နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ စက်တင်ဘာလ 17 ရက်

မြန်မာသတင်း

မြန်မာသတင်း

CDF-Kanpetlet ၏ လက်နက်ခဲယမ်းရှာဖွေရေးတာဝန်ခံ ကိုနေလင်းအောင် ခေါ် ကိုထုန်ကွီး ကျဆုံးခြင်းအတွက် ခေတ်မျက်လုံးသတင်းဌာန၏ ဝမ်းနည်းကြောင်း သဝဏ်လွှာ

+++++++++++++++++++++++++++++++++++++++++++++++++++++

ကိုဇောင်းလေးဟု လူသိများကြသည့် ကိုနေလင်းအောင်၊ ချင်းအမည် ကိုထုန်ကွီးသည် တော်လှန်ရေးတာဝန်များ ထမ်းဆောင်နေစဉ် ယာဉ်မတော်တဆမှု ဖြစ်ပွားမှုကြောင့် ရုတ်တရက် သေဆုံးသွားရခြင်းအတွက် မိသားစုနှင့် ထပ်တူကြေကွဲဝမ်းနည်းရပါသည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်‌နေ့ မြန်မာနိုင်ငံတွင် စစ်အုပ်စုက အရပ်သားအစိုးရကို မတရားအာဏာသိမ်းမှု ဖြစ်ပွားခဲ့ပြီးနောက် ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်မှ ကိုဇောင်းလေးသည် ပြည်သူများကို မကြောက်မရွံ့ စည်းရုံး၍ ဆန္ဒပြမှုနှင့် Civil Disobedience Movement (CDM) လှုပ်ရှားမှု တို့ကို ဦးဆောင်လှုပ်ရှားခဲ့ပါသည်။

ထို့အပြင် ကိုနေလင်းအောင်သည် ချင်းကာကွယ်‌ရေးတပ် – ကန်ပက်လက် (CDF-Kanpetlet) တည်ထောင်ရန် ကနဦး မဟာမိတ်ကာကွယ်ရေးအစည်းအဝေးများတွင် ဦးဆောင်ဆွေးနွေးခဲ့သူ ဖြစ်ပါသည်။

သို့သော် ကို‌နေလင်းအောင်သည် စစ်ကောင်စီမှ ပစ်မှတ်ထားခံရသည့်အပြင် ၎င်း၏မိသားစုကိုလည်း အသက်အန္တရာယ်ခြိမ်းခြောက်ခံရမှုများကြောင့် ကန်ပက်လက်လှုပ်ရှားမှု၏ ဦးဆောင်ကဏ္ဍကို သူ၏ ရဲဘော်များထံ အပ်နှံခဲ့ပြီး ချင်းကာကွယ်ရေးတပ်ဖွဲ့ – ကန်ပက်လက် (CDF-Kanpetlet) အား သာမန်ပြည်သူတဦးအနေဖြင့် ထောက်ခံအားပေးခဲ့ပါသည်။

သို့သော်လည်း ကိုနေလင်းအောင်သည် သူ၏ ရဲဘော်ရဲဘက်များအတွက် အရေးကြီးသော အသုံးအဆောင်ပစ္စည်းများ ဖြစ်သည့် စားနပ်ရိက္ခာများ၊ ဆေးဝါး‌ပစ္စည်းများ၊ အဝတ်အထည်များ၊ ကာကွယ်ရေးသုံး ကုန်ကြမ်းပစ္စည်းများကို အပင်ပန်းခံ ဝယ်ယူစုဆောင်းပေးခဲ့ပါသည်။

ယင်းနောက် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် ကန်ပက်လက် ကာကွယ်ရေးအဖွဲ့၏ အစည်းအဝေး ဆုံးဖြတ်ချက်အရ ချင်းကာကွယ်ရေးတပ်ဖွဲ့ – ကန်ပက်လက် (CDF-Kanpetlet) အနေဖြင့် ကိုနေလင်းအောင်အား ပြန်လည်ဖိတ်ခေါ် ပြီး လက်နက်ရှာဖွေရေးတာဝန်ခံအဖြစ် ယုံကြည်စိတ်ချစွာ တာဝန်ပေးအပ်ခဲ့ပါသည်။

ကိုနေလင်းအောင်သည် မဟာမိတ်ခေါင်းဆောင်များနှင့် တွေ့စုံကာ ခဲယမ်းမီးကျောက်များ ရရှိရေးအတွက် ဆွေးနွေးမှုများကို ညှိနှိုင်းလုပ်ဆောင်ခဲ့ပြီး စွမ်းရည်ပြည့်စုံသူတဦးအဖြစ် တော်လှန်ရေးတွင် ပြန်လည်လှုပ်ရှား ခဲ့ပါသည်။

ခေတ်မျက်လုံးသတင်းဌာန မတည်ထောင်ခင်ကပင် ၂၀၂၁ ခုနှစ်၊ ၅ လပိုင်းကတည်းက ခေတ်မျက်လုံးအယ်ဒီတာအဖွဲ့နှင့် ရင်းနှီးခင်မင်ခဲ့ရသူ ဖြစ်ပါသည်။

ခေတ်မျက်လုံးသတင်းဌာနတည်ထောင်ပြီးနောက် ချင်းပြည်နယ် အထူးသဖြင့် ကန်ပက်လက်နယ်မြေသတင်းများကို CJ တဦးအနေနှင့် ပေးပို့လာခဲ့ပါသည်။ သူ မသေဆုံးခင် ၄ ရက်အလို မတ်လ (၉) ရက်နေ့တွင် ချင်းပြည်နယ်အတွင်း AA ကို ခေါ်ယူမှုနှင့် ပတ်သက်ပြီး ကန်ပက်လက်နယ်မြေများအတွင်း ကွဲလွဲမှုများ အပေါ် များစွာ စိတ်မကောင်းဖြစ်ရကြောင်းနှင့် ကန်ပက်လက်နယ်မြေမှ ချင်းလူမျိုး အများစုမှာ ယင်းသို့ မဟုတ်ကြောင်းနှင့် ကန်ပက်လက် ပြည်သူ့အုပ်ချုပ်ရေးမှ ထုတ်ပြန်ချက်ကို သူ၏ အသံဖိုင်နှင့်အတူ ခေတ်မျက်လုံးသတင်းဌာနအတွက် ပေးပို့လာပါသည်။ ၎င်းက သူ၏ နောက်ဆုံး Message ဖြစ်ပြီး သူ၏ တယ်လီဂရမ်အကောင်လည်း မည်သည့်အခါမှ မီးမစိမ်းတော့မည်ကို သိရှိနေရသော်လည်း ကိုဇောင်းလေး၏ တယ်လီဂရမ်အကောင်ကို ဝင်ရောက်ကြည့်ရှုနေမိပြီး သတိရမိပါသည်။

လက်ရှိတိုက်ပွဲဖြစ်ပွားနေသည့် ကျင်ဒွေးသတင်းနှင့် ပတ်သက်ပြီး သတင်းများ၊ ဖြစ်စဉ်များ၊ ဓာတ်ပုံများကို ပေးပို့လာသော်လည်း စစ်ရေးအရ မဖော်ပြပေးစေလိုသေးကြောင်း ပြောဆိုထားသည့်အတွက် ခေတ်မျက်လုံးသတင်းဌာနအနေနှင့် ကျင်ဒွေးကို အောင်မြင်စွာသိမ်းပိုက်နိုင်သည့်တနေ့ ထုတ်ပြန်မည်ဟု ရည်ရွယ်ထားပါသည်။

ကျင်ဒွေးစစ်ဆင်ရေးအတွက် တာဝန်ထမ်းဆောင်နေစဉ်ကာလအတွင်း – ၂၀၂၄ ခုနှစ် မတ်လ ၁၃ ရက်နေ့တွင် ကိုနေလင်းအောင်သည် ယောဒေသနှင့် ချင်းပြည်နယ်အကြား လမ်းခရီးတွင် ယာဉ်မတော်တဆမှု ဖြစ်ပွားပြီး မြင့်မြတ်စွာ ကျဆုံးသွားခဲ့ပါသည်။

ကိုဇောင်းလေးသည် ချင်းပြည် ကန်ပက်လက်ဒေသ၊ မိမိလူမျိုး၏ ကောင်းကျိုးများကို ဦးစားပေးဆောင်ရွက်ခဲ့ကာ အာဏာနှင့် လုပ်ပိုင်ခွင့်များကိုစွန့်လွှတ်ခဲ့သူ ဖြစ်ပါသည်။

ကိုဇောင်းလေး၏ ကိုယ့်ကျိုးစွန့်တတ်သောစိတ်ဓာတ်နှင့် ရိုးသား မြင့်မြတ်သောစိတ်ထားတို့ကို ခေတ်မျက်လုံးသတင်းဌာနက အစဉ်အမြဲ အောက်မေ့နေမည် ဖြစ်ပါသည်။

မြန်မာနိုင်ငံတနိုင်ငံလုံး စစ်အာဏာရှင်လက်အောက်မှ လွတ်မြောက်ရေးကို ကိုယ်ကျိုးစွန့် ကြိုးစားခဲ့သည့် ကိုဇောင်းလေးအား ဂုဏ်ပြုမှတ်တမ်းတင်ပါသည်။

ခေတ်မျက်လုံးအယ်ဒီတာအဖွဲ့

rpt

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ရွှေမှော်ကပြန်လာတဲ့ ပြည်သူ (၇)ဦးကို စစ်တပ်နဲ့ ပျူစောထီးတွေက ဖမ်းဆီးရိုက်နှက်ပြီး မီးရှို့သတ်ဖြတ်

  • 2025 ခုနှစ်၊ စက်တင်ဘာလ 16 ရက်
  • 42 Views
စက်တင်ဘာလ (၁၆)ရက်။ စက်တင်ဘာလ (၁၂)ရက်နေ့ ညနေပိုင်းက ကန့်ဘလူမြို့မှာ ရွှေမှော်ကနေ ပြန်လာတဲ့ ပြည်သူ (၇)ဦးကို စစ်တပ်နဲ့ ပျူစောထီးတွေက
မြန်မာသတင်း

အွန်လိုင်းကနေ ထိုင်းထီနဲ့ ကုန်ပစ္စည်းတွေ ရောင်းချသူတွေကို ဖမ်းဆီးခဲ့တယ်ဆိုပြီး စစ်တပ်ထုတ်ပြန်

  • 2025 ခုနှစ်၊ စက်တင်ဘာလ 16 ရက်
  • 33 Views
စက်တင်ဘာလ (၁၆)ရက်။ အွန်လိုင်းကနေ ထိုင်းထီနဲ့ ကုန်ပစ္စည်းတွေ ရောင်းချတဲ့ အမျိုးသမီး (၁)ဦးနဲ့ အမျိုးသား (၂)ဦးကို ဖမ်းဆီးခဲ့တယ်ဆိုပြီး စစ်တပ်ရဲ့
မြန်မာသတင်း

ရန်ကုန်မြို့လယ်ရှိ မြို့တော်ခန်းမှာ ဗုံးပေါက်ကွဲမှုဖြစ်ပွား

  • 2025 ခုနှစ်၊ စက်တင်ဘာလ 16 ရက်
  • 31 Views
စက်တင်ဘာလ (၁၆)ရက်။ ဒီကနေ့ နံနက် (၆)နာရီ (၅၀)မိနစ်အချိန်က ရန်ကုန် ကျောက်တံတားမြို့ရှိ မြို့တော်ခန်းမမှာ ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့ မြို့ခံတွေရဲ့ ပြောဆိုတာတွေအရ သိရပါတယ်။ “ ဟုတ်တယ်၊ မနက် (၆)ခွဲကျော်လောက် ဆူးလေဘုရားလမ်းဘက်ခြမ်းက မြို့တော်ခန်းမဘက်မှာ ဗုံးကွဲတာ။
မြန်မာသတင်း

TNLA ထိန်းချုပ်ထားတဲ့ မိုးကုတ်မြို့ကို စစ်တပ်က လေကြောင်းကနေ ပေါင်(၂၅၀)ဗုံး(၂)လုံး ကြဲချတိုက်ခိုက်

  • 2025 ခုနှစ်၊ စက်တင်ဘာလ 16 ရက်
  • 46 Views
စက်တင်ဘာလ (၁၆)ရက်။ ဒီကနေ့ နံနက် (၇)နာရီကျော်အချိန်က မိုးကုတ်မြို့အရှေ့ပိုင်း အုန်းကိုင်းရပ်ကွက်ကို စစ်တပ်က လေကြောင်းကနေ ပေါင် (၂၅၀)ဗုံး (၂)လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ TNLA ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မိုးကုတ်အရှေ့ပိုင်း အုန်းကိုင်းရပ်ကွက်ကို
မြန်မာသတင်း

စစ်အုပ်စုရဲ့ ရွေးကောက်ပွဲကို ထောက်ခံတာက မြန်မာပြည်သူတွေ သတ်ဖြတ်ခံရတာကို မျက်ကွယ်ပြုတာလို့ NUG ပြော

  • 2025 ခုနှစ်၊ စက်တင်ဘာလ 15 ရက်
  • 99 Views
စက်တင်ဘာလ (၁၅)ရက်။ စစ်အုပ်စုရဲ့ အတုအယောင် ရွေးကောက်ပွဲကို ထောက်ခံတဲ့လုပ်ရပ်တိုင်းက မြန်မာပြည်သူတွေ သတ်ဖြတ်ခံရတာကို မျက်ကွယ်ပြုတာလို့ NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ဒီကနေ့မှာပြုလုပ်တဲ့ နိုင်ငံတကာဒီမိုကရေစီနေ့မှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ စစ်အုပ်စုရဲ့ အတုအယောင် ရွေးကောက်ပွဲကို
မြန်မာသတင်း

ရန်ကုန် မြောက်ဒဂုံမြို့ရှိ ထွေအုပ်ရုံးနဲ့ ယာဉ်ထိန်းရဲရုံး လက်ပစ်ဗုံးတွေနဲ့ ပစ်ခတ်ခံရ

  • 2025 ခုနှစ်၊ စက်တင်ဘာလ 15 ရက်
  • 88 Views
စက်တင်ဘာလ (၁၅)ရက်။ ဒီကနေ့ နံနက်အစောပိုင်း (၁)နာရီခွဲဝန်းကျင်ခန့်က မြောက်ဒဂုံမြို့နယ်ရှိ ထွေအုပ်ရုံးနဲ့ အမှတ်(၆)ယာဉ်ထိန်းရဲတပ်ဖွဲ့ရုံးတို့ကို လက်ပစ်ဗုံးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ Operation Flame(OF)ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ “ မြောက်ဒဂုံက စစ်တပ်ရဲ့ အတုအယောင်ရွေးကောက်ပွဲကို ဦးစီးဦးဆောင်ပြုလုပ်နေတဲ့ ထွေအုပ်ရုံးနဲ့
မြန်မာသတင်း

မြိုင်မြိုနယ်ထဲ ဝင်/ထွက်သွားလာတာတွေကို စိစစ်ကြပ်မတ်ဖို့ မြို့နယ်ပကဖ ညွှန်ကြားထား

  • 2025 ခုနှစ်၊ စက်တင်ဘာလ 15 ရက်
  • 82 Views
တော်လှန်ရေးကို ခုတုံးလုပ်ပြီး အလွဲသုံးစားပြုလုပ်ရင် ထိရောက်စွာအရေးယူမယ်လို့ဆို စက်တင်ဘာလ (၁၅)ရက်။ မြိုင်မြို့နယ်ထဲ လူစိမ်းနဲ့ သင်္ကာမကင်းတဲ့ ဝင်/ထွက်သွားလာတာတွေကို ကျေးရွာတ‌ရွာချင်းစီ စိစစ်ကြပ်မတ်သွားဖို့ မြို့နယ်ပကဖ ဒီကနေ့ရက်စွဲနဲ့ ညွှန်ကြားထားတယ်လို့ သိရပါတယ်။ တော်လှန်ရေးအစက လူစိမ်းတွေ ဝင်/ထွက်သွားလာတာကို တိတိကျကျ
မြန်မာသတင်း

ပါတီဝင်တွေအနေနဲ့ စစ်ကောင်စီရွေးကောက်ပွဲမှာ ဝင်ပြိုင်ရင် အရေးယူမယ်လို့ NLD ထုတ်ပြန်

  • 2025 ခုနှစ်၊ စက်တင်ဘာလ 15 ရက်
  • 78 Views
စက်တင်ဘာလ (၁၅)ရက်။ ပါတီဝင်တွေအနေနဲ့ စစ်ကောင်စီရဲ့ အတုအယောင်ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ရင် ထိရောက်စွာ အရေးယူမယ်လို့ NLD က မနေ့က သတိပေးထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ ၂၀၂၀ရွေးကောက်ပွဲမှာ တနိုင်ငံလုံး ဆန္ဒမဲပေးတာ (၇၁)ရာခိုင်နှုန်းကျော်ခဲ့ပြီး NLD ပါတီက မဲဆန္ဒနယ်အားလုံးရဲ့