နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 28 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ရုရှား-ယူကရိန်းစစ်ပွဲ

ရုရှားမှ တန်ပြန်ထိုးစစ်များ

+++++++++++++++

ယူကရိန်းသမ္မတ ဗလာဒီမာဇလန်းစကီးက ရုရှား၏ “ တန်ပြန်ထိုးစစ်လှိုင်းသစ်” ဟု ခေါ်သည့် ယူကရိန်းသတင်းရင်းမြစ်များနှင့် တာဝန်ရှိသူများထံမှ အချက်အလက်များအရ ရုရှားတပ်ဖွဲ့များသည် ယူကရိန်းမြောက်ပိုင်းအတွင်း နယ်စပ်ဖြတ်ကျော်ချေမှုန်းမှု နှစ်ကြိမ် ပြုလုပ်ခဲ့ကြောင်း သိရသည်။ ပထမဆုံး စစ်ထိုးမှုတွင် ရုရှားစစ်သားများသည် ဗိုချန်စကစ် (Vovchansk) မြို့ဆီသို့ အနည်းဆုံး တစ်ကီလိုမီတာအထိ ထိုးဖောက်ဝင်ရောက်ခဲ့ကြောင်း ယူကရိန်းစစ်တပ်သတင်းရင်းမြစ်တစ်ခုက CNN သို့ ပြောကြားခဲ့သည်။ ရုရှား၏ ရည်ရွယ်ချက်မှာ “စစ်ပွဲဒဏ်မခံစားရအောင် ရုရှားနယ်မြေကို လုံခြုံစေဖို့အတွက် နယ်စပ်ကနေ ၁၀ ကီလိုမီတာအကွာအဝေး ခြားနေတဲ့ ကြားခံဇုန်တစ်ခု ဖန်တီးဖို့ပဲ” ဟု သတင်းရင်းမြစ်က ဆိုသည်။

ယူကရိန်းကာကွယ်ရေးဝန်ကြီးဌာန၏ တရားဝင်ထုတ်ပြန်ချက်တစ်ခုတွင် သံချပ်ကာယာဉ်များဖြင့် ပံ့ပိုးအားဖြည့်ထားသော ရုရှားစစ်သားများသည် နယ်စပ်ဒေသကို ပဲ့ထိန်းဗုံးများ၊ အမြောက်များဖြင့် တိုက်ခိုက်မှုများ ပြုလုပ်ပြီးနောက် သောကြာနေ့ နံနက် ၅ နာရီခန့်တွင် နယ်စပ်ကို ဖြတ်ကျော် ဝင်ရောက်လာခဲ့ကြောင်း ယူကရိန်းကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။ အဆိုပါ ဧရိယာအတွင်း ကာကွယ်ရေး အားကောင်းစေရန် ယူကရိန်း အရန်တပ်များ ဖြန့်ကျက်ချထားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

၂၀၂၄ ခုနှစ် ဧပြီလ ၅ ရက်နေ့တွင် ယူကရိန်းနိုင်ငံ၊ ဒွန်နက်စ် (Donetsk) ဒေသတွင် ရုရှား၏ တိုက်ခိုက်မှုကြောင့် ယူကရိန်းအမျိုးသား အစောင့်တပ်ဖွဲ့၏ ၁၂ ခုမြောက် အထူးတပ်ဖွဲ့ အဇော့ (Azov) မှ တပ်ဖွဲ့ဝင်များသည် ဟော့ဝစ်ဇာ အမြှောက်တစ်လက်ဖြင့် ရုရှားတပ်များထံ ပစ်ခတ်ခဲ့ကြောင်း သိရသည်။

ယူကရိန်းအတွက် အမေရိကန်က ဒေါ်လာ သန်း ၄၀၀ စစ်ရေးအကူအညီပေးရေး အစီအစဉ်ကို ကြေညာလိုက်ပါသည်။ ရုရှားတပ်ဖွဲ့များသည် နယ်စပ်တလျှောက် ဗော့ချန်ရှက် (Vovchansk) ၏ အနောက်ဘက် ၇၅ ကီလိုမီတာအကွာရှိ ခါဆန်(Krasne) ရွာဆီသို့ ရုရှားတပ်ဖွဲ့ဝင်များသည် ယူကရိန်းအတွင်း ၅ ကီလိုမီတာကို ထိုးဖောက်ဝင်ရောက်ခဲ့ကြောင်း ရှေ့တန်းတိုးတက်မှုများကို တိုက်ရိုက်သိသော ဒုတိယယူကရိန်းသတင်းရင်းမြစ်တစ်ခုက CNN သို့ ပြောကြားခဲ့သည်။

ခါဆန် (Krasne) ဘက်သို့ ရုရှားမှ မြေပြင် ချေမှုန်းရေးထိုးစစ်အား ရုရှားတပ်ရင်းလေးရင်းမှ စစ်သည်အင်အား ၂,၀၀၀ ခန့်ကို အသုံးချလုပ်ဆောင်ခဲ့သည်ဟု သတင်းရင်းမြစ်က ဆိုသည်။ ယူကရိန်းအရာရှိများသည် ဒုတိယရုရှားစစ်ထိုးလာမှုနှင့်ပတ်သက်၍ သတင်းအချက်အလက်များစွာ မရသေးသော်လည်း ယူကရိန်းစစ်ဦးစီးချုပ်က ၎င်း၏သောကြာနေ့ညနေခင်းသတင်းတွင် ခါဆန်နှင့် အနီးနား ကျေးရွာနှစ်ခုတွင် ရုရှား၏တိုက်ခိုက်မှုများကို သတိပြုမိခဲ့သည်ဟု ပြောခဲ့သည်။

ရှေ့တန်းတိုးတက်မှုများကို နေ့စဉ်အပ်ဒိတ်လုပ်နေသော ယူကရိန်းစောင့်ကြည့်အဖွဲ့ DeepStateMap သည် မီးခိုးရောင်ဧရိယာတွင် အပါအဝင် အခြားတစ်ဖက်နှင့်တစ်ဖက် အနီးနားရှိ ရွာလေးရွာကို ယူကရိန်းထိန်းချုပ်မှု အပြည့်အောက်တွင် မရှိဘဲ လက်ရှိ ယှဉ်ပြိုင်တိုက်ခိုက်နေသည့် နယ်မြေကို ကိုယ်စားပြုသည့် မီးခိုးရောင်ဧရိယာကို ပြသခဲ့သည်ကိုလည်း မှတ်သားဖွယ်တွေ့ရှိရသည်။ DeepStateMap မှလည်း ၎င်း၏ Telegram လိုင်းတွင် ရုရှားတပ်ဖွဲ့ဝင်များ ဖြန့်ကျက်ထားသော အရေအတွက်သည် ယူကရိန်းပိုင်နက်အတွင်းသို့ ပိုမိုနက်ရှိုင်းစွာ တိုးဝင်လာရန်အတွက် မလုံလောက်ကြောင်း မှတ်ချက်ပြုထားသော်လည်း မော်စကိုသည် နယ်စပ်တစ်လျှောက်တွင် နောက်ထပ်တပ်များ အများအပြား နေရာချထားကြောင်းကိုလည်း အာရုံစိုက်ခဲ့သည်။ ခန့်မှန်းခြေ ရုရှားစစ်သား ၄၀၀၀၀ ဝန်းကျင်ခန့် ရှိသည်။

တိုးတက်မှုများနှင့် ပတ်သက်၍ မေးမြန်းရာတွင် ဇလန်းစကီးက ယူကရိန်းစစ်တပ်သည် ရှေ့တိုး လုပ်ဆောင်ရန် မျှော်လင့်ထားကြောင်း ပြောကြားခဲ့သည်။ “ ရုရှားသည် [မြောက်ပိုင်း ခါကိ့ဗ် (Kharkiv) ဒေသ] မှာ တန်ပြန်ထိုးစစ်လှိုင်းသစ်တစ်ခု စတင်ခဲ့ပြီး ယူကရိန်းတပ်ဖွဲ့ဝင်တွေ၊ တပ်မဟာတွေ၊ အမြောက်တွေနဲ့ အဲဒီနေရာမှာ သူတို့ကို ထိပ်တိုက်တွေ့ဆုံတိုက်နေခဲ့တယ်” ဟု သောကြာနေ့ နေ့လည်အစောပိုင်းက သတင်းထောက်တွေကို ပြောပါသည်။

သူ့အား လုပ်ကြံသတ်ဖြတ်ရန် ကြံစည်မှု ပျက်ပြယ်ပြီးနောက် ဇလန်းစကီးသည် သူ၏သက်တော်စောင့် အကြီးအကဲကို ထုတ်ပယ်ခဲ့သည်။

“ကျွန်တော်တို့စစ်တပ်နဲ့ စစ်ဌာနချုပ်က ရုရှားရဲ့တိုက်ခိုက်မှုအသစ်တွေကို သတိထားပြီး ရန်သူ့တပ်တွေကို ပစ်ခတ်ဖို့ မျှော်မှန်းထားတယ်။ အခု ဒီနယ်မြေမှာ အပြင်းအထန် တိုက်ပွဲတစ်ခု ရှိလာနေပြီလို့ ကျွန်တော်ထင်ပါတယ်” ဟု ဇလန်းစကီးက ပြောကြားခဲ့ပါသည်။

ခါကိ့ဗ် (Kharkiv) ၏ ဒေသဆိုင်ရာ စစ်ဘက် အုပ်ချုပ်ရေး အကြီးအကဲ အိုလက် ဆိုင်နီရေ့ဘို့ဗ် (Oleh Syniehubov) က ရုရှား၏ ထိုးစစ်တွင် အရပ်သားနှစ်ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း Telegram တွင် ပြောကြားခဲ့သည်။ နယ်စပ်ကျေးရွာများမှ ဒေသခံများကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းရန် အာဏာပိုင်များက ညွှန်ကြားထားသည်။ အမျိုးသား ရဲတပ်ဖွဲ့ဝင်များသည် ဘေးကင်းသော နေရာများသို့ မောင်းနှင်ခြင်းမပြုမီ လူများကို ရဲကားများအတွင်း ပစ္စည်းများ ထုပ်ပိုးရာတွင် ကူညီပေးနေသည့် အရာရှိများကို လူမှုကွန်ရက်တွင် ဓာတ်ပုံနှင့် ဗီဒီယိုတစ်ခု တင်ခဲ့သည်။

ရုရှား၏ အံ့အားသင့်ဖွယ်ရာရုတ်တရက် တိုက်ခိုက်မှုအပြီး တစ်ရက်အကြာတွင် ခါကိဗ်ဒေသမှ လူပေါင်း ၁၇၇၅ ဦးကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ရကြောင်း ဒေသတွင်း စစ်ဘက်ဆိုင်ရာ အုပ်ချုပ်ရေး အကြီးအကဲက စနေနေ့တွင် ပြောကြားခဲ့သည်။ အဆိုပါ တိုးတက်မှုများသည် ၂၀၂၂ ခုနှစ် နွေရာသီနှောင်းပိုင်းတွင် ယူကရိန်းမြောက်ပိုင်း ခါခရစ်ဒေသနယ်မြေကို ရုရှားက စတင်သိမ်းယူပြီးနောက် ပြင်းထန်သော နယ်စပ်ဖြတ်ကျော် မြေပြင်ထိုးစစ်အဖြစ် တိုးတက်မှုများ ဖြစ်ပေါ်လာခြင်း ဖြစ်သည်။

ခါကိဗ်မြို့ကို လအတော်ကြာ ရုရှားလေကြောင်း တိုက်ခိုက်မှုတွေ တိုးမြင့်လာပြီးနောက် မြို့တော်ရဲ့ လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်မှု စွမ်းရည်များအပြင် သူ့၏ လက်အောက်ခံ စခန်းခွဲများအားလုံးကို ဖြိုခွင်းခံခဲ့ရပါသည်။ ရုရှနယ်စပ်မှ တောင်ဘက် ကီလိုမီတာ ၃၀ အကွာတွင်ရှိသော ရုရှားမြေပြင်ထိုးစစ်များသည် နောက်ဆုံးပေါ် ရုရှားမြေပြင်ထိုးစစ်များ မပြုလုပ်နိုင်ခဲ့ကြောင်း ဆိုင်နီရေ့ဘို့ဗ် (Syniehubov) က အခိုင်အမာပြောကြားခဲ့သည်။ “ရန်သူအုပ်စုသည် ခါကိဗ် မြို့ကို ခြိမ်းခြောက်မှုမပြုနိုင်ပါ၊ ၎င်း၏တပ်ဖွဲ့များသည် မြောက်ဘက်သို့ ရန်စမှုများအတွက်သာ လုံလောက်သည်ဟု ဆိုပါသည်။

သို့သော်လည်း ရုရှားတပ်များသည် တောင်ဘက်သို့ ပိုမိုတွန်းလှန်နိုင်လျှင် ကီလိုမီတာ ၂၀ ခန့်ပစ်ခတ်နိုင်သည့် ရုရှားအမြောက်များဖြင့် မြို့မြောက်ဘက်အစွန်းကို ထိရောက် အောင်ပစ်နိုင်သည့်အခြေအနေဖြစ်လာနိုင်ကြောင်း သုံးသပ်သူများက မှတ်ချက်ပေးကြသည်။

Source: CNN

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ပါကစ္စတန် အမေရိကန် အီရန်

အီရန်စစ်ပွဲ ဆွေးနွေးပွဲအတွက် ပါကစ္စတန်သို့သွားမည့် အမေရိကန်ကိုယ်စားလှယ်အဖွဲ့၏ ခရီးစဉ်ကို ထရမ့် ဖျက်သိမ်း

  • 2026 ခုနှစ်၊ ဧပြီလ 26 ရက်
  • 28 Views
BBC – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၆ ရက် တီဟီရန်ကိုယ်စားလှယ်အဖွဲ့ အစ္စလာမ္မာဘတ်မြို့မှ ထွက်ခွာသွားပြီး မကြာမီ၊ အီရန်စစ်ပွဲနှင့်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အာရှ၏ တရိပ်ရိပ်တက်နေသော ကုန်စည်ပြတ်လပ်မှု ဂယက်သည် အမေရိကဆီသို့ ဦးတည်နေသည်

  • 2026 ခုနှစ်၊ ဧပြီလ 24 ရက်
  • 35 Views
CNN- ၂၀၂၆ခုနှစ်၊ ဧပြီလ ၂၄ရက် ဓာတ်ဆီဆိုင်များတွင် လောင်စာဆီကို ခွဲတမ်းနှင့် ရောင်းချနေရသည်။ ဆေးရုံများတွင် ဆေးဘက်ဆိုင်ရာ အထောက်အပံ့ပစ္စည်းများ ပြတ်လပ်နေသည်။
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ မနက်ဖြန်ရပ်တန့်လျှင်ပင် လူပေါင်း ၃၀ သန်းကျော် ဆင်းရဲတွင်းသို့ ကျဆင်းနိုင်ကြောင်း ကုလသမဂ္ဂ သတိပေး

  • 2026 ခုနှစ်၊ ဧပြီလ 23 ရက်
  • 42 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၃ ရက် အီရန်စစ်ပွဲ ပဋိပက္ခသည် မနက်ဖြန်တွင်ပင် အဆုံးသတ်သွားစေကာမူ ကမ္ဘာတစ်ဝန်းရှိ လူပေါင်း ၃၀ သန်းကျော်မှာ ဆင်းရဲတွင်းသို့ ပြန်လည်ကျဆင်းသွားလိမ့်မည်ဖြစ်ကြောင်း ကုလသမဂ္ဂ (UN) က
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

‘စက်ရုပ်တွေက သွေးမထွက်ဘူး’ – လူသားစစ်သားများအစား စက်ကိရိယာများကို စစ်မြေပြင်သို့ ယူကရိန်းစေလွှတ်

  • 2026 ခုနှစ်၊ ဧပြီလ 23 ရက်
  • 30 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၃ ရက် ဤမြင်ကွင်းသည် စစ်ပွဲများရှိကတည်းက ရှိနေခဲ့သည့် မြင်ကွင်းဟောင်းတစ်ခု ဖြစ်သည်။ စစ်သားနှစ်ဦးသည် လက်ကိုလေထဲမြှောက်ကာ လက်နက်ချနေပြီး တစ်ဖက်ခြမ်းမှ ဟိန်းဟောက်စေခိုင်းနေသည့် အမိန့်များကို ဂရုတစိုက် လိုက်နာနေကြသည်။
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

ဒရုန်းစစ်ပွဲများ- ယူကရိန်းနှင့် အီရန်အကြား မဟာဗျူဟာမြောက် ဆုံချက်

  • 2026 ခုနှစ်၊ ဧပြီလ 23 ရက်
  • 35 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၃ ရက် ပြီးခဲ့သည့်အပတ်က လူမဲ့ဒရုန်းများနှင့် စက်ရုပ်များ အသုံးပြုတိုက်ခိုက်မှုတစ်ခုသည် ရန်သူ့မြေပြင်စခန်းတစ်ခုကို သိမ်းပိုက်နိုင်ခဲ့သည်။ “ အနာဂတ်ဆိုတာ ရောက်ရှိလို့လာပါပြီ” ဟု ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇီလန်းစကီးက
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

ယူကရိန်းအရေး ဆွေးနွေးမှုများကို အီရန်စစ်ပွဲပြီးသည့်အထိ စောင့်ဆိုင်း၍မရနိုင်ကြောင်း ဇလန်းစကီးက CNN သို့ ပြောကြား

  • 2026 ခုနှစ်၊ ဧပြီလ 23 ရက်
  • 42 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၃ ရက် အီရန်နိုင်ငံတွင် ဖြစ်ပွားနေသော စစ်ပွဲကြောင့် ၎င်း၏နိုင်ငံအပေါ် ရုရှား၏ ကျူးကျော်စစ် အပေါ် အာရုံစိုက်မှု လျော့နည်းသွားကြောင်း ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက ဝန်ခံပြောကြားခဲ့သည်။
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

သင်္ဘောများသည် ဟော်မုဇ်ရေလက်ကြားကို အမြန်ဖြတ်ကျော်ပြေးရန် ကြိုးပမ်း ခဲ့ကြသလား

  • 2026 ခုနှစ်၊ ဧပြီလ 22 ရက်
  • 42 Views
BBC- ၂၀၂၆ခုနှစ်၊ ဧပြီလ ၂၂ရက် အီရန်၏ ပစ်မှတ်ထားခြင်းခံရသည့် သင်္ဘောသုံးစင်းအနက် နှစ်စင်းမှာ ကမ္ဘာ့အကြီးဆုံး သင်္ဘောလိုင်းဖြစ်သည့် MSC ပိုင် သင်္ဘောအုပ်စုတွင် ပါဝင်ကြောင်း တွေ့ရှိရသည်။ ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) သည်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းနေသည့် သင်္ဘောနှစ်စင်းကို သိမ်းဆည်းလိုက်ကြောင်း အီရန်ပြောကြား

  • 2026 ခုနှစ်၊ ဧပြီလ 22 ရက်
  • 41 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၂ ရက် သင်္ဘောများ သိမ်းဆည်းခံရမှု။ ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) အတွင်း သင်္ဘောနှစ်စင်းကို သိမ်းဆည်းပြီး အီရန်ပိုင်နက်ရေပြင်သို့ ရွှေ့ပြောင်းလိုက်ကြောင်း အီရန်တော်လှန်ရေးအစောင့်တပ် (IRGC)