ဇူလိုင်လ (၂၇)ရက်။
ဒီကနေ့ ည (၇)နာရီခွဲအချိန်ခန့်မှာ ရန်ကုန်တိုင်း၊ မှော်ဘီမြို့ရှိ စစ်ကောင်စီလက်အောက်ခံ ထွေ/အုပ်ရုံးအနီး ပေါက်ကွဲတာတွေဖြစ်ပွားခဲ့တယ်လို့ မြို့ခံတွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။
“ အခုည (၇)နာရီ (၃၆)မိနစ်လောက်မှာ ပေါက်ကွဲသံကြားရတာ၊ အသံကတော်တော်ကျယ်တယ်၊ ပြီးမှ ထွေ/အုပ်ရုံးဘက် ပေါက်တာလို့ သိရတယ်။ ထိခိုက်တာတွေရှိတယ်လို့လဲ ပြောနေကြတယ်” လို့ မြို့နေသူတစ်ဦးက ဆိုပါတယ်။
မှော်ဘီမြို့ရှိ စစ်ကောင်စီလက်အောက်ခံ ထွေ/အုပ်ရုံး ပေါက်ကွဲတာတွေဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့၀င် (၂)ဦး ထိမှန်ခဲ့တယ်လို့ မြေပြင်သတင်းအရင်းအမြစ်တွေက ဖော်ပြထားပါတယ်။
စစ်ကောင်စီလက်အောက်ခံ ထွေ/အုပ်ရုံး ဖောက်ခွဲခံရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့၀င်တွေက စစ်ဆေးတာတွေပြုလုပ်ခဲ့ကာ လူနာတင်ယာဉ်တွေပါ ရောက်ရှိလာခဲ့တယ်လို့ မြို့ခံတွေက ပြောဆိုထားပါတယ်။
အခုဖြစ်စဉ်နဲ့ပတ်သက်ပြီး ဘယ်အဖွဲ့အစည်းက လုပ်ဆောင်ခဲ့တယ်ဆိုတာကို မသိရှိရသေးသလို ဖြစ်စဉ်အသေးစိတ်ကိုလဲ ထုတ်ပြန်လာတာ မရှိသေးဘူးလို့ သိရပါတယ်။