နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 15 ရက်

မြန်မာသတင်း

မြန်မာသတင်း

မွန်လူမျိုးကို ကိုယ်စားပြုတဲ့ ဖက်ဒရယ်ယူနစ်တစ်ခု ထွက်ပေါ်နိုင်ဖို့ ကြိုးစားသွားမယ်လို့ MSFC ထုတ်ပြန်

ဩဂုတ်လ (၁၉)ရက်။

အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုမှာ မွန်လူမျိုးတို့ကို ကိုယ်စားပြုတဲ့ ဖက်ဒရယ်ယူနစ်တစ်ခု ထွက်ပေါ်နိုင်ဖို့ ကြိုးစားသွားမယ်လို့ မွန်ပြည်ဖက်ဒရယ်ကောင်စီ(MSFC)ရဲ့ ဒီကနေ့မှာကျရောက်တဲ့ (၇၇)ကြိမ်မြောက် မွန်တော်လှန်ရေးနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

မွန်ခေါင်းဆောင်တွေအနေနဲ့ (၁၉၄၈)ခုနှစ်ကစပြီး ဖက်ဒရယ်ပြည်ထောင်စုထဲ မွန်ပြည်တရပ် ပေါ်ထွန်းလာဖို့ တိုက်ပွဲ၀င်ခဲ့ကာ (၇၇)နှစ်တာကာလထဲ တော်လှန်ရေး အသီးအပွင့်တချို့ ရရှိခဲ့ပေမယ့် နိုင်ငံရေးပန်းတိုင် အမျိုးသားရေးပန်းတိုင်ကို မရရှိသေးဘူးလို့ ဆိုပါတယ်။

ဒီကနေ့မှာ နိုင်ငံတော်အာဏာကို အတင်းအဓမ္မသိမ်းယူပြီး ဖက်ဆစ်အာဏာရှင်နည်းနဲ့ ပြည်သူတွေကို နည်းမျိုးစုံနဲ့ ဖိနှိပ်ညှဉ်းပန်းအုပ်ချုပ်နေတဲ့ စစ်ကောင်စီဟာ စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေးနဲ့ နိုင်ငံတကာရေးရာတို့မှာ ဘေးကြပ်နံကြပ်နဲ့ ဖြတ်သန်းနေရတယ်လို့ ဖော်ပြထားပါတယ်။

နွေဦးတော်လှန်ရေးအင်အားစုတွေနဲ့ တိုင်းရင်းသားတော်လှန်ရေးအင်အားစုတွေ ပူးပေါင်းပြီး စစ်အာဏာရှင်ကို အပြတ်အသတ် တိုက်ခိုက်တာကြောင့် မြန်မာနိုင်ငံမြောက်ပိုင်းနဲ့ ရခိုင်ဒေသတွေမှာ မြို့သိမ်းတိုက်ပွဲတွေ ဆက်တိုက်ပေါ်ပေါက်ခဲ့ပြီး အဲ့ဒီအောင်မြင်တာတွေအတွက် ဂုဏ်ယူတယ်လို့ ရေးသားထားပါတယ်။

MSFC နဲ့ ဆက်စပ်နေတဲ့ တော်လှန်ရေးအင်အားစုတွေအနေနဲ့ အခြားတော်လှန်ရေးအင်အားစုတွေနဲ့အတူ စစ်အာဏာရှင်ကို ဆန့်ကျင်တွန်းလှန်နေကာ နိုင်ငံတကာနဲ့ ပြည်တွင်းရှိ ပြည်သူတွေ ဝိုင်းရံနေတာက စစ်အာဏာရှင်စနစ်ကို အပြီးအပိုင်ဖျက်သိမ်းဖို့အတွက် ပြည်သူတွေက တထပ်တအား ပါ၀င်နေပြီလို့ ပြောဆိုထားပါတယ်။

MSFC အနေနဲ့ အခြားတော်လှန်ရေးအစုအဖွဲ့တွေ၊ စိတ်တူ ပန်းတိုင်တူညီတဲ့ အဖွဲ့အစည်းတွေနဲ့အတူ စုစည်းညီညွတ်စွာနဲ့ စစ်အာဏာရှင်စနစ်အပါအ၀င် ဘယ်လိုအာဏာရှင်စနစ်မဆို တိုက်ဖျက်တဲ့ တော်လှန်ရေးလုပ်ငန်းစဉ်တွေမှာ ဆက်လက်ပါ၀င်တိုက်ပွဲ၀င်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် သမိုင်းအစဉ်အလာကြီးမားတဲ့ မွန်ပြည်သူလူထုတစ်ရပ်လုံးကလဲ မွန်ပြည်ဖက်ဒရယ်ကောင်စီနဲ့အတူ ပူးပေါင်းဆောင်ရွက်နိုင်ဖို့ (၇၇)ကြိမ်မြောက် မွန်တော်လှန်ရေးနေ့မှာ ထည့်သွင်းတိုက်တွန်းထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ပုလောမှာ စစ်တပ် တပ်စွဲထားတဲ့ စခန်းတခုကို KNLA ပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်

  • 2026 ခုနှစ်၊ မတ်လ 14 ရက်
  • 22 Views
မတ်လ (၁၄)ရက်။ ဒီကနေ့ နံနက် (၈)နာရီခွဲအချိန်က ပုလောမြို့ တောင်ယာကမ်းရွာမှာ တပ်စွဲထားတဲ့ စစ်တပ်စခန်းကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ KNU မြိတ်-ထားဝယ်ခရိုင်ရဲ့
မြန်မာသတင်း

မန္တလေးမှာ KBZ ဘဏ် ဓါးပြတိုက်ခံရပြီး ကျပ်သိန်း(၂၃၀၀)ကျော်ပါသွားခဲ့

  • 2026 ခုနှစ်၊ မတ်လ 14 ရက်
  • 24 Views
မတ်လ (၁၄)ရက်။ မနေ့က နေ့လယ် (၃)နာရီကျော်အချိန်က မန္တလေး ပြည်ကြီးတံခွန်မြို့ရှိ KBZ ဘဏ် ဓါးပြတိုက်ခံခဲ့ရတယ်လို့ သတင်းထုတ်ပြန်ထားချက်တွေအရ သိရပါတယ်။
မြန်မာသတင်း

ကွတ်ခိုင်မြို့မှာ ညီနောင်မဟာမိတ်တွေဖြစ်တဲ့ MNDAA နဲ့ TNLA တို့ တိုက်ပွဲပြင်းထန်နေ

  • 2026 ခုနှစ်၊ မတ်လ 14 ရက်
  • 23 Views
မတ်လ (၁၄)ရက်။ ဒီကနေ့ နံနက် (၁၀)နာရီအချိန်ကစပြီး ကွတ်ခိုင်မြို့မှာ ကိုးကန့်တပ်(MNDAA)နဲ့ တအာင်းတပ်(TNLA)တို့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “ စတိုက်တာက ကိုးကန့်တပ်ဘက်က စတာ။ မနက် (၁ဝ)နာရီလောက်ကထဲက လက်နက်ကြီးသံကြားရတာ။ မြို့ထဲမှာ ဆိုင်တွေလဲပိတ်ထားရတယ်။
မြန်မာသတင်း

နိုင်ငံရေးအရ လွတ်လပ်နေပြီဆိုပြီး မင်းအောင်လှိုင် စင်ပေါ်တက် ဗြောင်လိမ်ပြန်

  • 2026 ခုနှစ်၊ မတ်လ 14 ရက်
  • 22 Views
မတ်လ (၁၄)ရက်။ နိုင်ငံမှာ နိုင်ငံရေးအရ လွတ်လပ်မှုတွေရှိနေပြီဆိုပြီး မနေ့က နေပြည်တော်မှာပြုလုပ်တဲ့ မြန်မာ့မျက်နှာစာသစ်ဖိုရမ်ဖွင့်ပွဲအခမ်းအနားမှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ ဒီနေ့ ကျနော်တို့ နိုင်ငံမှာ နိုင်ငံရေးအရ လွတ်လပ်မှုတွေရှိနေပါပြီ၊ အရင်က မပြောနိုင်တဲ့ကိစ္စတွေ
မြန်မာသတင်း

မကွေးဖက်ဒရယ်ယူနစ်အစိုးရရဲ့ ဒုဝန်ကြီးချုပ်နဲ့ ဝန်ကြီးတွေ အတည်ပြုခန့်အပ်

  • 2026 ခုနှစ်၊ မတ်လ 14 ရက်
  • 26 Views
အညာဒူဘိုင်းအပါအဝင် စွပ်စွဲချက်တွေနဲ့ တိုင်ကြားခံရတဲ့ ဗိုလ်လက်ယာ ကာကွယ်ရေးဝန်ကြီးအနေနဲ့ ခန့်အပ်ခံရ မတ်လ (၁၃)ရက်။ ကြားကာလ မကွေးဖက်ဒရယ်ယူနစ်အစိုးရရဲ့ ဒုဝန်ကြီးချုပ်နဲ့ ဝန်ကြီးတွေကို မနေ့က မကွေးဖက်ဒရယ်ယူနစ်လွှတ်တော်အစည်းအဝေးမှာ အတည်ပြုခန့်အပ်ခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီအတည်ပြုခန့်အပ်တဲ့ ဒုဝန်ကြီးချုပ်၊ ဝန်ကြီးတွေနဲ့
မြန်မာသတင်း

KNLA ရဲ့ ဘောတီနယ်စပ်ဂိတ်ကို KTLA အဖွဲ့ ဝင်ရောက်မီးရှို့ဖျက်ဆီး

  • 2026 ခုနှစ်၊ မတ်လ 14 ရက်
  • 24 Views
မတ်လ (၁၃)ရက်။ ဒီကနေ့ နံနက် (၆)နာရီအချိန်က မြိတ်-ထားဝယ်ခရိုင် ထီးမိုပွာဒေသရှိ KNLA ရဲ့ ဘောတီနယ်စပ်ဂိတ်ကို KTLA က မီးရျို့ဖျက်ဆီးခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ KNLA တပ်မဟာ(၄) ထီးမိုပွာဒေသက နယ်စပ်လုံခြုံရေးဂိတ်ကို
မြန်မာသတင်း

စစ်အုပ်စုရဲ့ ကေတုမတီလေတပ်စခန်း ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခံရ

  • 2026 ခုနှစ်၊ မတ်လ 13 ရက်
  • 27 Views
မတ်လ (၁၃)ရက်။ မနေ့က ည (၁၁)နာရီကျော်အချိန်က စစ်အုပ်စုရဲ့ တောင်ငူ(ကေတုမတီ)လေတပ်စခန်းကို ၁၀၇မမ ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ BWM ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ည (၁၁)နာရီ (၈)မိနစ်လောက်မှာ စစ်အုပ်စုရဲ့
မြန်မာသတင်း

‌စစ်တပ်က တပ်မမှူးရာထူးတိုးပေးခဲ့တဲ့ ဗိုလ်မှူးကြီး ဝင်းမောင်မောင် ပခုက္ကူတိုက်ပွဲမှာ သေဆုံးခဲ့တယ်လိုဆို

  • 2026 ခုနှစ်၊ မတ်လ 13 ရက်
  • 29 Views
မတ်လ (၁၃)ရက်။ စစ်တပ်က နောင်ချိုစစ်ဆင်ရေးနဲ့ တပ်မမှူးရာထူးတိုးပေးခဲ့တဲ့ ဗိုလ်မှူးကြီး ဝင်းမောင်မောင် ပခုက္ကူတိုက်ပွဲမှာ သေဆုံးခဲ့တယ်ဆိုပြီး သတင်းတွေထွက်ပေါ်နေတယ်လို MDSI ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဗိုလ်မှူးကြီး ဝင်းမောင်မောင်ဟာ စစ်ကော်မရှင်တပ်ရဲ့ နောင်ချိုတန်ပြန်စစ်ဆင်ရေးမှာ နာမည်ကောင်းရရှိခဲ့ပြီးနောက်