နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 10 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဥရောပ

ရုရှားရွေးကောက်ပွဲကို အနောက်အစိုးရတွေနဲ့ အဖွဲ့အစည်းများ ဝေဖန်ရှုတ်ချ

ရုရှားသမ္မတရွေးကောက်ပွဲမှာ ဗလာဒီမာပူတင် ပြန်လည်ရွေးကောက်ခံရမှုဟာ တရားမျှတမှုမရှိသလို ဒီမိုကရေစီမဆန်ဘူးလို့ အနောက်အစိုးရတွေနဲ့အဖွဲ့အစည်းတွေက ဝေဖန်ခဲ့နေကြပါတယ်။ “ ဒီရွေးကောက်ပွဲဟာ ဖိနှိပ်ချုပ်ချယ်မှုတွေနဲ့ ခြိမ်းခြောက်မှုတွေကို အခြေခံပြီး ကျင်းပခဲ့တာပါ”လို့ အီးယူနိုင်ငံခြားရေးမူဝါဒအကြီးအကဲ ဂျိုးဆက်ဘော်ရယ်က ထုတ်ဖော်ပြောဆိုခဲ့တာပါ။


နိုင်ငံတကာက ဝေဖန်ပြောဆိုမှုတွေရှိနေပေမယ့် ရုရှားနိုင်ငံရဲ့ မဟာမိတ်တွေဖြစ်တဲ့ တရုတ်၊ အိန္ဒိယ၊ မြောက်ကိုရီးယားနိုင်ငံတွေကတော့ ရုရှားသမ္မတပူတင် ပြန်ရွေးကောက်ခံရတာကို ချီးကျူးဂုဏ်ပြုခဲ့ကြပါတယ်။ လွန်ခဲ့တဲ့ ၂ နှစ်အတွင်း ယူကရိန်းကို ကျူးကျော်ချိန်ကစပြီး ရုရှားအစိုးရဟာ ဆန့်ကျင်ဘက် တုံ့ပြန်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပြီး ပထဝီနိုင်ငံရေးအခင်းအကျင်းကြောင့် စစ်အေးတိုက်ပွဲကာလအပြီး အနောက်နိုင်ငံတွေနဲ့ အနက်ရှိုင်းဆုံးအကျပ်အတည်းကိုဖြစ်စေခဲ့ပါတယ်။


သုံးရက်ကြာကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ ဗလာဒီမာပူတင်က မဲအရေအတွက် 87 ရာခိုင်နှုန်းနဲ့ အနိုင်ရခဲ့ပြီး ကရင်မလင်နန်းတော်ကတော့ ရုရှားပြည်သူတွေ စုစည်းမှုအပြည့်ရှိကြောင်း ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ဂျာမနီုနိင်ငံ ဘာလင်မြို့က နိုင်ငံရေးသိပ္ပံပညာရှင် အီကာတာရီနာ ရှူးမန်းက “ ရုရှားရွေးကောက်ပွဲက တော်တော်လေး ရယ်စရာကောင်းပါတယ်။ ရုရှားနိုင်ငံသား 87 ရာခိုင်နှုန်းက ပူတင်ကို အွန်လိုင်းကရော၊ အော့ဖ်လိုင်းကပါ မဲပေးခဲ့ကြတယ်ဆိုတာ လုံး၀မဖြစ်နိုင်ပါဘူး။ အဲဒီရွေးကောက်ပွဲရလဒ်က ရုရှားပြည်သူတွေရဲ့ ဆန္ဒကို ကိုယ်စားမပြုပါဘူး”လို့ သုံးသပ်ပါတယ်။


ယူကရိန်းသမ္မတ ဇယ်လင်စကီးကတော့ ရုရှားရွေးကောက်ပွဲ တရားဝင်မှုမရှိဘူးလို့ ဆိုပါတယ်။ သိမ်းပိုက်ထားတဲ့ ယူကရိန်းနယ်မြေအတွင်း ရုရှားရွေးကောက်ပွဲ ကျင်းပခဲ့တဲ့အပေါ် ပြင်သစ်၊ဗြိတိန်နဲ့ အခြားနိုင်ငံတွေက ဝေဖန်မှုတွေပြုလုပ်ခဲ့ကြပါတယ်။ သီးခြားလွတ်လပ်တဲ့ ရုရှားရွေးကောက်ပွဲ စောင့်ကြည့်ရေးအဖွဲ့တစ်ခုဖြစ်တဲ့ ဂိုလော့စ်က ရုရှားသမ္မတအဖြစ် ပူတင် ပြန်လည်ရွေးကောက်တင်မြှောက်ခံရတာဟာ လိမ်လည်မှု၊ အဂတိလိုက်စားမှု၊ မဲရုံတွေမှာ ခြိမ်းခြောက်ခံရမှုတွေကြောင့်ဖြစ်တယ်လို့ ဆိုပါတယ်။


“ ရုရှားက ယူကရိန်းမှာ စစ်ပွဲဆင်နွှဲနေချိန်မှာ ပူတင်က ရုရှားပြည်တွင်းမှာ အထူးစစ်ဆင်ရေး ပြုလုပ်ခဲ့တယ်ဆိုတာ ထင်ရှားပါတယ်။ အခုလို ပူတင်ကို 87 ရာခိုင်နှုန်းက မဲပေးခဲ့တယ်ဆိုတဲ့ နောက်ကွယ်မှာ ပြည်တွင်းဖိနှိပ်မှုတွေက ပိုကြီးလာလိမ့်မယ်လို့ မျှော်လင့်ရပါတယ်”


ဒါကတော့ လန်ဒန် ချာသန်ဟောက်စ်က အကြီးတန်သုတေသနပညာရှင် နာတာလီ ဆာဘနာဇီက သုံးသပ်ပြခဲ့တာပါ။
ပြတ်ပြတ်သားသားရပ်တည်မှုအနေနဲ့ကတော့ တရုတ်သမ္မတ ရှီကျင့်ဖျင်က ယူကရိန်းကို ရုရှားမကျူးကျော်ခင် 2022 ခုနှစ်အတွင်း သဘောတူညီထားတဲ့ အကန့်အသတ်မရှိ မိတ်ဖက်ဆက်ဆံရေးကို မြှင့်တင်ဖို့ ဘေကျင်းနဲ့ မော်စကို နီးနီးကပ်ကပ် ဆက်ဆံသွားမယ်လို့ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။


အိန္ဒိယဝန်ကြီးချုပ် မိုဒီကတော့ ရုရှားသမ္မတပူတင်ထံ ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့ခဲ့ပြီး မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်း၊ အီရန်သမ္မတ အီဘရာဟမ် ရိုင်ဆီတို့ကလည်း ရုရှားနိုင်ငံနဲ့ ဆက်ဆံရေး ပိုမိုခိုင်မာစေဖို့ သူတို့ရဲ့ဆန္ဒကို အလေးပေးပြောဆိုခဲ့ပါတယ်။

အာဖရိကမှာတော့ သတင်းမီဒီယာအချို့က ရုရှားသမ္မတအဖြစ် ပူတင်ပြန်လည်ရွေးကောက်တင်မြှောက်ခံရတာဟာ ဘာကီနာဖာဆို၊ မာလီ၊ နိုင်ဂျာနိုင်ငံတွေရဲ့ ရပ်တည်ချက်ကို အားဖြည့်ပေးလိုက်သလို ဖြစ်လာတယ်လို့ သုံးသပ်ဖော်ပြနေပါတယ်ခင်ဗျာ။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

သီးသန့်မေးမြန်းချက်- အမေရိကန်နှင့် ရေရှည်စစ်ပွဲအတွက် အီရန်အဆင်သင့်ဖြစ်နေပြီး စီးပွားရေးဆိုင်ရာ ထိခိုက်မှုများကသာ စစ်ပွဲကို အဆုံးသတ်နိုင်လိမ့်မည်

  • 2026 ခုနှစ်၊ မတ်လ 10 ရက်
  • 12 Views
‘သံတမန်ရေးအရ ဆွေးနွေးရန် လမ်းစမရှိတော့ကြောင်း’ အီရန် အဆင့်မြင့်အရာရှိတစ်ဦးက CNN သို့ ပြောကြားခဲ့။ CNN- ၂၀၂၆ခုနှစ်၊ မတ်လ ၁၀ရက်
နိုင်ငံတကာသတင်း ဘောလုံး အရှေ့အလယ်ပိုင်း အီရန်

ဩစတြေးလျနိုင်ငံတွင် ရောက်ရှိနေသည့် အီရန်အမျိုးသမီးဘောလုံးအသင်းနှင့် ပတ်သက်၍ နိုင်ငံတကာ၏ တုံ့ပြန်မှုများမှာ အောက်ပါအတိုင်း ဖြစ်ပါသည် –

  • 2026 ခုနှစ်၊ မတ်လ 10 ရက်
  • 13 Views
၂၀၂၆ခုနှစ်၊ မတ်လ ၁၀ရက် နိုင်ငံတကာ တုံ့ပြန်မှုများ အနှစ်ချုပ် အမေရိကန်ပြည်ထောင်စု၏ တိုက်တွန်းချက် – အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က အဆိုပါကစားသမားများကို
နိုင်ငံတကာသတင်း အရှေ့အလယ်ပိုင်း အီရန်

အီရန်အမျိုးသမီး ဘောလုံးသမား ၅ ဦး သည် အသင်းမှ ထွက်ပြေးလာခြင်းအတွက် သူတို့ကိုထောက်ခံသူများက အကူအညီပေးရန်တောင်းဆိုခဲ့ပြီး ယခုအခါရဲတပ်ဖွဲ့နှင့်အတူ ဘေးကင်းစွာ ရှိနေ

  • 2026 ခုနှစ်၊ မတ်လ 9 ရက်
  • 20 Views
CNN- ၂၀၂၆ ခုနှစ်၊ မတ်လ ၉ ရက် ဘရစ်စဘိန်း၊ သြစတြေးလျ — ဘေးကင်းလုံခြုံရေးအတွက် စိုးရိမ်ရသည့် အခြေအနေများ အကြားတွင် အီရန်အမျိုးသမီး ဘောလုံးအသင်းမှ အဖွဲ့ဝင် ၅ ဦးသည် သြစတြေးလျရှိ အသင်းတည်းခိုရာ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်နိုင်ငံ၏ ခေါင်းဆောင်သစ်အဖြစ် ခါမေနီ၏ သားဖြစ်သူကို အမည်စာရင်းတင်သွင်း

  • 2026 ခုနှစ်၊ မတ်လ 9 ရက်
  • 28 Views
အရှေ့အလယ်ပိုင်းတစ်ခွင် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေစဉ်အတွင်း အီရန် ဘာသာရေးခေါင်းဆောင်ကြီးများက ၎င်း၏ဖခင်နေရာတွင် ဆက်ခံရန် မော့ဂျတာဘာ ခါမေနီ (Mojtaba Khamenei) ကို ရွေးချယ်လိုက်ကြသည်။ စစ်ပွဲသည် “ အဆင့်သစ်” သို့ ကူးပြောင်း နေပြီဖြစ်ကြောင်း အီရန်
တရုတ် နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ကနေဒါနိုင်ငံသား တရုတ်လူမျိုး ပရော်ဖက်ဆာ ကျန်းရွှေချမ်း (Jiang Xueqin) ၏ ဟောကိန်း – အမေရိကန်သည် အီရန်စစ်ပွဲတွင် ရှုံးနိမ့်လိမ့်မည်။

  • 2026 ခုနှစ်၊ မတ်လ 8 ရက်
  • 44 Views
“ တရုတ်ပြည်၏ နော့စထရာဒါးမတ်စ်” ဟု လူသိများလာသည့် ပရော်ဖက်ဆာ ကျန်းရွှေချမ်းသည် ၂၀၂၄ ခုနှစ်ကတည်းက အမေရိကန်နှင့် ပတ်သက်၍ အဓိကဟောကိန်း ၃ ခု ထုတ်ဖော်ခဲ့ရာ ၎င်းတို့မှာ – ဒေါ်နယ်ထရမ့် ပြန်လည်အာဏာရလာမည်၊ အမေရိကန်နှင့်
နိုင်ငံတကာသတင်း အမေရိကန်

 ကာရီ လိပ်ခ်(Kari Lake) ၏ USAGM အုပ်ချုပ်မှုမှာ တရားမဝင်ဟု တရားသူကြီး ဆုံးဖြတ်ချက်ချ။  Voice of America ဝန်ထမ်းထုတ်ပယ်မှုများ ပျက်ပြယ်သွားခဲ့

  • 2026 ခုနှစ်၊ မတ်လ 8 ရက်
  • 31 Views
CNN- ၂၀၂၆ခုနှစ်၊ မတ်လ ၈ရက် Voice of America ဝန်ထမ်းများအတွက် အောင်ပွဲတစ်ခုအဖြစ်၊ ပြီးခဲ့သည့်နှစ် အနည်းငယ် အတွင်း ကာရီ လိပ်ခ် (Kari Lake) သည် အမေရိကန်၏နိုင်ငံတကာသတင်းမီဒီယာ (US Agency
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အီရန်

အီရန်က ပထမဆုံး သိသာထင်ရှားသော စစ်ရှိန်လျှော့ချရေးသတင်းစကားကို ပေးပို့လိုက်သော်လည်း အဓိကကန့်သတ်ချက်တစ်ခု ပါဝင်နေ

  • 2026 ခုနှစ်၊ မတ်လ 8 ရက်
  • 39 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၇ ရက် အီရန်သမ္မတ မာဆု ပီဇက်ရှ်ကီယန်က တီဟီရန်အနေဖြင့် အချို့သောအခြေအနေများအောက်တွင် ၎င်း၏ ပင်လယ်ကွေ့အိမ်နီးချင်းနိုင်ငံများအပေါ် တိုက်ခိုက်မှုများကို ရပ်တန့်မည်ဟု ကြိုတင်ရိုက်ကူးထားပုံရသော ထုတ်ပြန်ချက်တွင် ပြောကြားပြီး မိနစ်ပိုင်းအကြာမှာပင်
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်ဘက်က ‘ခြွင်းချက်မရှိ လက်နက်ချခြင်း’ မပြုမချင်း မည်သည့်သဘောတူညီချက်မျှ ပြုလုပ်မည်မဟုတ်ဟု ထရမ့်ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 7 ရက်
  • 48 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၆ ရက် အီရန်နိုင်ငံသည် ဒီမိုကရေစီနိုင်ငံ ဖြစ်လာမလားဆိုသည်မှာ ၎င်းအတွက် အရေးမကြီးဘဲ အမေရိကန်နှင့် မဟာမိတ်များအပေါ် လိုလားထောက်ခံမည့် ခေါင်းဆောင်မှုကိုသာ ရှာဖွေ နေခြင်းဖြစ်ကြောင်း ထရမ့်က CNN