နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇူလိုင်လ 10 ရက်

မြန်မာသတင်း

မြန်မာသတင်း

ရန်ကုန်ရှိ မြို့ပြတော်လှန်ရေးအဖွဲ့တွေထဲ စစ်တပ်သူလျှိုတွေ စိမ့်ဝင်နေတဲ့အပေါ် လှိုင်ပကဖသတိပေး

ဇွန်လ (၂၄)ရက်။

ရန်ကုန်ရှိ မြို့ပြတော်လှန်ရေးအဖွဲ့ဝင်တွေထဲ စစ်ကောင်စီရဲ့ အယောင်ဆောင်သူလျှိုတွေ စိမ့်ဝင်နေတာကြောင့် လှိုင်မြို့နယ်-ပကဖက အထူးသတိထားကြဖို့ တိုက်တွန်းထားတယ်လို့ သိရပါတယ်။

လှိုင်မြို့နယ်-ပကဖအနေနဲ့ ပြီးခဲ့တဲ့ တလခွဲကျော်က သက်ဆိုင်ရာခရိုင်တာဝန်ခံနဲ့ ချိတ်ဆက်ပြီး စစ်ဆင်ရေးတစ်ခုဖော်ဆောင်ဖို့ ခရိုင်တာဝန်ခံထံ လိုအပ်တဲ့အဆောင်အဆောင်ပစ္စည်းတွေ ပေးအပ်ခဲ့တယ်လို့ ဆိုပါတယ်။

အသုံးအဆောင်တွေ ပေးအပ်ခဲ့ပေမယ့် အကြောင်းအမျိုးမျိုးကြောင့် စစ်ဆင်ရေးဖော်ဆောင်နိုင်တာ မရှိတဲ့အတွက် ပေးအပ်ထားတဲ့ ပစ္စည်းတွေကို ပြန်လည်တောင်းခံခဲ့တယ်လို့ ဖော်ပြထားပါတယ်။

အဲ့ဒီအချိန် သူတို့ထောက်ပို့ရဲဘော်ဘက်က လှိုင်-ပကဖရဲ့ ပစ္စည်းတွေအပြင် အခြားအပိုပစ္စည်း(လက်လုပ်မိုင်း)တွေ ပေးအပ်မယ့်အကြောင်း ဆက်သွယ်လာခဲ့ပေမယ့် ငြင်းဆိုခဲ့တယ်လို့လဲ ရေးသားထားပါတယ်။

ပစ္စည်းတွေ ပြန်လည်အပ်နှံတဲ့နေ့မှာ လှိုင်-ပကဖရဲ့ ပစ္စည်းတွေအပြင် လေးထောင့်ကော်ဗူးတစ်ဗူး အပိုပါဝင်လာတဲ့အတွက် ဖောက်ဖွင့်စစ်ဆေးရာ လက်လုပ်မိုင်းပုံစံ ပြင်ဆင်ထားပြီး အထဲမှာ Mytel sim card အသုံးပြုထားတဲ့ GPS တခုပါဝင်တာကို တွေ့ရှိရတယ်လို့ ပြောဆိုထားပါတယ်။

ဒါ့ကြောင့် ပစ္စည်းသွားယူခဲ့တဲ့ အဖွဲ့ဝင်တွေက ချက်ခြင်းသတင်းပို့ကာ ပစ္စည်းတွေ ဖျောက်ဖျက်ပစ်လိုက်ရတဲ့ဖြစ်စဉ်ကြောင့် စစ်ကောင်စီက နည်းမျိုးစုံနဲ့ အယောင်ဆောင်သူလျှိုတွေကို ထည့်သွင်းနေတာလို့ ထုတ်ပြန်ထားပါတယ်။

ဒီလိုကြုံတွေ့ရတဲ့ အကြောင်းအရာတွေကို အခြားတော်လှန်ရေးအဖွဲ့တွေနဲ့ မြို့ပြ UG အဖွဲ့ဝင်တွေအနေနဲ့ အထူးသတိပြုစိစစ်ဆောင်ရွက်လုပ်ကိုင်ကြဖို့ လှိုင်မြို့နယ်-ပကဖက သတိပေးထားတာလို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

KIO ဥက္ကဋ္ဌကို တရုတ်အစိုးရက အကျယ်ချုပ် ထိန်းသိမ်းထားတယ်လို့ သတင်းတွေထွက်ပေါ်နေ၊

  • 2025 ခုနှစ်၊ ဇူလိုင်လ 9 ရက်
  • 23 Views
တရုတ်မှာ ဆေးကုသမှု ခံယူနေတာလို့ KIO တုံ့ပြန် ဇူလိုင်လ (၉)ရက်။ KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လကို တရုတ်အစိုးရက
မြန်မာသတင်း

စစ်ကောင်စီရဲ့ တောင်ငူလေတပ်စခန်း တရက်ထဲ ရှော့တိုက်ဒုံး (၁၁)လုံး ပစ်ခတ်ခံရ

  • 2025 ခုနှစ်၊ ဇူလိုင်လ 9 ရက်
  • 22 Views
ဇူလိုင်လ (၉)ရက်။ မနေ့က တရက်ထဲ စစ်ကောင်စီရဲ့ တောင်ငူ(ကေတုမတီ)လေတပ်စခန်းကို ရှော့တိုက်ဒုံး (၁၂)လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Brave Warriors for
မြန်မာသတင်း

ရေကြည်မြို့မှာ တပ်ပြေးတွေကို စစ်ကောင်စီတပ်က လိုက်လံပစ်ခတ်ဖမ်းဆီး၊ တစ်ဦးသေဆုံးပြီး (၂)ဦးပြန်ဖမ်းမိခဲ့

  • 2025 ခုနှစ်၊ ဇူလိုင်လ 9 ရက်
  • 18 Views
ဇူလိုင်လ (၉)ရက်။ မနေ့က ညပိုင်းအချိန်က ရေကြည်မြို့နယ်၊ အသုတ်မြို့ တဇောင်းရိုးရွာမှာ တပ်ထဲကထွက်ပြေးလာသူတွေကို စစ်ကောင်စီတပ်က လိုက်လံပစ်ခတ်ဖမ်းဆီးတာတွေ ရှိခဲ့တယ်လို့ ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “ စခတပ်ကထွက်ပြေးတာ (၅)ဦး၊ အဲ့ဒါကို လိုက်ဖမ်းတာ အသုတ်မြို့ တဇောင်းရိုးရွာအထွက်
မြန်မာသတင်း

အမေရိကန်ရဲ့ ကုန်သွယ်ခွန်နဲ့ပတ်သက်ပြီး ညှိနှိုင်းသွားမယ်လို့ စစ်ကောင်စီပြော

  • 2025 ခုနှစ်၊ ဇူလိုင်လ 9 ရက်
  • 19 Views
ဇူလိုင်လ (၉)ရက်။ အမေရိကန်နိုင်ငံရဲ့ ကုန်သွယ်ခွန်နဲ့ပတ်သက်ပြီး စာပေးပို့လာတဲ့အပေါ် ညှိနှိုင်းတာတွေ ဆောင်ရွက်သွားမယ်ဆိုပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းက မနေ့က ပြောဆိုထားတယ်လို့ သိရပါတယ်။ အခုရက်ပိုင်းထဲ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ပေးပို့လာတဲ့ ကုန်သွယ်ရေးနဲ့ပတ်သက်တဲ့ စာနဲ့ပတ်သက်ပြီး စစ်ကောင်စီက
မြန်မာသတင်း

ချင်းတော်လှန်ရေးတပ်ဖွဲ့တွေအကြား ပဋိပက္ခတွေကို ငြိမ်းချမ်းတဲ့နည်းနဲ့ အဖြေရှာဖို့ NUG တိုက်တွန်း

  • 2025 ခုနှစ်၊ ဇူလိုင်လ 9 ရက်
  • 18 Views
ဇူလိုင်လ (၉)ရက်။ ချင်းတော်လှန်ရေးတပ်ဖွဲ့တွေအကြား ပဋိပက္ခတွေကို ငြိမ်းချမ်းတဲ့နည်းလမ်းနဲ့ အမြန်ဆုံးအဖြေရှာဖို့ NUG သမ္မတရုံးက မနေ့က ထုတ်ပြန်တိုက်တွန်းထားတယ်လို့ သိရပါတယ်။ ဇူလိုင်လ (၄)ရက်နေ့ကစပြီး ချင်းပြည်နယ်ရှိ CNDF နဲ့ CNA၊ CDF-Hualngoram တို့အကြား တိုက်ပွဲဖြစ်ပွားတာနဲ့
မြန်မာသတင်း

မြိတ်-ထားဝယ်ခရိုင် စစ်ကောင်စီရဲ့ သုခတပ်စခန်းကို KNLA ပူးပေါင်းတပ်‌တို့ တိုက်ခိုက်သိမ်းပိုက်

  • 2025 ခုနှစ်၊ ဇူလိုင်လ 8 ရက်
  • 26 Views
ဇူလိုင်လ (၈)ရက်။ မနေ့က မြိတ်-ထားဝယ်ခရိုင်ထဲရှိ စစ်ကောင်စီရဲ့ သုခတပ်စခန်းကို KNLA နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေက သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီသုခတပ်စခန်းဟာ ထိုင်းနိုင်ငံနယ်စပ်မျဉ်းပေါ်မှာရှိပြီး KNLA တပ်မဟာ(၄)လက်အောက်ခံ တပ်ရင်း (၁၀)နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေက
မြန်မာသတင်း

မိုးကုတ်နဲ့ ကျောက်မဲကို စစ်ကောင်စီက တပြိုင်ထဲ ဗုံးကြဲ၊ ပြည်သူ (၄)ဦးသေဆုံးပြီး (၁၂)ဦး ဒဏ်ရာရခဲ့

  • 2025 ခုနှစ်၊ ဇူလိုင်လ 8 ရက်
  • 24 Views
မိုးကုတ်နဲ့ ကျောက်မဲကို စစ်ကောင်စီက တပြိုင်ထဲ ဗုံးကြဲ၊ ပြည်သူ (၄)ဦးသေဆုံးပြီး (၁၂)ဦး ဒဏ်ရာရခဲ့ ဇူလိုင်လ (၈)ရက်။ ဒီကနေ့ နံနက် (၉)နာရီကျော်အချိန်က TNLA ထိန်းချုပ်ထားတဲ့ မိုးကုတ်နဲ့ ကျောက်မဲမြို့ကို စစ်ကောင်စီက တပြိုင်ထဲ
မြန်မာသတင်း

မြစ်ကြီးနားရှိ စစ်ကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူနဲ့ ဒေါက်တာတူးဂျာတို့ရဲ့နေအိမ်တွေ အသံမိုင်းနဲ့ ပစ်ခတ်ခံရ

  • 2025 ခုနှစ်၊ ဇူလိုင်လ 8 ရက်
  • 23 Views
ဇူလိုင်လ (၈)ရက်။ မနေ့က နေ့လယ် (၃)နာရီ (၄၀)မိနစ်အချိန် မြစ်ကြီးနားမြို့ရှိ စစ်ကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူနဲ့ ဒေါက်တာတူးဂျာတို့ရဲ့နေအိမ်တွေ အသံမိုင်းနဲ့ ပစ်ခတ်တိုက်ခိုက်ခံခဲ့ရတယ်လို့ စစ်ကောင်စီရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။ “ ဖြစ်တာကတော့ စီတာပူရပ်ကွက်ထဲက စကစအဖွဲ့ဝင် ဒေါ်ဒွဲဘူနေအိမ်