နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 24 ရက်

မြန်မာသတင်း

မြန်မာသတင်း

ပုလဲမြို့နယ်ပအဖခေါင်းဆောင်ရဲ့ နေအိမ်နဲ့ နိုင်ငံပိုင် သစ်စက်၀န်ထမ်းအိမ်ရာကို စစ်ကောင်စီစစ်ကြောင်းက မီးရှို့ဖျက်ဆီး

ဖေဖော်ဝါရီလ (၂၇)ရက်။

ပုလဲမြို့နယ်၊ မင်းတိုင်ပင်ကျေးရွာရှိ ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ခေါင်းဆောင် ဦးဇော်ထက်နေအိမ်နဲ့ နိုင်ငံပိုင် သစ်စက်၀န်ထမ်းအိမ်ရာကို စစ်ကောင်စီစစ်ကြောင်းက မီးရှို့ဖျက်ဆီးခဲ့တယ်လို့ မြို့နယ်ပအဖရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။

အဲ့ဒီစစ်ကောင်စီစစ်ကြောင်းဟာ ပုလဲမြို့နယ်ထဲ လှည့်လည်စစ်ကြောင်းထိုးနေပြီး ဖေဖော်ဝါရီလ (၂၄)ရက်နေ့က အိုင်းမကျေးရွာနဲ့ ငှက်ပျောတောကျေးရွာဖက်ကနေ မင်းတိုင်ပင်ရွာကို ရောက်ရှိခဲ့ပြီး ညအိပ်တပ်စွဲခဲ့တယ်လို့ ဆိုပါတယ်။

ဖေဖော်ဝါရီလ (၂၅)ရက်မှာတော့ မြေနီကုန်း၊ ထန်းတောတိုက်နဲ့ သရက်ကျေးရွာက ပြည်သူပိုင်ပစ္စည်းတွေကို ဇီးဖြူကုန်းပျူစောထီးရွာက ပျူစောထီးတွေက လှည်းနွားတွေနဲ့ ခိုးယူသယ်ဆောင်သွားပြီး စစ်ကောင်စီစစ်ကြောင်းက မင်းတိုင်ပင်ရွာထဲ ပြန်၀င်သွားတယ်လို့ ဖော်ပြထားပါတယ်။

ရွာထဲပြန်၀င်သွားတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ပုလဲမြို့နယ်ပအဖခေါင်းဆောင် ဦးဇော်ထက်နေအိမ် အနှံ့အပြားကို မီးရှို့ဖျက်ဆီးခဲ့ပြီး ပြည်သူပိုင်နေအိမ်တစ်လုံးနဲ့ နိုင်ငံပိုင် သစ်စက်အဆောက်အဦးနဲ့ သစ်စက်၀န်ထမ်းအိမ်ရာကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ရေးသားထားပါတယ်။

သစ်စက်၀န်ထမ်းအိမ်ရာ မီးရှို့ခံရတာကြောင့် မိသားစု (၅) စုဟာ ခိုကိုးရာမဲ့ဖြစ်သွားရသလို စုဆောင်းထားတဲ့ ပစ္စည်းဥစ္စာအားလုံး မီးရှို့ခံရပြီး အခက်အခဲတွေနဲ့ ကြုံတွေ့နေရတာကြောင့် မြို့နယ်ပအဖအဖွဲ့ခေါင်းဆောင်၊ လူသားစာနာတာ၀န်ခံနဲ့ မြို့နယ်ပလဖတို့က ဆန်တစ်အိတ်နဲ့ ဆီတစ်ပုံး ယာယီကူညီပေးခဲ့တယ်လို့ ပြောဆိုထားပါတယ်။

ဒါ့ပြင် မနေ့ကလဲ စစ်ကောင်စီစစ်ကြောင်းဟာ ဝါးကြီးတောရွာကို ရောက်ရှိခဲ့ပြီး ကန့်ဒေါင့်ထဲရှိ စစ်ကောင်စီအထိုင်တပ်တွေဟာ ရွာထဲက ပြည်သူပိုင်ပစ္စည်းတွေကို ခိုးယူသွားကာ အောင်ချမ်းသာရွာနဲ့ ကြောင်၀င်ဒူးရွာကို နှစ်ဖွဲ့ခွဲပြီး ၀င်ရောက်ညအိပ်တပ်စွဲနေတယ်လို့ ထုတ်ပြန်ထားပါတယ်။

ပုလဲမြို့နယ်ထဲ စစ်ကောင်စီစစ်ကြောင်းဟာ ကျေးရွာထဲ ဝင်ရောက်မီးရှို့၊ ပြည်သူပိုင်ပစ္စည်းဥစ္စာတွေကို ခိုးယူသယ်‌ဆောင်နေတာကြောင့် ပြည်သူတွေ စစ်ကြောင်းသတင်းတွေကို နားစွင့်ပြီး မိမိပိုင်ပစ္စည်းဥစ္စာတွေကို သယ်ဆောင်ကာ စစ်ကြောင်းနဲ့ဝေးရာကို ကြိုတင်သတိထား‌ရှောင်ကြဖို့ သတိပေးတိုက်တွန်းထားတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

တော်လှန်ရေးအဖွဲ့ကြား အင်အားသုံးဖြေရှင်းတာကို PRF နဲ့ PDA ဆန့်ကျင်ရှုတ်ချ

  • 2026 ခုနှစ်၊ ဇွန်လ 23 ရက်
  • 24 Views
ဇွန်လ (၂၃)ရက်။ တော်လှန်ရေးအဖွဲ့အချင်းချင်းကြား အင်အားသုံးဖြေရှင်းတဲ့အပေါ် ဆန့်ကျင်ရှုတ်ချတယ်လို့ပြည်သူ့တော်လှန်ရေးတပ်ဦး(PRF)နဲ့ ပြည်သူ့ဒီမိုကရက်တစ်တပ်တော်(PDA)တို့က ဒီကနေ့မှာ ပူးတွဲထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒီလိုဖြေရှင်းတာတွေကြောင့် မိုင်းထိမှန်ကာ ထိခိုက်ခဲ့တဲ့
မြန်မာသတင်း

မြိုင်နယ်မှာ စစ်တပ်စစ်ကြောင်းက စိတ်ရောဂါသည်အပါအဝင် ပြည်သူ (၅)ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 23 ရက်
  • 21 Views
ဇွန်လ (၂၃)ရက်။ ဇွန်လ (၁၅)ရက်နေ့မှာ ကမ္မဒေသကနေ မြိုင်နယ်တောင်ပိုင်းရှိ ကျေးရွာတွေကို စစ်တပ်က စစ်ကြောင်းထိုးဝင်ရောက်ခဲ့တယ်လို့ We Love Myaing
မြန်မာသတင်း

PLA က ပြည်သူတဦးကို ဖမ်းဆီးပြီး ငွေညှစ်ခြိမ်းခြောက်ခဲ့တယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 23 ရက်
  • 16 Views
ဇွန်လ (၂၃)ရက်။ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)ဟာ ပြည်သူတဦးကို ဖမ်းဆီးပြီး သတ်ပစ်မယ်ဆိုကာ ခြိမ်းခြောက်ငွေညှစ်ခဲ့တယ်လို့ MOD ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဖြစ်စဉ်ဟာ မေလ (၂၆)ရက်နေ့က ဝဲလောင်းရွာနေ ဦးသန်း(အမည်လွှဲ)ဆိုသူက PLA က ဖမ်းဆီးခဲ့ပြီး
မြန်မာသတင်း

PLA အထိုင်စခန်းတွေကို NUG အင်အားအလုံးအရင်းနဲ့ ဝင်ရောက်စီးနင်း 

  • 2026 ခုနှစ်၊ ဇွန်လ 22 ရက်
  • 30 Views
မြင်းခြံခရိုင်ထဲက PLA တပ်တွေ ထွက်ခွာဖို့ အမိန့်ပေးထားတယ်လို့ဆို ဇွန်လ (၂၂)ရက်။ မနေ့ကစပြီး တောင်သာမြို့နယ်ရှိ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)ရဲ့ တပ်စခန်းတွေကို NUG က အင်အားအလုံးအရင်းနဲ့ ဝင်ရောက်စီးနင်းခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။ NUG ရဲ့ မြင်းခြံခရိုင်ကွပ်ကဲရေးအဖွဲ့
မြန်မာသတင်း

ရေနံချောင်းမှာ တော်လှန်ရေးတပ်တွေရဲ့ ယာယီစခန်းအချို့ကို သိမ်းမိတယ်ဆိုပြီး စစ်တပ်ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 22 ရက်
  • 29 Views
ဇွန်လ (၂၂)ရက်။ ရေနံချောင်းမြို့မှာ တော်လှန်ရေးတပ်တွေရဲ့ ယာယီစခန်းအချို့ကို သိမ်းဆည်းရရှိခဲ့တယ်ဆိုပြီး စစ်တပ်ရဲ့ ဒီကနေ့ထုတ် ဝါဒဖြန့်သတင်းစာမှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဇွန်လ (၂၀)ရက်နေ့က နယ်မြေလုံခြုံရေးလုပ်ဆောင်ချိန် ရေနံချောင်းမြို့ရဲ့ အရှေ့မြောက်ဘက်ရှိ လွန်းပင်ရှိုရွာစာကြည့်တိုက်မှာ YGN နဲ့ မကွေး-PDF
မြန်မာသတင်း

မူးမြို့ရှိ စစ်တပ်ရဲ့ ခမရ(၄၃၉)တပ်စခန်း တိုက်ခိုက်ခံရ

  • 2026 ခုနှစ်၊ ဇွန်လ 22 ရက်
  • 27 Views
လယ်ဒိုမှာ စစ်မှုထမ်းတပ်သား (၁၆)ဦး KNDO ထံ အလင်းဝင်ခဲ့ ဇွန်လ (၂၂)ရက်။ ဇွန်လ (၂၀)ရက်နေ့ ည (၁၁)နာရီခန့်က မူးမြို့ ဒိုးဒိုရွာရှိ စစ်တပ်ရဲ့ ခမရ(၄၃၉)တပ်စခန်းကို တိုက်ခိုက်ခဲ့တယ်လို့ KNU ရဲ့ ဒီကနေ့မှာ
မြန်မာသတင်း

စစ်တပ်ခိုင်းတာလုပ်မယ့် ရပ်ကျေးဥက္ကဋ္ဌတွေကို ပြင်းထန်စွာ အရေးယူမယ်လို့ အင်းလေး-PDF သတိပေး

  • 2026 ခုနှစ်၊ ဇွန်လ 22 ရက်
  • 25 Views
ဇွန်လ (၂၂)ရက်။ ဒီကနေ့ အင်းလေးဒေသ ညောင်ရွှေမြို့မှာ ရပ်ကျေးဥက္ကဋ္ဌတွေကို ပြန်လည်ရွေးချယ်သွားဖို့ရှိနေတယ်လို့ အင်းလေး-PDF ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်အာဏာသိမ်းတဲ့နောက်ပိုင်း အင်းလေးဒေသဟာ စစ်ကောင်စီရဲ့ အလိုတော် ရပ်ကျေးဥက္ကဋ္ဌဆိုးတွေကြောင့် ငရဲအိုးလိုမျိုး ပူလောင်ခြောက်သွေ့ခဲ့ရပြီးဖြစ်တယ်လို ဆိုပါတယ်။ သူတို့ဟာ
မြန်မာသတင်း

ရန်ကုန်တိုင်းစစ်ဌာနနယ်မြေရှိ တိုက်ပွဲတွေထဲ စစ်ကောင်စီတပ်ဖွဲဝင် (၁၃၀)နီးပါး သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 20 ရက်
  • 34 Views
ဇွန်လ (၂၀)ရက်။ အခုနှစ် ဖေဖော်ဝါရီလ (၁)ရက်ကနေ မေလကုန်အထိ ရန်ကုန်တိုင်းစစ်ဌာန်မြေထဲ တိုက်ပွဲပေါင်း (၅)ကြိမ်ဖြစ်ပွားခဲ့တယ်လို ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ထိတွေ့တိုက်ပွဲတွေဟာ စစ်ကောင်စီတပ်ရဲ့ ထိုးစစ်ကို ခုခံကာကွယ်တဲ့အနေနဲ့ (၂)ကြိမ်၊ စစ်ကောင်စီတပ်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်တာ (၂)ကြိမ်နဲ့