နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဩဂုတ်လ 15 ရက်

မြန်မာသတင်း

မြန်မာသတင်း

ချောင်းဦးမြို့မဈေးထဲ ဈေးလာ၀ယ်တဲ့ ဒုတပ်ကြပ်တစ်ဦး ဓါးနဲ့အနီးကပ်ထိုးပြီးရှင်းလင်းခံရ

ဇူလိုင်လ (၈)ရက်။

ဇူလိုင်လ (၆)ရက် နံနက်(၇)နာရီအချိန်က ချောင်းဦးမြို့မဈေးထဲ ဈေးလာ၀ယ်တဲ့ ဒုတပ်ကြပ်တစ်ဦးကို ဓါးနဲ့ထိုးကာ ရှင်းလင်းခဲ့တယ်လို့ မုံရွာခရိုင်အမှတ်(၁၂)တပ်ရင်း၊ တပ်ခွဲ(၄)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

“ ချောင်းဦးမြို့မဈေးထဲ ဈေးလာ၀ယ်တဲ့ စကစဗိုလ်တစ်ဦးရဲ့မိန်းမကို အရပ်၀တ်နဲ့ သေနတ်လွယ်ပြီး လုံခြုံရေးယူပေးတဲ့ ဒုတပ်ကြပ်ကို သူတို့လူစုကွဲတဲ့အချိန် အနီးကပ် ဓါးနဲ့၀င်ရှင်းခဲ့တာပါ” လို့ တပ်ခွဲ(၄)ရဲ့ တပ်ခွဲမှူးက ဆိုထားပါတယ်။

သေဆုံးသူဟာ ချောင်းဦးမြို့မရဲစခန်းက ရဲဒုတပ်ကြပ် စည်သူဖြိုးဝေဆိုသူဖြစ်ကာ အရပ်၀တ်နဲ့ G3 လွယ်ပြီး လုံခြုံရေးယူထားကာ လူစုကွဲတဲ့အချိန် အနီးကပ်ရှင်းလင်းခံရတာလို့ ဖော်ပြထားပါတယ်။

ရှင်းလင်းခံရတဲ့ ရဲဒုတပ်ကြပ်ဆီကနေ BA 63(G-3)သေနတ်တလက်အပါအ၀င် ၇.၆၂မမ ကျည် (၄၀)တောင့်ပါ ကျည်ဘောက်တခုနဲ့ ဖုန်းတလုံးကို သိမ်းဆည်းရမိခဲ့တယ်လို့ ရေးသားထားပါတယ်။

ရဲဒုတပ်ကြပ် ဓါးထိုးခံရပြီး သေဆုံးခဲ့တာကြောင့် စစ်ကောင်စီတပ်ဖွဲ့၀င်တွေ ထပ်မံရောက်ရှိလာကာ ဈေးပိတ်ခိုင်းပြီး ဈေးသည်တွေကို ဒူးထောက်ထိုင်ခိုင်းကာ ဖမ်းဆီးစစ်ဆေးတာတွေ ပြုလုပ်ခဲ့တယ်လို့ ပြောဆိုထားပါတယ်။

ဒါ့အပြင် မုံရွာခရိုင်အမှတ်(၁၂)တပ်ရင်း၊ တပ်ခွဲ(၄)အနေနဲ့ စစ်ဆင်ရေးမပြုလုပ်ခင် တပတ်ခန့်ကြိုတင်ပြီး စစ်အုပ်စုရဲ့ ဈေး၀ယ်သွားလာတာကို လေ့လာပြင်ဆင်ခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ပြည်တွင်းစစ်ကြားကမေတ္တာရှင်ဆရာတော်အရှင်ဥာဏောဘာသ

  • 2025 ခုနှစ်၊ ဩဂုတ်လ 15 ရက်
  • 4 Views
ပြည်တွင်းစစ်ကြားကမေတ္တာရှင်ဆရာတော်အရှင်ဥာဏောဘာသ ဘုရားသုံးဆူဒေသမှာ၁၉၈၇ခုနှစ်လောက်ကစပြီးသီတင်းသုံးနေတဲ့ဆရာတော်အရှင်ဥာဏောဘာသရဲ့ပရဟိတ္တလုပ်ငန်းကနေစစ်ရှောင်ပြည်သူတွေကို ပါးစပ်ကမဟုတ် လက်တွေ့ကူညီ နေပုံတွေကိုကြည်နူးဝမ်းမြောက်စရာသာဓုခေါ်နိုင်ကြစေရန်တင်ပြပေးထားပါတယ် ဆရာတော်ဟာလူမျိုးဘာသာ အယုတ်အလတ် အမြတ်မ‌ရွေးကူညီနေတာကြောင့် ထိုင်းနိုင်ငံသားများကပါ လာရောက်လှူဒါန်းကြသလို လက်နက်ကိုင်အဖွဲ့အစည်းများ အားလုံးကလည်း
မြန်မာသတင်း

ရေဖြူမြို့တိုက်ပွဲထဲ စစ်ကောင်စီတပ်ဘက်က အရာရှိတစ်ဦးအပါအဝင် (၁၄)ဦး သေဆုံးခဲ့

  • 2025 ခုနှစ်၊ ဩဂုတ်လ 14 ရက်
  • 24 Views
ဩဂုတ်လ (၁၄)ရက်။ မနေ့က ရေဖြူမြို့နယ် ကော့လှိုင်းရွာကို အင်အား (၁၅၀)ခန့်နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေအကြာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ MSRF
မြန်မာသတင်း

စစ်ကိုင်းငလျင်ကြောင့် အစိုးရကဏ္ဍပျက်စီးဆုံးရှုံးတာ ကျပ်(၄၇၀၀)ဘီလီယံကျော်ရှိတယ်လို့ဆို

  • 2025 ခုနှစ်၊ ဩဂုတ်လ 14 ရက်
  • 21 Views
ဩဂုတ်လ (၁၄)ရက်။ စစ်ကိုင်းငလျင်ကြောင့် အစိုးရကဏ္ဍပျက်စီးဆုံးရှုံးတာ ငွေကျပ် (၄၇၇၉)ဘီလီယံကျော်ဖြစ်တယ်ဆိုပြီး စစ်အုပ်စုရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီပျက်စီးဆုံးရှုံးတာတွေထဲ ဆည်မြောင်းတာတမံ၊ လမ်းတံတား၊ ပညာရေး၊ ကျန်းမာရေး၊ ရထားပို့ဆောင်ရေး၊ လျှပ်စစ်၊ စွမ်းအင်၊ ဆက်သွယ်ရေး၊ သာသနာရေး၊
မြန်မာသတင်း

တရုတ်က စစ်ကောင်စီကို စစ်လက်နက်ပစ္စည်းနဲ့ နည်းပညာတွေ ထောက်ပံ့ပေးနေ

  • 2025 ခုနှစ်၊ ဩဂုတ်လ 14 ရက်
  • 18 Views
ဩဂုတ်လ (၁၄)ရက်။ တရုတ်အစိုးရက စစ်ကောင်စီကို ခေတ်မှီ စစ်လက်နက်ပစ္စည်းတွေနဲ့ နည်းပညာတွေ ထောက်ပံ့ပေးနေတယ်လို့ တအာင်းအရပ်ဘက်အဖွဲ့ (၆)ဖွဲ့က မနေ့က ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ တရုတ်အစိုးရက စစ်ကောင်စီနဲ့ပူးပေါင်းပြီး TNLA ထိန်းချုပ်ထားတဲ့ ဒေသတွေကို ပြန်ပေးဖို့ နိုင်ငံရေး၊
မြန်မာသတင်း

ရွေးကောက်ပွဲကာလ လုံခြုံရေးမကျိုးပေါက်စေဖို့ဆိုပြီး စစ်အုပ်စု ညွှန်ကြား

  • 2025 ခုနှစ်၊ ဩဂုတ်လ 14 ရက်
  • 14 Views
ဩဂငတ်လ (၁၄)ရက်။ ရွေးကောက်ပွဲကာလတွေမှာ လုံခြုံရေးမကျိုးပေါက်စေဖို့ဆိုပြီး မနေ့က နေပြည်တော်မှာ ပြုလုပ်တဲ့ ရွေးကောက်ပွဲလုံခြုံရေးဆိုင်ရာအစည်းအဝေးမှာ ညွှန်ကြားထားတယ်လို့ သိရပါတယ်။ စစ်အုပ်စုရဲ့ ပြည်ထဲရေးဝန်ကြီး ထွန်းထွန်းနောင် ဦးဆောင်ကာ ပထမဆုံးအကြိမ် ပြုလုပ်ခဲ့တဲ့ ရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာ ကြီးကြပ်မှုဗဟိုကော်မတီအစည်အဝေးမှာ ပြောဆိုခဲ့တာပါ။
မြန်မာသတင်း

မြင်းခြံမြို့အနီး အင်အား(၃၀၀)ခန့်နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကင်းပုန်း တိုက်ခိုက်ခံရပြီး (၅)ဦးသေဆုံးခဲ့

  • 2025 ခုနှစ်၊ ဩဂုတ်လ 13 ရက်
  • 33 Views
ဩဂုတ်လ (၁၃)ရက်။ မနေ့က နံနက် (၉)နာရီအချိန် မြင်းခြံမြို့အနီး စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ရဲ့ ကင်းပုန်းကို ပြောက်ကျားစနစ်နဲ့ တိုက်ခိုက်ခဲ့တယ်လို့ Myingyan Black Tiger(MBT)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မြင်းခြံအနီး MBT
မြန်မာသတင်း

ကျောက်မဲမြို့ကို စစ်ကောင်စီတပ်က လေကြောင်းကနေ ပေါင် (၂၅၀)ဗုံး (၂)လုံး ကြဲချတိုက်ခိုက်

  • 2025 ခုနှစ်၊ ဩဂုတ်လ 13 ရက်
  • 29 Views
ဩဂုတ်လ (၁၃)ရက်။ ဒီကနေ့ နံနက် (၁၂)နာရီခွဲကျော်အချိန်က ကျောက်မဲမြို့ ပင်ပေါရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ ပေါင် (၂၅၀)ဗုံး (၂)လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ TNLA ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ “ နံနက်အစောပိုင်း (၁၂)နာရီ
မြန်မာသတင်း

ပလက်ဝကို AA က အုပ်ချုပ်ရေးဖော်ဆောင်တာဟာ ချင်းပြည်သူတွေအပေါ် ကိုလိုနီပြုတဲ့လုပ်ရပ်လို့ဆို

  • 2025 ခုနှစ်၊ ဩဂုတ်လ 13 ရက်
  • 41 Views
ဩဂုတ်လ (၁၃)ရက်။ ချင်းပြည်နယ် ပလက်ဝမြို့ကို AA က ခရိုင်တခုအနေနဲ့ ထည့်သွင်းပြီး အုပ်ချုပ်ရေးဖော်ဆောင်နေတာဟာ ချင်းပြည်သူတွေအပေါ် ကိုလိုနီပြုတဲ့လုပ်ရပ်လို့ Chin Civic Movement(CCM)က မနေ့က ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းထဲ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ