နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 28 ရက်

ဟားမတ်စ်-အစ္စရေးစစ်ပွဲ

ဟားမတ်စ်-အစ္စရေးစစ်ပွဲ အရှေ့အလယ်ပိုင်း

CNN ၂၀၂၄ခုနှစ် မေလ၇ရက်နေ့သတင်း။

အစ္စရေးဖိအားကြောင့်ပါလက်စတိုင်းစစ်ဘေးရှောင်များ ရာဖာမှထပ်မံပြောင်းရွေ့။

ပါလက်စတိုင်းအရပ်သားများအား အစ္စရေးစစ်တပ်မှ ရာဖာမြို့အရှေ့ပိုင်းသို့ ရွှေ့ပြောင်းရန် ညွှန်ကြားထားပြီးနောက် ဂါဇာကမ်းမြောင်ဒေသ၏ တောင်ဘက်စွန်းရှိ မြို့ကို လေကြောင်းတိုက်ခိုက်မှုများကြောင့် ၎င်းတို့၏ နေအိမ်များနှင့် နေထိုင်ရာ အမိုးအကာများမှ အတင်းအကြပ်ဖယ်ရှားခံရခြင်းအတွက် ပါလက်စတိုင်းအရပ်သားများတို့၏ ကြောက်ရွံ့မှုနှင့် စိတ်ပျက်အားငယ်မှုတို့ကို မြင်တွေ့ခဲ့ရသည်။

တနင်္လာနေ့တွင် အပစ်အခတ်ရပ်စဲရေး အဆိုပြုချက်ကို ဟားမတ်စ်က လက်ခံပြီးနောက် ရာဖာ ထိုးစစ်သည် ရှေ့ဆက်မလုပ်တော့ဟု အများက မျှော်လင့်ထားသော်လည်း ပါဝင်သည့် စည်းမျဉ်းအချက်အလက်များသည် “အစ္စရေး၏ လိုအပ်ချက်များနှင့် ဝေးကွာသည်” ဟု အစ္စရေးက ပြောကြားပြီးနောက် ၎င်းတို့သည် လျင်မြန်စွာ စစ်သွေးကြွအဖွဲ့အပေါ် ချေမှုန်းပစ်ခဲ့ပြီး စစ်ရေးအရ ဖိအားပေးရန်အတွက် ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်သည်။

အင်္ဂါနေ့မနက်ပိုင်းအထိ ရာဖာမြို့ကို အစ္စရေးလေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးခြောက်ဦးအပါအဝင် လူ ၂၃ ဦး သေဆုံးခဲ့ကြောင်း ဂါဇာတောင်ပိုင်းရှိ ဆေးရုံတာဝန်ရှိသူများက ပြောကြားခဲ့သည်။

အစ္စရေးစစ်တပ်သည် ရာဖာဖြတ်ကျော်မှု၏ ပါလက်စတိုင်းဘက်ခြမ်းကို စစ်ဆင်ရေးထိန်းချုပ်ထားပြီး၊ ထိုနေရာသည် အီဂျစ်နှင့် ၎င်း၏တောင်ပိုင်းနယ်စပ်မှ ပါလက်စတိုင်း ပြည်သူများအတွက် အလွန်အမင်း လိုအပ်နေသည့် အကူအညီများကို သယ်ယူရန်အတွက် အရေးကြီးသော ဝင်ပေါက်အချက် တစ်ခုဖြစ်ကြောင်း အစ္စရေးစစ်တပ်က ပြောကြားခဲ့သည်။

အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (IDF) ပြောရေးဆိုခွင့်ရှိသူ နာဒေ့ဗ် ရှိုရှာနီ (Nadav Shoshani) က စစ်တပ်သည် ဟားမတ်စ်အကြမ်းဖက်သမားများကို ဖယ်ရှားရန်နှင့် ရာဖာ အရှေ့ပိုင်းရှိ သီးခြားနယ်မြေများအတွင်း ဟားမတ်စ်၏အကြမ်းဖက်မှုဆိုင်ရာ အခြေခံအဆောက်အအုံများကို ဖျက်သိမ်းရန်အတွက် တိကျသော အကြမ်းဖက်မှု တန်ပြန်ရေး စစ်ဆင်ရေးကို လုပ်ဆောင်နေသည်ဟု အင်္ဂါနေ့တွင် ပြောကြားခဲ့သည်။

ရာဖာအပေါ် အစ္စရေးစစ်တပ်၏ ဆောင်ရွက်မှုသည် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကပ်ဆိုးတစ်ခုအဖြစ် “အိုးမဲ့အိမ်မဲ့ ပါလက်စတိုင်း ၁.၅ သန်းအတွက် တိုက်ရိုက်ခြိမ်းခြောက်မှု” ဖြစ်သည်ဟု ဟားမတ်စ်က ပြောကြားခဲ့သည်။

တနင်္လာနေ့တွင် ခန့်မှန်းခြေ ပါလက်စတိုင်းလူမျိုး ၁၀၀,၀၀၀ ခန့်ကို တနင်္လာနေ့တွင် ချက်ခြင်း ဘေးလွတ်ရာသို့ ရွှေ့ပြောင်းရန် အစ္စရေးစစ်တပ်က အမိန့်ပေးခဲ့ပြီးနောက် လွန်ခဲ့သည့် ၂၄ နာရီအတွင်း ၎င်းတို့၏ ကြောက်စရာကောင်းသည့် အတွေ့အကြုံများကို CNN သို့ အဆိုပါဒေသမှ ထွက်ပြေးလာသူများ ပြောပြခဲ့ကြသည်။ အစ္စရေးက ပါလက်စတိုင်းအရပ်သားများကို ခန်းယွန်နစ် (Khan Younis) မြို့အနီးရှိ ကမ်းရိုးတန်းမြို့ အယ်-မာဆာစီ (Al-Mawasi) သို့ ပြောင်းရွှေ့နေထိုင်ရန် ညွှန်ကြားထားပြီး ထိုနေရာသည် လူအများ နေထိုင်ရန် မသင့်လျော်ဟု အကူအညီပေးရေးအဖွဲ့များက ပြောကြားသည့်

ပါလက်စတိုင်းအမျိုးသားတစ်ဦးဖြစ်သည့် ရာဘီး ဂါရာဘလက်ချ် (Rabee Gharableh) က ယခုပြောင်းရွေ့ရမှုသည် ၎င်း၏မိသားစု၏ သတ္တမမြောက် နေရာရွှေ့ပြောင်းမှုဖြစ်ကြောင်း CNN သို့ ပြောကြားခဲ့သည်။ “အခြေအနေက အရမ်းခက်ခဲ ပါတယ် … အရပ်သားအိမ်တွေကို ပစ်မှတ်ထားပြီး ကျနော်တို့ သိတဲ့လူတွေကတော့ ကြောက်လန့်တကြား ကျန်ရစ်ခဲ့တယ်။ မနေ့ညက မထင်သလို ကြုံသလို ပစ်ခတ်ခဲ့တာပါ” ဟု ပြောသည်။

အမည်မဖော်သော အခြားအမျိုးသမီးက ကလေးများနှင့်အတူ “သေခြင်းမှ ထွက်ပြေးနေရတယ်” သည်ဟု ဆိုသည်။ စစ်ဖြစ်ပွားပြီးကတည်းက သူ့မိသားစုဟာ ၁၀ ကြိမ်ကျော် အိုးမဲ့အိမ်မဲ့များအဖြစ်တနေရာမှတနေရာပြောင်းရွေ့ခဲ့ရပြီး “ဆင်းရဲဒုက္ခများစွာနဲ့ အရှက်တရားများစွာကို ခံကြံကြံခံခဲ့ရတယ်” လို့ သူမက ပြောသည်။

အစ္စရေးတောင်ပိုင်းသို့ ဟားမတ်စ်စစ်သွေးကြွများက ဝင်ရောက်ခဲ့ပြီး လူပေါင်း ၁၂၀၀ ကျော်ကို သတ်ဖြတ်ကာ လူ ၂၀၀ ကျော် ကိုဓားစာခံအဖြစ်ဖမ်းဆီးသွားခဲ့ပြီးနောက် အောက်တိုဘာ ၇ ရက်က စတင်ဖြစ်ပွားခဲ့သည့် လက်ရှိစစ်ပွဲဖြစ်သည်။

ဂါဇာကမ်းမြောင်ဒေသကို အစ္စရေးစစ်တပ်က ဗုံးကြဲပြီး ခုနစ်လနီးပါးအတွင်း လူ ၃၄,၆၀၀ ကျော် သေဆုံးခဲ့ပြီး ပါလက်စတိုင်း ၁ သန်းကျော်ကို ရာဖာမြို့သို့ ခိုလှုံရန် တွန်းပို့ခဲ့သည်ဟု နယ်စည်းမခြားဆရာဝန်များအဖွဲ့ Medicines San Frontieres ၏ ပြောကြားချက်အရ သိရသည်။ ထိုပြောင်းရွှေ့ခိုင်းသည့်နေရာသည် “ လူအများအတွက်ရှင်သန်မှုအတွက် လိုအပ်သော အခြေအနေများ” မရှိပါဟု ထိုအဖွဲ့မှ ဆိုသည်။

ကမ္ဘာ့ခေါင်းဆောင်များ၊ ကုလသမဂ္ဂနှင့် လူသားချင်းစာနာထောက်ထားမှုအဖွဲ့များမှ အစ္စရေးအား ကာလကြာရှည် ခြိမ်းခြောက်သည့် တိုက်ခိုက်မှုကို မလုပ်ဆောင်ရန် အစ္စရေးကို တိုက်တွန်းသည့် ပန်ကြားချက်ထွက်ပေါ်လာပြီးနောက် အရှေ့ပိုင်း ရာဖာတွင် လူများသည် ထိတ်လန့်တကြားဖြစ်နေကြသည်ကို CNN က မြင်တွေ့ခဲ့ရသည်။ အဆိုပါလုပ်ရပ်ကို ကုလသမဂ္ဂလူ့အခွင့်အရေးအကြီးအကဲ ဗောလ်ကာ တပ်ခ် (Volker Türk) မှ “လူမဆန်စွာ” လုပ်ရပ်အဖြစ်ပြစ်တင်ခဲ့ပြီး နော်ဝေးဒုက္ခသည်များဆိုင်ရာကောင်စီ Norwegian Refugee Council (NRC) မှ “သတိပေးချက်ထက် ကျော်လွန်နေသည့်ထိတ်လန့်ဖွယ်ရာ”လုပ်ရပ်အဖြစ်ဖော်ပြခဲ့သည်။

၎င်း၏စက်ဘီးကိုနင်းပြီးထွက်ပြေးလာသော ဖေဇယ်ဘာဘက်ခ် (Faisal Barbakh) က သူသည် “ သူ့ တစ်သက်တာ အတွက်မသိသူများကို အမှတ်ရနေမည့်နောက်ကွယ်အဖြစ်အပျက်များကို ချန်ထားခဲ့သည်” ပြောကြားခဲ့သည်။

“ ငါ့ဘဝတစ်ခုလုံးကို ဒီမှာပဲ လုပ်ဆောင်နေခဲ့တာ။ ငါ့မိသားစုက ခုနစ်နေရာလောက် ကွဲနေကြတယ်။ ငါ့ဘဝရဲ့အဆုံးလို့ ခံစားရတယ်။ ဘာကိုမှမတွေးနိုင်တော့ဘူး။ အသက် ၅၉ နှစ်လုံးရရှိခဲ့တဲ့ အမှတ်တရတွေ၊ သားသမီးတွေရဲ့ ဓာတ်ပုံတွေ၊ အိမ်ကန်ထရိုက်တွေအားလုံးကို ချန်ထားခဲ့တယ်” ဟုဆိုသည်။ 

ဗီဒီယိုဖိုင်များတွင်အစ္စရေးကာကွယ်ရေးတပ် IDF ကပြောင်းရွေ့ရန်နေရာပေးထားသော လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ဧရိယာထက် မြောက်ဘက်ပိုဝေးသော ဒိုင်ရာ အယ် ဘလာ့ချ် (Deir el Balah) ကမ်းခြေသို့ ရောက်ရှိလာသော မိသားစုများသည် အလွန်အမင်းကုန်တင်ထားသည့် ထရပ်ကားများ၊ မြည်းဆွဲလှည်းများနှင့် ကားများဖြင့် ရောက်ရှိလာသည်ကိုပြသထားသည်။ အခြားလူများက တဲများစတင်တပ်ဆင်နေကြသကဲ့သို့ ၎င်းတို့၏ယာဉ်များတွင် မွေ့ယာများနှင့် ကိုယ်ပိုင်ပစ္စည်းများဖြင့် စုပုံထားကြသည်။ ရာဖာမြို့ အရှေ့ပိုင်းမှ ထွက်ခွာလာသူ အများအပြားသည် ယခင်ကလည်း အစ္စရေး၏ တစ်မြို့မှတစ်မြို့ တိုက်ခိုက်လာမှုကို ရှောင်ရှားရင်း ပြောင်းရွှေ့နေကြရပြီး ယခင်ကလည်း အကြိမ်ပေါင်းများစွာ ရွှေ့ပြောင်းခံခဲ့ရသည်။ “ဒါက စတုတ္ထအကြိမ် ရွှေ့ပြောင်းခံရတာပါ။ နူဆာရက် (Nuseirat)ကနေ ခန်းယူနစ်(Khan Younis) အဲဒီကနေ ရာဖာ ၊ ယခု နောက်တစ်ခု။ ဘယ်ကိုသွားနေမှန်းတောင်မသိဘူး” ဟု အမျိုးသားတစ်ဦးက CNN သို့ ပြောကြားခဲ့သည်။

အစ္စရေးသည် ဖြတ်ကျော်ကို ‘စစ်ဆင်ရေးထိန်းချုပ်မှု’ ယူသည်။ အစ္စရေးစစ်တပ်က Rafah လမ်းဖြတ်ကူးဂိတ်လမ်းကို ဝင်ရောက်စီးနင်း သိမ်းပိုက်ပြီးနောက်မှာ ပင်မအဆောက်အဦအပြင်ဘက်မှာ တပ်ဆင်ထားသည့် ပါလက်စတိုင်းအလံတွေကို အစ္စရေးအလံတွေနဲ့ အစားထိုးခဲ့ ပါတယ်။ IDF ပြောရေးဆိုခွင့်ရှိသူ ရှိုရှန်နီ (Shoshani) က ထောက်လှမ်းမှုအရ ရာဖာ ဖြတ်ကျော်လမ်းရှိ ပါလက်စတိုင်းဘက်ခြမ်းကို အကြမ်းဖက်ရည်ရွယ်ချက်အတွက် အသုံးပြုနေကြောင်း ထောက်လှမ်း သိရှိရကြောင်းပြောကြားခဲ့သည်။ ရာဖာနယ်စပ်ဖြတ်ကျော်မှု လမ်းသည် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေး ဂိတ်ပေါက်တစ်ခုဖြစ်ပြီး ၎င်းကိုဖြတ်၍ တစ်ရက်လျှင် ထရပ်ကားအစီးရေ ၃၀၀ ခန့် ဝင်ရောက်နေကြောင်း ပြီးခဲ့သည့်လက အီဂျစ်မှ ကြေငြာချက်တစ်ခုအရ သိရသည်။ နယ်စပ်နှင့်ဖြတ်ကျော်မှုဆိုင်ရာ အထွေထွေ အာဏာပိုင်အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဝါအီ အဘူအိုမာ(Wael Abu Omar) က ရာဖာက သယ်ယူပို့ဆောင်ပေးနေသည့် အကူအညီများအားလုံးသည် အစ္စရေးတင့်ကားများက ပါလက်စတိုင်းဘက်မှ ဖြတ်ကျော် ဝင်ရောက်လာပြီးနောက် ရပ်တန့်သွားကြောင်း CNN သို့ ပြောကြားခဲ့သည်။ ဂါဇာကမ်းမြောင်ဒေသ၏ ပြည်ထဲရေးနှင့် အမျိုးသားလုံခြုံရေး ဝန်ကြီးဌာနက ရာဖာနယ်ခြားဖြတ်ကျော်လမ်း ပိတ်သိမ်းမှုသည် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းကို ပိုမိုဆိုးရွားစေပြီး “လူပေါင်း ၂ သန်းကျော်အပေါ် စုပေါင်းပြစ်ဒဏ်ပေးသည့် မူဝါဒကို ကိုယ်စားပြုသည်” ဟု သတိပေးခဲ့သည်။ ဝန်ကြီးဌာနက “ရာဖာဖြစ်ကျော်ဂိတ်စခန်းသည် ဂါဇာကမ်းမြောင်ဒေသရှိ နိုင်ငံသားများအတွက် အဓိက အသက်သွေးကြော” အဖြစ် ဖော်ပြခဲ့ပြီး ထိုဖြတ်ကျော်လမ်းသည် “အစ္စရေး၏ သိမ်းပိုက်ထားမှုကို မည်သည့်ခြိမ်းခြောက်မှုမှ မပြုပါ”ဟုဆိုသည်။

Israeli military vehicles operate in the Gazan side of the Rafah Crossing, amid the ongoing conflict between Israel and Palestinian Islamist group Hamas, in the southern Gaza Strip, in this handout image released on May 7, 2024. Israel Defense Forces/Handout via REUTERS THIS IMAGE HAS BEEN SUPPLIED BY A THIRD PARTY

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အာရှ၏ တရိပ်ရိပ်တက်နေသော ကုန်စည်ပြတ်လပ်မှု ဂယက်သည် အမေရိကဆီသို့ ဦးတည်နေသည်

  • 2026 ခုနှစ်၊ ဧပြီလ 24 ရက်
  • 35 Views
CNN- ၂၀၂၆ခုနှစ်၊ ဧပြီလ ၂၄ရက် ဓာတ်ဆီဆိုင်များတွင် လောင်စာဆီကို ခွဲတမ်းနှင့် ရောင်းချနေရသည်။ ဆေးရုံများတွင် ဆေးဘက်ဆိုင်ရာ အထောက်အပံ့ပစ္စည်းများ ပြတ်လပ်နေသည်။
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ မနက်ဖြန်ရပ်တန့်လျှင်ပင် လူပေါင်း ၃၀ သန်းကျော် ဆင်းရဲတွင်းသို့ ကျဆင်းနိုင်ကြောင်း ကုလသမဂ္ဂ သတိပေး

  • 2026 ခုနှစ်၊ ဧပြီလ 23 ရက်
  • 42 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၃ ရက် အီရန်စစ်ပွဲ ပဋိပက္ခသည် မနက်ဖြန်တွင်ပင် အဆုံးသတ်သွားစေကာမူ ကမ္ဘာတစ်ဝန်းရှိ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

သင်္ဘောများသည် ဟော်မုဇ်ရေလက်ကြားကို အမြန်ဖြတ်ကျော်ပြေးရန် ကြိုးပမ်း ခဲ့ကြသလား

  • 2026 ခုနှစ်၊ ဧပြီလ 22 ရက်
  • 42 Views
BBC- ၂၀၂၆ခုနှစ်၊ ဧပြီလ ၂၂ရက် အီရန်၏ ပစ်မှတ်ထားခြင်းခံရသည့် သင်္ဘောသုံးစင်းအနက် နှစ်စင်းမှာ ကမ္ဘာ့အကြီးဆုံး သင်္ဘောလိုင်းဖြစ်သည့် MSC ပိုင် သင်္ဘောအုပ်စုတွင် ပါဝင်ကြောင်း တွေ့ရှိရသည်။ ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) သည်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းနေသည့် သင်္ဘောနှစ်စင်းကို သိမ်းဆည်းလိုက်ကြောင်း အီရန်ပြောကြား

  • 2026 ခုနှစ်၊ ဧပြီလ 22 ရက်
  • 41 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၂ ရက် သင်္ဘောများ သိမ်းဆည်းခံရမှု။ ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) အတွင်း သင်္ဘောနှစ်စင်းကို သိမ်းဆည်းပြီး အီရန်ပိုင်နက်ရေပြင်သို့ ရွှေ့ပြောင်းလိုက်ကြောင်း အီရန်တော်လှန်ရေးအစောင့်တပ် (IRGC)
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အာဖရိက အာရှ အီရန် ဥရောပ

အီရန်စစ်ပွဲကြောင့် လေကြောင်းလိုင်းများ ဂျက်လေယာဉ်ဆီ ပြတ်လပ်တော့မည့် အခြေအနေနှင့် ရင်ဆိုင်နေရ

  • 2026 ခုနှစ်၊ ဧပြီလ 21 ရက်
  • 49 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၁ ရက် နွေရာသီ ခရီးသွားရာသီ အခြေအနေ ဆိုးဝါးတော့မည်ဟု ထင်နေပါသလား။ ပိုမိုဆိုးဝါးလာနိုင်သည့် အခြေအနေအတွက် ပြင်ဆင်ထားလိုက်ပါ။ အီရန်စစ်ပွဲကြောင့် လေယာဉ်လက်မှတ်ခများနှင့် အခကြေးငွေများ မြင့်တက်လာသည့်အပြင်၊ တင်သွင်းလာသည့်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ အဆုံးသတ်ရန် သဘောတူညီချက် ရလုနီးပါး ဖြစ်ခဲ့သော်လည်း ထရမ့်၏ ဆိုရှယ်မီဒီယာ ပို့စ်များကြောင့် အခြေအနေ ပြောင်းလဲသွားခဲ့

  • 2026 ခုနှစ်၊ ဧပြီလ 21 ရက်
  • 44 Views
CNN- ၂၀၂၆ခုနှစ်၊ ဧပြီလ (၂၁)ရက် သီတင်းပတ်ကုန်ခါနီးအချိန်တွင် အမေရိကန်နှင့် အီရန်တို့သည် ခုနစ်ပတ်ကြာ ဖြစ်ပွားနေသည့် စစ်ပွဲကို အဆုံးသတ်ရန် သဘောတူညီချက် ရရှိလုနီးပါး အခြေအနေသို့ ရောက်ရှိနေပုံရသည်။ သို့သော်လည်း သမ္မတ ဒေါ်နယ်ထရမ့်သည် ၎င်း၏ လက်ထောက်များက
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အရှေ့အလယ်ပိုင်း

ယေရှုခရစ်တော်၏ ရုပ်တုအား တိုက်ခိုက်ခဲ့သည့် အစ္စရေးစစ်သားကို နေတန်ယာဟု ရှုတ်ချ

  • 2026 ခုနှစ်၊ ဧပြီလ 20 ရက်
  • 39 Views
BBC- ၂၀၂၆ခုနှစ်၊ ဧပြီလ၂၀ရက် လက်ဘနွန်တောင်ပိုင်းတွင် အစ္စရေးစစ်သားတစ်ဦးက “ ကက်သလစ်ဘာသာရေး အထိမ်းအမှတ်ရုပ်တု” တစ်ခုကို ဖျက်ဆီးခဲ့မှုအပေါ် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက “ ပြင်းထန်ဆုံးသော စကားလုံးများ” ဖြင့် ရှုတ်ချလိုက်သည်။ အစ္စရေးစစ်သားတစ်ဦးက ယေရှုခရစ်တော်၏
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အရှေ့အလယ်ပိုင်း

အမေရိကန်-အီရန် နှင့် အစ္စရေး-လက်ဘနွန်- စစ်မျက်နှာနှစ်ခုလုံးတွင် အပစ်အခပ်ရပ်စဲရေး

  • 2026 ခုနှစ်၊ ဧပြီလ 20 ရက်
  • 41 Views
BBC- ၂၀၂၆ခုနှစ်၊ ဧပြီလ ၂၀ရက် အရှေ့အလယ်ပိုင်းဒေသတွင် လက်ရှိ၌ အပစ်အခပ်ရပ်စဲရေး နှစ်ခုရှိနေပြီး တစ်ခုမှာ လက်ဘနွန်နှင့် အစ္စရေးခေါင်းဆောင်များအကြား သဘောတူထားခြင်းဖြစ်ကာ နောက်တစ်ခုမှာ အမေရိကန်နှင့် အီရန်အကြား သဘောတူထားခြင်းဖြစ်သည်။ အီရန်နှင့် အမေရိကန် အီရန်နှင့် အမေရိကန်အကြား