နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 8 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အာရှ ဥရောပ

နေတိုးပုံစံ ကာကွယ်ရေးသဘောတူစာချုပ်နှင့် ပုံရိပ်မြှင့်တင်ခြင်းနှင့်အတူ မြောက်ကိုရီးယားခရီးစဉ်မှ ပူတင် ဘာတွေရရှိခဲ့ပါသလဲ။

CNN သတင်း။

ဇွန်လ (၂၀) ရက်။

ရာစုနှစ်၏ လေးပုံတစ်ပုံနီးပါးအတွင်း ဗလာဒီမီယာပူတင်၏ ပထမဆုံးမြောက်ကိုရီးယားခရီးစဉ်ကို ကမ္ဘာတဝှမ်းမှ အလေးထား စောင့်ကြည့်ခဲ့ကြသည်။ အနောက်တိုင်းက သူ့ကိုစောင့်ကြည့်နေသည်ကို ရုရှားက သိနေပြီး ပူတင်သည် အလေးထားပုံ မရှိပါ။ ပူတင်သည် ယူကရိန်းကို ကျူးကျော်ဝင်ရောက်မှုနှင့်ပတ်သက်၍ နိုင်ငံတကာရာဇဝတ်တရားရုံးမှ ဖမ်းဝရမ်းထုတ်ထားသောကြောင့် ကမ္ဘာအနှံ့အပြားတွင် ဖမ်းဆီးခံရမည့် အန္တရာယ်ရှိသည်။

သို့သော် ဗုဒ္ဓဟူးနေ့တွင် အထီးကျန်ဆန်နေသော ရုရှားသမ္မတကို ပြုံယမ်းတွင် လှိုက်လှိုက်လှဲလှဲ ကြိုဆိုမှုကို ပြုလုပ်ခဲ့သည်။ ကင်မ်အီဆွန်းရင်ပြင်၏ တစ်ဖက်တစ်ချက်စီတွင် ပူတင်၏ ဧရာမရုပ်ပုံလွှာကို ကလေးများက ဝှေ့ယမ်းပြီး ရုရှားအလံများကို ဝှေ့ယမ်းနေကြစဉ် ရုရှားနိုင်ငံပိုင်မီဒီယာတွင် ထုတ်လွှင့်နေသည့် ဗီဒီယိုဖိုင်တွင် ကရင်မလင်ခေါင်းဆောင်ကြီး၏ ပိုစတာများကို လမ်းမများပေါ်တွင် တန်းစီချိတ်ဆွဲထားခဲ့သည်။

ဤခရီးစဉ်မှ ပူတင်သည် တဖက်တွင် အထီးကျန်နေသော်လည်း ၎င်းတွင် ထောက်ခံသူရှိကြောင်းနှင့် တန်ဖိုးထားဆဲဖြစ်ကြောင်း ကမ္ဘာကို ပြသသည့် အချက်ပြမှုလည်း ဖြစ်သည်။ ထို့ပြင် မြောက်ကိုရီးယားတွင် တရုတ်နဲ့မတူဘဲ၊ သူ့ကို အငယ်တန်း လုပ်ဖော်ကိုင်ဖက်ကဲ့သို့ သဘောမထားဘဲ ခေါင်းဆောင်ကြီးတဦးကဲ့သို့ ဂုဏ်ပြုခဲ့သည်။

ခေါင်းဆောင်နှစ်ဦး၏ နှုတ်ထွက်စကားများသာမက ၎င်းတို့ချုပ်ဆိုခဲ့သော “ဘက်စုံ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံမှုစာချုပ်” ဟု ခေါ်တွင်စေကာမူ ပူတင်က ခေါ်ဆိုခဲ့သော “အမေရိကန်၏ နယ်ချဲ့ဝါဒနှင့် ၎င်း၏ လက်အောက်ခံများ” ကို ဆန့်ကျင်ရန် စုစည်းမှုတခုအဖြစ် သံသယဖြစ်စရာ မလိုပေ။ ” အဆိုပါ သဘောတူညီချက်တွင် ပူတင်၏အဆိုအရ “ဤသဘောတူညီချက်ပါဝင်သည့်အုပ်စုများကို ရန်စလာသောအခါတွင် အပြန်အလှန် အကူအညီပေးရန်အတွက် နေတိုး၏ အပိုဒ် (၅) နှင့်ဆင်တူသောအပိုဒ် ပါရှိသည်” ကို တွေ့ရပါသည်။

ယူကရိန်းသို့ F-16 တိုက်လေယာဉ်များနှင့် အခြားလက်နက်များ ပေးအပ်ခြင်းဖြင့် အနောက်နိုင်ငံများက ၎င်း၏ နိုင်ငံတကာတာဝန်များကို ချိုးဖောက်သည်ဟု ပူတင်က စွပ်စွဲခဲ့ပြီး “ရုရှားသည် စာရွက်စာတမ်းနှင့်အညီ မြောက်ကိုရီးယားနှင့် စစ်ရေးနည်းပညာ ပူးပေါင်းဆောင်ရွက်မှု ဖွံ့ဖြိုးတိုးတက်မှုကို ပယ်ချခြင်း မရှိကြောင်း” ပြောကြားခဲ့ပြီး လက်မှတ်ရေးထိုးခဲ့ပါသည်။

တနည်းဆိုရသော် ၎င်းတို့နှစ်ဦးသည် အိမ်နီးချင်းများနှင့် အနောက်နိုင်ငံများနှင့် ထိပ်တိုက်ရင်ဆိုင်မှုများ ပြင်းထန်လာချိန်တွင် အချင်းချင်း စစ်ရေးအရ ကူညီမည်ဟု ကတိပြုလိုက်ခြင်းပင် ဖြစ်သည်။ ထိုလုပ်ဆောင်မှုအတွက် အဓိက မေးခွန်းများ ထွက်ပေါ်လာသည်။

အကယ်၍ ယင်းသည် ကာကွယ်ရေးသဘောတူ စာချုပ်ဖြစ်ပါက၊ ရုရှား၏ နျူကလီးယား လက်နက်အဟန့်အတား သဘောတူညီထားချက်သည် ယခု မြောက်ကိုရီးယားနှင့် အပြန်အလှန် အကျိုးသက်ရောက်မှု ရှိပါသလား။ အဆိုပါ “စစ်ဘက်နည်းပညာ ပူးပေါင်းဆောင်ရွက်မှု” တွင် ပူးတွဲစစ်ရေး လေ့ကျင့်မှုများ ပြုလုပ်ခြင်းနှင့် ၎င်းတို့၏ နယ်နိမိတ်ကို ကာကွယ်ရန် ပူးပေါင်းတပ်ဖွဲ့များ ထူထောင်ခြင်းတို့ ပါဝင်မည်လား။ နောင်တွင် မည်သူက ဤစာချုပ်တွင် ပါဝင်နိုင်မည်နည်း။ ပူတင်ရော ကင်မ်ရော တိကျသေချာသည့် အသေးစိတ် အချက်အလက်များကို မပေးခဲ့ပါ။

“တစ်နည်းအားဖြင့် ဒါက မကြာသေးမီက လတွေနဲ့ နှစ်တွေအတွင်းမှာ သူတို့တည်ဆောက်ပြီးသားအရာတွေကို ပုံဖော်နေပါတယ်” ဟု ကိုရီးယားကာကွယ်ရေးသုတေသန အင်စတီကျု့ (Korea Institute for Defense Analyses) မှ တွဲဖက်သုတေသီဂျိဘီးယွန် (Jo Bee-yun) က ပြောကြားခဲ့သည်။ “ဒါပေမယ့် သေချာတာကတော့ ဒီစာပိုဒ်ဟာ အရမ်းကြောက်စရာကောင်းတယ်လို့ ကျွန်တော်ပြောချင်ပါတယ်။” ဟု သူက ပြောခဲ့ပါသည်။

“ကနဦးအဆင့်မှာဆိုတော့ ဘယ်လိုအရာတွေ ထွက်ပေါ်မလဲပေါ် မူတည်ပြီး ငါ့အနေနဲ့ သူတို့နေရာမှဆိုရင် သူတို့လိုအပ်သလို စာပိုဒ်ကို အဓိပ္ပာယ်ပြန်ဆိုပြီးအသုံးပြုကြမှာ ဖြစ်တယ်။” “စစ်ဘက်နည်းပညာပူးပေါင်းဆောင်ရွက်မှု” သည် မြောက်ကိုရီးယားစက်ရုံများမှ ယူကရိန်းရှေ့တန်းသို့ ရောက်ရှိလာသည့် ကျည်များနှင့် ဒုံးကျည်များ ပိုမိုများပြားလာနိုင်ကြောင်း စိုးရိမ်မှုတစ်ခုကို ဖြစ်စေသည်။

မော်စကိုနှင့် ပြုံယမ်းတို့ နှစ်ဖက်စလုံးက ယင်းကိစ္စရပ်ကို ငြင်းဆိုထားသော်လည်း ရုရှားသည် တစ်ချိန်က ကုလသမဂ္ဂ၏ ဒဏ်ခတ်ပိတ်ဆို့မှုများကို ကျောထောက်နောက်ခံပြုပြီး မြောက်ကိုရီးယားမှ လက်နက်တင်ပို့ခြင်းကို ပြတ်သားစွာ တားဆီးထားသော်လည်း ဒဏ်ခတ်ပိတ်ဆို့မှုကို “နိုင်ငံရေးအရ ပိတ်ပင်သောလုပ်ဆောင်ခြင်းအဖြစ်” ရှုံ့ချရန် ဤအခွင့်အရေးကို အသုံးပြုခဲ့သည်။

မတ်လအတွင်းက ရုရှားသည် မြောက်ကိုရီးယား၏ ပိတ်ဆို့အရေးယူမှုများကို ချိုးဖောက်မှုရှိမရှိ စောင့်ကြည့်သည့်အဖွဲ့၏ လုပ်ပိုင်ခွင့်ကို ဗီတိုအာဏာသုံးပယ်ချ၍ ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် ၎င်း၏အာဏာကို အသုံးပြုခဲ့ပြီး ဖြစ်သည်။ ရုရှားနိုင်ငံပိုင်မီဒီယာသည် အနောက်နိုင်ငံများကို ထိုးဆွတိုက်ခိုက်ရန် အခွင့်အရေးကို လက်လွတ်မခံခဲ့ပေ။ “ပူတင်၏ မြောက်ကိုရီးယားခရီးစဉ်နှင့်ပတ်သက်၍ အလွန်စိုးရိမ်နေမှုကို အနောက်နိုင်ငံများက ဝန်ခံထားသည်” ဟု နိုင်ငံပိုင်နေ့စဉ်သတင်းစာ Moskovsky Komsomolets တွင် အင်္ဂါနေ့က ခေါင်းစီးတွင် ဖော်ပြခဲ့သည်။

“ကျွန်တော်တို့ရဲ့ အိမ်နီးချင်း (မြောက်ကိုရီးယား) နဲ့ စကားပြောတာကို အမေရိကန်တွေအနေနဲ့ ဘယ်လိုများ ထူးခြားနေလို့လဲ၊ ဘာကြောင့် ဒီလောက် စိတ်မသက်မသာဖြစ်နေရတာလဲ” ဟု ကရင်မလင် ထိပ်တန်း ဝါဒဖြန့်သူ ဗလာဒီမာဆိုလိုဗီယက်ဗ်က ဆိုသည်။ ၎င်း၏ အင်္ဂါနေ့ည ဟောပြောပွဲတွင် “ကျွန်တော်တို့ တတိယကမ္ဘာစစ်ကြီးထဲသို့ရောက်ရှိနေပြီ” ဟု ပြောဆိုခဲ့သည်။

ယင်းမှတ်ချက်သည် မော်စကို၏ မဟာဗျူဟာကျသော အခြားအစိတ်အပိုင်းတစ်ခုအား ပြောကောင်းပြောနိုင်သည်။ ယခုအခါ ရုရှားသည် ၎င်း၏ ကိုယ်ပိုင်နျူကလီးယားဖြင့် ချိမ်းခြောက်မှုသည် အနောက်နိုင်ငံများမှ ယူကရိန်းအား အကူအညီများ တိုးမြှင့်လာခြင်းကို တားဆီးရန် လုံလောက်မှု မရှိတော့ကြောင်း ရုရှားက တွက်ချက်ခဲ့သည်။

ကင်ဂျုံအန်းနှင့် ပူတင်တို့တွေ့ဆုံမှုနှင့် ဤ “အောင်မြင်သော” သဘောတူညီချက်သည် ယူကရိန်းသို့ အမေရိကန်လက်နက်များပို့ဆောင်ရန် နှစ်ရှည်လများ စောင့်စားနေခဲ့ရပြီးမှ ရုရှားကို တိုက်ခိုက်ရန်အတွက် ကန့်သတ်ချက်အချို့ကို ရုတ်သိမ်းပေးလိုက်ပြီးနောက် ယူကရိန်းသို့ လက်နက်များ စတင်စီးဆင်းလာချိန်နှင့် တစ်ချိန်တည်း ဖြစ်လာခဲ့သည်။ ရုရှားသည် ယူကရိန်းကို မောပန်းနွမ်းနယ်လာပြီး လက်နက်ချရန် မိမိဗျူဟာကို ဆက်လက်ကိုင်စွဲထားရန် လက်နက်များ လိုအပ်သည်။

ထိုအချက်သည် ရုရှားက ရှင်းလင်းစွာ နျူကလီးယား လက်နက်ထုတ်လုပ်မှုကို ချဲ့ထွင်ရန် ၎င်း၏ ခန့်မှန်း၍ မရသည့် အိမ်နီးချင်းကို ထောက်ပံ့မှု သို့မဟုတ် နည်းပညာ ပေးအပ်မှုသည် ရုရှားအတွက် ဗျုဟာအရ အကျိုးအမြတ် ရှိချင်မှ ရှိမည်ဖြစ်သော်လည်း ထိုသို့စွန့်စား လုပ်ဆောင်မှုသည် တရုတ်ကို စိတ်ပျက်စေမည့် အန္တရာယ်ရှိသည်။ ထိုသို့လုပ်ဆောင်ခြင်းသည် အနောက်အုပ်စုကို သူတကယ်လုပ်မည်ဟု ယုံကြည်စေလိုသည့် သဘောလည်း ဖြစ်နိုင်သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 49 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 51 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 52 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 52 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 47 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 52 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 64 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 59 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက