ဩဂုတ်လ (၅)ရက်။
ဒီကနေ့ နေ့လယ် (၃)နာရီအချိန်က TNLA သိမ်းပိုက်ထားတဲ့ ကွတ်ခိုင်မြို့ကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ TNLA ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
စစ်ကောင်စီဟာ ကွတ်ခိုင်မြို့၊ ရပ်ကွက်(၅) ဈေးဘက်ကို တိုက်ပွဲဖြစ်ပွားတာမရှိဘဲ တိုက်ခိုက်ရေးလေယာဉ်နဲ့ ဗုံး (၇)လုံး ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
စစ်ကောင်စီရဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် နေအိမ် (၂)လုံး ဗုံးစထိမှန်ကာ မီးလောင်ကျွမ်းခဲ့တယ်လို့ ကနဦးဖော်ပြထားပါတယ်။
စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် ကွတ်ခိုင်မြို့ရှိ မြို့မဈေးဘက်ကို ကျရောက်ပေါက်ကွဲခဲ့ပြီး မြို့မဈေး မီးလောင်ခဲ့တယ်လို့ ဒေသခံတွေက ပြောဆိုထားပါတယ်။
တိုက်ပွဲဖြစ်ပွားတာမရှိတဲ့ ကွတ်ခိုင်မြို့ထဲ စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် လူထိခိုက်သေဆုံးတာတွေရှိနိုင်တယ်လို့ ပြောဆိုနေကြပေမယ့် အသေးစိတ်ကိုတော့ မသိရသေးပါ။
ရှမ်းမြောက်ဒေသ “ ၁၀၂၇ စစ်ဆင်ရေး” ရဲ့ ပထမပိုင်းထဲ တအာင်းတပ်မတော်(TNLA)က ကွတ်ခိုင်မြို့အပါအ၀င် မြို့နယ် (၇)မြို့ကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။