နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 16 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

ကမ်မလာဟဲရစ် ၏ မဲဆွယ်စည်းရုံးမှုသည်၂၀၂၄ ခုနှစ် အမေရိကန်သမတပြိုင်ပွဲကို မည်သို့ ပြောင်းလဲစေသနည်း။

CNN ဆောင်းပါး။

ဒုသမ္မတ ကမ်မလာဟဲရစ် သည် မဲဆွယ်စည်းရုံးမှုကို အရှိန်အဟုန်ဖြင့် စတင်ခဲ့ပြီး ၅ ရက်အကြာတွင် ၂၀၂၄ ပြိုင်ပွဲကို ပြန်လည်စတင်ခဲ့ပြီး၊ ဒုတိယသမ္မတ ဒေါ်နယ်ထရန့်၏ သမ္မတရာထူးကို တားဆီးရန် ဒီမိုကရက်များကို မျှော်လင့်ချက်အသစ်ပေးခဲ့သည်။ ကမ်မလာဟဲရစ်ကို လိုလားသော တောက်ပသော အစိမ်းရောင်၊ အမှတ်အသားများသည် ဆိုရှယ်မီဒီယာပေါ်တွင် ပြန့်နှံ့လာခဲ့သည်။ တနင်္ဂနွေနေ့မွန်းလွဲပိုင်းနှင့် အင်္ဂါနေ့ညနေပိုင်းကြားတွင် သူမသည် ဒေါ်လာ ၁၂၆ သန်းကို စံချိန်တင် စုဆောင်းရရှိ ခဲ့သည်ဟု ဟဲရစ်၏ စည်းရုံးလှုံ့ဆော်မှုတွင် ရန်ပုံငွေရှာဖွေမှု ကော်မီတီက ဆိုသည်။

“ ပြီးတော့ ဒီမိုကရက်တွေဟာ ဟဲရစ်ကို ရွေးကောက်တင်မြှောက်ဖို့အတွက် သူတို့ရဲ့ကိုယ်ပိုင်အချိန်တွေကို မြှုပ်နှံပြီး အလုပ်လုပ်ဖို့ ပိုပြီး စိတ်အားထက်သန်နေကြပါတယ်- သူမရဲ့ သမတအရွေးခံဖို့ အတွက် အကူအညီပေးရန် စေတနာ့ဝန်ထမ်းလုပ်ဖို့ လူ ၁၀၀,၀၀ ကျော် လက်မှတ်ရေးထိုးခဲ့ကြပြီး ၂,၀၀၀ ကျော်က မဲဆွယ်စည်းရုံးရေးအလုပ်တွေကို အတွက်လျှောက်ထားခဲ့ကြတယ်” ဟု ဟဲရစ် မဲဆွယ်စည်းရုံးရေးဥက္ကဌ ဂျန်အိုမဲလ်လီဒီလွန် (Jen O’Malley Dillon) က ဗုဒ္ဓဟူးနေ့က ပြောကြားခဲ့သည်။ .စစ်တမ်းအသစ်အရ ထရမ့်သည် ပြတ်ပြတ်သားသားဦးဆောင်နေသည့် သဘောမရှိတော့ကြောင်း ပြသနေသည်။

သမတလောင်းအဖြစ်ယဉ်ပြိုင်မည့်လက်မှတ် အပြောင်းအလဲအတွက် ဒီမိုကရက်တစ်ပါတီသည် မည်မျှစိတ်အား ထက်သန်နေသနည်း နှင့် ၎င်း၏ အလှူရှင်များနှင့် သစ္စာခံသူများသည် ထရန့်ကို အနိုင်ရရှိနိုင်သည့် တစိုက်မတ်မတ်လုပ်ဆောင်နိုင်ပြီး ပို၍ပြင်းထန်သော နည်းလမ်းဖြင့် ခြေပတိုက်ခိုက်နိုင်သော ကိုယ်စားလှယ်လောင်းတစ်ဦးကို ထောက်ခံရန် မည်မျှ စိတ်အားထက်သန်နေပုံတို့ကို ရှင်းရှင်းလင်းလင်း ပြသနေခဲ့သည်။

မစ်ချီဂန် အလုပ်သမားသမဂ္ဂ (Michigan AFL-CIO) ဥက္ကဌ ရွန်ဘိုင်အီဘာ (Ron Bieber) သူ့ပြည်နယ်၏တက်ကြွလာသည့်စိတ်ဓါတ်ကို လျှပ်စစ်လက်သလို လူတွေစိတ်ဓါတ်များစွာ တက်ကြွလာခဲ့သည်ဟု ဖော်ညွှန်းခဲ့သည်။ မစ်ချီဂန်ပြည်နယ်သည် နိုဝင်ဘာလတွင် ကျင်းပမည့် သမတရွေးပွဲအတွက် အရေးကြီးသည့်စစ်မြေပြင်တခုဖြစ်သည်။ “ရွေးကောက်ပွဲ ဝန်းကျင်ရာသီမှာ ဒီလို စိတ်ဓါတ်တက်ကြွလာမှုမျိုးကို ဘယ်တုံးကမှ မမြင်ဖူးခဲ့ဘူး” ဟု သူကဆိုသည်။

ဟဲရစ်သည် သူ၏ကိုယ်ပိုင်အလှည့်အပြောင်းကို လုပ်ဆောင်ရမည်ဖြစ်သော်လည်း မကြာသေးမီရက်များအတွင်း သူမအာရုံစိုက်ခဲ့သည့်အရာ အများစုမှာ အမျိုးသမီးများ၏ မျိုးပွားမှုဆိုင်ရာ လွတ်လပ်ခွင့်ကို ကာကွယ်ခြင်း၊ “ချမ်းသာသူများနှင့် ကော်ပိုရေးရှင်းကြီးများကို အခွန်တိုးကောက်သည့် စီးပွားရေးပေါ်လစီကို လျှော့ပေါ့ပေးရန်” ငြင်းပယ်ခြင်း၊ ဒီမိုကရေစီ စံနှုန်းများနှင့် စံတန်ဖိုးများအတွက် ရပ်တည်ခြင်းတို့ကို သမ္မတဘိုင်ဒင်က မဲဆွယ်ခဲ့ရာတွင် ချမှတ်ထားသည့်အတိုင်း ထင်ဟပ်စေသည်။

သို့သော် ၎င်းသည် မကြာသေးမီရက်များအတွင်းက မဲဆွယ်စည်းရုံးရေးလမ်းကြောင်းတွင် အားတက်သရော သတင်းစကားအသစ်သည် အသက် ၈၁ နှစ်အရွယ် ဘိုင်ဒင်၏ ကန့်သတ်ချက်များမှ လွတ်လွတ်လပ်လပ် ကွဲထွက်လာသည့် အနေအထားကို ပိုမိုရှင်းလင်းစွာမြင်လာရသည်။ ဟဲရစ်၏ ဆွဲဆောင်အားကောင်းမှုသည် တနင်္ဂနွေနေ့တွင် ဘိုင်ဒင်၏သမတရွေးကောက်ပွဲမှ ဟဲရစ်၏ရွေးကောက်ပွဲအဖြစ်သို့ ပြောင်းလဲသွားသောအရာအတွက် ရုတ်တရက် အလုပ်လုပ်နေသော ဘိုင်ဒင်၏ စည်းရုံးရေးဝန်ထမ်းဟောင်းများကိုပင် အံ့အားသင့်စေပါသည်။ ဟားရစ်၏တက်ကြွမှုသည် ဘိုင်ဒင်နှင့် ထရန့်တို့ အကြား မကျေပွဲဖြစ်ရန် ကာလကြာရှည်စွာ ထင်ထားသည့် သမတပြိုင်ပွဲတစ်ခုအဖြစ်သို့ ပြောင်းလဲသွားပုံနှင့်ပတ်သက်၍ ကောက်ချက်များစွာဆွဲရန် စောလွန်းနေသေးသည်။ ဟဲရစ်သည်ဒုသမတလောင်းကို ရွေးချယ်ခြင်း သို့မဟုတ် သူမ၏ ရွေးကောက်ပွဲ စည်းရုံးမှု ကမ်ပိန်း၏ ပထမဆုံး ရုပ်မြင်သံကြား ကြော်ငြာကို စတင်ခြင်းမရှိသေးပါ။ ဒီမိုကရက်တစ် အမျိုးသားညီလာခံ ကျင်းပရန် ရက်သတ္တပတ်များအတွင်းသာ လိုတော့သည်။ ဟဲရစ်နှင့် ထရန့်တို့၏ စကားစစ်ထိုးပွဲသည် ကြည့်ရှုသူ သန်းပေါင်းများစွာကို ဆွဲဆောင်နိုင်ပြီး ပြိုင်ပွဲ၏ လမ်းကြောင်းကို ပြောင်းလဲစေမည့် အခြေအတင် ပွဲမျိုးလည်း ဖြစ်သည်။

ဟဲရစ်နှင့် စကားစစ်ထိုးရန် ကတိကဝတ်မပြုကြောင်း ယခုသီတင်းပတ်အစောပိုင်းတွင် ထရန့်က ပြောကြားခဲ့သော်လည်း၊ ABC မှ ထရန့်နှင့် ဘိုင်ဒင်တို့အကြား မူလစီစဉ်ထားသည့် စက်တင်ဘာလ ၁၀ စကားစစ်ထိုးပွဲတွင် သူမ ပါဝင်မည်ဟု ဒုတိယသမ္မတက ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။ ဟူစတန်သို့ မဲဆွယ်စည်းရုံးရေးခရီးစဉ်အသွားတွင် Joint Base Andrews လေဆိပ်တွင် ဆင်းသက်ပြီးနောက် သတင်းထောက်များအား “ဒီပြိုင်ပွဲမှာ ရှိနေတဲ့ ဖန်သားပြင် မြင်ကွင်းနှစ်ခုကို မဲဆန္ဒရှင်တွေက အခြေအတင် ဆွေးနွေးတဲ့အနေအထားကို မြင်ထိုက်တယ်လို့ ကျွန်မထင်ပါတယ်၊ ဒါကြောင့် ကျွန်မက အဆင်သင့် ဖြစ်နေပါပြီ။ စလိုက်ကြပါစို့” ဟု ဟဲရစ်က ပြောကြားခဲ့သည်။ ၎င်းသည် ငယ်ရွယ်သော၊ လူဖြူမဟုတ်သော မဲဆန္ဒရှင်များနှင့် အမျိုးသမီးမဲဆန္ဒရှင်များအကြား အဓိက ဘိုင်ဒင်၏ အားနည်းချက်များအပေါ် ဟားရစ်၏ အားသာချက်များ မြှင့်တင်ပေးနေသည့် အရိပ်အယောင်များ ရှိနေသော်လည်း မတည်မငြိမ်ဖြစ်နေသော ပြိုင်ပွဲအနေအထားတစ်ခုပင်ဖြစ်သည်။

ထရန့်သည် လုပ်ကြံသတ်ဖြတ်ရန် ကြိုးပမ်းမှုမှ လွတ်မြောက်ခဲ့ပြီး ပြီးခဲ့သည့် သီတင်းပတ်က ရီပတ်ဘလစ်ကန် အမျိုးသား ညီလာခံတွင် ၎င်း၏ ပါတီမှ သူ့အား သမတလောင်းအဖြစ် တခဲနက်ရွေးချယ်ခံရပြီးနောက် ထရန့်က ၄၉% နှင့် ဟဲရစ်က ၄၆% အထိ ပြိုင်ဆိုင်မှုရှိနေခဲ့သည်ဟု ဗုဒ္ဓဟူးနေ့ CNN/SSRS စစ်တမ်းအသစ်အရ သိရသည်။ ဟဲရစ်ကို ထောက်ခံသူများ၏ ထက်ဝက် (၅၀%) ခန့် ထရန့်ကို ဆန့်ကျင်ခြင်းထက် သူတို့က ဟဲရစ်ကို ထောက်ခံကြတာဖြစ်သည်ဟု ဆိုသည်။ ၎င်းအချက်သည် ဘိုင်ဒင်-ထရန့် ပြိုင်ဆိုင်မှုတွင် ထရန့်က အာရုံစိုက်ထားသည့် လှုပ်ရှားမှုနှင့် နှိုင်းယှဉ်လျှင် သိသိသာသာ အပြောင်းအလဲတစ်ခုဖြစ်သည်။ CNN ၏ ဇွန်လစစ်တမ်းတွင် ဘိုင်ဒင်ကို ထောက်ခံသူများအနက် ၃၇ ရာခိုင်နှုန်းက ၎င်းတို့၏ မဲများသည် သမ္မတကို ထောက်ခံကြောင်း ဖော်ပြရန်သာ အဓိကဖြစ်သည်ဟု ဆိုသည်။ ထရန့်ထောက်ခံသူ လေးပုံသုံးပုံခန့် (၇၄%) က ၎င်းတို့၏မဲသည် ဟဲရစ်ကို ဆန့်ကျင်မည့်အစား ထရန့်ကို ထောက်ခံကြောင်း ဖော်ပြကြောင်း နောက်ဆုံးစစ်တမ်းတွင် ပြောကြားခဲ့သည်။

ဟဲရစ်အတွက် အခိုင်အမာ ထောက်ခံမှုဆီသို့ ကူးပြောင်းမှုသည် လူငယ်မဲဆန္ဒရှင်များ၊ အသားအရောင်မဲဆန္ဒရှင်များနှင့် အမျိုးသမီးများကြားတွင် သိသိသာသာ အားကောင်းခဲ့ပြီး၊ အများအားဖြင့် ဒီမိုကရက်များကို ထောက်ခံသော်လည်း ဘိုင်ဒင် မဲဆွယ်စည်းရုံးနေမှုကို အခက်အခဲများအဖြစ် ရှုမြင်စိတ်ပျက်နေကြသော အုပ်စုများဖြစ်သည်။ ကြာသပတေးနေ့ထုတ် New York Times/Siena College စစ်တမ်းတစ်ခုတွင် ထရန့် က ၄၈% နှင့် ဟဲရစ် က ၄၆% ဖြင့်ရှိနေပြီး နိုင်ငံတစ်ဝှမ်းတွင် စာရင်းသွင်းထားသော မဲဆန္ဒရှင်များကြားတွင် ဟဲရစ် နှင့် ငယ်ရွယ်သော လူဖြူမဟုတ်သော မဲဆန္ဒရှင်များကြားတွင်ဘိုင်ဒင်နှင့် နှိုင်းယှဉ်လျှင် ဟဲရစ်က အားကောင်းလာသည်။

ဟဲရစ်သည် သူမ၏ နိုင်ငံရေးအသက်မွေးဝမ်းကြောင်း၏ ၁၀၂ ရက်ကြာ အကြမ်းတမ်းဆုံး သမတ အပြေးပြိုင်ပွဲကို စတင်လိုက်ခြင်းသာဖြစ်သည်။ သူမ၏ ၂၀၂၀ ဒီမိုကရက်တစ်ပါတီလောင်းအဖြစ် ယှဉ်ပြိုင်ခဲ့စဉ်က အဓိကရွေးချယ်မှုအမှားများနှင့် သူမ၏ဒုသမ္မတသက်တမ်းအစောပိုင်းကာလကို ထိခိုက်စေခဲ့သော နှုတ်ထွက်စကားအမှားများနှင့် ဝန်ထမ်းများ ကသောင်းကနင်း ဖြစ်မှုခဲ့မှုများကြောင့် ဟဲရစ်သည် ထိုအရာများတွင် သူ့တွင် အတွေ့အကြုံရင့်ကျက်လာကြောင်း သက်သေပြရန် ကြိုးစားနေချိန်တွင် ထောက်ကွက်အဖြစ် ပြန်လည်ပေါ်ပေါက်လာနိုင်သည်။ ထို့အပြင် ဂါဇာရှိ စစ်ပွဲနှင့်ပတ်သက်၍ သဘောထား ကွဲသွားသော ဒီမိုကရက်တစ်ပါတီအုပ်စုများကို စုစည်းမှုတွင် ဘိုင်ဒင်ကဲ့သို့ အလားတူ စိန်ခေါ်မှုများကို ရင်ဆိုင်ရမည်ဖြစ်သည်။

သို့တိုင် ဂျန်အိုမဲလ်လီ ဒီလွန်က သမတလောင်း လက်မှတ်၏ထိပ်တွင် ဟဲရစ်၏ တည်ရှိမှုသည် ဒီမိုကရက်များအတွက် မြေပုံကို ချဲ့ ထွင်စည်းရုံးနိုင်လိမ့်မည်ဖြစ်ကြောင်း သူမ၏မှတ်စုတွင် စောဒကတက်ခဲ့သည်။ ဘိုင်ဒင်၏မဲဆွယ်စည်းရုံးမှုသည် ရွေးကောက်ပွဲကောလိပ်မဲပေါင်း ၂၇၀ ဆီရရှိရန် ၎င်း၏လမ်းကြောင်းကို “ အပြာရောင်” ပြည်နယ်များဖြစ်သည့် မစ်ချီဂန်၊ ပင်ဆယ်လ်ဗေးနီးယားနှင့် ဝစ်ကွန်ဆင်ပြည်နယ်တို့မှ ဖြတ်ကျော် သွားမည်ဟု ယုံကြည်ခဲ့သည်။ သို့ရာတွင် ဟဲရစ် သမတရွေးပွဲကင်ပိန်းသည် ငယ်ရွယ်သော လူမဲနှင့် လက်တီနို မဲပေးသူများအတွက် ပိုမိုဆွဲဆောင်မှုရှိသည်။ ထို့ပြင် ဘိုင်ဒင်ထက်စာလျှင် အကြိတ်အနယ်ယဉ်ပြိုင်ရမည့် အာရီဇိုးနား၊ ဂျော်ဂျီယာ၊ နီဗားဒါးနှင့် မြောက်ကာရိုလိုင်းနားပြည်နယ်တို့တွင် ပိုပြီး ယဉ်ပြိုင်နိုင်စွမ်းရှိသည်။

“ ကျွန်တော်တို့သည် ဤပြည်နယ်တစ်ခုစီတွင် တွန်းတွန်းတိုက်တိုက် စည်းရုံးသွားရန် ရည်ရွယ်ထားပြီး ထိုသို့လုပ်ဆောင်ရန် အရင်းအမြစ်များနှင့် လှုံ့ဆော်မှုဆိုင်ရာ အခြေခံအဆောက်အအုံများ ရှိသည်” ဟု အိုမယ်လီဒီလွန်က သူမှတ်တမ်းတွင် ပြောကြားခဲ့သည်။

ဟဲရစ်သည် ၃၆ နာရီအတွင်း သူမကို သမတအဖြစ် အဆိုတင်သွင်းခြင်းကို အာမခံရန် မွန်းလွဲ ၁း၄၆ နာရီတွင် စတင်ခဲ့သည်။ ဟဲရစ်သည် ဟောင်းဝါ့ဒ် တက္ကသိုလ် (Howard University) ခေါင်းစွပ်ကို ဝတ်ပြီး လေ့ကျင့်ခန်းသုံးဆွယ်တာကိုဝတ်ဆင်ထားကာ ဘိုင်ဒင်က ပြိုင်ပွဲမှ နုတ်ထွက်ကြောင်း ကြေညာမှုကို လူမှုမီဒီယာပို့စ်တွင့် စောင့်ဆိုင်းကြည့်နေခဲ့သည်။ ထိုနောက် ရေတပ် Observatory ရှိ သူမ၏ တရားဝင်နေအိမ်၌ တနင်္ဂနွေနေ့တွင် ၁၀ ရီကြာ မရပ်မနား ဖုန်းများ ခေါ်ဆိုပြီး သူ့အား သမတလောင်းအဖြစ် ထောက်ခံရန် ဖုံးခေါ်ဆိုမှုများကို ပြုလုပ်ခဲ့သည်။ သမ္မတဟောင်းများ၊ အုပ်ချုပ်ရေးမှူးများ၊ ကွန်ဂရက်လွှတ်တော်ခေါင်းဆောင်များနှင့် အဓိက ကွန်ဂရက်လွှတ်တော်အမတ်များ အပါအဝင် ဒီမိုကရက်ပါတီခေါင်းဆောင် ၁၀၀ ကို ခေါ်ယူခဲ့သည်။ ဟဲရစ်သည် ဘိုင်ဒင် ၏ ထောက်ခံမှုကို ရရှိထားသော်လည်း သူမသည် အမည်စာရင်းတင်သွင်းခြင်းခံရရန် ရည်ရွယ်ထားကြောင်း သူမ ဖုန်းခေါ်ထားသူများကို ပြောပြခဲ့သည်။

တနင်္ဂနွေညနေခင်းတွင် အလားအလာရှိသော ပြိုင်ဘက်များဟု အစပိုင်းတွင် မြင်သူအများအပြားက သူမအား ထောက်ခံခဲ့ကြသည်။ တနင်္လာနေ့ မနက်ခင်းမှာ တခြားသူတွေ လိုက်ပါထောက်ခံလာကြသည်။ နေ့ခင်းပိုင်းတွင် သူမသည် အောက်လွှတ်တော်ဥက္ကဋ္ဌဟောင်း နန်စီပလိုစီ၏ ထောက်ခံချက်ရရှိထားပြီး သမတလောင်းအဖြစ် မစတင်မီတွင် ဘိုင်ဒင်ထံမှ လွှဲပြောင်းရယူရန် ယှဉ်ပြိုင်မှုအတွက် ထောက်ခံမှုကို ထိရောက်စွာရရှိပြီး အဆုံးသတ်ခဲ့သည်။

ဓာတ်ပုံ။

ဇူလိုင် ၂၆ ရက်နေ့က သမတဟောင်း အိုဘားမားနှင့် ဇနီးတို့က သူတို့နှစ်ဦးလည်း ဟယ်ရစ်ကို သမတလောင်းအဖြစ် ထောက်ခံကြောင်း ဆက်သွယ်လာသည်ကို လက်ခံစကားပြောနေသည့် ဟဲရစ်/ရိုက်တာ။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ရုရှား၏ ဒရုန်းနှင့် ဒုံးကျည်ဖြင့် တိုက်ခိုက်မှုလှိုင်းလုံးများကြောင့် ယူကရိန်းတွင် ၁၅ ဦး သေဆုံး

  • 2026 ခုနှစ်၊ ဧပြီလ 16 ရက်
  • 12 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၆ ရက် ဗုဒ္ဓဟူးနေ့ညပိုင်းက ယူကရိန်းတစ်ဝှမ်းသို့ ရုရှားက ဒရုန်းနှင့် ဒုံးကျည်များဖြင့်
နိုင်ငံတကာသတင်း ပါလက်စတိုင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အစ္စရေး အရှေ့အလယ်ပိုင်း

ဂါဇာအပစ်ရပ်စဲရေး လုပ်ငန်းစဉ်များ တုံ့ဆိုင်းနေစဉ် အပစ်ရပ်ပြီးနောက်ပိုင်း အမေရိကန်နှင့် ဟားမတ်စ်တို့ ပထမဆုံးအကြိမ် တိုက်ရိုက်ဆွေးနွေး

  • 2026 ခုနှစ်၊ ဧပြီလ 16 ရက်
  • 21 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၆ ရက် အမေရိကန်ဦးဆောင်သည့် အားနည်းလှသော သဘောတူညီချက်ကို ရှေ့ဆက်နိုင်ရန် ကြိုးပမ်းမှု တစ်ရပ်အဖြစ် ဂါဇာအပစ်ရပ်စဲရေးကာလနောက်ပိုင်း အမေရိကန်နှင့် ဟားမတ်စ်တို့ ပထမဆုံးအကြိမ် တိုက်ရိုက်ဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြောင်း ဟားမတ်စ်
နိုင်ငံတကာသတင်း အမေရိကန်

ထရမ့်ကသူ့ကိုယ်သူခရစ်တော် ဂျီးဆပ်အဖြစ်သရုပ်ဖော်နေတယ်လို့အွန်လိုင်းမှာထွက်ပေါ်

  • 2026 ခုနှစ်၊ ဧပြီလ 14 ရက်
  • 30 Views
၂၀၂၆ခုနှစ်၊ ဧပြီလ ၁၄ရက် ထရမ့်ကTruth Social မှာ သူကိုယ်တိုင်တင်ထားတဲ့ သူ့ပုံကို သူ့ကိုယ်သူခရစ်တော် ဂျီးဆပ်အဖြစ် သရုပ်ဖော်ပြနေတယ်လို့ အွန်လိုင်းမှာ ဝေဖန်မှုတွေ ထွက်ပေါ် လာတာနဲ့ ပတ်သက်ပြီးသူကမေမြန်းသူသတင်းထောက်ကိုအောက်ပါအတိုင်းဖြေကြားခဲ့ပါတယ်။ “ ကဲ! ဒါက ဓာတ်ပုံတစ်ပုံ
နိုင်ငံတကာသတင်း ဟန်ဂေရီ အမေရိကန် အရှေ့အလယ်ပိုင်း အီရန် ဥရောပ

အီရန်အကျပ်အတည်းသည် ထရမ့်၏ တောင်းဆိုချက်များကို ကမ္ဘာကြီးက ပိုမိုတွန်းလှန် လာနေခြင်းအား ပေါ်လွင်စေသည်

  • 2026 ခုနှစ်၊ ဧပြီလ 14 ရက်
  • 52 Views
CNN- ၂၀၂၆ခုနှစ်၊ ဧပြီလ ၁၄ရက် ဒေါ်နယ်ထရမ့်၏ သမ္မတသက်တမ်းတွင် သံမဏိစည်းမျဉ်းများ ချမှတ်ကာ လွှမ်းမိုးထားသည့် အင်အား၊ အကြမ်းဖက်မှုနှင့် လုပ်ပိုင်ခွင့် အာဏာတို့ကိုအလွန်အကျွံအသုံးပြုနေမှုသည် ပြည်တွင်း၌ရော ပြည်ပမှာပါ ပိုမိုစိန်ခေါ်ခံနေရပြီ ဖြစ်သည်။ ထရမ့်နှင့် သူ၏လက်အောက်ငယ်သားများသည် မိမိကိုယ်မိမိ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အာရှ အိန္ဒိယ

စီးပွားရေးပညာရှင်များက အာရှဒေသအပေါ် သက်ရောက်လာမည့် အီရန်စစ်ပွဲ၏ နောက်ဆက်တွဲဆိုးကျိုးများကို တွက်ချက်ဖော်ပြနေကြသည်။ အခြေအနေမှာ ကောင်းမွန်ပုံမပေါ်ပါ။

  • 2026 ခုနှစ်၊ ဧပြီလ 14 ရက်
  • 31 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၄ ရက် အာရှ၊ အရှေ့အလယ်ပိုင်း၊ ကုလသမဂ္ဂနှင့် စိုက်ပျိုးရေး အီရန်နှင့် အမေရိကန်-အစ္စရေးတို့၏ စစ်ပွဲနောက်ဆက်တွဲဆိုးကျိုးများကြောင့် အာရှ-ပစိဖိတ် စီးပွားရေးတွင် ဒေါ်လာဘီလီယံပေါင်းများစွာ ဆုံးရှုံးနိုင်ဖွယ်ရှိပြီး လူသန်းပေါင်းများစွာကို ဆင်းရဲတွင်းထဲသို့
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား အမေရိကန်

ဇီလန်းစကီးက ထရန့်အား ‘ကျွန်ုပ်တို့ဘက်မှာ ဆက်ရပ်တည်ပေးပါ’ ဟု တောင်းဆို

  • 2026 ခုနှစ်၊ ဧပြီလ 13 ရက်
  • 37 Views
CNN- ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၃ ရက် ကိယက်ဗ် — ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇီလန်းစကီးသည် တနင်္လာနေ့တွင် ဒေါ်နယ်ထရန့်အား တောင်းဆိုမှုတစ်ခု ပြုလုပ်ခဲ့ပြီး၊ အမေရိကန်သမ္မတအနေဖြင့် “ကျွန်ုပ်တို့ဘက်မှာ ဆက်ရပ်တည်ပေးဖို့” လိုလားကြောင်း CNN
တရုတ် နိုင်ငံတကာသတင်း

၂၀၂၆ ခုနှစ်၊ မတ်လ ၁၂ ရက်နေ့တွင် ဖော်ပြသည့် ဆောင်းပါးရှင် John Liu ရေးသားသည့်တရုတ်နည်းပညာတိုးတက်လာမှုဆောင်းပါး။

  • 2026 ခုနှစ်၊ ဧပြီလ 13 ရက်
  • 33 Views
၂၀၂၆ခုနှစ် ဧပြီလ ၁၃ရက် တရုတ်နိုင်ငံသည် နည်းပညာကဏ္ဍတွင် အမေရိကန်ကို အမီလိုက်ရန် ရည်ရွယ်နေခြင်းမဟုတ် ဦးဆောင်ရန် ရည်မှန်းထားခြင်းသာဖြစ်သည်။ ဟောင်ကောင် — အမေရိကန်၏ ပြည်ပစစ်ရေးလှုပ်ရှားမှုများနှင့် ကုန်သွယ်ရေး မတည်ငြိမ်မှုများ ဖြစ်ပေါ်နေသည့် ခေတ်ကာလတွင် တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင်သည်