နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 11 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ

ဟားမက်စ်ခေါင်းဆောင်လုပ်ကြံခံရမှုကြောင့် ဂါဇာပဋိပက္ခအပစ်အခတ်ရပ်စဲရေးကို ရိုက်ခတ်နိုင်

ဟားမက်စ်ခေါင်းဆောင်လုပ်ကြံခံရမှုကြောင့် ဂါဇာပဋိပက္ခအပစ်အခတ်ရပ်စဲရေးကို ရိုက်ခတ်နိုင်

+++++++++++++++++++++++

ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့က အီရန်နိုင်ငံမှာ ဟားမက်စ်ထိပ်တန်းနိုင်ငံရေးခေါင်းဆောင် လုပ်ကြံသတ်ဖြတ်ခံရမှုဟာ ကျယ်ပြန့်လာတဲ့ အရှေ့အလယ်ပိုင်းစစ်ပွဲတွေအတွက် စိုးရိမ်စရာတွေဖြစ်လာစေခဲ့သလို အီရန်ကျောထောက်နောက်ခံပြုထားတဲ့ ဟားမက်စ်စစ်သွေးကြွတွေနဲ့ အစ္စရေး ကြား ဂါဇာပဋိပက္ခ မကြာခင်အဆုံးသတ်ဖို့ အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ကိုလည်း ခြိမ်းခြောက်မှုတစ်ခုဖြစ်စေခဲ့ပါတယ်။

ဟားမက်စ်ခေါင်းဆောင် အစ္စမေးဟာနီယက်လုပ်ကြံသတ်ဖြတ်ခံရမှုကြောင့် အီရန်နိုင်ငံရဲ့မြို့တော် တီဟီရန်မှာ လူတွေစုဝေးခဲ့ကြပြီး လက်တုံ့ပြန်ပေးဖို့ကို တောင်းဆိုခဲ့ကြပါတယ်။ အဲဒီတိုက်ခိုက်မှုဟာ အစ္စရေးရဲ့ လက်ချက်ဖြစ်တယ်လို့လည်း ကျယ်ကျယ်ပြန့်ပြန့်ယူဆနေကြတာပါ။

အဲဒီလုပ်ကြံသတ်ဖြတ်မှုဟာ ဟစ်ဇ်ဘိုလာအကြီးတန်းတပ်မှုး ဖူအာဆူကာ သတ်ဖြတ်ခံရပြီး 24 နာရီအတွင်းမှာ ဆက်တိုက်ဖြစ်ပေါ်ခဲ့တာပါ။ ဒါကတော့ လက်ဘနွန်စစ်သွေးကြွအဖွဲ့က ထုတ်ပြန်တဲ့ ဗီဒီယိုမှာ တပ်မမှုး ဖူအာဆူကာကိုမြင်တွေ့နေရတာဖြစ်ပါတယ်။

ဒါပေမယ့် အစ္စရေးအစိုးရကတော့ ဟာနီယက် သတ်ဖြတ်ခံရတာဟာ သူတို့မှာ တာဝန်ရှိကြောင်း ထုတ်ဖော်ပြောဆိုခဲ့ခြင်းမရှိပါဘူး။ အစ္စရေးအမျိုးသားညွှန်ကြာရေးမှူးရုံးရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေးဗစ်မန်ဆာက မိမိတို့အနေနဲ့ ဟစ်ဇ်ဘိုလာအဖွဲ့ရဲ့ နံပတ် နှစ်ခေါင်းဆောင်ဖြစ်တဲ့ အကြမ်းဖက်သမား ဖူအာဆူကာကို ပစ်မှတ်ထားခဲ့တယ်လို့ အတိအလင်းကြေညာခဲ့ပါတယ်။

အခုလိုတင်းမာမှုတွေရှိနေပေမယ့် အစ္စရေးအနေနဲ့ ဂါဇာပဋိပက္ခကို အပစ်အခတ်ရပ်စဲဖို့အတွက် ဆွေးနွေးညှိနှိုင်းမှုတွေကို ဆက်လက်ပြုလုပ်သွားမှာဖြစ်ပြီး ဓါးစာခံတွေလွတ်မြောက်ရေးကို ကြိုးပမ်းသွားမှာဖြစ်တယ်လို့လည်း မန်ဆာက ပြောပါတယ်။ လုပ်ကြံသတ်ဖြတ်ခံလိုက်ရတဲ့ ဟားမက်စ်ခေါင်းဆောင် အစ္စမေး ဟာနီယက်ဟာ အမေရိကန်၊ကာတာ၊ အီဂျစ်နိုင်ငံတွေက ကြားဝင်စေ့စပ်ပေးနေတဲ့ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲတွေမှာ ဟားမက်စ်တွေရဲ့ နိုင်ငံတကာ သံတမန်ရေးရာမျက်နာစာကနေ လှုပ်ရှားနေသူဖြစ်ပါတယ်။

ဟာနီယက်လုပ်ကြံသတ်ဖြတ်ခံရမှုကို ရှုတ်ချကြောင်း ကာတာဝန်ကြီးချုပ်က သူ့ရဲ့ လူမှုကွန်ယက်စာမျက်နာကနေ ရေးသားဖော်ပြခဲ့ပါတယ်။ “ တစ်ဖက်အဖွဲ့ရဲ့ စေ့စပ်ညှိနှိုင်းရေးမှူးကို လုပ်ကြံသတ်ဖြတ်လိုက်တော့ ဆွေးနွေးမှုတွေက ဘယ်လိုအောင်မြင်နိုင်မှာလဲ”လို့ ဝေဖန် ရေးသားခဲ့တာပါ။

ဒါပေမယ့် ဝါရှင်တန်အစိုးရကတော့ အပစ်အခတ်ရပ်စဲရေးဆွေးနွေးချက်တွေဟာ အောင်မြင်နိုင်တဲ့အလားအလာတွေရှိနေဆဲပဲလို့ ယုံကြည်နေပါတယ်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘီလင်ကန်က ဟာနီယက်လုပ်ကြံခံရမှုမှာ အမေရိကန်နိုင်ငံ ပါဝင်ပတ်သက်မှုမရှိဘူးလို့ စင်ကာပူတီဗီနဲ့ အင်တာဗျူးမှာထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

“ အဲဒီကိစ္စကို  ကျတော်တို့ မသိသလို ပါဝင်ပတ်သက်မှုလည်းမရှိပါဘူး။ ဒီကိစ္စက တော်တော်ခန့်မှန်းရခက်ပါတယ်။ ဘာကြောင့်ဖြစ်ရတယ်ဆိုတာကိုလည်း ပြောလို့မရပါဘူး။ ကျတော်တို့ကတော့ ကျန်ရှိနေသေးတဲ့သူတွေအတွက် အပစ်အခတ်ရပ်စဲရေးကိစ္စကို ဆက်လက်ဆွေးနွေးသွားမှာပါ”

အမေရိကန်အမျိုးသားလုံခြုံရေးကောင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဂျွန်ကာဘီကတော့ လက်ရှိမှာ ပဋိပက္ခတွေ ပိုမိုပြင်းထန်လာနိုင်တဲ့ လက္ခဏာတွေမတွေ့ရသေးပေမယ့် အန္တရယ်ပိုကြီးလာပြီဆိုတာကိုတော့ ဝန်ခံပြောဆိုသွားခဲပါတယ် ခင်ဗျာ . . .

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

သီးသန့်မေးမြန်းချက်- အမေရိကန်နှင့် ရေရှည်စစ်ပွဲအတွက် အီရန်အဆင်သင့်ဖြစ်နေပြီး စီးပွားရေးဆိုင်ရာ ထိခိုက်မှုများကသာ စစ်ပွဲကို အဆုံးသတ်နိုင်လိမ့်မည်

  • 2026 ခုနှစ်၊ မတ်လ 10 ရက်
  • 15 Views
‘သံတမန်ရေးအရ ဆွေးနွေးရန် လမ်းစမရှိတော့ကြောင်း’ အီရန် အဆင့်မြင့်အရာရှိတစ်ဦးက CNN သို့ ပြောကြားခဲ့။ CNN- ၂၀၂၆ခုနှစ်၊ မတ်လ ၁၀ရက်
နိုင်ငံတကာသတင်း ဘောလုံး အရှေ့အလယ်ပိုင်း အီရန်

ဩစတြေးလျနိုင်ငံတွင် ရောက်ရှိနေသည့် အီရန်အမျိုးသမီးဘောလုံးအသင်းနှင့် ပတ်သက်၍ နိုင်ငံတကာ၏ တုံ့ပြန်မှုများမှာ အောက်ပါအတိုင်း ဖြစ်ပါသည် –

  • 2026 ခုနှစ်၊ မတ်လ 10 ရက်
  • 17 Views
၂၀၂၆ခုနှစ်၊ မတ်လ ၁၀ရက် နိုင်ငံတကာ တုံ့ပြန်မှုများ အနှစ်ချုပ် အမေရိကန်ပြည်ထောင်စု၏ တိုက်တွန်းချက် – အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က အဆိုပါကစားသမားများကို
နိုင်ငံတကာသတင်း အရှေ့အလယ်ပိုင်း အီရန်

အီရန်အမျိုးသမီး ဘောလုံးသမား ၅ ဦး သည် အသင်းမှ ထွက်ပြေးလာခြင်းအတွက် သူတို့ကိုထောက်ခံသူများက အကူအညီပေးရန်တောင်းဆိုခဲ့ပြီး ယခုအခါရဲတပ်ဖွဲ့နှင့်အတူ ဘေးကင်းစွာ ရှိနေ

  • 2026 ခုနှစ်၊ မတ်လ 9 ရက်
  • 23 Views
CNN- ၂၀၂၆ ခုနှစ်၊ မတ်လ ၉ ရက် ဘရစ်စဘိန်း၊ သြစတြေးလျ — ဘေးကင်းလုံခြုံရေးအတွက် စိုးရိမ်ရသည့် အခြေအနေများ အကြားတွင် အီရန်အမျိုးသမီး ဘောလုံးအသင်းမှ အဖွဲ့ဝင် ၅ ဦးသည် သြစတြေးလျရှိ အသင်းတည်းခိုရာ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်နိုင်ငံ၏ ခေါင်းဆောင်သစ်အဖြစ် ခါမေနီ၏ သားဖြစ်သူကို အမည်စာရင်းတင်သွင်း

  • 2026 ခုနှစ်၊ မတ်လ 9 ရက်
  • 30 Views
အရှေ့အလယ်ပိုင်းတစ်ခွင် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေစဉ်အတွင်း အီရန် ဘာသာရေးခေါင်းဆောင်ကြီးများက ၎င်း၏ဖခင်နေရာတွင် ဆက်ခံရန် မော့ဂျတာဘာ ခါမေနီ (Mojtaba Khamenei) ကို ရွေးချယ်လိုက်ကြသည်။ စစ်ပွဲသည် “ အဆင့်သစ်” သို့ ကူးပြောင်း နေပြီဖြစ်ကြောင်း အီရန်
တရုတ် နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ကနေဒါနိုင်ငံသား တရုတ်လူမျိုး ပရော်ဖက်ဆာ ကျန်းရွှေချမ်း (Jiang Xueqin) ၏ ဟောကိန်း – အမေရိကန်သည် အီရန်စစ်ပွဲတွင် ရှုံးနိမ့်လိမ့်မည်။

  • 2026 ခုနှစ်၊ မတ်လ 8 ရက်
  • 47 Views
“ တရုတ်ပြည်၏ နော့စထရာဒါးမတ်စ်” ဟု လူသိများလာသည့် ပရော်ဖက်ဆာ ကျန်းရွှေချမ်းသည် ၂၀၂၄ ခုနှစ်ကတည်းက အမေရိကန်နှင့် ပတ်သက်၍ အဓိကဟောကိန်း ၃ ခု ထုတ်ဖော်ခဲ့ရာ ၎င်းတို့မှာ – ဒေါ်နယ်ထရမ့် ပြန်လည်အာဏာရလာမည်၊ အမေရိကန်နှင့်
နိုင်ငံတကာသတင်း အမေရိကန်

 ကာရီ လိပ်ခ်(Kari Lake) ၏ USAGM အုပ်ချုပ်မှုမှာ တရားမဝင်ဟု တရားသူကြီး ဆုံးဖြတ်ချက်ချ။  Voice of America ဝန်ထမ်းထုတ်ပယ်မှုများ ပျက်ပြယ်သွားခဲ့

  • 2026 ခုနှစ်၊ မတ်လ 8 ရက်
  • 34 Views
CNN- ၂၀၂၆ခုနှစ်၊ မတ်လ ၈ရက် Voice of America ဝန်ထမ်းများအတွက် အောင်ပွဲတစ်ခုအဖြစ်၊ ပြီးခဲ့သည့်နှစ် အနည်းငယ် အတွင်း ကာရီ လိပ်ခ် (Kari Lake) သည် အမေရိကန်၏နိုင်ငံတကာသတင်းမီဒီယာ (US Agency
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အီရန်

အီရန်က ပထမဆုံး သိသာထင်ရှားသော စစ်ရှိန်လျှော့ချရေးသတင်းစကားကို ပေးပို့လိုက်သော်လည်း အဓိကကန့်သတ်ချက်တစ်ခု ပါဝင်နေ

  • 2026 ခုနှစ်၊ မတ်လ 8 ရက်
  • 42 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၇ ရက် အီရန်သမ္မတ မာဆု ပီဇက်ရှ်ကီယန်က တီဟီရန်အနေဖြင့် အချို့သောအခြေအနေများအောက်တွင် ၎င်း၏ ပင်လယ်ကွေ့အိမ်နီးချင်းနိုင်ငံများအပေါ် တိုက်ခိုက်မှုများကို ရပ်တန့်မည်ဟု ကြိုတင်ရိုက်ကူးထားပုံရသော ထုတ်ပြန်ချက်တွင် ပြောကြားပြီး မိနစ်ပိုင်းအကြာမှာပင်
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်ဘက်က ‘ခြွင်းချက်မရှိ လက်နက်ချခြင်း’ မပြုမချင်း မည်သည့်သဘောတူညီချက်မျှ ပြုလုပ်မည်မဟုတ်ဟု ထရမ့်ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 7 ရက်
  • 49 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၆ ရက် အီရန်နိုင်ငံသည် ဒီမိုကရေစီနိုင်ငံ ဖြစ်လာမလားဆိုသည်မှာ ၎င်းအတွက် အရေးမကြီးဘဲ အမေရိကန်နှင့် မဟာမိတ်များအပေါ် လိုလားထောက်ခံမည့် ခေါင်းဆောင်မှုကိုသာ ရှာဖွေ နေခြင်းဖြစ်ကြောင်း ထရမ့်က CNN