နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 22 ရက်

မြန်မာသတင်း

မြန်မာသတင်း

CDF-Kanpetlet ၏ လက်နက်ခဲယမ်းရှာဖွေရေးတာဝန်ခံ ကိုနေလင်းအောင် ခေါ် ကိုထုန်ကွီး ကျဆုံးခြင်းအတွက် ခေတ်မျက်လုံးသတင်းဌာန၏ ဝမ်းနည်းကြောင်း သဝဏ်လွှာ

+++++++++++++++++++++++++++++++++++++++++++++++++++++

ကိုဇောင်းလေးဟု လူသိများကြသည့် ကိုနေလင်းအောင်၊ ချင်းအမည် ကိုထုန်ကွီးသည် တော်လှန်ရေးတာဝန်များ ထမ်းဆောင်နေစဉ် ယာဉ်မတော်တဆမှု ဖြစ်ပွားမှုကြောင့် ရုတ်တရက် သေဆုံးသွားရခြင်းအတွက် မိသားစုနှင့် ထပ်တူကြေကွဲဝမ်းနည်းရပါသည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်‌နေ့ မြန်မာနိုင်ငံတွင် စစ်အုပ်စုက အရပ်သားအစိုးရကို မတရားအာဏာသိမ်းမှု ဖြစ်ပွားခဲ့ပြီးနောက် ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်မှ ကိုဇောင်းလေးသည် ပြည်သူများကို မကြောက်မရွံ့ စည်းရုံး၍ ဆန္ဒပြမှုနှင့် Civil Disobedience Movement (CDM) လှုပ်ရှားမှု တို့ကို ဦးဆောင်လှုပ်ရှားခဲ့ပါသည်။

ထို့အပြင် ကိုနေလင်းအောင်သည် ချင်းကာကွယ်‌ရေးတပ် – ကန်ပက်လက် (CDF-Kanpetlet) တည်ထောင်ရန် ကနဦး မဟာမိတ်ကာကွယ်ရေးအစည်းအဝေးများတွင် ဦးဆောင်ဆွေးနွေးခဲ့သူ ဖြစ်ပါသည်။

သို့သော် ကို‌နေလင်းအောင်သည် စစ်ကောင်စီမှ ပစ်မှတ်ထားခံရသည့်အပြင် ၎င်း၏မိသားစုကိုလည်း အသက်အန္တရာယ်ခြိမ်းခြောက်ခံရမှုများကြောင့် ကန်ပက်လက်လှုပ်ရှားမှု၏ ဦးဆောင်ကဏ္ဍကို သူ၏ ရဲဘော်များထံ အပ်နှံခဲ့ပြီး ချင်းကာကွယ်ရေးတပ်ဖွဲ့ – ကန်ပက်လက် (CDF-Kanpetlet) အား သာမန်ပြည်သူတဦးအနေဖြင့် ထောက်ခံအားပေးခဲ့ပါသည်။

သို့သော်လည်း ကိုနေလင်းအောင်သည် သူ၏ ရဲဘော်ရဲဘက်များအတွက် အရေးကြီးသော အသုံးအဆောင်ပစ္စည်းများ ဖြစ်သည့် စားနပ်ရိက္ခာများ၊ ဆေးဝါး‌ပစ္စည်းများ၊ အဝတ်အထည်များ၊ ကာကွယ်ရေးသုံး ကုန်ကြမ်းပစ္စည်းများကို အပင်ပန်းခံ ဝယ်ယူစုဆောင်းပေးခဲ့ပါသည်။

ယင်းနောက် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် ကန်ပက်လက် ကာကွယ်ရေးအဖွဲ့၏ အစည်းအဝေး ဆုံးဖြတ်ချက်အရ ချင်းကာကွယ်ရေးတပ်ဖွဲ့ – ကန်ပက်လက် (CDF-Kanpetlet) အနေဖြင့် ကိုနေလင်းအောင်အား ပြန်လည်ဖိတ်ခေါ် ပြီး လက်နက်ရှာဖွေရေးတာဝန်ခံအဖြစ် ယုံကြည်စိတ်ချစွာ တာဝန်ပေးအပ်ခဲ့ပါသည်။

ကိုနေလင်းအောင်သည် မဟာမိတ်ခေါင်းဆောင်များနှင့် တွေ့စုံကာ ခဲယမ်းမီးကျောက်များ ရရှိရေးအတွက် ဆွေးနွေးမှုများကို ညှိနှိုင်းလုပ်ဆောင်ခဲ့ပြီး စွမ်းရည်ပြည့်စုံသူတဦးအဖြစ် တော်လှန်ရေးတွင် ပြန်လည်လှုပ်ရှား ခဲ့ပါသည်။

ခေတ်မျက်လုံးသတင်းဌာန မတည်ထောင်ခင်ကပင် ၂၀၂၁ ခုနှစ်၊ ၅ လပိုင်းကတည်းက ခေတ်မျက်လုံးအယ်ဒီတာအဖွဲ့နှင့် ရင်းနှီးခင်မင်ခဲ့ရသူ ဖြစ်ပါသည်။

ခေတ်မျက်လုံးသတင်းဌာနတည်ထောင်ပြီးနောက် ချင်းပြည်နယ် အထူးသဖြင့် ကန်ပက်လက်နယ်မြေသတင်းများကို CJ တဦးအနေနှင့် ပေးပို့လာခဲ့ပါသည်။ သူ မသေဆုံးခင် ၄ ရက်အလို မတ်လ (၉) ရက်နေ့တွင် ချင်းပြည်နယ်အတွင်း AA ကို ခေါ်ယူမှုနှင့် ပတ်သက်ပြီး ကန်ပက်လက်နယ်မြေများအတွင်း ကွဲလွဲမှုများ အပေါ် များစွာ စိတ်မကောင်းဖြစ်ရကြောင်းနှင့် ကန်ပက်လက်နယ်မြေမှ ချင်းလူမျိုး အများစုမှာ ယင်းသို့ မဟုတ်ကြောင်းနှင့် ကန်ပက်လက် ပြည်သူ့အုပ်ချုပ်ရေးမှ ထုတ်ပြန်ချက်ကို သူ၏ အသံဖိုင်နှင့်အတူ ခေတ်မျက်လုံးသတင်းဌာနအတွက် ပေးပို့လာပါသည်။ ၎င်းက သူ၏ နောက်ဆုံး Message ဖြစ်ပြီး သူ၏ တယ်လီဂရမ်အကောင်လည်း မည်သည့်အခါမှ မီးမစိမ်းတော့မည်ကို သိရှိနေရသော်လည်း ကိုဇောင်းလေး၏ တယ်လီဂရမ်အကောင်ကို ဝင်ရောက်ကြည့်ရှုနေမိပြီး သတိရမိပါသည်။

လက်ရှိတိုက်ပွဲဖြစ်ပွားနေသည့် ကျင်ဒွေးသတင်းနှင့် ပတ်သက်ပြီး သတင်းများ၊ ဖြစ်စဉ်များ၊ ဓာတ်ပုံများကို ပေးပို့လာသော်လည်း စစ်ရေးအရ မဖော်ပြပေးစေလိုသေးကြောင်း ပြောဆိုထားသည့်အတွက် ခေတ်မျက်လုံးသတင်းဌာနအနေနှင့် ကျင်ဒွေးကို အောင်မြင်စွာသိမ်းပိုက်နိုင်သည့်တနေ့ ထုတ်ပြန်မည်ဟု ရည်ရွယ်ထားပါသည်။

ကျင်ဒွေးစစ်ဆင်ရေးအတွက် တာဝန်ထမ်းဆောင်နေစဉ်ကာလအတွင်း – ၂၀၂၄ ခုနှစ် မတ်လ ၁၃ ရက်နေ့တွင် ကိုနေလင်းအောင်သည် ယောဒေသနှင့် ချင်းပြည်နယ်အကြား လမ်းခရီးတွင် ယာဉ်မတော်တဆမှု ဖြစ်ပွားပြီး မြင့်မြတ်စွာ ကျဆုံးသွားခဲ့ပါသည်။

ကိုဇောင်းလေးသည် ချင်းပြည် ကန်ပက်လက်ဒေသ၊ မိမိလူမျိုး၏ ကောင်းကျိုးများကို ဦးစားပေးဆောင်ရွက်ခဲ့ကာ အာဏာနှင့် လုပ်ပိုင်ခွင့်များကိုစွန့်လွှတ်ခဲ့သူ ဖြစ်ပါသည်။

ကိုဇောင်းလေး၏ ကိုယ့်ကျိုးစွန့်တတ်သောစိတ်ဓာတ်နှင့် ရိုးသား မြင့်မြတ်သောစိတ်ထားတို့ကို ခေတ်မျက်လုံးသတင်းဌာနက အစဉ်အမြဲ အောက်မေ့နေမည် ဖြစ်ပါသည်။

မြန်မာနိုင်ငံတနိုင်ငံလုံး စစ်အာဏာရှင်လက်အောက်မှ လွတ်မြောက်ရေးကို ကိုယ်ကျိုးစွန့် ကြိုးစားခဲ့သည့် ကိုဇောင်းလေးအား ဂုဏ်ပြုမှတ်တမ်းတင်ပါသည်။

ခေတ်မျက်လုံးအယ်ဒီတာအဖွဲ့

rpt

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးလို့ စစ်အုပ်စုပြော

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 135 Views
ဇွန်လ (၃၀)ရက်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးဆိုပြီး ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ စစ်အုပ်စုရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်က
မြန်မာသတင်း

ငါတို့တကယ်ရင်ဆိုင်နေရတဲ့ အခက်အခဲ

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 118 Views
Burma Issue: The Crisis We Are Truly Facing ငါတို့တကယ်တွေ့နေရတဲ့ အကြပ်အတည်း ရှေ့နေဦးကြီးမြင့်ရဲ့စာတမ်းတိုလေးကိုသဘောထားကြိုက်ညီတဲ့အတွက် သူအတွေ့အကြုံအရ
မြန်မာသတင်း

ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 107 Views
ဇွန်လ (၃၀)ရက်။ စစ်တပ်လေကြောင်းအင်အားကို ဟန့်တားနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ PDF နဲ့ ပကဖတပ်ဖွဲ့တွေအနေနဲ့ စစ်တပ်လေကြောင်းကို ဟန့်တားနိုင်ဖို့နဲ့ ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ အဆက်မပြတ် ကြိုးပမ်းနေတယ်လို့
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေအပေါ် NUCC နဲ့ NUG ဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 101 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၈)ရက်နေ့က တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေနဲ့ပတ်သက်ပြီး NUCC နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို (၃)နာရီကြာ ပြုလုပ်ခဲ့ပြီး NUCC ကောင်စီဝင်တွေနဲ့ MOD ဝန်ကြီးနဲ့
မြန်မာသတင်း

မင်းအောင်လှိုင် လာအိုနိုင်ငံကို သွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 81 Views
ဇွန်လ (၃၀)ရက်။ လာမယ့်ရက်ပိုင်းထဲ စစ်ခေါင်းဆောင် ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ လာအိုနိုင်ငံကို သွားဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ သူ့မိန်းမ ကြူကြူလှနဲ့အတူ လာအိုနိုင်ငံကို ဇွန်လ (၃)ရက်ကနေ (၅)ရက်အထိ သွားဖို့ရှိတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

မုံရွာပလဖစခန်းကို NUG တပ်ရင်းတွေ စီးနင်းပစ်ခတ်ခံရပြီး ပလဖတာဝန်ခံ အာကူးကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 99 Views
ဇွန်လ (၃၀)ရက်။ မနေ့က ညပိုင်းအချိန်က မုံရွာမြိုပလဖစခန်းကို NUG တပ်ရင်းတွေ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “မုံရွာပလဖစခန်းကို NUG က တပ်ရင်း (၅)ရင်းနဲ့ ဝင်စီးတာ။ အဲ့ဒီမှာ ပစ်ခတ်တာတွေဖြစ်ပြီး ပလဖတာဝန်ခံ အာကူး
မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 87 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲထဲ စစ်ကောင်စီတပ်ဆီကနေ လက်နက်ခဲယမ်းအချိုနဲ့ စစ်သုံပန်း
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 77 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ သက်ရှိထင်ရှား ရှိနေသေးတာကို အခိုင်အမာ သက်သေပြဖို စစ်အုပ်စုကို