နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 28 ရက်

ဟားမတ်စ်-အစ္စရေးစစ်ပွဲ

ဟားမတ်စ်-အစ္စရေးစစ်ပွဲ အရှေ့အလယ်ပိုင်း ဥရောပ

ပါလက်စ်တိုင်းကို နိုင်ငံအဖြစ် အသိအမှတ်ပြုကြောင်း စပိန်၊နော်ဝေးနဲ့ အိုင်ယာလန်ကြေညာ

++++++++++++++++

“ဒီနေ့မှာ စပိန်၊ နော်ဝေးနဲ့ အိုင်ယာလန်နိုင်ငံတွေက ပါလက်စ်တိုင်းကို နိုင်ငံအဖြစ် အသိအမှတ်ပြုကြောင်း ကြေညာပါတယ်”

စပိန်၊ နော်ဝေးနဲ့ အိုင်ယာလန်နိုင်ငံတွေက ပါလက်စ်တိုင်းကို နိုင်ငံအဖြစ် အသိအမှတ်ပြုကြောင်း မေလ 22 ရက်၊ ဗုဒ္ဓဟူးနေ့မှာ ကြေညာခဲ့ပြီး အခြားအနောက်နိုင်ငံတွေအနေနဲ့လည်း အသိအမှတ်ပြုပေးကြဖို့ တောင်းဆိုခဲ့ကြပါတယ်။ စပိန်ဝန်ကြီးချုပ် ပီဒရိုဆန်းချက်ဇ်က မိမိတို့ နိုင်ငံ ၃ ခုအနေနဲ့ ဂါဇာမှာဖြစ်ပွါးနေတဲ့ အစ္စရေးနဲ့ ဟားမက်စ်တို့ရဲ့ စစ်ပွဲမှာ အပစ်အခတ်ရပ်စဲရေးကို အရှိန်အဟုန်မြင့်လုပ်ဆောင်နိုင်လိမ့်မယ်လို့ မျှော်လင့်ထားကြောင်း ပြောဆိုခဲ့ပါတယ်။

အဲဒီကြေညာချက်ကြောင့် အစ္စရေးဟာ နော်ဝေး၊ စပိန်နဲ့ အိုင်ယာလန်နိုင်ငံတွေမှာရှိတဲ့ သူတို့ရဲ့ သံတမန်တွေကို ချက်ချင်း​ပြန်ခေါ်ခဲ့ပါတယ်။ မေလအစောပိုင်းက ကျင်းပခဲ့တဲ့ ကုလသမဂ္ဂညီလာခံမှာ ပါလက်စ်တိုင်းကို နိုင်ငံအဖြစ် အသိအမှတ်ပြုပြီး ကုလသမဂ္ဂအဖွဲ့ဝင်အဖြစ် အသိအမှတ်ပြုဖို့ကို အဖွဲ့ဝင်နိုင်ငံတွေက တခဲနက်ထောက်ခံခဲ့ကြတာပါ။

“လာမယ့်သီတင်းပတ်တွေမှာ အရေးကြီးတဲ့ခြေလှမ်းတွေကို အကောင်အထည်ဖော်ဖို့ ကျတော်တို့နဲ့ ပူးပေါင်းမယ့် နောက်ထပ်နိုင်ငံတွေ ရှိလာလိမ့်မယ်လို့ ယုံကြည်ပါတယ်။ ဒါဟာ အိုင်ယာလန်နဲ့ ပါလက်စ်တိုင်းအတွက် အရေးပါတဲ့ သမိုင်းဝင်နေ့တစ်နေ့ဖြစ်ပါတယ်”လို့ အိုင်ယာလန်ဝန်ကြီးချုပ် ဆိုင်မွန်ဟားရစ်က ပြောပါတယ်။

အဲဒီကြေညာချက်ကို အစ္စရေးတို့ သိမ်းပိုက်ထားတဲ့ အနောက်ဘက်ကမ်းမှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို ကန့်သတ်ခံထားရတဲ့ ပါလက်စ်တိုင်းအာဏာပိုင်တွေနဲ့ ဟားမက်စ်အဖွဲ့က  ထောက်ခံကြိုဆိုခဲ့ကြပါတယ်။ ဒါပေမယ့် အစ္စရေးနိုင်ငံခြားရေးဝန်ကြီး အစ္စရေးကတ်ဇ်ကတော့ ပါလက်စ်တိုင်းကို အခုလို အသိအမှတ်ပြုမှုဟာ အစ္စရေးရဲ့ ကိုယ်ပိုင်ကာကွယ်ခွင့် အခွင့်အရေးကို ထိခိုက်စေသလို ဟားမက်စ်တွေဖမ်းဆီးထားတဲ့ ဓါးစာခံ 128 ဦးကို ပြန်လွှတ်ပေးဖို့ ကြိုးပမ်းမှုကလည်း ပျက်ဆီးသွားတယ်လို့ ဝေဖန်ပြောဆိုခဲ့ပါတယ်။

အစ္စရေးအနေနဲ့ အောက်တိုဘာလ 7 ရက်နေ့က တိုက်ခိုက်ခံရတဲ့ လူပေါင်း 1200 ကျော်သေဆုံးမှုမှာ ဟားမက်စ်တွေကို ပြန်တိုက်ခိုက်ဖို့ အခွင့်အရေးရှိပေမယ့် ဂါဇာမှာ အခုဖြစ်ပျက်နေတဲ့ ပုံစံအတိုင်းတော့မဟုတ်ဘူးလို့ စပိန်ဝန်ကြီးချုပ် ပီဒရိုဆန်းချက်ဇ်က ဆိုပါတယ်။

“ ရှင်းရှင်းလင်းလင်းပြောရရင် အစ္စရေးဝန်ကြီးချုပ်နေတန်ယာဟုမှာ ပါလက်စ်တိုင်းအတွက် ငြိမ်းချမ်းရေးတည်ဆောက်ပေးဖို့ အစီအစဉ်မရှိပါဘူး။ သူတို့အနေနဲ့ အောက်တိုဘာလ 7 ရက်နေ့နောက်ပိုင်း ဟားမက်စ်တွေကို တရားဝင်တိုက်ခွင့်ရှိပါတယ်။ ဒါပေမယ့် နေတန်ယာဟုက ဂါဇာမှာ နာကျင်စရာတွေနဲ အလုံးစုံ ပျက်သုဉ်းမှုတွေကိုဖန်တီးနေပါတယ်။ သူတို့လုပ်ပုံက ဂါဇာနဲ့ ပါလက်စ်တိုင်းပြည်သူတွေ၊ တခြားနိုင်ငံတွေကို ဒေါသထွက်စေပြီး နှစ်နိုင်ငံဖြေရှင်းချက်တွေအတွက် အလွန်အန္တရယ်များနေပါတယ်”

စပိန်နိုင်ငံ မက်ဒရစ်မြို့က ပါလက်စ်တိုင်းအရေးလှုပ်ရှားနေကြတဲ့ ကျောင်းသားတွေကတော့ ဆုံးဖြတ်ချက်ကို ကြိုဆိုခဲ့ကြပေမယ့် ဒါဟာ မလုံလောက်သေးဘူးလို့ သတိပေးပြောဆိုထားပါတယ်။

ပါလက်စ်တိုင်းအရေးလှုပ်ရှားသူ ဒန်နီရယ်မိုင်ယာရစ်ချတ်က “ ပါလက်စ်တိုင်းကိုနိုင်ငံကို အသိအမှတ်ပြုပြီး အစ္စရေးဘက်ကို လက်နက်တွေရောင်းချပေးနေဦးမယ်ဆိုရင် ဒါက အနှစ်မပါတဲ့ စကားလုံးသက်သက်ပဲဖြစ်ပါလိမ့်မယ်။ ကျတော်တို့တောင်းဆိုနေတာက လက်တွေ့မပါတဲ့ဆောင်ရွက်မှုတွေကို ရပ်တန့်ပြီး အစ္စရေးနဲ့ ဆက်ဆံရေးကို လုံး၀ဖြတ်တောက်ဖြစ်ဖို့ပါ”လို့ ပြောသွားခဲ့ပါတယ်။

ဂါဇာအရေးနဲ့ပတ်သက်ပြီး ဥရောပနိုင်ငံတွေရဲ့ ချဉ်းကပ်နည်းတွေ ကွဲပြားကြပြီး ပြင်သစ်နိုင်ငံကတော့ ပါလက်စ်တိုင်းကို နိုင်ငံအဖြစ်သတ်မှတ်ပေးလို့မရသေးဘူးလို့ ဗုဒ္ဓဟူးနေ့မှာ တရားဝင်ပြောကြားထားပါတယ်ခင်ဗျာ . . . ။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အာရှ၏ တရိပ်ရိပ်တက်နေသော ကုန်စည်ပြတ်လပ်မှု ဂယက်သည် အမေရိကဆီသို့ ဦးတည်နေသည်

  • 2026 ခုနှစ်၊ ဧပြီလ 24 ရက်
  • 34 Views
CNN- ၂၀၂၆ခုနှစ်၊ ဧပြီလ ၂၄ရက် ဓာတ်ဆီဆိုင်များတွင် လောင်စာဆီကို ခွဲတမ်းနှင့် ရောင်းချနေရသည်။ ဆေးရုံများတွင် ဆေးဘက်ဆိုင်ရာ အထောက်အပံ့ပစ္စည်းများ ပြတ်လပ်နေသည်။
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ မနက်ဖြန်ရပ်တန့်လျှင်ပင် လူပေါင်း ၃၀ သန်းကျော် ဆင်းရဲတွင်းသို့ ကျဆင်းနိုင်ကြောင်း ကုလသမဂ္ဂ သတိပေး

  • 2026 ခုနှစ်၊ ဧပြီလ 23 ရက်
  • 42 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၃ ရက် အီရန်စစ်ပွဲ ပဋိပက္ခသည် မနက်ဖြန်တွင်ပင် အဆုံးသတ်သွားစေကာမူ ကမ္ဘာတစ်ဝန်းရှိ
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

ဒရုန်းစစ်ပွဲများ- ယူကရိန်းနှင့် အီရန်အကြား မဟာဗျူဟာမြောက် ဆုံချက်

  • 2026 ခုနှစ်၊ ဧပြီလ 23 ရက်
  • 35 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၃ ရက် ပြီးခဲ့သည့်အပတ်က လူမဲ့ဒရုန်းများနှင့် စက်ရုပ်များ အသုံးပြုတိုက်ခိုက်မှုတစ်ခုသည် ရန်သူ့မြေပြင်စခန်းတစ်ခုကို သိမ်းပိုက်နိုင်ခဲ့သည်။ “ အနာဂတ်ဆိုတာ ရောက်ရှိလို့လာပါပြီ” ဟု ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇီလန်းစကီးက
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

ယူကရိန်းအရေး ဆွေးနွေးမှုများကို အီရန်စစ်ပွဲပြီးသည့်အထိ စောင့်ဆိုင်း၍မရနိုင်ကြောင်း ဇလန်းစကီးက CNN သို့ ပြောကြား

  • 2026 ခုနှစ်၊ ဧပြီလ 23 ရက်
  • 41 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၃ ရက် အီရန်နိုင်ငံတွင် ဖြစ်ပွားနေသော စစ်ပွဲကြောင့် ၎င်း၏နိုင်ငံအပေါ် ရုရှား၏ ကျူးကျော်စစ် အပေါ် အာရုံစိုက်မှု လျော့နည်းသွားကြောင်း ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက ဝန်ခံပြောကြားခဲ့သည်။
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

သင်္ဘောများသည် ဟော်မုဇ်ရေလက်ကြားကို အမြန်ဖြတ်ကျော်ပြေးရန် ကြိုးပမ်း ခဲ့ကြသလား

  • 2026 ခုနှစ်၊ ဧပြီလ 22 ရက်
  • 42 Views
BBC- ၂၀၂၆ခုနှစ်၊ ဧပြီလ ၂၂ရက် အီရန်၏ ပစ်မှတ်ထားခြင်းခံရသည့် သင်္ဘောသုံးစင်းအနက် နှစ်စင်းမှာ ကမ္ဘာ့အကြီးဆုံး သင်္ဘောလိုင်းဖြစ်သည့် MSC ပိုင် သင်္ဘောအုပ်စုတွင် ပါဝင်ကြောင်း တွေ့ရှိရသည်။ ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) သည်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းနေသည့် သင်္ဘောနှစ်စင်းကို သိမ်းဆည်းလိုက်ကြောင်း အီရန်ပြောကြား

  • 2026 ခုနှစ်၊ ဧပြီလ 22 ရက်
  • 40 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၂ ရက် သင်္ဘောများ သိမ်းဆည်းခံရမှု။ ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) အတွင်း သင်္ဘောနှစ်စင်းကို သိမ်းဆည်းပြီး အီရန်ပိုင်နက်ရေပြင်သို့ ရွှေ့ပြောင်းလိုက်ကြောင်း အီရန်တော်လှန်ရေးအစောင့်တပ် (IRGC)
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အာဖရိက အာရှ အီရန် ဥရောပ

အီရန်စစ်ပွဲကြောင့် လေကြောင်းလိုင်းများ ဂျက်လေယာဉ်ဆီ ပြတ်လပ်တော့မည့် အခြေအနေနှင့် ရင်ဆိုင်နေရ

  • 2026 ခုနှစ်၊ ဧပြီလ 21 ရက်
  • 49 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၁ ရက် နွေရာသီ ခရီးသွားရာသီ အခြေအနေ ဆိုးဝါးတော့မည်ဟု ထင်နေပါသလား။ ပိုမိုဆိုးဝါးလာနိုင်သည့် အခြေအနေအတွက် ပြင်ဆင်ထားလိုက်ပါ။ အီရန်စစ်ပွဲကြောင့် လေယာဉ်လက်မှတ်ခများနှင့် အခကြေးငွေများ မြင့်တက်လာသည့်အပြင်၊ တင်သွင်းလာသည့်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ အဆုံးသတ်ရန် သဘောတူညီချက် ရလုနီးပါး ဖြစ်ခဲ့သော်လည်း ထရမ့်၏ ဆိုရှယ်မီဒီယာ ပို့စ်များကြောင့် အခြေအနေ ပြောင်းလဲသွားခဲ့

  • 2026 ခုနှစ်၊ ဧပြီလ 21 ရက်
  • 44 Views
CNN- ၂၀၂၆ခုနှစ်၊ ဧပြီလ (၂၁)ရက် သီတင်းပတ်ကုန်ခါနီးအချိန်တွင် အမေရိကန်နှင့် အီရန်တို့သည် ခုနစ်ပတ်ကြာ ဖြစ်ပွားနေသည့် စစ်ပွဲကို အဆုံးသတ်ရန် သဘောတူညီချက် ရရှိလုနီးပါး အခြေအနေသို့ ရောက်ရှိနေပုံရသည်။ သို့သော်လည်း သမ္မတ ဒေါ်နယ်ထရမ့်သည် ၎င်း၏ လက်ထောက်များက