နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မေလ 12 ရက်

မြန်မာသတင်း

မြန်မာသတင်း

ရန်ကုန်ရှိ မြို့ပြတော်လှန်ရေးအဖွဲ့တွေထဲ စစ်တပ်သူလျှိုတွေ စိမ့်ဝင်နေတဲ့အပေါ် လှိုင်ပကဖသတိပေး

ဇွန်လ (၂၄)ရက်။

ရန်ကုန်ရှိ မြို့ပြတော်လှန်ရေးအဖွဲ့ဝင်တွေထဲ စစ်ကောင်စီရဲ့ အယောင်ဆောင်သူလျှိုတွေ စိမ့်ဝင်နေတာကြောင့် လှိုင်မြို့နယ်-ပကဖက အထူးသတိထားကြဖို့ တိုက်တွန်းထားတယ်လို့ သိရပါတယ်။

လှိုင်မြို့နယ်-ပကဖအနေနဲ့ ပြီးခဲ့တဲ့ တလခွဲကျော်က သက်ဆိုင်ရာခရိုင်တာဝန်ခံနဲ့ ချိတ်ဆက်ပြီး စစ်ဆင်ရေးတစ်ခုဖော်ဆောင်ဖို့ ခရိုင်တာဝန်ခံထံ လိုအပ်တဲ့အဆောင်အဆောင်ပစ္စည်းတွေ ပေးအပ်ခဲ့တယ်လို့ ဆိုပါတယ်။

အသုံးအဆောင်တွေ ပေးအပ်ခဲ့ပေမယ့် အကြောင်းအမျိုးမျိုးကြောင့် စစ်ဆင်ရေးဖော်ဆောင်နိုင်တာ မရှိတဲ့အတွက် ပေးအပ်ထားတဲ့ ပစ္စည်းတွေကို ပြန်လည်တောင်းခံခဲ့တယ်လို့ ဖော်ပြထားပါတယ်။

အဲ့ဒီအချိန် သူတို့ထောက်ပို့ရဲဘော်ဘက်က လှိုင်-ပကဖရဲ့ ပစ္စည်းတွေအပြင် အခြားအပိုပစ္စည်း(လက်လုပ်မိုင်း)တွေ ပေးအပ်မယ့်အကြောင်း ဆက်သွယ်လာခဲ့ပေမယ့် ငြင်းဆိုခဲ့တယ်လို့လဲ ရေးသားထားပါတယ်။

ပစ္စည်းတွေ ပြန်လည်အပ်နှံတဲ့နေ့မှာ လှိုင်-ပကဖရဲ့ ပစ္စည်းတွေအပြင် လေးထောင့်ကော်ဗူးတစ်ဗူး အပိုပါဝင်လာတဲ့အတွက် ဖောက်ဖွင့်စစ်ဆေးရာ လက်လုပ်မိုင်းပုံစံ ပြင်ဆင်ထားပြီး အထဲမှာ Mytel sim card အသုံးပြုထားတဲ့ GPS တခုပါဝင်တာကို တွေ့ရှိရတယ်လို့ ပြောဆိုထားပါတယ်။

ဒါ့ကြောင့် ပစ္စည်းသွားယူခဲ့တဲ့ အဖွဲ့ဝင်တွေက ချက်ခြင်းသတင်းပို့ကာ ပစ္စည်းတွေ ဖျောက်ဖျက်ပစ်လိုက်ရတဲ့ဖြစ်စဉ်ကြောင့် စစ်ကောင်စီက နည်းမျိုးစုံနဲ့ အယောင်ဆောင်သူလျှိုတွေကို ထည့်သွင်းနေတာလို့ ထုတ်ပြန်ထားပါတယ်။

ဒီလိုကြုံတွေ့ရတဲ့ အကြောင်းအရာတွေကို အခြားတော်လှန်ရေးအဖွဲ့တွေနဲ့ မြို့ပြ UG အဖွဲ့ဝင်တွေအနေနဲ့ အထူးသတိပြုစိစစ်ဆောင်ရွက်လုပ်ကိုင်ကြဖို့ လှိုင်မြို့နယ်-ပကဖက သတိပေးထားတာလို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

လမိုင်းမြို့ရဲစခန်းအနီးတိုက်ပွဲထဲ စစ်ကော်မရှင်ရဲ့ ဒုရင်းမှူးတဦး သေဆုံး

  • 2026 ခုနှစ်၊ မေလ 12 ရက်
  • 23 Views
မေလ (၁၂)ရက်။ မနေ့က ညနေ (၆)နာရီခွဲအချိန်မှာ လမိုင်းမြို့ရဲစခန်းအနီး ‌စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေကို ဝင်ရောက်ပစ်ခတ်ခဲ့တယ်လို့ ရေးဘီလူးတပ်ရင်းရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “
မြန်မာသတင်း

အာဆီယံနဲ့ နိုင်ငံတကာကို ဝေဖန်တဲ့ စစ်အုပ်စုရဲ့ ထုတ်ပြန်ချက်တွေကို NUG ပြင်းပြင်းထန်ထန် ရှုတ်ချ

  • 2026 ခုနှစ်၊ မေလ 12 ရက်
  • 23 Views
မေလ (၁၁)ရက်။ အာဆီယံနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းကို ဝေဖန်ထားတဲ့ စစ်အုပ်စုရဲ့ ထုတ်ပြန်ချက်တွေကို NUG က ဒီကနေ့မှာ ပြင်းပြင်းထန်ထန် ရှုတ်ချထားတယ်လို့
မြန်မာသတင်း

စစ်ရေးအခြေအနေကြောင့် တွန်းဇံ-တီးတိန်လမ်းပိုင်း အရေးပေါ်ပိတ်ပင်

  • 2026 ခုနှစ်၊ မေလ 11 ရက်
  • 25 Views
မေလ (၁၁)ရက်။ ဒီကနေ့ကစပြီး စစ်ရေးအခြေအနေတွေကြောင့် တွန်းဇံ-တီးတိန်လမ်းပိုင်းကို အရေးပေါ်ပိတ်ပင်လိုက်တယ်လို့ CDF-Tonzang ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်တပ်စစ်ကြောင်းဟာ တွန်းဇံမြို့ဘက်ကို ဦးတည်လာတာကြောင့် ပြည်သူတွေ အန္တရာယ်မဖြစ်အောင် ရာ်ရွယ်ပြီး ဖြတ်သန်းသွားလာတာ မလုပ်ဖို့ တားမြစ်တာလို့ ဆိုပါတယ်။
မြန်မာသတင်း

မြင်းခြံခရိုင်ရှိ မြို့နယ် (၄)မြို့မှာ စစ်အုပ်စုကြောင့် အရပ်သား (၇၂)ဦး သေဆုံးခဲ့

  • 2026 ခုနှစ်၊ မေလ 11 ရက်
  • 27 Views
မေလ (၁၁)ရက်။ ဧပြီလထဲ မြင်းခြံခရိုင်ရှိ မြို့နယ် (၄)မြို့မှာ စစ်အုပ်စုကြောင့် အရပ်သား (၇၂)ဦး သေဆုံးခဲ့တယ်လို့ အရေးပေါ်အခြေအနေ ကာကွယ်ရေးနဲ့ စီမံခန့်ခွဲမှုကော််မတီ(မန္တလေး)က မနေ့က ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ မြင်းခြံခရိုင်ထဲ စစ်အုပ်စုကြောင့် အရပ်သား သေဆုံးတာဟာ
မြန်မာသတင်း

အီရန်စစ်ပွဲက ပြောင်းလဲသွားပြီဖြစ်သော်လည်း ထရမ့်၏ ပြောဆိုချက်များမှာ ပြောင်းလဲခြင်းမရှိပေ။

  • 2026 ခုနှစ်၊ မေလ 10 ရက်
  • 25 Views
CNN- ၂၀၂၆ခုနှစ်၊ မေလ (၁၀)ရက်။ ဘောလုံးကို အမြဲတမ်းလှည့်စားပြီး ပြန်ဆွဲယူတတ်သည့် လူစီ (Lucy) ကဲ့သို့ပင်၊ သမ္မတ ဒေါ်နယ်ထရမ့်သည် အီရန်နှင့် စစ်ပွဲအဆုံးသတ်ရန် သဘောတူညီချက်ရရှိတော့မည် ဖြစ်ကြောင်း လပေါင်းများစွာကြာအောင် ထပ်တလဲလဲ ပြောဆိုနေခဲ့သည်။ စစ်ပွဲ၏
မြန်မာသတင်း

တအာင်းပညာရေးရန်ပုံငွေထီ ခေတ္တရပ်နားမယ်လို့ TNLA အသိပေး

  • 2026 ခုနှစ်၊ မေလ 10 ရက်
  • 27 Views
မေလ (၉)ရက်။ တအာင်းပညာရေးရန်ပုံငွေထီကို နိုင်ငံရေးနဲ့ စီးပွားရေး အကြပ်အတည်းတွေကြောင့် ခေတ္တရပ်နားသွားမယ်လို့ TNLA က ဒီကနေ့မှာ အသိပေးထားချက်အရ သိရပါတယ်။ တအာင်းပညာရေးရန်ပုံငွေထီကို တအာင်းပြည်ရဲ့ ပညာရေးကို ရည်ရွယ်ပြီး ဖွင့်လှစ်ထားတာဖြစ်တယ်လို့ ဆိုပါတယ်။ အခုအခါမှာတော့ နိုင်ငံရေးမတည်ငြိမ်တာနဲ့
မြန်မာသတင်း

ဧရာဝတီတိုင်းထဲ စစ်ကောင်စီရဲ့ စစ်မှုထမ်းအပတ်စဉ်(၁)က လူငယ် (၉၀၀)နီးပါး ပျောက်ဆုံးနေ

  • 2026 ခုနှစ်၊ မေလ 10 ရက်
  • 35 Views
မေလ (၉)ရက်။ ဧရာဝတီတိုင်းထဲ စစ်ကောင်စီရဲ့ စစ်မှုထမ်းအပတ်စဉ်(၁)က လူငယ် (၈၉၇)ဦးနီးပါး ဒီကနေ့အထိ  ပျောက်ဆုံးနေတယ်လို့ တပ်ထဲသတင်းရင်းမြစ်တွေဆီက သိရပါတယ်။ “ နတခက စစ်မှုထမ်းဥပဒေနဲ့ ပထမဆုံးအကြိမ် အတင်းအဓမ္မခေါ်ခံထားရတဲ့ လူငယ် (၉၀၀)လောက်မှာ (၃)ယောက်ပဲ နေရပ်ပြန်လာတာ
မြန်မာသတင်း

“အာဆီယံကို ခွေးတိုးပေါက်ကသာ ဝင်ရမယ့် သမတအတု”

  • 2026 ခုနှစ်၊ မေလ 10 ရက်
  • 28 Views
ခေတ်မျက်လုံးရဲ့အပတ်စဥ် နိုင်ငံရေးဖြစ်စဥ်ကို လေ့လာသုံးသပ်ကြည့်ခြင်း (၄၆)မှာ မင်းအောင်လှိုင် အနေနဲ့ ဟန်ပြရွေးကောက်ပွဲလုပ် ကိုယ့်ဖဲ့ကိုယ်ချိုးပြီး ပြည်သူက တင်မြှောက်လိုက်တဲ့ သမတအဖြစ်ကြေငြာပေမဲ့ အာဆီယံကို တန်းတူအဖွဲ့ဝင်အဖြစ် တက်ရောက်နိုင်ခွင့်ရနိုင်ခြေမရှိကြောင်းကို ဦးထွန်းအောင်ကျော်နဲ့ဦးထွန်းကြည်တို့က ဆွေးနွေးတင်ပြကြမှာဖြစ်သလို တဖက်မှာလည်း တော်လှန်ရေးဦးဆောင်အဖွဲ့အမည်ခံထားတဲ့ NUG ခေါင်းဆောင်တွေကလည်း