နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဒီဇင်ဘာလ 25 ရက်

မြန်မာသတင်း

မြန်မာသတင်း

နိုင်ငံခြားသားတစ်ဦးက ယူရေနီယံ ဝယ်ယူဖို ဆက်သွယ်လာခဲ့ဖူးတယ်လို့ RCSS ဥက္ကဌပြော

ဖေဖော်ဝါရီလ (၂၅) ရက်။

ရှမ်းပြည်မှာ ယူရေနီယံ ထွက်တယ်လို သတင်းရတာကြောင့် အဲဒီဓာတ်သတ္တုကို ဝယ်ယူချင်တယ်ဆိုပြီး နိုင်ငံခြားသားတစ်ဦးက ဆက်သွယ်ခဲ့ဖူးပေမဲ့ RCSS ဘက်က ဘယ်နေရာမှာ ယူရေနီယံ ထွက်လဲဆိုတာ မကြားသိရကြောင်းနဲ့ ယူရေနီယံအကြာင်းကိုလည်း မသိနားမလည်ကြောင်းသာ ပြန်ပြောခဲ့တယ်လို သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ- RCSS/SSA ဥက္ကဌ ယွက်စစ်က သူတိုရဲ့သတင်းဌာနဖြစ်တဲ့ Taifreedom မှာ ဖြေဆိုထားပါတယ်။

ဂျပန် ရာဇဝတ်ဂိုဏ်း ယာကူဇာခေါင်းဆောင် တာကေရှီ အေဘီဆာဝါကနေတဆင့် အီရန်နိုင်ငံကို မြန်မာပြည်ထွက် နျူကလီးယား ဓာတ်သတ္တုကုန်ကြမ်း ရောင်းချပြီး လက်နက်ဝယ်ယူဖို့ ကြိုးစားခဲ့တဲ့အထဲမှာ CC 1 လို နာမည်ဝှက်ပေးထားတဲ့ ထိုင်းစကားပြောဆိုတဲ့ မြန်မာနိုင်ငံက တိုင်းရင်းသား လက်နက်ကိုင်ခေါင်းဆောင်တစ်ဦးလည်း ပါဝင်နေတယ်လို့ အမေရိကန်တရားရေးဌာနရဲ့ စွဲချက်ဆိုင်ရာ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အီရန် ဗိုလ်ချုပ်ကြီးလို့ ယူဆရသူတစ်ဦးဆီကို မြန်မာနိုင်ငံက တိုင်းရင်းသား လက်နက်ကိုင်အဖွဲတစ်ဖွဲဆီကနေရတဲ့ နျူကလီးယား လက်နက်အဆင့် ထုတ်လုပ်နိုင်တဲ့ ကုန်ကြမ်းဓာတ်သတ္တုပစ္စည်း ရောင်းချဖို ကြိုးပမ်းမှုနဲ့ ဂျပန် ရာဇဝတ်ဂိုဏ်း ယာခူဇာခေါင်းဆောင်ကို အမေရိကန်က စွဲချက်အသစ် ဒီရက်ပိုင်းအတွင်းမှာပဲ တင်လိုက်ပါတယ်။

ဂျပန် ယာကူဇာခေါင်းဆောင် တာကေရှီ အေဘီဆာဝါဟာ ၂၀၂၂ ခုနှစ်ကတည်းက မူးယစ်ဆေးဝါးနဲ့ လက်နက်မှောင်ခိုကူးသန်းရောင်းဝယ်ရေး ပူးပေါင်းကြံစည်မှုနဲ့ အမေရိကန်နိုင်ငံ နယူးယောက်မြို့မှာ ဖမ်းဆီးခံခဲ့ရပါတယ်။

ဂျပန် ယာကူဇာခေါင်းဆောင်ကို ဖမ်းမိခဲ့တုန်းက အမေရိကန်အစိုးရ ထုတ်ပြန်တဲ့ ပထမစွဲချက်မှာ ဂျပန် ယာကူဇာခေါင်းဆောင်နဲ့အတူ ဆက်သွယ်ခဲ့တဲ့ လက်နက်ကိုင်ခေါင်းဆောင်ဟာ Shan State Army (RCSS) ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ အမေရိကန် တရားရေးဌာနရဲ့ ထုတ်ပြန်ချက်ထဲ ဂျပန် ယာကူဇာရဲ့ အချိတ်အဆက်နဲ့ ၂၀၁၉ ခုနှစ်ကနေ ၂၀၂၁ ခုနှစ်အထိ မူးယစ်ဆေးဝါး ရောင်းပြီး အမေရိကန်နိုင်ငံထုတ် လေယာဥ်ပစ်လက်နက် အမျိုးအစားအပါအဝင် လက်နက်မျိုးစုံကို ဝယ်ယူဖိုကြိုးစားခဲ့သူတွေထဲ မြန်မာနိုင်ငံက RCSS၊ ဝပြည် သွေးစည်းညီညွတ်ရေး တပ်မတော်- UWSA နဲ့ ကရင်အမျိုးသား အစည်းအရုံး- KNU တိုလည်း ပါဝင်နေတယ်လို့ ဖော်ပြထားပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

စစ်တပ် ရွေးကောက်ပွဲနေ့မှာ အသံတိတ်သပိတ် ဆင်နွှဲကြဖို့ CDF-Hakha ထုတ်ပြန်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 24 ရက်
  • 28 Views
စစ်တပ် ရွေးကောက်ပွဲနေ့မှာ အသံတိတ်သပိတ် ဆင်နွှဲကြဖို့ CDF-Hakha ထုတ်ပြန် ဒီဇင်ဘာလ (၂၄)ရက်။ စစ်တပ်ရဲ့ ရွေးကောက်ပွဲပြုလုပ်မယ့်နေ့မှာ အသံတိတ်သပိတ် ဆင်နွှဲကြဖို့
မြန်မာသတင်း

စစ်အုပ်စု အသစ်ဖွင့်ထားတဲ့ MRTV Page ကို Facebook ထပ်မံဖယ်ရှား

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 24 ရက်
  • 25 Views
ဒီဇင်ဘာလ (၂၄)ရက်။ အခုလထဲ စစ်အုပ်စုက အသစ်ဖွင့်ထားတဲ့ MRTV ‌စာမျက်နှာကို Facebook က ထပ်မံဖယ်ရှားလိုက်တယ်လို့ Justice for
မြန်မာသတင်း

မြိုင်နယ်ထဲ စစ်တပ် ရွေးကောက်ပွဲ မကျင်းပနိုင်ဖို့ အဖွဲ့တွေစေလွှတ်ထားတယ်လို့ မြိုင်ပကဖထုတ်ပြန်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 24 ရက်
  • 27 Views
လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်တာတွေကြားထဲက ကပစ(၂၄) ရရှိဖို့ ကြိုးပမ်းနေတယ်လို့ဆို ဒီဇင်ဘာလ (၂၄)ရက်။ မြိုင်နယ်ထဲ စစ်တပ်အနေနဲ့ ရွေးကောက်ပွဲ မကျင်းနိုင်ဖို့ အဖွဲ့အသီးသီးကို စေလွှတ်ထားပြီးဖြစ်တယ်လို့ မြိုင်ပကဖရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ စစ်တပ်က
မြန်မာသတင်း

ပေါက်မြို့နယ်မြောက်ပိုင်းတိုက်ပွဲထဲ စစ်တပ်ဘက်က (၁၂)ဦးထက်မနည်းသေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 24 ရက်
  • 20 Views
ဒီဇင်ဘာလ (၂၄)ရက်။ ဒီဇင်ဘာလ (၉)ရက်နေ့ကစပြီး ပေါက်မြို့နယ်မြောက်ပိုင်းရှိ ကျေးရွာတွေကို စစ်ကြောင်းထိုးလာတဲ့ စစ်တပ်စစ်ကြောင်းနဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ပြည်သူ့တော်လှန်ရေးတပ်ဦး(PRF)ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ (၉)ရက်နေ့ နံနက်ပိုင်းကစပြီး ပေါက်မြို့နယ်မြောက်ပိုင်းက ကျေးရွာတွေကို စစ်ကြောင်းထိုးလာတဲ့ စခစစ်ကြောင်းနဲ့
မြန်မာသတင်း

NUG ရဲ့ အောင်မြင်မှုနဲ့ ကျရှုံးမှုကို သင်ခန်းစာယူဖို့ စစ်ကိုင်းဖက်ဒရယ်ယူနစ်အစိုးရကို ယာယီသမ္မတ တိုက်တွန်း

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 24 ရက်
  • 22 Views
ဒီဇင်ဘာလ (၂၄)ရက်။ စစ်ကိုင်းဖက်ဒရယ်ယူနစ် ကြားကာလအစိုးရအနေနဲ့ NUG ရဲ့ အောင်မြင်မှုတွေနဲ့ ကျရှုံးမှုတွေကို သင်ခန်းစာယူဖို့ ယာယီသမ္မတ ဒူဝါလရှီးလက မနေ့က တိုက်တွန်းပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ ကျွန်တော်အနေနဲ့ စစ်ကိုင်းဖက်ဒရယ်ယူနစ်ကြားကာလအစိုးရကို အထူးတိုက်တွန်းလိုတာက အမျိုးသားညီညွတ်ရေးအစိုးရရဲ့ အောင်မြင်မှုတွေနဲ့
မြန်မာသတင်း

အောက်တွင်ဖော်ပြထားသောဆောင်းပါးမှာ ချင်းမိုင်တက္ကသိုလ်၊ နယ်စပ်လုံခြုံရေးရာစီမံကိန်း (Border Security Affairs Project) မှ တင်ပြထားသည့် သဘောထားအမြင်ဆောင်းပါး၏ မြန်မာဘာသာ ပြန်ဖြစ် ပါသည်။

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 24 ရက်
  • 20 Views
မြန်မာနိုင်ငံ၏ ၂၀၂၅ ဒီဇင်ဘာ ရွေးကောက်ပွဲ ရလဒ်အပေါ် ထိုင်းနိုင်ငံ၏ လုံခြုံရေး အဘယ်ကြောင့် မူတည်နေသနည်း The Nation –၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၅ ရက်၊ သောကြာနေ့ စစ်ဘေးရှောင်များအတွက် ကုန်ကျစရိတ်။- ရွေးကောက်ပွဲရလဒ်သည်
မြန်မာသတင်း

အိန္ဒိယနိုင်ငံအရှေ့မြောက်ပိုင်းတွင် ရထားသံလမ်းဖြတ်ကူးသည့် ဆင် ၇ ကောင်အား အမြန်ရထားတိုက်မိ၍ သေဆုံး

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 24 ရက်
  • 31 Views
CNN- ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက် ဂူဝါဟာတီ၊ အိန္ဒိယနိုင်ငံ (AP) အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း အာသံပြည်နယ်တွင် စနေနေ့အစောပိုင်းက ရထားသံလမ်းကို ဖြတ်ကူးနေသည့် ဆင်အုပ်အား အရှိန်ပြင်းစွာ မောင်းနှင်လာသော ခရီးသည်တင်ရထားတစ်စီးက တိုက်မိခဲ့ရာ
မြန်မာသတင်း

ရန်ကုန် လှည်းကူးမှာ လုငယ်တွေကို ပေါ်တာဆွဲဖို့လူစုနေတဲ့ စစ်တပ်လက်ပါးစေတွေ ဗုံးပစ်တိုက်ခိုက်ခံရ

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 24 ရက်
  • 41 Views
ဒီဇင်ဘာလ (၂၃)ရက်။ ဒီကနေ့ ညနေ (၆)နာရီ (၄၅)မိနစ်အချိန်က လှည်းကူးမြို့ ကျောက်အိုင်ရွာရှိ အုပ်ချုပ်ရေးမှူးရုံးကို ဗုံးပစ်တိုက်ခိုက်ခဲ့တယ်လို့ အနောက်ပိုင်းခရိုင်ပကဖရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ လှည်းကူး ကျောက်အိုင်ရွာ က အုပ်ချုပ်ရေးမှူးရုံးမှာ စခလက်ပါးစေ အုပ်ကြီးနဲ့