နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 16 ရက်

1027 Operations

1027 Operations မြန်မာသတင်း

ကွတ်ခိုင်မြို့ကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနှစ်စီးဖြင့် ထပ်မံလာရောက်​ဗုံးကြဲတိုက်ခိုက်

သြဂုတ်လ (၇) ရက်။

TNLA ထိန်းချုပ်ထားတဲ့ ကွတ်ခိုင်မြို့ကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဒီနေ့မှာလည်း ထပ်မံလာရောက်တိုက်ခိုက်ခဲ့တယ်လို့ TNLA က သတင်းထုတ်ပြန်ပါတယ်။

ဒီနေ့ သြဂုတ်လ (၇) ရက်နေ့ နေ့လည် (၁း၅၀) မိနစ်မှာ တစ်ကြိမ်၊ (၁း၅၅) မိနစ်မှာတစ်ကြိမ် စုစုပေါင်း နှစ်ကြိမ် ဂျက်ဖိုက်တာနဲ့ ပေါင် (၅၀၀) ဗုံး အသုံးပြုပြီး လာရောက်ပစ်ခတ်တိုက်ခဲ့တယ်လို့ ဆိုပါတယ်။

ဒီတိုက်ခိုက်မှုမှာ အဆောက်အဦးအချို့ ထိခိုက်ပျက်စီးခဲ့ပြီး လူထိခိုက်သေဆုံးမှုမရှိဘူးလို့ သိရပါတယ်။

မနေ့က သြဂုတ်လ (၆) ရက်နေ့ ညနေ (၄း၀၀) အချိန် သီပေါမြိုနယ်မှာ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ရာ နောင်ကော်ကြီးကျေးရွာ ရေလယ်ဘုရားကျောင်းအတွင်း ကျရောက်ပေါက်​​ကွဲခဲ့ပြီး ကျောင်းဝန်းအတွင်းရှိ သံဃာတော်(၁)ပါးနဲ့ အမျိုးသမီး(၁) ဦး ဗုံးစထိမှန် သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။ ဒါ့အပြင် သံဃာတော် (၁) တစ်ပါးလည်း ဒဏ်ရာအပြင်းအထန်ရရှိခဲ့တယ်လို့ သိရပါတယ်။

သြဂုတ်လ (၅) ရက်နေ့ကလည်း စစ်ကောင်စီတပ်က ကွတ်ခိုင်မြိုကို တစ်နေ့ထဲမှာ (၄) ကြိမ် လေကြောင်းသုံး တိုက်ခိုက်ခဲ့တဲ့အတွက် ကွတ်ခိုင်မြိုခံ အရပ်သားပြည်သူ (၆) ဦး သေဆုံးခဲ့ရပြီး (၁၀) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။ ကွတ်ခိုင်မြိုမစျေးလည်း မီးလောင်သွားခဲ့ပြီး ဆိုင်ခန်းပေါင် (၄၀၁) ခန်း မီးလောင်ပျက်စီးသွားခဲ့တယ်လို့ သိရှိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

အတွေးအခေါ် တော်လှန်‌ရေး စဖို့လိုနေပြီ

  • 2026 ခုနှစ်၊ ဇွန်လ 15 ရက်
  • 23 Views
နွေဦးတော်လှန်ရေးဟာ လက်နက်ကိုင်တော်လှန်‌ရေးဖြစ်တယ်၊ လက်နက်ကိုင်တော်လှန်ရေး အောင်မြင်ပြီးမှ ခေတ်နောက်ပြန်ဆွဲနေတဲ့ ထုံးတမ်းစဥ်လာတွေ၊ မိန်းမယောက်ျား ခွဲခြားမှုတွေ၊ ဘာသာရေးခေါင်းတွေက မလိုလားအပ်တဲ့ အမိန့်စည်းကမ်းတွေကိုပြုပြင်မယ်ဆိုရင်အချိန်အများကြီးယူရအုံးမယ်၊ စစ်အုပ်စုအဆက်ဆက်
မြန်မာသတင်း

သံလွင်မြစ်ကြောင်းထဲ လက်နက်ကြီးလေ့ကျင့်ပစ်ခတ်ဖို့ စစ်တပ် စီစဉ်

  • 2026 ခုနှစ်၊ ဇွန်လ 15 ရက်
  • 17 Views
ဇွန်လ (၉)ရက်။ မနက်ဖြန် ဇွန်လ (၁၀)ရက်နေ့ ဘားအံမြို့ရှိ သံလွင်မြစ်ကြောင်းထဲ စစ်တပ်က လက်နက်ကြီးလေ့ကျင့်ပစ်ခတ်ဖို့ စီစဉ်ထားတယ်လို့ အကြောင်းကြားချက်တွေအရ သိရပါတယ်။
မြန်မာသတင်း

အာဆီယံဘုံသဘောတူညီချက် (၅)ရက်ကို တတ်နိုင်သလောက် ဆောင်ရွက်နေတယ်ဆိုပြီး မင်းအောင်လှိုင်ပြော

  • 2026 ခုနှစ်၊ ဇွန်လ 15 ရက်
  • 19 Views
ဇွန်လ (၉)ရက်။ မနေ့က နေပြည်တော််မှာ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး Mr. Sugiono ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့နဲ့ သမ္မတတုမင်းအောင်လှိုင်တို့ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။ တွေ့ဆုံပွဲထဲ မင်းအောင်လှိုင်က အာဆီယံဘုံသဘောတူညီချက် (၅)ရပ်အပေါ် တတ်နိုင်သလောက် ဆောင်ရွက်ပေးနေပြီး အကောင်းဆုံး ပူးပေါင်းဆောင်ရွက်နေတယ်လို့
မြန်မာသတင်း

ကနေဒါနိုင်ငံမှာ SCEF ကိုယ်စားလှယ်အဖွဲ့ လူထုတွေ့ဆုံပွဲပြုလုပ်

  • 2026 ခုနှစ်၊ ဇွန်လ 15 ရက်
  • 19 Views
ဇွန်လ (၉)ရက်။ ဇွန်လ (၆)ရက်နေ့က ကနေဒါနိုင်ငံမှာ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ(SCEF) ကိုယ်စားလှယ်အဖွဲ့က လူထုတွေ့ဆုံပွဲ ပြုလုပ်ခဲ့တယ်လို့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ SCEF ကိုယ်စားလှယ်အဖွဲ့ဟာ လူထုတွေ့ဆုံပွဲကို ကနေဒါနိုင်ငံအရှေ့ပိုင်းမှာ (၂)ကြိမ်နဲ့ အနောက်ပိုင်းရှိ ဗန်ကူးဗားမြို့မှာ
မြန်မာသတင်း

IPDF ရဲဘော်(၂)ဦးကို စစ်ကောင်စီတပ် ဖမ်းဆီးရမိခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 15 ရက်
  • 20 Views
ပတ်သက်ဆက်နွယ်သူတွေ၊ ကျေးရွာတာဝန်ခံတွေနဲ့ ရဲဘော်တွေ အရေးပေါ်ရှောင်ရှားကြဖို နှိးဆော်ထား ဇွန်လ (၈)ရက်။ ဒီကနေ့ ရွာမကျေးရွာမှာ ရဲဘော် (၂)ဦးကို စစ်ကောင်စီက ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို အင်းလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ(IPDF)ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်ကောင်စီရဲ့ ဖမ်းဆီးခံရသူတွေဟာ ရဲဘော် အငယ်ကောင်(ခ)ကျော်ဖြိုးလင်းနဲ့
မြန်မာသတင်း

ရွှေကူမြို့အဝင်နဲ့ လမ်းမကြီးတွေကို KIA သွားလာခွင့်ပိတ်

  • 2026 ခုနှစ်၊ ဇွန်လ 15 ရက်
  • 18 Views
မြို့ထဲနေပြည်သူတွေ ထွက်ခွာတိမ်းရှောင်ဖို့ သတိပေးထား ဇွန်လ (၈)ရက်။ ရွှေကူမြို့အဝင်လမ်းနဲ့ လမ်းမကြီးတွေကို ရက်အကန့်အသတ်မရှိ သွားလာခွင့်ပိတ်ထားတယ်လို့ KIA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တပ်မဟာ(၁၁)၊ အမှတ်(၁၂)တပ်ရင်းနယ်မြေဖြစ်တဲ့ ရွှေကူမြို့အဝင်လမ်းမကြီးနဲ့ ငါးအိုး-ရွှေဘိုလမ်းမကြီးတွေကို KIA က
မြန်မာသတင်း

မင်းတပ်မြို့အရှေ့ခြမ်းကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးအလုံး(၅၀)ခန့် ဆက်တိုက်ကြဲချ

  • 2026 ခုနှစ်၊ ဇွန်လ 15 ရက်
  • 14 Views
ဇွန်လ (၈)ရက်။ ဒီကနေ့ နံနက် (၁၀)နာရီကျော်အချိန်ကစပြီး မင်းတပ်မြို့အရှေ့ခြမ်း တနေရာကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသထဲသတင်းတွေထံက သိရပါတယ်။ “ (၁၀)နာရီ (၂၃)မိနစ်ကနေ (၁၁)နာရီ (၁၅)အထိ မင်းတပ်မြို့အရှေ့ခြမ်းတနေရာကို ဂျက်ဖိုက်တာ (၂)စီး၊
မြန်မာသတင်း

စ်ရေးတင်းမာနေတဲ့ လောင်းလုံးမြို့မှာ စစ်တပ်က ကျောင်းကြို/ပို့ကားတွေကို အကာအကွယ်ယူ လှုပ်ရှားနေ

  • 2026 ခုနှစ်၊ ဇွန်လ 15 ရက်
  • 16 Views
ဇွန်လ (၈)ရက်။ လောင်းလုံးမြို့နယ်မှာ တော်လှန်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တို့အကြား စစ်ရေးတင်းမာနေတယ်လို့ အမှတ်(၈၀၀၃)တပ်ရင်း-PDF ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ လောင်းလုံးမြို့နယ်မှာ နှစ်ဖက်တပ်တွေ စစ်ရေးတင်းမာနေသလို အရပ်သားပြည်သူတွေကို စစ်ကောင်စီတပ်က လူသားဒိုင်းပုံစံ အသုံးပြုနေတယ်လို့ ဆိုပါတယ်။ အခုနောက်ပိုင်းမှာ