နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 16 ရက်

မြန်မာသတင်း

မြန်မာသတင်း

ခလရ(၁၀၆)က ဌာနချုပ်တပ်ခွဲမှူး ဈေးဝယ်ထွက်လာချိန် ရေးပြောက်ကျားတပ်က ဖမ်းမိခဲ့

ဇွန်လ (၆)ရက်။

မွန်ပြည်နယ်၊ ရေးမြို့နယ်ရှိ မော့ကနင် ခလရ(၁၀၆)က ဌာနချုပ်တပ်ခွဲမှူး ဗိုလ်မှူး သန်းနိုင်စိုးကို ဖမ်းမိခဲ့တယ်လို့ ရေးပြောက်ကျားတပ်ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

စစ်ကောင်စီရဲ့ ခလရ(၁၀၆)က ဌာနချုပ်တပ်ခွဲမှူး ဗိုလ်မှူး သန်းနိုင်စိုး(ကပ-ကြည်း ၄၉၉၁၀)ဟာ ကားတစ်စီးနဲ့အတူ ဈေးဝယ်ထွက်လာချိန် ဖမ်းဆီးရမိခဲ့တာလို့ ဆိုပါတယ်။

ဗိုလ်မှူး သန်းနိုင်စိုးကို MA-5 ပစ္စတိုတစ်လက်နဲ့ MA-3 တစ်လက်တို့နဲ့အတူ ဖမ်းမိခဲ့တာကို ရေးပြောက်ကျားတပ်ရဲ့ ဗိုလ်ကျန်ရစ်က သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။

စစ်ကောင်စီရဲ့ မော့ကနင် (၁၀၆)တပ်ဟာ မနေ့က ညပိုင်း (၇)နာရီခွဲကစပြီး ဒီကနေ့ နံနက်(၁)နာရီအထိ လက်နက်ကြီး/လက်နက်ငယ်တွေနဲ့ ပစ်ခတ်တာတွေရှိခဲ့ပါတယ်။

အခုလို စစ်ကောင်စီရဲ့ မော့ကနင် ခလရ(၁၀၆)တပ်က လက်နက်ကြီး/ငယ်တွေနဲ့ ပစ်ခတ်တာဟာ သူတို့ရဲ့တပ်ခွဲမှူး ဖမ်းဆီးခံရတာကြောင့် ဖြစ်နိုင်တယ်လို့ ဒေသခံတွေက ပြောဆိုနေကြတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

တရုတ် မြန်မာသတင်း

ISP-Myanmar ဦးဆောင်သူ ဦးမင်းဇင်ကို တရုတ်အာဏာပိုင်တွေ ဖမ်းဆီးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 16 ရက်
  • 0 Views
ဇွန်လ (၁၂)ရက်။ မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒရေးရာလေ့လာရေးအဖွဲ့ ISP-MYANMAR ဦးဆောင်သူ ဦးမင်းဇင်ကို တရုတ်အာဏာပိုင်တွေက ဖမ်းဆီးခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ISP-MYANMAR
မြန်မာသတင်း

စစ်တပ်ရဲ့ အင်အားဖြည့်တာတွေကို ကြိုတင်ပြင်ဆင်ပိတ်ဆို့တားဆီးဖို့ မြိုင်ပကဖ အကြောင်းကြား

  • 2026 ခုနှစ်၊ ဇွန်လ 16 ရက်
  • 1 Views
ဇွန်လ (၁၂)ရက်။ မြိုင်နယ်ထဲရှိ စစ်တပ်ရဲ့ အထိုင်ရဲစခန်း၊ ပျူရွာနဲ့ စစ်ဆေးရေးဂိတ်တွေမှာ စားနပ်ရိက္ခာနဲ့ ခဲယမ်းတွေ လျော့နည်းနေတယ်လို့ မြိုင်မြို့နယ်ပကဖရဲ့ ဒီကနေ့မှာ
မြန်မာသတင်း

ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် မီဒီယာထုတ်လွှင့်ခွင့် Mytel ကိုပေးအပ်တဲ့အပေါ် JFM ရှုတ်ချ

  • 2026 ခုနှစ်၊ ဇွန်လ 16 ရက်
  • 1 Views
ဇွန်လ (၁၂)ရက်။ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် မီဒီယာထုတ်လွှင့်ခွင့် Mytel ကို ပေးအပ်တဲ့ ဖီဖာရဲ့ ဆုံးဖြတ်ချက်အပေါ် Justice for Myanmar(JFM)က ဒီကနေ့မှာ ရှုတ်ချထားတယ်လို့ သိရပါတယ်။ Mytel ဟာ စစ်အုပ်စုအတွက် အကျိုးအမြတ်များစွာ ရရှိတဲ့
မြန်မာသတင်း

ထန်တလန်ရှိ CDF-Zophie ဌာနချုပ်ကို စစ်တပ် လေကြောင်းဗုံးကြဲခဲ့တယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 16 ရက်
  • 5 Views
ဇွန်လ (၁၁)ရက်။ ဒီကနေ့ နံနက် (၈)နာရီခွဲအချိန်က ထန်တလန်မြို့နယ်ရှိ CDF-Zophie ဌာနချုပ်ကို စစ်တပ်က လေကြောင်းဗုံးကြဲခဲ့တယ်လို့ စစ်လော်ဘီချန်နယ်တွေရဲ့ ပြောဆိုထားချက်တွေအရ သိရပါတယ်။ ဇိုဖေးဒေသအခြေစိုက် CDF-Zophie ဌာနချုပ်ကို စစ်တပ်က လေကြောင်းဗုံးကြဲခဲ့ရာ ကျန်းမာရေးဌာနရဲ့ အတွင်းရေးမှူးဖြစ်သူ
မြန်မာသတင်း

NUG နဲ့ စစ်ကိုင်းဖက်ဒရယ်ယူနစ်အစိုးရကြား လုပ်ငန်းလွှဲပြောင်းတဲ့အခမ်းအနား ပြုလုပ်

  • 2026 ခုနှစ်၊ ဇွန်လ 16 ရက်
  • 5 Views
ဇွန်လ (၁၁)ရက်။ မနေ့က ညနေ(၄)နာရီအချိန်က NUG ဝန်ကြီးချုပ်ရုံးနဲ့ စစ်ကိုင်းဖက်ဒရယ်ယူနစ်အစိုးရတို့အကြား လုပ်ငန်းလွှဲပြောင်းတဲ့အခမ်းအနားကို zoom platform ကနေ ကျင်းပခဲ့တယ်လို့ သိရပါတယ်။ အခမ်းအနားမှာ ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ဝန်ကြီး ဒေါက်တာဇော်ဝေစိုးနဲ့ စစ်ကိုင်းဖက်ဒရယ်ယူနစ် ကြားကာလအစိုးရ ဝန်ကြီးချုပ်
မြန်မာသတင်း

မင်းတပ်မြို့မှာ တိုက်ပွဲဝင်ကာကွယ်နေတဲ့ ရဲဘော်တွေကို ကူညီပံ့ပိုးဖို့ မြို့နယ်ပအဖ မေတ္တာရပ်ခံ

  • 2026 ခုနှစ်၊ ဇွန်လ 16 ရက်
  • 10 Views
ဇွန်လ (၁၁)ရက်။ အခုအခါ မင်းတပ်မြို့ဟာ အဘက်ဘက်ကနေ ဒဏ်ရာပေါင်းစုံနဲ့ အနာတရဖြစ်နေတယ်လို့ ကြားကာလ မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒီလိုအနာတရဖြစ်နေတဲ့ မြို့နယ်လေးကို သားကောင်းရတနာတွေက အသက်ကို ပဓါနမထားဘဲ ခုခံတိုက်ခိုက်ပြီး တိုက်ပွဲဝင်နေကြတာကို ရပ်နီး/ရပ်ဝေးက
မြန်မာသတင်း

မကွေးထောင်မှာ နိုင်/ကျဉ်းတွေ လူ့အခွင့်အရေး ချိုးဖောက်ခံနေရ

  • 2026 ခုနှစ်၊ ဇွန်လ 16 ရက်
  • 9 Views
ဇွန်လ (၁၁)ရက်။ မကွေးထောင်မှာ မတရားဖမ်းဆီးခံထားရတဲ နိုင်ငံရေးအကျဉ်းသားတွေ လူ့အခွင့်အရေးတွေ ချိုးဖောက်ခံနေရတယ်လို့ နွေဦးနိုင်ငံရေးအကျဉ်းသားများအစည်းအရုံးရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ထောင်ထဲရှိ နိုင်ငံရေးအကျဉ်းသားတွေအပါအဝင် အကျဉ်းသားတွေ ပိုင်ဆိုင်တဲ့ ခြုံစောင်တွေ၊ အဝတ်အစားတွေ၊ အသုံးအဆောင်တွေနဲ့ အစားအသောက်တွေကို ထောင်အာဏာပိုင်တွေက
မြန်မာသတင်း

(၅)နှစ်တာတိုက်ပွဲထဲ ကိုယ်လက်အင်္ဂါ ပေးဆပ်စွန့်လွှတ်ခဲ့ရတဲ့ အရာရှိ၊ရဲဘော် (၁၂၄)ဦးရှိတယ်လို့ MDY-PDF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 16 ရက်
  • 9 Views
ဇွန်လ (၁၀)ရက်။ (၅)နှစ်တာ တော်လှန်ရေးတိုက်ပွဲထဲ ကိုယ်လက်အင်္ဂါ ပေးဆပ်စွန့်လွှတ်ခဲ့ရတဲ့ အရာရှိနဲ့ ရဲဘော် (၁၂၄)ဦးရှိခဲ့တယ်လို့ MDY-PDF ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ကိုယ်လက်အင်္ဂါအစိတ်အပိုင်းတွေ ပေးဆပ်စွန့်လွှတ်ခဲ့တဲ့ MDY-PDF ရဲ့ အထူးလှုပ်ရှားတပ်မက ရဲဘော်တွေနဲ့