင်တုန်းကတာ့ ရရင်ရမယ်၊ အခုကတော့ ပြည်သူတွေအားလုံးက အမှားအမှန် ခွဲခြားနိုင်တဲ့ အခြေအနေဖြစ်နေပြီ၊ ပြီးတော့ အခုက ဘုံရန်သူကို ဆန့်ကျင်တိုက်ထုတ်နေတာ၊ သူတိုရောက်စေချင်တဲ့ လမ်းမျိုးကို ရှောင်ဖယ်သွားမှာမဟုတ်တော့ဘူး၊ တော်လှန်ရေးအရှိန်ကလည်း တော်တော်ကောင်းနေပါပြီ” လို့ မြိုခံတစ်ဦးက သုံးသပ်ပြောဆိုထားပါတယ်။

စစ်ကောင်စီနဲ့ ရက္ခိုင်တပ်တော် (AA) တို့ ရေကြောင်း တိုက်ပွဲအတွင်း ရက္ခိုင်တပ်တော် (AA) အနေနဲ့ စစ်သင်္ဘောကို တိုက်ခိုက်ခဲ့ပြီးအချိန်မှာ လက်နက်ချ အလံဖြူထောင် အညံ့ခံဖို အကြိမ်ကြိမ်ပြောဆိုခဲ့ပေမယ့် စစ်ကောင်စီတပ်ဖွဲဝင်တွေဟာ တန်ပြန်တိုက်ခိုက်တာတွေကြောင့် သေဆုံးခဲ့ကြပေမယ့် ရေကူးလွတ်မြောက်လာသူတွေကို ကယ်တင်ထားတယ်လို ထုတ်ပြန်ထားပါတယ်။ စစ်ကောင်စီဝါဒဖြန့် မီဒီယာတွေနဲ့ ပြည်တွင်းမီဒီယာတခုဖြစ်တဲ့ Eleven Media မှာလည်း ကျောက်တော်မှ စွန့်ခွာလာသည့် ကလေးငယ်များ ပါဝင်တဲ့ စစ်ကောင်စီ မိသားစုဝင်တွေ၊ ဝန်ထမ်း မိသားစုတွေ ပါဝင်တဲ့ ရေယာဉ်သုံးစင်းကို Drop Bomb များနဲ့ ပစ်ခတ်တိုက်ခိုက်ခံရပြီး AA အဖွဲ့က မြစ်ကြောင်းတစ်လျှောက် သတ်ဖြတ်မှုအတွင်း သေဆုံးသူ ၇၀၀ နှင့် ၉၀၀ ကြားရှိကြောင်း သတင်းထွက်ပေါ် နေတယ်လို့ ရေးသားထားပါတယ်။ ဒီဖြစ်စဉ်ပေါ်ပေါက်ပြီးနောက် စစ်ကောင်စီဝါဒဖြန့် မီဒီယာတွေမှာ လူမျိုးရေး မုန်းတီးမှုဖြစ်အောင် လှုံ့ဆော်နေလာနေပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒီကနေ့ ရန်ကုန်မြို့ရဲ့ အသံတိတ်သပိတ်လှုပ်ရှားမှုမြင်ကွင်းများ(သတင်းဓါတ်ပုံ)

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 10 ရက်
  • 21 Views
ဒီဇင်ဘာလ (၁၀)ရက်။ ဒီကနေ့ အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့မှာ ပြုလုပ်တဲ့ ရန်ကုန်မြို့က အသံတိတ်သပိတ်လှုပ်ရှားမှု မြင်ကွင်းတွေကို ဖော်ပြပေးလိုက်ရပါတယ်။ “ ဒီနေ့ အသံတိတ်သပိတ်ရှိတော့
မြန်မာသတင်း

ရေစကြိုမှာ အတုအယောင်ရွေးကောက်ပွဲထဲ ပါဝင်သူတွေကို ဖမ်းဆီးအရေးယူမယ်လို့ မြို့နယ်ပအဖ သတိပေး

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 10 ရက်
  • 22 Views
ဒီဇင်ဘာလ (၁၀)ရက်။ ရေစကြိုမြို့နယ်မှာ စစ်ကော်မရှင်ရဲ့ အတုအယောင်ရွေးကောက်ပွဲထဲ ပါဝင်သူတွေကို ဖမ်းဆီးအရေးယူသွားမယ်လို့ မြို့နယ်ပအဖရဲ့ ဒီကနေ့မှာ သတိပေးထားချက်အရ သိရပါတယ်။ အခုအခါ
မြန်မာသတင်း

KNU ဌာနချုပ်ကို အသေခံဒရုန်း (၆)စင်းနဲ့ စစ်တပ် တိုက်ခိုက်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 10 ရက်
  • 21 Views
ဒီဇင်ဘာလ (၁၀)ရက်။ ဒီကနေ့ နံနက်အစောပိုင်းအချိန်တွေက KNU ဌာနချုပ် တပ်မဟာ(၇)နယ်မြေ ကလို့ယော်လေးကို အသေခံဒရုန်း (၆)စင်းနဲ့ စစ်တပ်က တိုက်ခိုက်ခဲ့တယ်လို့ ဒေသထဲသတင်းတွေထံက သိရပါတယ်။ “ နံနက်အစောပိုင်း (၂)နာရီလောက်ကစပြီး KNU ဌာနချုပ် တပ်မဟာ(၇)
မြန်မာသတင်း

စစ်တပ်ရဲ့ ရွေးကောက်ပွဲက ပိုမိုကြီးမားတဲ့ မတည်ငြိမ်မှုတွေဆီ ဦးတည်တယ်လို့ ဩစတြေးလျအစိုးရထုတ်ပြန်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 10 ရက်
  • 25 Views
ဒီဇင်ဘာလ (၁၀)ရက်။ သက်ဆိုင်သူအားလုံးမပါဝင်နိုင်တဲ့ စစ်တပ်ကျင်းပမယ့် ရွေးကောက်ပွဲက ပိုမိုကြီးမားတဲ့ မတည်ငြိမ်မှုတွေဆီ ဦးတည်တယ်လို့ ဒီကနေ့ ဩစတြေးလျအစိုးရရဲ့ မြန်မာနိုင်ငံဆိုင်ရာ သတင်းထုတ်ပြန်ချက်မှာ ပြောဆိုထားတယ်လို့ သိရပါတယ်။ ဩစတြေးလျအစိုးရအနေနဲ့ ငြိမ်းချမ်းရေးလမ်းကြောင်း အစစ်အမှန်ဖြစ်ဖို့ အကြမ်းဖက်မှုတွေ အဆုံးသတ်ပြီး မတရားဖမ်း‌ဆီးထားသူအားလုံးကို
မြန်မာသတင်း

ဒေါက်တာတေဇာဆန်းအပါ (၁၀)ဦးကို ရွေးကောက်ပွဲကာကွယ်တဲ့ဥပဒေနဲ့ စစ်တပ် အမှုဖွင့်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 10 ရက်
  • 15 Views
ဒီဇင်ဘာလ (၁၀)ရက်။ ဒေါက်တာတေဇာဆန်းအပါအဝင် (၁၀)ဦးကို ရွေးကောက်ပွဲကိုကာကွယ်တဲ့ဥပဒေပုဒ်မ ၂၃(ခ)နဲ့ စစ်တပ်က အမှုဖွင့်ထားတယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်တပ်က အမှုဖွင့်ထားသူတွေဟာ ဒေါက်တာတေဇာဆန်း၊ ကိုခန့်ဝေဖြိုး၊ ကိုနန်းလင်း၊ ထက်မြတ်အောင်၊ မေချီ(ခ)ချီချီနဲ့ မရွှန်း(ခ)ရွှန်းရွှန်းအပြင် စိစစ်ဆဲ
မြန်မာသတင်း

ရန်ကုန်မှာ ဆန္ဒပြတဲ့ Bluetooth speaker ကို စစ်အုပ်စုက ဗုံးရှင်းလင်းတဲ့အဖွဲ့နဲ့ ဖယ်ရှားခဲ့ရ

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 9 ရက်
  • 32 Views
ရန်ကုန်မှာ ဆန္ဒပြတဲ့ Bluetooth speaker ကို စစ်အုပ်စုက ဗုံးရှင်းလင်းတဲ့အဖွဲ့နဲ့ ဖယ်ရှားခဲ့ရ ဒီဇင်ဘာလ (၉)ရက်။ ဒီဇင်ဘာလ (၇)ရက်နေ့ ညနေပိုင်းအချိန်က ရန်ကုန်မြို့ရဲ့ အထင်ကရ လူစည်ကားရာနေရာဖြစ်တဲ့ လှည်းတန်းဈေးအနီးမှာ အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုတရပ်
မြန်မာသတင်း

သစ်တောဝန်ထမ်းတွေ လုပ်ကြံသတ်ဖြတ်ခံရတာ‌တို့ကြောင့် သယံဇာတစီမံခန့်ခွဲမှုကို ယာယီရပ်ဆိုင်းတယ်လို့ NUG ရဲ့ သယံဇာတဝန်ကြီးဌာန ထုတ်ပြန်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 9 ရက်
  • 26 Views
ဒီဇင်ဘာလ (၉)ရက်။ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနရဲ့ သစ်တော၊ ပတ်ဝန်းကျင်ကဏ္ဍရဲ့ သယံဇာတစီမံခန့်ခွဲမှုကို ယာယီရပ်ဆိုင်းတယ်လို့ NUG ရဲ့ မနေ့က အသိပေးထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဝန်ကြီးဌာနအနေနဲ့ NUG စိုးမိုးနယ်မြေထဲ သယံဇာတတွေ ရေရှည်တည်တံ့စေဖို့၊ လူမှုစီးပွားအခြေခံလိုအပ်ချက်အတွက် အထောက်အပံ့ဖြစ်စေဖို့နဲ့
မြန်မာသတင်း

NUG ထဲ တိုင်းရင်းသားလက်နက်ကိုင်တွေ ပါဝင်ဖို့ အကန့်အသတ်တွေရှိနေတယ်လို့ ယာယီသမ္မတပြော

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 9 ရက်
  • 37 Views
အစိုးရအဖွဲ့ ပြုပြင်ပြောင်း‌လဲရေး အဆင့် (၃)ဆင့်နဲ့ ပြုလုပ်နေပြီး အခုပြုပြင်ပြောင်းလဲတာ ပထမအဆင့်လို့ဆို ဒီဇင်ဘာလ (၉)ရက်။ NUG ထဲ တိုင်းရင်းသားလက်နက်ကိုင်တွေ ပူးပေါင်းပါဝင်လာဖို့ အကန့်အသတ်တွေ ရှိနေတယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလက မနေ့က ပြည်သူထံ အသိပေးတဲ့မိန့်ခွန်းမှာ