နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 29 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဗြိတိန် ဟားမတ်စ်-အစ္စရေးစစ်ပွဲ အရှေ့အလယ်ပိုင်း

ဂါဇာငြိမ်းချမ်းရေးကို ရေရှည်တည်တံ့အောင်လုပ်ဖို့ကလည်း “မလွယ်ကူတဲ့အလုပ်မဟုတ်” လို့ ဗြိတိန်ဝန်ကြီးချုပ် ပြော

BBC- ၂၀၂၅ခုနှစ်၊အောက်တိုဘာလ ၁၄ရက်

ဗြိတိန်ဝန်ကြီးချုပ် ကေအာ စတားမား (Keir Starmer) က ပါလီမန်မှာ ပြောကြားခဲ့တဲ့ နောက်ထပ်စကားတွေကို ဖော်ပြပေးလိုက်ပါတယ်။ ဂါဇာမှာ အပစ်အခတ်ရပ်စဲရေးဟာ ထရန့် (Trump) နဲ့ အီဂျစ်၊ ကာတာနဲ့ တူရကီခေါင်းဆောင်တွေ မပါဘဲ “မဖြစ်နိုင်ဘူး” လို့ သူက ဆိုပါတယ်။

ဗြိတိန်ဟာ ထရန့် ရဲ့ အစီအစဉ်ကို အပြည့်အဝ ထောက်ခံကြောင်း ကမ်းလှမ်းခဲ့ပြီး၊ ဒီအစီအစဉ်ကို အကောင်အထည်ဖော်နိုင်ဖို့အတွက် “လပေါင်းများစွာ နောက်ကွယ်ကနေ ကြိုးပမ်းလုပ်ဆောင်ခဲ့တာ” ဖြစ်ကြောင်းနဲ့ ဗြိတိန်ရဲ့ “ပံ့ပိုးကူညီမှု” ကို ဂုဏ်ယူကြောင်း သူက ပြောပါတယ်။

ဒါပေမဲ့ “အဲဒီငြိမ်းချမ်းရေးကို ရေရှည်တည်တံ့အောင် လုပ်ဆောင်ဖို့ကလည်း မလွယ်ကူတဲ့ အလုပ် မဟုတ်ပါဘူး” လို့ သူက အသိအမှတ်ပြုပြောကြားပြီး ငြိမ်းချမ်းရေးအစီအစဉ်ကို အကောင်အထည်ဖော်ဖို့ဆိုတာ “သေးငယ်တဲ့ စိန်ခေါ်မှုတစ်ခု မဟုတ်ပါဘူး” လို့လည်း ပြောပါတယ်။

စတားမား က ဗြိတိန်နိုင်ငံဟာ ဂါဇာပြန်လည်တည်ဆောက်ရေးကို ကူညီပံ့ပိုးဖို့အတွက် သံတမန်ရေးရာနဲ့ ကျွမ်းကျင်မှုတွေကို ပေးပို့ဖို့ အသင့်ရှိနေကြောင်း ပြောကြားခဲ့ပြီး၊ ဂါဇာရဲ့ ပျက်စီးဆုံးရှုံးမှုဟာ “ဖော်ပြလို့ မရလောက်အောင် ဆိုးရွားတယ်” လို့ သူက ဆိုပါတယ်။

ဗြိတိန်က ဂါဇာမှာ ကြားကာလ အုပ်ချုပ်ရေးဆိုင်ရာ အစီအစဉ်တွေကိုလည်း ထောက်ခံ ကူညီသွားမှာဖြစ်ပြီး ပါလက်စတိုင်းအာဏာပိုင်အဖွဲ့ (Palestinian Authority) နဲ့အတူ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေမှာလည်း ပူးပေါင်းဆောင်ရွက်သွားမယ်လို့ သူက ပြောပါတယ်။

ဒါ့အပြင် အပစ်အခတ်ရပ်စဲရေး စောင့်ကြည့်လေ့လာရေး လုပ်ငန်းစဉ်ကို အကောင်အထည် ဖော်ဖို့ ကူညီပေးသွားမှာဖြစ်ပြီး ဟားမတ်စ် (Hamas) ရဲ့ လက်နက်တွေနဲ့ စွမ်းဆောင်ရည်တွေ ကို ဖျက်သိမ်းရာမှာ “အပြည့်အဝ ပါဝင်ဆောင်ရွက်ဖို့ အသင့်ရှိနေပါတယ်” လို့လည်း သူက ပြောကြားခဲ့ပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 7 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 12 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 15 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 22 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 26 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 21 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက
တရုတ် ထိုင်ဝမ် နိုင်ငံတကာသတင်း ဖိလစ်ပိုင်

ဆလာမီ ပါးပါးလှီးခြင်း(‘Salami slicing’) ဗျူဟာ ဖြင့် ပစိဖိတ်ဒေသအပေါ် ဩဇာလွှမ်းမိုးမှု တိုးချဲ့ရန် တရုတ်နိုင်ငံက မည်သို့ ကြိုးပမ်းနေသလဲ

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 25 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၅ရက် သီတင်းပတ်အနည်းငယ်အတွင်း တရုတ်သင်္ဘောများသည် ၎င်းတို့၏ ကုန်းတွင်းပိုင်းနှင့် ယခင်ကထက် ပိုမိုဝေးကွာသောနေရာများတွင် “ဥပဒေစိုးမိုးရေး” လုပ်ငန်းများကို လုပ်ဆောင် ခဲ့ပြီး၊ အလွန်အမင်း ထိလွယ်ရှလွယ်ဖြစ်သော ပင်လယ်ကြမ်းပြင်ကို မြေပုံညွှန်း ရေးဆွဲခဲ့ကာ တရုတ်ကမ်းခြေမှ