နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 16 ရက်

မြန်မာသတင်း

မြန်မာသတင်း

NUG နဲ့ စစ်ကိုင်းဖက်ဒရယ်ယူနစ်အစိုးရကြား လုပ်ငန်းလွှဲပြောင်းတဲ့အခမ်းအနား ပြုလုပ်

ဇွန်လ (၁၁)ရက်။

မနေ့က ညနေ(၄)နာရီအချိန်က NUG ဝန်ကြီးချုပ်ရုံးနဲ့ စစ်ကိုင်းဖက်ဒရယ်ယူနစ်အစိုးရတို့အကြား လုပ်ငန်းလွှဲပြောင်းတဲ့အခမ်းအနားကို zoom platform ကနေ ကျင်းပခဲ့တယ်လို့ သိရပါတယ်။

အခမ်းအနားမှာ ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ဝန်ကြီး ဒေါက်တာဇော်ဝေစိုးနဲ့ စစ်ကိုင်းဖက်ဒရယ်ယူနစ် ကြားကာလအစိုးရ ဝန်ကြီးချုပ် ဦးစိုးဦးတို့က အဖွင့်အမှာစကား ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

အဲ့ဒီနောက် ဝန်ကြီးချုပ်ရုံးရဲ့ တွဲဖက်အတွင်းဝန်တွေက လုပ်ငန်းတွေ လွှဲပြောင်းလုပ်ငန်းစဉ်တွေကို ရှင်းလင်းတင်ပြခဲ့တယ်လို့ ဖော်ပြထားပါတယ်။

နောက်ပြီး သဘောတူညီထားရှိတဲ့ လုပ်ငန်းတွေ လွှဲပြောင်းတာကို ဝန်ကြီး ဒေါက်တာဇော်ဝေစိုးက အတည်ပြုကာ စစ်ကိုင်းဖက်ဒရယ်ယူနစ်အစိုးရ ဝန်ကြီးချုပ် ဦးစိုးဦးက အတည်ပြု လက်ခံခဲ့ပါတယ်။

အခမ်းအနားကို ဝန်ကြီး ဒေါက်တာဇော်ဝေစိုး၊ စစ်ကိုင်းဖက်ဒရယ်ယူနစ်အစိုးရဝန်ကြီးချုပ် ဦးစိုးဦး၊ ဒုဝန်ကြီးချုပ် ဒေါက်တာအောင်နေဝင်းနဲ့ စိုက်ပျိုးရေးနဲ့ မွေးမြူရေးဌာန၊ သတင်းအချက်အလက် ဆက်သွယ်ရေးနဲ့ နည်းပညာဌာန၊ ခရိုင်နဲ့ မြို့နယ်တွေက တာဝန်ခံတွေ တက်ရောက်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် စစ်ကိုင်းဖက်ဒရယ်ယူနစ်အစိုးရ ဒုဝန်ကြီးချုပ်နဲ့ ဒေါက်တာဇော်ဝေစိုးတို့က နိဂုံးချုပ်စကားပြောကြားခဲ့ပြီး ညနေ(၅)နာရီအချိန်မှာ အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့တယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

လူထုခေါင်းဆောင် ဒေါ်ဆောင်ဆန်းစုကြည်ရဲ့ မွေးနေ့မှာ ပြည်လုံးကျွတ် လူထုလှုပ်ရှားမှုပြုလုပ်ဖို့ နှိုးဆော်

  • 2026 ခုနှစ်၊ ဇွန်လ 16 ရက်
  • 7 Views
ဇွန်လ (၁၃)ရက်။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့မှာ ပြည်လုံးကျွတ် လူထုလှုပ်ရှားမှုပြုလုပ်ဖို့ နှိုးဆော်ထားတယ်လို့ People Movement Platform ရဲ့
မြန်မာသတင်း

တနှစ်ထဲ အကြမ်းဖက်စစ်တပ်က စစ်မှုထမ်းတပ်သား (၆၀၀၀၀)ကျော်ကို စုဆောင်းရရှိခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 16 ရက်
  • 8 Views
ဇွန်လ (၁၃)ရက်။ ပြီးခဲ့တဲ့ ၂၀၂၅ခုနှစ်ထဲ အကြမ်းဖက်စစ်တပ်က စစ်မှုထမ်းတပ်သား (၆၀၀၀၀)ကျော်ကို စုဆောင်းရရှိခဲ့တယ်လို့ MDSI ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

ရဲဘော်မုန်တိုင်းနဲ့ ရဲဘော်နိုင်ကြီးတို့ကို စုံစမ်းစစ်ဆေးနေတယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 16 ရက်
  • 7 Views
ဇွန်လ (၁၃)ရက်။ ရဲဘော်မုန်တိုင်းနဲ့ ရဲဘော်နိုင်ကြီးတို့ကို စည်းမျဉ်းစည်းကမ်းတွေအတိုင်း စုံစမ်းစစ်ဆေးနေတယ်လို့ MOD ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ရဲဘော်မုန်တိုင်းဟာ ကာမပိုင်အမျိုးသမီးတဦးနဲ့ ဖောက်ပြန်တာအပါအဝင် တပ်ထဲ စည်းလုံးမှုပျက်ပြားလာတာကြောင့် တပ်ဖွဲ့စည်းတာကို ပြင်ဆင်ပြီး အပြစ်ပေးအရေးယူခဲ့တယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

မင်းအောင်လှိုင် တရုတ်နိုင်ငံ သွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 16 ရက်
  • 8 Views
ဇွန်လ (၁၂)ရက်။ လာမယ့်ရက်သတ္တပတ်ထဲ သမ္မတုမင်းအောင်လှိုင် တရုတ်နိုင်ငံကို သွားရောက်ဖို့ရှိနေတယ်လို့ တရုတ်သံရုံးရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မင်းအောင်လှိုင်ဟာ ဇွန်လ (၁၅)ရက်နေ့ကနေ (၁၉)ရက်နေ့အထိ တရုတ်နိုင်ငံကို သွားရောက်မှာဖြစ်တယ်လို့ ဆိုပါတယ်။ သမ္မတုမင်းအောင်လှိုင်အနေနဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်ရဲ
တရုတ် မြန်မာသတင်း

ISP-Myanmar ဦးဆောင်သူ ဦးမင်းဇင်ကို တရုတ်အာဏာပိုင်တွေ ဖမ်းဆီးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 16 ရက်
  • 7 Views
ဇွန်လ (၁၂)ရက်။ မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒရေးရာလေ့လာရေးအဖွဲ့ ISP-MYANMAR ဦးဆောင်သူ ဦးမင်းဇင်ကို တရုတ်အာဏာပိုင်တွေက ဖမ်းဆီးခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ISP-MYANMAR ဦးဆောင်သူ ဦးမင်းဇင်ဟာ အခုလပထမအပတ်က တရုတ်နိုင်ငံ ယူနန်ပြည်နယ်ရဲ့မြို့တော်ဖြစ်တဲ့ ကူမင်းမြို့မှာ ရှိနေချိန် ဖမ်းဆီးခံရတာလို့
မြန်မာသတင်း

စစ်တပ်ရဲ့ အင်အားဖြည့်တာတွေကို ကြိုတင်ပြင်ဆင်ပိတ်ဆို့တားဆီးဖို့ မြိုင်ပကဖ အကြောင်းကြား

  • 2026 ခုနှစ်၊ ဇွန်လ 16 ရက်
  • 6 Views
ဇွန်လ (၁၂)ရက်။ မြိုင်နယ်ထဲရှိ စစ်တပ်ရဲ့ အထိုင်ရဲစခန်း၊ ပျူရွာနဲ့ စစ်ဆေးရေးဂိတ်တွေမှာ စားနပ်ရိက္ခာနဲ့ ခဲယမ်းတွေ လျော့နည်းနေတယ်လို့ မြိုင်မြို့နယ်ပကဖရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီအတွက် စစ်တပ်ရဲ့ အထိုင်တပ်မတွေက လက်အောက်ခံနေရာတွေကို ရိက္ခာ၊ ဆေးဝါး၊
မြန်မာသတင်း

ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် မီဒီယာထုတ်လွှင့်ခွင့် Mytel ကိုပေးအပ်တဲ့အပေါ် JFM ရှုတ်ချ

  • 2026 ခုနှစ်၊ ဇွန်လ 16 ရက်
  • 7 Views
ဇွန်လ (၁၂)ရက်။ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် မီဒီယာထုတ်လွှင့်ခွင့် Mytel ကို ပေးအပ်တဲ့ ဖီဖာရဲ့ ဆုံးဖြတ်ချက်အပေါ် Justice for Myanmar(JFM)က ဒီကနေ့မှာ ရှုတ်ချထားတယ်လို့ သိရပါတယ်။ Mytel ဟာ စစ်အုပ်စုအတွက် အကျိုးအမြတ်များစွာ ရရှိတဲ့
မြန်မာသတင်း

ထန်တလန်ရှိ CDF-Zophie ဌာနချုပ်ကို စစ်တပ် လေကြောင်းဗုံးကြဲခဲ့တယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 16 ရက်
  • 10 Views
ဇွန်လ (၁၁)ရက်။ ဒီကနေ့ နံနက် (၈)နာရီခွဲအချိန်က ထန်တလန်မြို့နယ်ရှိ CDF-Zophie ဌာနချုပ်ကို စစ်တပ်က လေကြောင်းဗုံးကြဲခဲ့တယ်လို့ စစ်လော်ဘီချန်နယ်တွေရဲ့ ပြောဆိုထားချက်တွေအရ သိရပါတယ်။ ဇိုဖေးဒေသအခြေစိုက် CDF-Zophie ဌာနချုပ်ကို စစ်တပ်က လေကြောင်းဗုံးကြဲခဲ့ရာ ကျန်းမာရေးဌာနရဲ့ အတွင်းရေးမှူးဖြစ်သူ