နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ မေလ 14 ရက်

မြန်မာသတင်း

မြန်မာသတင်း

နေပြည်တော်လေတပ်စခန်း ၁၀၇မမ ရှော့ဒုံး (၇)လုံးနဲ့ ထပ်မံတိုက်ခိုက်ခံရ၊ လေတပ်အရာရှိနဲ့ တပ်သားအချို့ သေဆုံးဒဏ်ရာရတာတွေရှိတယ်လို့ BWM ပြော

ဧပြီလ (၁၁)ရက်။

ဒီကနေ့ နံနက် (၄)နာရီ (၁၅)မိနစ်အချိန်မှာ နေပြည်တော်ရှိ အေလာလေတပ်စခန်းထဲကို ၁၀၇မမ ရှော့တိုက်ဒုံး (၇)လုံးနဲ့ တိုက်ခိုက်ခဲ့တယ်လို့ Brave Warriors For Myanmar(BWM)ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

နေပြည်တော် အေလာလေတပ်စခန်းကို Brave Warriors For Myanmar(BWM)အဖွဲ့ရဲ့ စီမံမှုနဲ့ Mountain Knights Civillian Defense Force(MKCDF)အဖွဲ့က အောင်မြင်စွာ ပစ်ခတ်တိုက်ခိုက်နိုင်ခဲ့တာလို့ ဆိုပါတယ်။

နေပြည်တော် အေလာလေတပ်စခန်းဟာ နိုင်ငံတကာလေဆိပ်ဖြစ်ပြီး နိုင်ငံရဲ့ ဗဟိုအချက်အချာမှာ တည်ရှိနေတာကြောင့် စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်ရေးအတွက် စစ်လေယာဉ်တွေ စေလွှတ်ဖို့ အဓိကလေတပ်စခန်းဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

ဒါ့ပြင် စစ်ကောင်စီအကြီးအကဲတွေရဲ့ အခြေအနေမဟန်ရင် ထွက်ပြေးဖို့ အဓိက ပြေးပေါက်လဲဖြစ်ကာ အခုစစ်ဆင်ရေးက နေပြည်တော် အေလာလေဆိပ်ကို (၄)ကြိမ်မြောက် တိုက်ခိုက်တာလို့ ရေးသားထားပါတယ်။

အာဏာသိမ်းစစ်ကောင်စီရဲ့ အလုံခြုံဆုံးနဲ့ အဆင့်အမြင့်ဆုံး လေတပ်စခန်းဟာ တော်လှန်ရေးအင်အားစုတွေရဲ့ လက်တကမ်းပစ်မှတ်အဆင့်ကို ရောက်ရှိနေပြီဆိုတာ သက်သေပြပြီး နောက်ထပ်ပစ်မှတ်တွေကိုလဲ ဆက်လက်ပစ်ခတ်သွားမယ်လို့ အသိပေးထားပါတယ်။

နေပြည်တော် အေလာလေတပ်စခန်း တိုက်ခိုက်ခဲ့ရာမှာ လေတပ်အရာရှိနဲ့ တပ်သားအချို့ သေဆုံးပြီး အများအပြား ဒဏ်ရာရရှိတယ်လို့ ကနဦးပြောဆိုထားကာ အသေးစိတ်အတိအကျကို ဆက်လက်စုံစမ်းနေတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

အိုးတိန်တွင်းရွာ ဗုံးကြဲခံရတဲ့ဖြစ်စဉ်ထဲ သေဆုံးကလေးငယ်ဦးရေ ထပ်တိုး

  • 2025 ခုနှစ်၊ မေလ 14 ရက်
  • 13 Views
မေလ (၁၄)ရက်။ ဒီပဲယင်းနယ် အိုးတိန်တွင်းရွာ ဗုံးကြဲခံရတဲ့ဖြစ်စဉ်ထဲ ဒဏ်ရာရတဲ့ ကလေးငယ်တွေထဲက သေဆုံးသူဦးရေ ထပ်တိုးလာခဲ့တယ်လို့ မြို့နယ်ပအဖရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

စစ်ကောင်စီရဲ့ တာလယ်ဗျူဟာစခန်းကို တော်လှန်ရေးတပ်တွေ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့

  • 2025 ခုနှစ်၊ မေလ 14 ရက်
  • 13 Views
မေလ (၁၄)ရက်။ မနေ့က ညနေ (၆)နာရီကျော်အချိန် ဘားအံခရိုင်ရှိ စစ်ကောင်စီရဲ့ တာလယ်ဗျူဟာစခန်းကို KNLA အပါအဝင် တော်လှန်ရေးပူးပေါင်းတပ်တွေက အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တယ်လို့
မြန်မာသတင်း

(၂)နှစ်ကျော်ကာလထဲ စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်တဲ့အကြိမ်ရေ (၂၆၀၀)ကျော်အထိရှိခဲ့

  • 2025 ခုနှစ်၊ မေလ 14 ရက်
  • 10 Views
မေလ (၁၄)ရက်။ ၂၀၂၃ခုနှစ် ဇန်နဝါရီလ (၁)ရက်ကနေ အခုနှစ် မေလ (၁၂)ရက်နေ့အထိ နိုင်ငံတဝန်းမှာ စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်တဲ့အကြိမ်ရေ (၂၆၇၉)ကြိမ်အထိ ရှိခဲ့တယ်လို့ NUG ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်အုပ်စုဟာ ယာယီအပစ်အခတ်ရပ်စဲရေးကို
မြန်မာသတင်း

ဗုံးကြဲလူသတ်တိုင်း NUG မကာကွယ်နိုင်ဘူးလို့ပြောတာတွေအပေါ် စစ်ကောင်စီနဲ့ခိုင်းနှိုင်းတဲ့ ဒေါက်တာတူးခေါင်

  • 2025 ခုနှစ်၊ မေလ 13 ရက်
  • 28 Views
မေလ (၁၃)ရက်။ ဗုံးကြဲလူသတ်တိုင်း NUG မကာကွယ်နိုင်ဘူးလို့ ပြောဆိုနေတာတွေအပေါ် NUG သယံဇာတဝန်ကြီး ဒေါက်တာတူးခေါင်က သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ စစ်ကောင်စီနဲ့ခိုင်းနှိုင်းပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ စကစ လေယဉ် ဗုံးကြဲ လူသတ်တိုင်း NUG က မကာကွယ်ပေးလို့ဆိုတဲ့
မြန်မာသတင်း

ရေစကြိုမှာ စစ်ကြောင်းထွက်လာတဲ့ စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး (၂၇)ဦးသေဆုံးခဲ့

  • 2025 ခုနှစ်၊ မေလ 13 ရက်
  • 26 Views
မေလ (၁၃)ရက်။ မေလ (၉)ရက်နေ့ ‌နံနက် (၇)နာရီ (၂၀)မိနစ်အချိန်က ရေစကြိုမြို့ ဆန်းသစ်ကျေးရွာအနီး စစ်ကြောင်းထွက်လာတဲ့ စစ်ကောင်စီတပ်ကို ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ Southern YSO PDF ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “
မြန်မာသတင်း

အိုးတိန်တွင်းရွာ စာသင်ကျောင်းမှာ အတန်းတင်စာမေးပွဲဖြေဆိုဖို့ ပြင်ဆင်နေချိန် လေကြောင်းတိုက်ခိုက်ခံရတာလို့ NUG ထုတ်ပြန်

  • 2025 ခုနှစ်၊ မေလ 13 ရက်
  • 74 Views
မေလ (၁၃)ရက်။ မနေ့က နံနက် (၉)နာရီခွဲကျော်အချိန်က ဒီပဲယင်းမြို့ အိုးတိန်တွင်းရွာရှိ စာသင်ကျောင်းကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခံရတဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီး NUG က ဒီကနေ့မှာ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ လေကြောင်းတိုက်ခိုက်ခံရတဲ့ စာသင်ကျောင်းဟာ ကလေးတွေ အတန်းတင်စာမေးပွဲဖြေဆိုဖို့ ပြင်ဆင်နေချိန်ဖြစ်ပြီး
မြန်မာသတင်း

မန်တုံမြို့ကို စစ်ကောင်စီ လေကြောင်းဗုံးကြဲ၊ အရပ်သား (၁)ဦးသေဆုံးပြီး (၃)ဦးဒဏ်ရာရခဲ့

  • 2025 ခုနှစ်၊ မေလ 13 ရက်
  • 34 Views
မေလ (၁၃)ရက်။ ဒီကနေ့ နံနက် (၁)နာရီဝန်းကျင်က မန်တုံမြို့ အောင်ချမ်းသာရပ်ကွက်ကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ TNLA ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ည(၁၂)နာရီ (၄၅)မိနစ်အချိန်မှာ မန်တုံမြို့ အောင်ချမ်းသာရပ်ကွက်ကို စစ်ကောင်စီတပ်က
မြန်မာသတင်း

ဂန့်ဂေါမြို့မှာ စစ်ကောင်စီစစ်ကြောင်းက ကလေးငယ်တွေအပါအဝင် အရပ်သား (၁၁)ဦးကို သတ်ဖြတ်ခဲ့

  • 2025 ခုနှစ်၊ မေလ 12 ရက်
  • 32 Views
မေလ (၁၂)ရက်။ ဒီကနေ့ နံနက် (၁)နာရီခန့်က ဂန့်ဂေါမြို့တောင်ပိုင်း လယ်မကျေးရွာကို ခလရ(၅၀)နဲ့ အမြောက်တပ်က အင်အား (၁၀၀)ခန့်ရှိ စစ်ကောင်စီပူးပေါင်းစစ်ကြောင်းက ပစ်ခတ်ဝင်ရောက်ခဲ့တယ်လို့ ဒေသထဲသတင်းတွေထံက သိရပါတယ်။ “ ခလရ(၅၀)နဲ့ အမြောက်တပ်က စခတွေပေါင်းပြီး အင်အား