သြဂုတ်လ (၁၂) ရက်။
မြန်မာပြည်သူတစ်ရပ်လုံး လိုလားတဲ့ နိုင်ငံရေးရည်မှန်းချက်တွေ အကောင်အထည် ပေါ်လာရေးအတွက် တစ်သွေးတည်း တစ်သားတည်း အတူရှိနေတာကို ထပ်မံအသိပေးလိုကြောင်း ညီနောင်မဟာမိတ်သုံးဖွဲ့က ဒီကနေ့ ဩဂုတ်လ (၁၂) ရက်နေ့က ကျေးဇူးတင်လွှာတစ်စောင် ထုတ်ပြန်ပါတယ်။
ကိုးကန့်၊ တအာင်းနဲ့ ရက္ခိုင့် အဖွဲ့အစည်းတို့ပါဝင်တဲ့ ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့ “ ၁၀၂၇ စစ်ဆင်ရေး” နဲ့အတူ ရရှိလာခဲ့တဲ့ အောင်မြင်မှုတွေ၊ မြို့သိမ်းတိုက်ပွဲတွေအပေါ် ဂုဏ်ပြုလွှာ ပေးပို့လာကြတဲ့ အဖွဲ့အစည်းတွေ လူပုဂ္ဂိုလ်တွေကို အထူးကျေးဇူးတင်ရှိကြောင်းလည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
မိမိတို့ကို ထောက်ခံအားပေးတဲ့ အဖိနှိပ်ခံ မြန်မာပြည်သူလူထုတစ်ရပ်လုံးကို လေးလေးနက်နက် ဂုဏ်ပြုကျေးဇူးတင်ကြောင်းလည်း ညီနောင်သုံးဖွဲ့က ပြောဆိုထားပါတယ်။