နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ အောက်တိုဘာလ 27 ရက်

မြန်မာသတင်း

မြန်မာသတင်း

ကရင်ပြည်နယ် ကျိုက်ဒုံစခန်းသိမ်းတိုက်ပွဲတွင် ဗျူဟာမှူးအပါအဝင် (၆၆) ဦး‌ လက်နက်ချ၊ လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းရမိ

မတ်လ (၁၅) ရက်။

ကရင်အမျိုးသားအစည်းအရုံး ၊ ဒူးပလာယာခရိုင်/တပ်မဟာ(၆)၊ ကော့ကရိတ်မြို့နယ်‌ တောင်ပိုင်းမှာရှိတဲ့ ကျိုက်ဒုံစစ်‌ကောင်စီဗျူဟာကုန်း စခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီဘက်က ဗျူဟာမှူးအပါအဝင် စုစုပေါင်း (၆၆) ဦး လက်နက်ချအညံ့ခံခဲ့ပြီး လက်နက်ခဲယမ်း အများအပြားသိမ်းဆည်းရမိတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။

ကျိုက်ဒုံမြို့အခြေစိုက် စစ်ကောင်စီဗျူဟာကုန်းစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ (၆) တပ်ဖွဲ့ဝင်တွေက ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၇ ရက်နေ့ကတည်းက စတင်တိုက်ခိုက်ခဲ့တယ်လို့ သိရပြီး မတ်လ ၁၄ ရက်နေ့ မနေ့က ညနေ ၄ ခန့်မှာ အလုံးစုံ သိမ်းပိုက်နိုင်ခဲ့တာလို့ သိ

ရပါတယ်။

စစ်ကောင်စီဘက်က လက်နက်ချအညံ့ခံခဲ့တဲ့ (၆၆) ဦးထဲမှာ ဗျူဟာမှူး ဗိုလ်မှူးကြီး အောင်ကျော်စိုး၊ စစ်ဦးစီး ဒုတိယတန်း -G2 ၊ စစ်ဦးစီးတတိယ တန်း G3တို့ အပါအဝင် အရာရှိ စုစုပေါင်း (၁၂) ဦးပါရှိတယ်လို့ ကရင်သတင်းဌာန KIC မှာ ဖော်ပြထားပါတယ်။

120 မမ အမြှောက်အပါအဝင် လက်နက်ပေါင်း ၁၀၀ ကျော်နဲ့ ခဲယမ်းမီး ကျောက်အများအပြား သိမ်းဆည်းရမိတယ်လို့လည်း သိရပါတယ်။

အဲ့ဒီ ဗျူဟာကုန်းစခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီဘက်က တပ်ဖွဲ့ဝင် ၁၄ ဦးသေဆုံးခဲ့တယ်လို့ သိရပြီး ဗျူဟာမှူး ဗိုလ်မှူးကြီး အောင်ကျော်စိုး အပါအဝင် အရှင်ဖမ်းမိသည့် စစ်သုံ့ပန်းတွေကို လက်ရှိမှာ ကောင်းမွန်စွာ ထိန်းသိမ်းထားတယ်လို့ သိရပါတယ်။

ဒီတိုက်ပွဲအတွင်းမှာ KNLA တပ်ဖွဲ့က ရဲဘော်တစ်ဦး ကျဆုံးပြီး ရဲဘော်အချို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။

ဓာတ်ပုံ။ KIC

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

စစ်အုပ်စုရဲ့ ဝါဒဖြန့်ဇာတ်လမ်းတိုမှာ ပါဝင်တဲ့ သရုပ်ဆောင်တွေကို လူမှုရေးပြစ်ဒဏ်ခတ်ဖို့ နှိုးဆော်

  • 2025 ခုနှစ်၊ အောက်တိုဘာလ 27 ရက်
  • 18 Views
အောက်တိုဘာလ (၂၇)ရက်။ စစ်အုပ်စုရဲ့ ဝါဒဖြန့်ဇာတ်လမ်းတိုမှာ ပါဝင်တဲ့ သရုပ်ဆောင်တွေကို ထိရောက်စွာ လူမှုရေးပြစ်ဒဏ်ခတ်ကြဖို့ တော်လှန်ရေးအင်အားစုတွေက တိုက်တွန်းနှိုးဆော်ထားတယ်လို့ သိရပါတယ်။ စစ်အုပ်စုက
မြန်မာသတင်း

ကိုယ်စားလှယ်လောင်း တဦးထဲရှိတဲ့နေရာတွေမှာ ဝင်ပြိုင်ဖို့ အမည်စာရင်းပေးခဲ့ပေမယ့် ဖိအားပေးခံရတာတွေကြောင့် ပြန်ရုတ်သိမ်းခဲ့ရတယ်လို့ ဦးကိုကိုကြီးပြော

  • 2025 ခုနှစ်၊ အောက်တိုဘာလ 27 ရက်
  • 18 Views
အောက်တိုဘာလ (၂၇)ရက်။ ကိုယ်စားလှယ်လောင်း တဦးထဲရှိတဲ့နေရာတွေမှာ ဝင်ပြိုင်ဖို့ အမည်စာရင်းပေးခဲ့ပေမယ့် ဖိအားပေးခံရတာကြောင့် ပြန်လည်ရုတ်သိမ်းခဲ့ရတာတွေ ရှိတယ်လို့ ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးက ထုတ်ဖော်ပြောဆိုထားတယ်လို့
မြန်မာသတင်း

KK Park ကနေ အကျိုးအမြတ်ရနေတယ်လို့ စစ်အုပ်စုရဲ့ စွပ်စွဲချက် KNU ငြင်းဆို

  • 2025 ခုနှစ်၊ အောက်တိုဘာလ 27 ရက်
  • 21 Views
အောက်တိုဘာလ (၂၇)ရက်။ ထိုင်း-မြန်မာနယ်စပ်ရှိ KK Park ကနေ အကျိုးအမြတ်ရရှိတယ်ဆိုပြီး စစ်အုပ်စုက စွပ်စွဲထားတဲ့အပေါ် ကရင်အမျိုးသားအစည်းအရုံး(KNU)က မနေ့က ထုတ်ပြန်ငြင်းဆိုထားတယ်လို့ သိရပါတယ်။ စစ်အုပ်စုရဲ့ ပြောခွင့် ဗိုလ်ချုပ် ဇော်မင်းထွန်းက KK Park အွန်လိုင်းငွေလိမ်လုပ်ငန်းအတွက်
မြန်မာသတင်း

ရန်ကုန်မှာ စစ်အုပ်စုရဲ့ ရွေးကောက်ပွဲ ဆန့်ကျင်သူ (၃)ဦး အကြမ်းဖက်ဖမ်းဆီးခံရ

  • 2025 ခုနှစ်၊ အောက်တိုဘာလ 27 ရက်
  • 35 Views
အောက်တိုဘာလ (၂၅)ရက်။ ရန်ကုန်မှာ စစ်အုပ်စုရဲ့ အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်တဲ့ လူငယ် (၃)ဦး အကြမ်းဖက်ဖမ်းဆီးခံခဲ့ရတယ်လို့ ရွှေပြည်သာသပိတ်ကော်မတီရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဖမ်းဆီးခံရတာက စက်တင်ဘာ (၁၈)ရက်နေ့က အလုပ်ကအပြန်မှာ ဖမ်းသွားတာ။ ဖမ်းဆီးခံရတာက
မြန်မာသတင်း

SpaceX မှ မြန်မာ လိမ်လည်မှုစခန်းများ အသုံးပြုနေသော Starlink ကိရိယာ ထောင်ပေါင်း များစွာကို အသုံးပြု၍မရအောင် ပိတ်ဆို့လိုက်

  • 2025 ခုနှစ်၊ အောက်တိုဘာလ 25 ရက်
  • 50 Views
CNN – ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၂၄ ရက် အီလွန် မတ်စ် (Elon Musk) ဦးဆောင်သည့် SpaceX ကုမ္ပဏီက မြန်မာနိုင်ငံ၏ ဥပဒေမဲ့ဒေသ တစ်ခုတွင် လည်ပတ်နေသော ဆိုက်ဘာလိမ်လည်မှု ဂိုဏ်းများ
မြန်မာသတင်း

စစ်တပ်က ရွေးကောက်ပွဲကျင်းပဖို့ ပြင်ဆင်နေတဲ့အပေါ် အထူးစိုးရိမ်တယ်လို့ KIO ဥက္ကဋ္ဌပြော

  • 2025 ခုနှစ်၊ အောက်တိုဘာလ 25 ရက်
  • 50 Views
အောက်တိုဘာလ (၂၅)ရက်။ စစ်တပ်ရဲ့ အခုနှစ်ကုန် ကျင်းပဖို့ ပြင်ဆင်နေတဲ့ ရွေးကောက်ပွဲအပေါ် အထူးစိုးရိမ်နေတယ်လို့ KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လက ဒီကနေ့ ကချင်လွတ်လပ်ရေးအဖွဲ့ (၆၅)နှစ်ပြည့်မှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ မြန်မာနိုင်ငံထဲမှာ ရွေးကောက်ပွဲပြုလုပ်ဖို့
မြန်မာသတင်း

PPP ဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင် ရွေးကောက်ပွဲဝင်ခွင့်မရဘူးလို့ သတင်းထွက်ပေါ်

  • 2025 ခုနှစ်၊ အောက်တိုဘာလ 25 ရက်
  • 40 Views
အောက်တိုဘာလ (၂၅)ရက်။ စစ်တပ်ကျင်းပမယ့် ရွေးကောက်ပွဲမှာ ‌ပြည်သူ့ရှေ့ဆောင်ပါတီ(PPP)ဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင် ဝင်ပြိုင်ခွင့်မရဘူးဆိုပြီး ‌သတင်းတွေထွက်ပေါ်နေတယ်လို့ သိရပါတယ်။ ဒေါ်သက်သက်ခိုင်ဟာ ရန်ကုန်တိုင်း အမျိုးသားလွှတ်တော်မဲဆန္ဒနယ် အမှတ်(၂)မှာ ဝင်ပြိုင်ဖို့ရှိနေပေမယ့် ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်တဲ့ အမည်စာရင်းမှာ ပါဝင်လာတာမရှိဘူးလို့ ဆိုပါတယ်။ အခုလို
မြန်မာသတင်း

ကျားဖြန့်‌(ခေါ်)အွန်လိုင်းငွေလိမ်ဂိုဏ်းတွေကို စစ်တပ်ထောက်တိုင်တွေအနေနဲ့ တိုက်ဖျက်သွားမယ်လို့ စစ်ကိုင်းဖိုရမ်ထုတ်ပြန်

  • 2025 ခုနှစ်၊ အောက်တိုဘာလ 25 ရက်
  • 25 Views
အောက်တိုဘာလ (၂၅)ရက်။ ကျားဖြန့်(ခေါ်)အွန်လိုင်းငွေလိမ်ဂိုဏ်းတွေကို စစ်တပ်ထောက်တိုင်တွေအနေနဲ့ တိုက်ဖျက်သွားမယ်လို့ စစ်ကိုင်းဖိုရမ်ဖက်ဒရေးရှင်းက မနေ့က ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ ကျားဖြန့်(ခေါ်)အွန်လိုင်းငွေလိမ်တဲ့ဖြစ်စဉ်တွေဟာ ဒေသထဲပြည်သူရဲ့ အကျိုးစီးပွားကို ထိခိုက်၊ ယုတ်လျော့စေရုံသာမက ဦးစီးလုပ်ကိုင်သူတွေဟာ လူဆိုးဂိုဏ်းကြီးတွေအနေနဲ့ ကြီးထွားလာပြီး နိုင်ငံတကာအသိုက်အဝိုင်းရဲ့ အကျိုးစီးပွားကိုပါ ထိပါးလာတယ်လို့