နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ အောက်တိုဘာလ 31 ရက်

မြန်မာသတင်း

မြန်မာသတင်း

သူရဦးတင်ဦးရဲ့ ဈာပန နေ့လယ်ပိုင်းအချိန်မှာ ရေဝေးသုသာန်သို့ ပို့ဆောင်

++++++++++++++++++++++++++++++++++++++++

ဇွန်လ (၅)ရက်။

ကွယ်လွန်သွားခဲ့တဲ့ NLD နာယက သူရဦးတင်ဦးရဲ့ ဈာပနကို ဒီကနေ့ နေ့လယ် (၁)နာရီခန့်ကစပြီး ရေဝေးသုသာန်သို့ ပို့ဆောင်ခဲ့ပြီဖြစ်တယ်လို့ သိရပါတယ်။

နံနက်ပိုင်းအချိန်မှာတော့ သူရဦးတင်ဦးရဲ့ ဗဟန်းမြို့ရှိ နေအိမ်မှာ ဆွမ်းကပ်လှူတာတွေ ပြုလုပ်ခဲ့ပြီး ရေဝေးသုသာန်မှာ ဂူသွင်းသင်္ဂြိုလ်ဖို့ ပို့ဆောင်ခဲ့တာလို့ ဆိုပါတယ်။

သူရဦးတင်ဦးရဲ့ ရုပ်အလောင်းကို ရေဝေးသုသာန်သို့ ပို့ဆောင်ချိန်မှာ နာရေးယာဉ်တန်းဟာ ဗဟန်းမြို့နယ်၊ တက္ကသိုလ်ရိပ်သာလမ်းရှိ ခြံအမှတ် (၅၄)ရှေ့ကနေ ဖြတ်သန်းသွားခဲ့တာပါ။

နံနက်ပိုင်းအချိန်ကပြုလုပ်တဲ့ နာရေးကို သမ္မတ ဦးဝင်းမြင့်ရဲ့ဇနီးဖြစ်သူ သမ္မတကတော် ဒေါ်ချိုချို တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

သူရဦးတင်ဦးရဲ့ ရုပ်အလောင်းကို ညနေ (၄)နာရီအချိန်မှာ သတင်းစာဆရာ ဟံသာဝတီဦးဝင်းတင်ရဲ့ အုတ်ဂူအနီး ဂူသွင်းသင်္ဂြိုလ်သွားဖို့ စီစဉ်ထားပါတယ်။

သူရဦးတင်ဦးရဲ့ ဈာပနသို့ ဒေါ်အောင်ဆန်းစုကြည်က ပေးပို့တယ်ဆိုတဲ့ လွမ်းသူ့ပန်းခြင်းကိုလဲ စစ်ကောင်စီဘက်က လာရောက်ပို့ဆောင်ခဲ့ပါတယ်။

သူရဦးတင်ဦးဟာ ကွယ်လွန်ချိန်မှာ (၉၈)နှစ်အရွယ်ရှိပြီဖြစ်ကာ ရက်လည်ဆွမ်းကျွေးတရားနာတာကို ဇွန်လ (၇)ရက်နေ့ နံနက်ပိုင်းမှာ ပြုလုပ်သွားမယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

မိုးကုတ်မြို့ကို ခွေးတိုးပေါက်ကဝင်လာတဲ့ စစ်ကော်မရှင်ကို ‌တိုက်ထုတ်မယ်လို့ မြို့နယ်ပကဖထုတ်ပြန်

  • 2025 ခုနှစ်၊ အောက်တိုဘာလ 31 ရက်
  • 5 Views
အောက်တိုဘာလ (၃၁)ရက်။ မိုးကုတ်မြို့ကို ဆက်လက်ကာကွယ်ဖို့ အကြောင်းအမျိုးမျိုးကြောင့် တော်လှန်ရေးတာဝန်ကနေ အနားယူထားတဲ့ တော်လှန်ရေးရဲဘော်တွေကို မြို့နယ်ပကဖက မနေ့က ပြန်လည်ဖိတ်ခေါ်ထားတယ်လို့ သိရပါတယ်။
မြန်မာသတင်း

အနုပညာရှင်တွေရဲ့ ပြည်ပထွက်ခွာခွင့် စစ်တပ် ကန့်သတ်ပိတ်ပင်ထား

  • 2025 ခုနှစ်၊ အောက်တိုဘာလ 31 ရက်
  • 7 Views
အောက်တိုဘာလ (၃၁)ရက်။ ပြည်တွင်းရှိ အနုပညာရှင်တွေရဲ့ ပြည်ပထွက်ခွာခွင့်ကို စစ်တပ်က ကန့်သတ်ပိတ်ပင်ထားတယ်လို့ စစ်တပ်ထောက်ခံတဲ့ ယုန်လေးက မနေ့က သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ ပြောဆိုထားတယ်လို့
မြန်မာသတင်း

ဆောမြို့ပေါ်မှာ (၁၃)နှစ်အရွယ်မိန်းကလေးကို မုဒိန်းကျင့်သတ်ဖြတ်ခဲ့သူကို NUG ရဲချုပ် ဦးဆောင်စစ်ဆေး‌နေ

  • 2025 ခုနှစ်၊ အောက်တိုဘာလ 31 ရက်
  • 8 Views
အောက်တိုဘာလ (၃၁)ရက်။ ဆောမြို့ပေါ်မှာ အသက်(၁၃)နှစ်အရွယ် မိန်းကလေးကို မုဒိန်းကျင့်သတ်ဖြတ်ခဲ့တဲ့ မင်းမင်းစိုးဆိုသူကို NUG ရဲချုပ် ဦးဆောင်ကာ စစ်ဆေးနေတယ်လို့ ဆောမြို့နယ်ပအဖရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဖြစ်စဉ်ဟာ အောက်တိုဘာလ (၂၁)ရက်နေ့က ဆောမြို့ သီရိ(ရတနာ)ရပ်ကွက်နေ (၁၃)နှစ်အရွယ်
မြန်မာသတင်း

မိုးကုတ်မြို့ကို စစ်တပ်လက်ထဲ ပြန်မရောက်ဖို့ တိုက်ပွဲဝင်သွားမယ်လို့ တော်လှန်ရေးတပ်တွေ ထုတ်ပြန်

  • 2025 ခုနှစ်၊ အောက်တိုဘာလ 30 ရက်
  • 33 Views
အောက်တိုဘာလ (၃၀)ရက်။ တော်လှန်ရေးအင်အားစုတွေ စိုးမိုးထိန်းချုပ်ထားတဲ့ နယ်မြေတွေကို စစ်တပ်လက်ထဲ ပြန်မရောက်အောင် တိုက်ပွဲဝင်သွားမယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေက ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ TNLA အနေနဲ့ စစ်တပ်နဲ့ အပစ်အခတ်ရပ်စဲပြီး မိုးကုတ်မြို့ကနေ တပ်တွေ ပြန်ဆုတ်မယ်လို့ ထုတ်ပြန်လာခဲ့ပြီးနောက် မိုးကုတ်နဲ့
မြန်မာသတင်း

လောင်းလုံမြို့နယ် မောင်းမကန်ရဲစခန်းကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်သိမ်းပိုက်ခဲ့

  • 2025 ခုနှစ်၊ အောက်တိုဘာလ 30 ရက်
  • 32 Views
အောက်တိုဘာလ (၃၀)ရက်။ လောင်းလုံမြို့ရှိ စစ်တပ်လက်အောက်ခံ မောင်းမကန်နယ်မြေရဲစခန်းကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ အထူးတိုင်းစစ်ဌာန-PDF ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီစခန်းသိမ်းတိုက်ပွဲထဲ စစ်တပ်ဘက်က (၁၂)ဦးသေ‌ဆုံးပြီး (၁၀)ဦး ဒဏ်ရာရရှိခဲ့သလို ကျန်တဲ့ စစ်တပ်အင်အားတွေဟာ စခန်းစွန့်ခွာထွက်ပြေးသွားတယ်လို့
မြန်မာသတင်း

ပေါင်းတည်မြို့ ဝဲကြီးဆည်ရှိ စစ်ကော်မရှင်စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရပြီး (၂)ဦးသေဆုံးခဲ့

  • 2025 ခုနှစ်၊ အောက်တိုဘာလ 30 ရက်
  • 28 Views
အောက်တိုဘာလ (၃၀)ရက်။ အောက်တိုဘာလ (၂၈)ရက်နေ့ နံနက် (၇)နာရီ (၁၅)မိနစ်အချိန်က ပေါင်းတည်မြို့ ဝဲကြီးဆည်ရှိ စစ်ကော်မရှင်ရဲ့ စစ်ဆေးရေးဂိတ်ကို တိုက်ခိုက်ခဲ့တယ်လို့ PPDF-၃၆၀၁တပ်ရင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ပေါင်းတည်မြို့ ဝဲကြီးဆည်က စကမစစ်ဆေးရေးဂိတ်ကို
မြန်မာသတင်း

အာဆီယံအထူးသံတမန်ကို အကျဉ်းကျသူတွေနဲ့ တွေ့ခွင့်မပေးနိုင်ဘူးဆိုပြီး စစ်ကော်မရှင်ပြော

  • 2025 ခုနှစ်၊ အောက်တိုဘာလ 30 ရက်
  • 45 Views
အောက်တိုဘာလ (၃၀)ရက်။ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးသံတမန်ရဲ့ ခရီးစဉ်တွေမှာ အကျဉ်းကျသူတွေနဲ့တော့ တွေ့ဆုံခွင့်မပေးနိုင်ဘူးဆိုပြီး စစ်ကော်မရှင်ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက မနေ့က ထုတ်ပြန်ပြောဆိုထားတယ်လို့ သိရပါတယ်။ “ အာဆီယံဥက္ကဋ္ဌရဲ့ အထူးကိုယ်စားလှယ်လာတိုင်း ဖြစ်နိုင်တဲ့ လိုက်လျောနိုင်တဲ့သူတွေနဲ့ တွေ့ဆုံနိုင်ဖို့ ဆောင်ရွက်ပေးခဲ့ပါတယ်။ ရာဇဝတ်မှုနဲ့
မြန်မာသတင်း

ဒါရိုက်တာမိုက်တီးအပါအဝင် (၃)ဦးကို ရွေးကောက်ပွဲ နှောက်ယှက်တာကြောင့်ဆိုပြီး စစ်တပ် ဖမ်းဆီး

  • 2025 ခုနှစ်၊ အောက်တိုဘာလ 30 ရက်
  • 28 Views
အောက်တိုဘာလ (၃၀)ရက်။ ဒါရိုက်တာမိုက်တီးအပါအဝင် ဇာတ်ပို့သရုပ်ဆောင် ကျော်ဝင်းထွဋ်(ခ)ကျော်မင်းထွဋ်နဲ့ ဟာသသရုပ်ဆောင် အုန်းဒိုင်းတို့ကို စစ်တပ်က ဖမ်းဆီးခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်တပ်ဟာ သူတို့ (၃)ဦးကို အောက်တိုဘာလ (၂၇)ရက်နေ့က နေအိမ်အသီးသီးကနေ ဖမ်းဆီးရမိခဲ့တာလို့ ဆိုပါတယ်။