နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 30 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အရှေ့အလယ်ပိုင်း

အီးယူနိုင်ငံခြားရေးဝန်ကြီးက “ငတ်မွတ်ခေါင်းပါးမှုကို စစ်လက်နက်အဖြစ် အသုံးပြုနေတယ်” လို့ အစ္စရေးကို ရှုတ်ချ။

မတ်လ (၁၉) ရက်။

သံတမန်ရေးရာနှင့် လုံခြုံရေးဆိုင်ရာ အဆင့်မြင့် ကိုယ်စားလှယ် ဥရောပသမဂ္ဂ နိုင်ငံခြားရေးဝန်ကြီး Borrell က အစ္စရေးသည် ဂါဇာကမ်းမြောင်ဒေသတွင် ဆာလောင်မွတ်သိပ်မှုကို အစ္စရေးသည် စစ်လက်နက်အဖြစ် အသုံးပြုနေသည်ဟု မတ်လ (၁၈) ရက်နေ့က ပြောဆိုခဲ့သည်။

ဂါဇာကမ်းမြှောင်ဒေသ အခြေအနေနှင့် ပတ်သက်၍ Borrell က “ငတ်မွတ်ခေါင်းပါးခါနီး အခြေအနေတောင် မဟုတ်တော့ဘဲ လူထောင်ပေါင်းများစွာကို ထိခိုက်စေတဲ့ အငတ်ဘေး ကြုံနေရပြီဖြစ်တယ်´ ဟု ဆိုခဲ့ပြီး အဆိုပါအခြေအနေကို ဖြစ်ပေါ်စေသည့် တိုက်ရိုက်အကြောင်းရင်းမှာ “သဘာဝဘေးအန္တရာယ်ကြောင့် မဟုတ်ဘဲ ဂါဇာကမ်းမြောင်ကို လူသားချင်းစာနာ ထောက်ထားမှုတွေ ဝင်ရောက်ခွင့်ကို ပိတ်ပင်နေတဲ့ အစ္စရေးကြောင့်” ဖြစ်တယ်လို့ အခိုင်အမာ ပြောဆိုခဲ့ပါသည်။

Borrell သည် ဘယ်လ်ဂျီယံနိုင်ငံ Brussels တွင် ကျင်းပသည့် နိုင်ငံတကာ အကူအညီနှင့် ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးပွဲ ဖွင့်ပွဲ အခမ်းအနားတွင် မိန့်ခွန်း ပြောကြားခဲ့ပါသည်။ “နယ်စပ်မှာ စောင့်ဆိုင်းနေတဲ့ ရာနဲ့ချီ တဲ့ထရပ်ကားတွေ ဂါဇာကမ်းမြောင်ကိုဝင်ရောက်ဖို့ အစ္စရေးက ပိတ်ဆို့ထားပါတယ်” ဟု ၎င်းက ပြောသည်။ ကုန်တင်ကားများ ရပ်တန့်နေပြီး အကူအညီများ စောင့်ဆိုင်းနေချိန်တွင် လူများသေဆုံးလျက် ရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။

ကုန်းလမ်းဖြင့် သယ်ယူပို့ဆောင်ရေးလမ်းကြောင်းကို အစ္စရေးကြောင့် ပိတ်လိုက်ရခြင်းကြောင့် ပင်လယ်နှင့် လေကြောင်းများမှ အကူအညီများ ပေးအပ်ရန် လိုအပ်ကြောင်း Borrell မှ ထောက်ပြခဲ့သည်။

အစ္စရေးဘက်ကတော့ အကူအညီများ တင်ပို့မှု ပြဿနာသည် ဂါဇာကမ်းမြောင်သို့ ဝင်ရောက်မည့် ထရပ်ကားများကို ပိတ်ဆို့ထားခြင်းကြောင့် မဟုတ်ကြောင်း အစ္စရေးက အကြိမ်ကြိမ် တုံ့ပြန်ပြောကြားခဲ့သည်။

ဂါဇာကမ်းမြှောင်ဒေသအတွင်း ထောက်ပံ့ရေးပစ္စည်းများ ဖြန့်ဖြူးရေးတွင်သာ ပြဿနာရှိကြောင်း၊ နိုင်ငံတကာအကူအညီပေးရေးအဖွဲ့အစည်းများတွင် ထိုသို့လုပ်ဆောင်နိုင်စွမ်းမရှိဘဲ ဂါဇာကမ်းမြှောင်ဒေသတခုလုံးကို ထောက်ပံ့ရေးပစ္စည်းများ ဖြန့်ဖြူးရေးကို အလေးအနက် စွမ်းအားသုံးပြီး မလုပ်တာကြောင့်သာဖြစ်တယ်” ဟု ဟု အစ္စရေး သိမ်းပိုက်ထားသော နယ်မြေများဆိုင်ရာ အစိုးရလှုပ်ရှားမှုများဆိုင်ရာ ညှိနှိုင်းရေးမှူး (COGAT) မှ အကြီးတန်းအရာရှိတစ်ဦးက ပြောကြားခဲ့သည်။

မစ္စတာ Borrell ပြီးနောက်တွင် ကုလသမဂ္ဂ လူသားချင်းစာနာမှုရေးရာဆိုင်ရာ လက်ထောက်အထွေထွေအတွင်းရေးမှူး Griffiths က ဂါဇာကမ်းမြောင်ဒေသရှိ ကုလသမဂ္ဂအေဂျင်စီများ၏ လုပ်ငန်းများကို မလုပ်နိုင်အောင် ဟန့်တားခံနေရပြီး ဟန့်တားခံနေရသည့်အတွက် မလုပ်နိုင်ခြင်းအပေါ် လုံလောက်အောင် မလုပ်ဆောင်ဘူးဟု ဝေဖန်ခံနေရခြင်းသာဖြစ်ကြောင်း မစ္စတာ Borrell က အလေးပေးပြောကြားခဲ့သည်။ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများကို “စစ်ပွဲ၏လက်နက်” အဖြစ် အသုံးပြုနေသည်ဟု ပြောကြားခဲ့သည်။

Source: CNN

သံတမန်ရေးနှင့် လုံခြုံရေးဆိုင်ရာ အဆင့်မြင့် ကိုယ်စားလှယ် အီးယူနိုင်ငံခြားရေး ဝန်ကြီး Borrell က အစ္စရေးအား “ငတ်မွတ်မှုကို စစ်လက်နက်အဖြစ် အသုံးပြုနေသည်” ဟု ပြောဆိုခဲ့သည်။ Kenzo Tribouillard/AFP/Getty Images

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 21 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 13 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 17 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 14 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 16 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 24 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 27 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 22 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက