မေလ (၃၁)ရက်။
အခုမေလထဲ အကြမ်းဖက်စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်တာကြောင့် ပြည်သူ (၅၂)ဦးအထိသေဆုံးခဲ့ရတယ်လို့ AAPP ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။
နိုင်ငံတဝန်းမှာ အကြမ်းဖက်စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်တာကြောင့် အမျိုသမီး (၂၂)ဦးနဲ့ အမျိုးသား (၃၀)ဦး သေဆုံးခဲ့ရတာဖြစ်တယ်လို့ ဆိုပါတယ်။
အဲ့ဒီထဲမှာ အသက် (၁၈)နှစ်အောက် ကလေးငယ် (၆)ဦးနဲ့ အသက်(၆၀)နှစ်နဲ့အထက် သေဆုံးသူ (၉)ဦးပါဝင်တယ်လို့ ဖော်ပြထားပါတယ်။
သေဆုံးသူ (၅၂)ဦးထဲ မကွေးတိုင်းမှာ အများဆုံးဒေသဖြစ်ပြီး သေဆုံးသူဦးရေဟာ (၂၂)ဦးအထိရှိခဲ့တယ်လို့ ရေးသားထားပါတယ်။
ဒါ့ပြင် စစ်အုပ်စုရဲ့ လက်နက်ကြီးပစ်ခတ်တာတွေဟာ ရခိုင်ပြည်နယ်မှာ အများဆုံးဖြစ်ခဲ့ပြီး (၁၃)ဦးအထိ သေဆုံးခဲ့ရတယ်လို့ ပြောဆိုထားပါတယ်။
(၃)နှစ်ကျော်ကာလထဲ အကြမ်းဖက်စစ်အုပ်စုနဲ့ သူ့ရဲ့လက်ပါးစေတွေကြောင့် နွေဦးတော်လှန်ရေးထဲ သေဆုံးခဲ့ရသူ (၅၁၆၁)ဦးရှိပြီလို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။