မေလ (၁၀)ရက်။
ဖမ်းဆီးထားတဲ့ လွိုင်ကော်တက္ကသိုလ်ပါမေက္ခချုပ် ဦးအောင်ခင်မြင့်အပါအဝင် Non-CDM (၅)ဦးကို Karenni-IEC က ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးလိုက်တယ်လို့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။
အဲ့ဒီပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးတာကို လွတ်ငြိမ်းခွင့်နဲ့ ကြီးကြပ်စစ်ဆေးရေးဘုတ်အဖွဲ့ရဲ့ တင်ပြတာအပါအဝင် လူသားချင်းစာနာထောက်ထားမှုကို ဦးတည်ကာ မေလ (၈)ရက်နေ့ကစပြီး ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုလိုက်တာလို့ ဆိုပါတယ်။
Karenni-IEC ရဲ့ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုသူတွေဟာ လွိုင်ကော်တက္ကသိုလ်ပါမေက္ခချုပ် ဦးအောင်ခင်မြင့်၊ ဒေါ်လှလေးမြင့်၊ ဒေါ်ယဉ်ယဉ်နိုင်၊ ဒေါ်မို့မို့ထွန်းနဲ့ ဒေါ်သီတာတို့ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
လွိုင်ကော်တက္ကသိုလ်ပါမောက္ခချုပ်အပါအဝင် Non-CDM (၅)ဦးဟာ စစ်ကောင်စီနဲ့ ပူးပေါင်းပတ်သက်ဆက်နွယ်နေတာကြောင့် အမှုဖွင့်တရားစွဲဆိုခံခဲ့ရတာပါ။
ဒါ့ပြင် ကရင်နီပူးပေါင်းတပ်တွေရဲ့ စစ်ဆင်ရေးထဲ ပိတ်မိနေတဲ့ လွိုင်ကော်တက္ကသိုလ်က ဝန်ထမ်းနဲ့ မိသားစုဝင် (၂၀၀)ကျော်ကို ကယ်ထုတ်ကာ နယ်နှင်ဒဏ်ပေးခဲ့တယ်လို့ သိရပါတယ်။