နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 28 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အရှေ့အလယ်ပိုင်း

မဲဆွယ်ကတိတွေကို အီရန်သမ္မတသစ် တည်နိုင်မှာလား

မဲဆွယ်ကတိတွေကို အီရန်သမ္မတသစ် တည်နိုင်မှာလား

+++++++++++

အီရန်နိုင်ငံကို တံခါးဖွင့်ပြီး ပြည်သူတွေလိုလားတောင့်တနေကြတဲ့ လွတ်လပ်ခွင့်ပေးမယ်လို့ မဲဆွယ်ခဲ့တဲ့ သဘောထားပျော့ပြောင်းသူ မာဆွတ် ပီဇက်ရှ်ကီယန်ဟာ သမ္မတသစ်ရွေးကောက်ပွဲမှာ ပြိုင်ဘက်တွေကို အပြတ်အသတ်အနိုင်ရခဲ့တယ်လို့ အီရန်ပြည်ထဲရေးဝန်ကြီးဌာနက စနေနေ့မှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။

အသက် 69 နှစ်အရွယ် နှလုံးခွဲစိတ်ဆရာဝန်ကြီးဖြစ်တဲ့ ပီဇက်ရှ်ကီယန်ဟာ လက်တွေ့ကျတဲ့ နိုင်ငံခြားရေးမူဝါဒကို မြှင့်တင်ဖို့၊ တင်းမာမှုတွေကို ဖြေလျော့ဖို့နဲ့ 2015 နျူကလီးယားသဘောတူညီချက်ကို ပြန်လည်အသက်သွင်းဖို့၊ လူမှုရေးလွတ်လပ်ခွင့်နဲ့ နိုင်ငံရေးဗဟုဝါဒအတွက် အလားအလာတွေကို မြှင့်တင်ဖို့ စတဲ့ အချက် 5 ချက်ကို ကတိပြုခဲ့သူဖြစ်ပါတယ်။

သောကြာနေ့က ရွေးကောက်ပွဲ မဲအဆုံးအဖြတ်မှာ သဘောထားပျော့ပြောင်းတဲ့ ပီဇက်ရှ်ကီယန်နဲ့ ယခင်နျူကလီးယားညှိနှိုင်းရေးမှူးဟောင်း ဆတ်ဂျာလီလီတို့ အကြိတ်အနယ်ယှဉ်ပြိုင်ခဲ့ကြရတာဖြစ်ပါတယ်။ အဲဒီရွေးကောက်ပွဲမှာ မဲပေးသူအရေအတွက်ဟာ အီရန်နိုင်ငံရဲ့ 50 ရာခိုင်နှုန်းသာရှိပြီး သမိုင်းတစ်လျှောက် အီရန်သမ္မတရွေးကောက်ပွဲမှာ မဲပေးသူအရေအတွက် အနည်းဆုံးဖြစ်ခဲ့ပါတယ်။ ရဟတ်ယာဉ်ပျက်ကျပြီး သမ္မတ အီဘရာဟမ်ရိုင်ဆီ ကွယ်လွန်ခဲ့ပြီးနောက် သူ့နေရာကို ဆက်ခံမယ့် သမ္မတသစ်ရွေးကောက်ပွဲကို အီရန်နိုင်ငံသားအများစုက မဲမပေးကြဘဲ ရှောင်လွှဲခဲ့ကြတာပါ။

ပြည်တွင်း၊ ပြည်ပက အီရန်အရေးတက်ကြွလှုပ်ရှားသူတွေဟာ အစ္စလာမ်ဝတ်စားဆင်ယင်မှု စည်းကမ်းဖောက်ဖျက်မှုကြောင့် မာရှာအာမီနီဆိုတဲ့ အမျိုးသမီးသေဆုံးခဲ့ရတာနဲ့ 2022 ခုနှစ်က လူထုဆန္ဒပြပွဲတွေကို ပြင်းပြင်းထန်ထန်ဖြိုခွင်းခဲ့မှုတွေကြောင့် သမ္မတသစ်ရွေးကောက်ပွဲကို သပိတ်မှောက်ကြဖို့ တိုက်တွန်းခဲ့ကြတာဖြစ်ပါတယ်။

သမ္မတသစ်အဖြစ် ရွေးကောက်ခံခဲ့ရတဲ့ ပီဇက်ရှ်ကီယန်ဟာ မာရှာအာမီနီသေဆုံးခဲ့ရတဲ့ ဖြစ်စဉ်မှာ အစိုးရရဲ့ ကိုင်တွယ်ပုံနဲ့ပတ်သက်ပြီး မေးခွန်းထုတ်ခဲ့သူဖြစ်ပါတယ်။ အီရန်သမ္မတရွေးကောက်ပွဲဟာ ဂါဇာစစ်ပွဲနဲ့ပတ်သက်ပြီး ဒေသတွင်း တင်းမာမှုတွေမြင့်တက်နေချိန်မှာ ကျင်းပခဲ့တာဖြစ်ပြီး လေ့လာသုံးသပ်သူတွေကတော့ ပီဇက်ရှ်ကီယန် အနိုင်ရမှုဟာ အီရန်နိုင်ငံအတွက် လက်တွေ့ကျတဲ့ နိုင်ငံခြားရေးမူဝါဒ ဖြစ်ပေါ်စေနိုင်တယ်လို့ ဟောကိန်းထုတ်နေကြပါတယ်။

ဒါပေမယ့် အီရန်နိုင်ငံသားအများစုကတော့  သမ္မတမဟုတ်ဘဲ အမြင့်ဆုံးအာဏာရှိတဲ့ အယာတိုလာ အလီခါမေနီ ကြောင့် ပီဇက်ရှ်ကီယန်ရဲ့ မဲဆွယ်ကတိကဝတ်တွေဖြည့်ဆည်းပေးနိုင်မှုအပေါ် သံသယဝင်နေကြတယ်လို့ သိရပါတယ်ခင်ဗျာ . . .။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 19 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 22 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 18 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက
တရုတ် ထိုင်ဝမ် နိုင်ငံတကာသတင်း ဖိလစ်ပိုင်

ဆလာမီ ပါးပါးလှီးခြင်း(‘Salami slicing’) ဗျူဟာ ဖြင့် ပစိဖိတ်ဒေသအပေါ် ဩဇာလွှမ်းမိုးမှု တိုးချဲ့ရန် တရုတ်နိုင်ငံက မည်သို့ ကြိုးပမ်းနေသလဲ

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 23 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၅ရက် သီတင်းပတ်အနည်းငယ်အတွင်း တရုတ်သင်္ဘောများသည် ၎င်းတို့၏ ကုန်းတွင်းပိုင်းနှင့် ယခင်ကထက် ပိုမိုဝေးကွာသောနေရာများတွင် “ဥပဒေစိုးမိုးရေး” လုပ်ငန်းများကို လုပ်ဆောင် ခဲ့ပြီး၊ အလွန်အမင်း ထိလွယ်ရှလွယ်ဖြစ်သော ပင်လယ်ကြမ်းပြင်ကို မြေပုံညွှန်း ရေးဆွဲခဲ့ကာ တရုတ်ကမ်းခြေမှ
နိုင်ငံတကာသတင်း အမေရိကန် အီရန်

ထရမ့်၏ အီရန်သဘောတူညီချက်အပေါ် သြဇာကြီးမားသည့် ရီပတ်ဘလစ်ကန်များထံမှ တော်ရုံတွေ့ရခဲသော ပြစ်တင်ဝေဖန်မှုများ ထွက်ပေါ်လာ

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 24 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် ပါတီတွင်း ကန့်ကွက်မှုများ ထွက်ပေါ်လာခြင်း။ သမ္မတ ဒေါ်နယ်ထရမ့်၏ အီရန်နိုင်ငံနှင့် ရရှိခဲ့သော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် (နားလည်မှုစာချွန်လွှာ) အသေးစိတ် ထွက်ပေါ်လာပြီးနောက်၊ ဝါရင့်နှင့်
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

လောင်စာဆီလည်းမရှိ၊ လက်နက်လည်းမရှိ- ယူကရိန်း၏ ဒရုန်းဗျူဟာအသစ်က ရုရှား၏ ထောက်ပံ့ရေးလမ်းကြောင်းများကို မည်သို့ အထိနာစေနေသနည်း

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 19 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် ရုရှား-ယူကရိန်းစစ်ပွဲ – ယူကရိန်း၏ မျိုးဆက်သစ် အလတ်စားဒရုန်းများသည် တောင်ပိုင်း ရှေ့တန်းစစ်မျက်နှာသို့ ဦးတည်နေသည့် ရုရှားစစ်တပ်၏ ထောက်ပံ့ရေးလမ်းကြောင်းများကို ပြင်းပြင်းထန်ထန် အနှောင့်အယှက်ပေးလျက်ရှိပြီး တံတားများ၊
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

သီးသန့်သတင်း- ပစ်ချခံရသည့် အမေရိကန် လေသူရဲက အီရန်ဒရုန်းများ ‘ဂျယ်လီငါး’ ပုံသဏ္ဌာန်ဖြင့် အုပ်စုဖွဲ့ပျံသန်းလာသည်ကို မြင်တွေ့ခဲ့ရကြောင်း ပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 20 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် ပြီးခဲ့သည့် ဧပြီလအတွင်းက အီရန်ကောင်းကင်ယံ၌ ပစ်ချခံရပြီးနောက် အထူးတပ်ဖွဲ့များ၏ ကယ်ဆယ်ခြင်းကို ခံခဲ့ရသည့် အမေရိကန် တိုက်လေယာဉ်မှူးတစ်ဦးသည် လေယာဉ်ပေါ်မှ ခုန်ထွက်ခြင်းမပြုမီ ထိတ်လန့်ဖွယ်ရာ မြင်ကွင်းတစ်ခုကို