နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 28 ရက်

မြန်မာသတင်း

မြန်မာသတင်း

ကျင်ဒွေးမြို့သိမ်းတိုက်ပွဲ ရုပ်သံမှတ်တမ်း YDF ထုတ်ပြန်

ကျင်ဒွေးမြို့သိမ်းတိုက်ပွဲ ရုပ်သံမှတ်တမ်း YDF ထုတ်ပြန်

မေလ (၄) ရက်။

ချင်းညီနောင်စစ်ဆင်ရေးနဲ့ တိုက်ခိုက်သိမ်းယူနိုင်ခဲ့တဲ့ ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ် ကျင်ဒွေးမြို့သိမ်းတိုက်ပွဲ မှတ်တမ်းကို ယောကာကွယ်ရေးတပ် (YDF) က မနေ့က မေလ (၃) ရက်နေ့က ထုတ်ပြန်လာပါတယ်။

ကျင်ဒွေးမြို့သိမ်းတိုက်ပွဲမှာ YDF ရဲဘော်တွေ ရဲရဲဝံ့ဝံ့ ပူးပေါင်းပါဝင်တိုက်ပွဲဝင်ခဲ့တယ်လို့ YDF က အသိပေးထုတ်ပြန်ပါတယ်။

ကျင်ဒွေးမြို့ ကို သိမ်းပိုက်ရန် ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၂၂) ရက်နေ့ကစတင်ပြီး CDF-Kanpetlet နဲ့ မဟာမိတ်အဖွဲ့တွေက ၂ လ‌ကျော် ကျင်ဒွေးမြို့ကို ပိတ်ဆို့တိုက်ခိုက်ခဲ့ပေမယ့် မသိမ်းပိုက်နိုင်ခဲ့ပါဘူး။ ချင်းတော်လှန်ရေးတပ်ဖွဲ့အင်အား ရာကျော်နဲ့ ပိတ်ဆို့ခဲ့ရတဲ့အတွက် စစ်အသုံးရိတ်က အလွန်မြင့်မားခဲ့ရတယ်လို့ CDF-Kanpetlet ရဲ့ မြေပြင်ထောက်ပို့တဦးက ပြောပါတယ်။ ပထမပိုင်းမှာ CDF-Kanpetlet ဟာ ချင်းတော်လှန်ရေးအင်အားစုနဲ့ပဲ တိုက်ခိုက်ဖို့ ဆုံးဖြတ်ချက်ချခဲ့တယ်လို့ ပြောပါတယ်။ ချင်းတော်လှန်ရေးအင်အားထဲမှာလည်း ရခိုင်တပ်တော် AA ကို စစ်ကူခေါ်လိုတဲ့အဖွဲ့နဲ့ စစ်ကူမခေါ်လိုတဲ့အဖွဲ့ ကွဲခဲ့ရပြီး အပြန်အလှန် စာထုတ်ခဲ့ကြပါတယ်။

၂၀၂၄ ခုနှစ်၊ မတ်လ (၇) ရက်နေ့မှာ ချင်းညီနောင်အဖွဲ့က ဦးဆောင်ပြီး ချင်းညီနောင်စစ်ဆင်ရေးအဖြစ် တိုက်ခိုက်တဲ့အခါ ရခိုင်တပ်တော် AA နဲ့အတူ AA မှာ စစ်ပညာသင်ယူထားတဲ့ ယောကာကွယ်ရေးတပ် YDF အပြင် AA မှာ စစ်ပညာနဲ့ တိုက်ခိုက်ရေးကို သင်ယူနေတဲ့ GZ မျိုးဆက်တပ်တော် GZA၊ PDF နဲ့ LPDF ပူးပေါင်းတပ်ဖွဲ့တွေ ပူးပေါင်းလာခဲ့ပါတယ်။ LPDF ပူးပေါင်းတပ်ဖွဲ့မှာ စစ်ကိုင်းက BNRA လည်း ပါဝင်တိုက်ခိုက်ခဲ့ပြီး BNRA က ရဲဘော်တစ်ဦး ကျဆုံးခဲ့ရပါတယ်။

ပူးပေါင်းမဟာမိတ်အဖွဲ့နဲ့ ကျင်ဒွေးမြို့ကို ထပ်မံတိုက်ခိုက်ခဲ့ရာ ၂ လခန့်အကြာ ဧပြီလ (၂၉) ရက်နေ့မှာ ကျင်ဒွေးမြို့ စစ်ကောင်စီတပ်စခန်းတစ်ခုလုံးကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။

ကျင်ဒွေးမြို့သိမ်းတိုက်ပွဲမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီအထိ CDF-Kanpetlet နဲ့ ချင်းမဟာမိတ်အဖွဲ့က ရဲဘော် အနည်းဆုံး ၁၂ ဦးကျဆုံးခဲ့ရတယ်လို့ သိရှိထားရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

သံတောင်ကြီးမြို့ရှိ စစ်ကောင်စီတပ်စခန်း ၇၉မမနဲ့ ပစ်ခတ်ခံရပြီး (၁၀)ဦးထက်မနည်း ဒဏ်ရာရခဲ့

  • 2026 ခုနှစ်၊ ဧပြီလ 27 ရက်
  • 17 Views
ဧပြီလ (၂၇)ရက်။ သံတောင်ကြီးမြို့ရှိ စစ်ကောင်စီတပ်စခန်းကို ၇၉မမ အလုံး (၂၀)နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Operation Flame(OF)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

မင်းအောင်လှိုင်ဦးဆောင်မှုအောက် မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်မယ်ဆိုပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီးပြော

  • 2026 ခုနှစ်၊ ဧပြီလ 27 ရက်
  • 16 Views
ဧပြီလ (၂၇)ရက်။ မင်းအောင်လှိုင်ဦးဆောင်မှုအောက်မှာ မြန်မာနိုင်ငံ ရေရှည်ဖွံ့ဖြိးတိုးတက်မယ်ဆိုပြီး နေပြည်တော်ရောက် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ပြောဆိုခဲ့တယ်လို့ စစ်တပ်ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မြန်မာသတင်း

ဘုတ်ပြင်းမြို့မှာ စစ်ကောင်စီတပ်သားတဦး PDF ဆီ လက်နက်ခဲယမ်းတွေနဲ့ အလင်းဝင်

  • 2026 ခုနှစ်၊ ဧပြီလ 27 ရက်
  • 17 Views
ဧပြီလ (၂၇)ရက်။ ဧပြီလ (၂၂)ရက်နေ့က ‌ဘုတ်ပြင်းမြို့မှာ စစ်ကောင်စီတပ်သားတဦး အလင်းဝင်လာတယ်လို့ ကော့သောင်းခရိုင်အမှတ်(၁)တပ်ရင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်သားဟာ ဘုတ်ပြင်းမြို့အခြေစိုက် ခလရ(၂၂၄)တပ်ရင်းက အသက် (၃၃)နှစ်အရွယ် ပေါက်ကြီးဆိုသူဖြစ်တယ်လို့ ဆိုပါတယ်။ သူဟာ
မြန်မာသတင်း

မင်းအောင်လှိုင်ရဲ့ လူမှုထူးချွန်ဆု(တတိယအဆင့်)ချီးမြှင့်ခံရတဲ့ အုပ်ချုပ်ရေးမှူး ပစ်ခတ်ရှင်းလင်းခံရ

  • 2026 ခုနှစ်၊ ဧပြီလ 27 ရက်
  • 18 Views
ဧပြီလ (၂၇)ရက်။ ဧပြီလ (၁၈)ရက်နေ့ နေ့လယ် (၁၂)နာရီအချိန်က ပေါင်းတလည်မြို့ ဒွကျေးရွာအနီးမှာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတဦးကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ပြည်ခရိုင်တပ်ရင်း(၂)ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ပစ်ခတ်ရှင်းလင်းခံရသူဟာ ပြည်မြို့၊ ဝက်ထီးကန်နယ်မြေ အင်းဝင်းအုပ်စုရဲ့ အုပ်ချုပ်ရေးမှူး
မြန်မာသတင်း

နယ်မြေဆုံးရှုံးတာတွေနဲ့ တပ်ထဲဖိအားတွေကြောင့် နတခတိုင်းမှူး ဗိုလ်ချုပ် စိုးကျော်ထက် တာဝန်ကနေ ဖယ်ရှားခံရ

  • 2026 ခုနှစ်၊ ဧပြီလ 27 ရက်
  • 19 Views
ဧပြီလ (၂၅)ရက်။ ဧရာဝတီတိုင်း ပုသိမ်အခြေစိုက် နတခတိုင်းမှူး ဗိုလ်ချုပ် စိုးကျော်ထက်ကို စစ်တပ်က တာဝန်ကနေ ဖယ်ရှားလိုက်တယ်လို့ တပ်ထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ ဧရာဝတီတိုင်းထဲ တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ ကျေးရွာ (၂၂၈)ရွာကို တနှစ်ကျော်ကြာတဲ့အထိ ပြန်လည်မသိမ်းပိုက်နိုင်တာကြောင့် အခုလို
မြန်မာသတင်း

“အတုအယောင်ငြိမ်းချမ်းရေးကမ်းလှမ်းချက်နဲ့

  • 2026 ခုနှစ်၊ ဧပြီလ 26 ရက်
  • 35 Views
နိုင်ငံရေးအကျဥ်းသားများလွတ်မြောက်ရေး” မင်းအောင်လှိုင်ကအတုအယောင်ငြိမ်းချမ်းရေးကမ်းလှမ်းတယ်လို့ ပြီးပြည်နယ်တွေ တိုင်းတွေကို ဗုံးတွေကြဲနေတယ်၊ နောက်သူသမတတက်လုပ်ပြီးတဲ့နောက် မတရား ဖမ်းဆီးထားတဲ့နိုင်ငံရေးအကျဥ်းသားတွေကို လွှတ်ပေးမယ်ပြောပြီး ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အများစုကိုလွှတ်မပေးဘူး။ ဒီလိုဘဲနျုူဂျီကလည်းသူတို့နဲ့သဘောထားမတူနဲ့တော်လှန်းရေးသမားတွေ သူတို့စီအိုစီ အောက်မဝင်တဲ့ အဖွဲ့အစည်းတွေကို တိုက်ထုတ်ပြီး ဘဝတူ တော်လှန်ရေးသမားတွေကို ဖမ်းထားပြီး၊
မြန်မာသတင်း

ဖလမ်းမြို့ကို စစ်တပ်က ပြန်လည်ထိန်းချုပ်နိုင်ခဲ့တယ်ဆိုပြီး စစ်လော်ဘီချန်နယ်တွေပြော

  • 2026 ခုနှစ်၊ ဧပြီလ 25 ရက်
  • 35 Views
ဧပြီလ (၂၅)ရက်။ ဒီကနေ့ နံနက်ပိုင်းအချိန်မှာ ချင်းပြည်နယ် ဖလမ်းမြို့ကို စစ်တပ်က ပြန်လည်ထိန်းချုပ်နိုင်ခဲ့တယ်ဆိုပြီး စစ်လော်ဘီချန်နယ်တွေက ပြောဆိုထားတယ်လို့ သိရပါတယ်။ ချင်းပူးပေါင်းတပ်တွေ သိမ်းပိုက်ထိန်းချုပ်ထားတဲ့ ဖလမ်းမြို့ကို စစ်တပ်က ပြီးခဲ့တဲ့နှစ် စက်တင်ဘာလကုန်ပိုင်းကစပြီး အင်အားအလွန်အကျွံသုံးကာ ထိုးစစ်ဆင်ခဲ့တာပါ။ ဖလမ်းမြို့ကို
မြန်မာသတင်း

ဘိုဒါးရွာထဲ (၂)နှစ်ကျော်ကြာ တပ်စွဲထားတဲ့ စစ်တပ်စခန်းကို KNLA ပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက်

  • 2026 ခုနှစ်၊ ဧပြီလ 25 ရက်
  • 34 Views
ဧပြီလ (၂၅)ရက်။ ဘိုဒါးရွာထဲ စစ်တပ်က တပ်စွဲထားတဲ့စခန်းကို ‌တော်လှန်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ KNU ရဲ့ ဒီကနေ့မှာ ပြောဆိုထားချက်အရ သိရပါတယ်။ ဘိုဒါးစခန်းဟာ လယ်ကဆောမြို့နယ်၊ ဘုတ်ပြင်းမြို့နဲ့ ပြည်ကြီးမဏ္ဍိုင်မြို့ကြား ပြည်ထောင်စုလမ်းမပေါ်ရှိ ဘိုဒါးရွာထဲမှာ စစ်တပ်က (၂)နှစ်ကျော်ကြာ