နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 11 ရက်

တောင်ကိုးရီးယား

တောင်ကိုးရီးယား နိုင်ငံတကာသတင်း အမေရိကန်

တောင်ကိုရီးယားသမ္မတ လီမှ နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘော လောင်စာအတွက် ထရန့်ဖ်အား တောင်းဆို

CNN ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ ၂၉ရက်

တောင်ကိုရီးယားနိုင်ငံသည် မြောက်ကိုရီးယားနှင့် တရုတ်တို့၏ ရေငုပ်သင်္ဘောများကို ယှဉ်ပြိုင်နိုင်ရန် တည်ဆောက်လိုသည့် နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောများ အတွက် လောင်စာ ရရှိရေးအတွက် အမေရိကန်၏ ခွင့်ပြုချက်ကို ထပ်မံတောင်းဆိုခဲ့ပါသည်။

တောင်ကိုရီးယားသမ္မတ လီဂျယ်မြောင် (Lee Jae Myung) သည် ဗုဒ္ဓဟူးနေ့က တောင်ကိုရီးယားနိုင်ငံ၊ ဂယောင်ဂျူ (Gyeongju) တွင် အမေရိကန်သမ္မတ ဒေါ်နယ်လ် ထရန့်ဖ် နှင့် တွေ့ဆုံစဉ်တွင် ထိုတောင်းဆိုမှုကို တိုက်ရိုက်ပြုလုပ်ခဲ့ခြင်း ဖြစ်ပါသည်။

“သမ္မတကြီးအနေနဲ့ ကျွန်တော်တို့ နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောတွေအတွက် လောင်စာရရှိဖို့ ခွင့်ပြုချက်ပေးဖို့ ဆုံးဖြတ်ပေးမယ်ဆိုရင် ကျွန်တော်တို့ ကျေးဇူးတင်ပါတယ်” ဟု သမ္မတ လီက ဗုဒ္ဓဟူးနေ့တွင် ထရန့်ဖ်နှင့် နှစ်နိုင်ငံတွေ့ဆုံမှု မတိုင်မီ ပြောကြားခဲ့သည်။

သမ္မတ လီက တောင်ကိုရီးယားသည် နျူကလီးယားလက်နက်များ သယ်ဆောင်နိုင်သော ရေငုပ်သင်္ဘောများ တည်ဆောက်ရန် ရည်ရွယ်ခြင်းမရှိဘဲ၊ သမားရိုးကျလက်နက်များ တပ်ဆင်ထားသော နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောများ ကိုသာ လိုချင်ကြောင်း ပြောကြားခဲ့သည်။

“ဒီဇယ်စွမ်းအင်သုံး ရေငုပ်သင်္ဘောတွေမှာ ရေအောက်ကြာရှည်စွာ နေနိုင်တဲ့စွမ်းရည် အားနည်းတာကြောင့် မြောက်ကိုရီးယား ဒါမှမဟုတ် တရုတ် ရေငုပ်သင်္ဘောတွေကို ခြေရာခံဖို့အတွက် အကန့်အသတ်တွေ ရှိနေပါတယ်” ဟု ၎င်းက ဆိုသည်။

လောင်စာတင်သွင်းခွင့်နှင့် ရေငုပ်သင်္ဘောအသစ်များအတွက် အမေရိကန်၏ ခွင့်ပြုချက် ရရှိပါက တောင်ကိုရီးယားသည် ကိုရီးယားကျွန်းဆွယ်တစ်ဝိုက်ရှိ ပင်လယ်ပြင်များတွင် နောက်ဆုံးတွင် “ရေတပ် ကာကွယ်ရေးစစ်ဆင်မှုများ လုပ်ဆောင်နိုင်မည်” ဖြစ်ပြီး “အမေရိကန် တပ်ဖွဲ့များအပေါ် ဝန်ထုပ်ဝန်ပိုးကို သိသိသာသာ လျှော့ချနိုင်မည်” ဟု လီက ပြောကြားခဲ့ပြီး မိမိနိုင်ငံ၏ စစ်ဘက်အသုံးစရိတ် တိုးမြှင့်မည်ဟု ကတိပြုခဲ့သည်။

လက်ရှိတွင် တောင်ကိုရီးယား၏ ကာကွယ်ရေးဘတ်ဂျက်သည် မြောက်ကိုရီးယား၏ စုစုပေါင်း ပြည်တွင်းအသားတင်ထုတ်ကုန် (GDP) ထက် ၁.၄ ဆ ပိုများနေသည်ဟု သမ္မတ လီက ဆိုသည်။

“ကျွန်တော်တို့ရဲ့ ဘတ်ဂျက်၊ ကျွန်တော်တို့ရဲ့ စစ်ဘက်အသုံးစရိတ်က တော်တော်လေးကို များပြားနေပြီး၊ စစ်ဘက်အသုံးစရိတ် အများဆုံးနိုင်ငံစာရင်းမှာ နံပါတ်ငါးနေရာ ရပ်တည်နေ ပါတယ်” ဟု ၎င်းက ထပ်လောင်းပြောကြားသည်။ သို့သော်လည်း၊ ကျွန်တော်တို့အတွက် စစ်ရေးနှင့် ကာကွယ်ရေးဆိုင်ရာ ခင်ဗျားတို့ (အမေရိကန်) အပေါ်ရှိ ဝန်ထုပ်ဝန်ပိုးကို ဆက်လက် လျှော့ချပေးဖို့က အရေးကြီးတယ် ဆိုတာ ကျွန်တော်သိပါတယ်။ ဒါကြောင့် ကျွန်တော်တို့ရဲ့ စစ်ဘက်အသုံးစရိတ်ကို ဆက်လက် တိုးမြှင့်သွားမှာပါ” ဟု လီက ပြောကြားခဲ့သည်။

ဈေးကွက်လှုပ်ရှားမှုသည် သမ္မတ ထရန့်ဖ်နှစ်သက်သည့် စီးပွားရေးခွန်အား၏ အညွှန်းကိန်းတစ်ခုဖြစ်ရာ သမ္မတ လီက အမေရိကန်စတော့ဈေးကွက်၏ ခွန်အားအကြောင်းကို ပြောဆိုခြင်းဖြင့် ထရန့်ဖ်အား မြှောက်ပင့်ပြောဆိုခဲ့ခြင်း ဖြစ်သည်။

“မနေ့ညကပဲ ခင်ဗျားတို့ရဲ့ စတော့အညွှန်းကိန်းတွေဟာ စံချိန်အသစ်ကို ထပ်မံရောက်ရှိ နေတာကို ကျွန်တော် စစ်ဆေးကြည့်လိုက်ပါတယ်။ ဒါကြောင့် ခင်ဗျားဟာ အမေရိကကို တကယ်ပဲ ပြန်လည်ကြီးမြတ်လာအောင် လုပ်ဆောင်နေတာပါပဲ” ဟု သမ္မတ လီက ပြောကြားခဲ့သည်။”

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 57 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 61 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 64 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 66 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 60 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 62 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 77 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 68 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက