နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 30 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

စစ်ပွဲစတင်ကတည်းက အကြီးမားဆုံးနှင့် အချိန်အရှည်ကြာဆုံး ဒရုန်းတိုက်ခိုက်မှုဖြင့် ယူကရိန်းကို ရုရှားက အပြင်းအထန် ဗုံးကြဲတိုက်ခိုက်

CNN- ၂၀၂၆ ခုနှစ်၊ မေလ ၁၆ ရက်

ကိဗ်၊ ယူကရိန်း — ယူကရိန်းအာဏာပိုင်များ၏ ပြောကြားချက်အရ ယူကရိန်းနိုင်ငံ၏ မြို့တော် ကိဗ်ကို ရုရှားက တစ်ညတာအတွင်း အကြီးအကျယ် လှိုင်းလုံးကဲ့သို့ ဗုံးကြဲ တိုက်ခိုက်ခဲ့ရာ အနည်းဆုံး လူ ၁၇ ဦး သေဆုံးပြီး အခြားလူပေါင်း ဒါဇင်နှင့်ချီ၍ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဗုဒ္ဓဟူးနေ့အစကတည်းက ရုရှားသည် ယူကရိန်းပေါ်သို့ ဒရုန်းအစင်းရေ ၁,၅၆၀ ကျော် ပစ်ခတ်ခဲ့ကြောင်း ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇီလန်းစကီးက ပြောကြားခဲ့ပြီး၊ ယင်းသည် စစ်ပွဲစတင်ခဲ့ကတည်းက နှစ်ရက်တာကာလအတွင်း ယူကရိန်းအပေါ် အကြီးမားဆုံးသော ဝေဟင်မှ တိုက်ခိုက်မှုဖြစ်လာသည်။ ကြာသပတေးနေ့တွင် ဇလန်းစကီးက ပြောကြားရာ၌ တစ်ညတာအတွင်း နောက်ထပ် ဒုံးကျည် ၅၆ စင်းကိုလည်း ပစ်ခတ်ခဲ့ကြောင်း သိရသည်။

မြေပြင်ရှိ CNN အဖွဲ့၏ ပြောကြားချက်အရ ဗုဒ္ဓဟူးနေ့တစ်နေ့လုံးနှင့် တစ်ညတာအတွင်း လေကြောင်းရန်သတိပေးဥသြသံများသည် ခန့်မှန်းခြေ ၁၁ နာရီနီးပါး ဆက်တိုက်မြည်ဟီး နေခဲ့သည်။

အရေးပေါ်ဝန်ဆောင်မှုဌာနများ၏ အဆိုအရ ကိဗ်မြို့ရှိ ကိုးထပ်လူနေအဆောက်အအုံတစ်ခု တိုက်ခိုက်ခံရမှုအတွင်း အသက် ၁၂ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးအပါအဝင် အနည်းဆုံး လူ ၁၆ ဦး သေဆုံးခဲ့ကြောင်း သိရသည်။ ကိဗ်မြို့တော်ဝန် ဗီတာလီ ကလစ်ခ်ျကို (Vitali Klitschko) ကလည်း သေဆုံးသူများထဲတွင် အသက် ၁၅ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး လည်း ပါဝင်ကြောင်း ပြောကြားခဲ့သည်။

ကိဗ်မြို့ရှိ စက်သုံးဆီဆိုင်တစ်ဆိုင် တိုက်ခိုက်ခံရမှုအတွင်း ရရှိခဲ့သော ဒဏ်ရာများကြောင့် အခြားအမျိုးသားတစ်ဦးလည်း ဆေးရုံတွင် သေဆုံးသွားခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောသည်။

လူပေါင်း ဒါဇင်ကျော် ပျောက်ဆုံးနေကြောင်း အခြေအနေကို နိုင်ငံတော် အရေးပေါ် ဝန်ဆောင်မှုဌာနက ပြောကြားထားသဖြင့် ပြိုကျပျက်စီးသွားသော အဆောက်အအုံ၏ အပျက်အစီးများအောက်တွင် မြို့ခံအချို့ ပိတ်မိနေနိုင်ဆဲ ဖြစ်သည်။

“ကျွန်မ ကျယ်လောင်တဲ့ ပေါက်ကွဲသံကြီးတစ်ခု ကြားလိုက်ရတယ်။ မီးဖိုချောင်ထဲက ပြေးထွက်သွားတဲ့အချိန်မှာ ဝင်းထဲမှာ လူတွေ ပတ်ပြေးပြီး အကူအညီတောင်းနေကြတာကို မြင်လိုက်ရတယ်။ အဲဒါနဲ့ အဆောက်အအုံအပြင်ကို အမြန်ပြေးထွက်လာတော့ ရှေ့ဝင်ပေါက် ကြီး တစ်ခုလုံး မရှိတော့ဘူး” ဟု အဆောက်အအုံတွင် နေထိုင်သူ အသက် ၃၈ နှစ်အရွယ် အိုလီနာ ဆွန်တော့ဗ်စကာ (Olena Suntovska) က CNN သို့ ပြောသည်။ “ကျွန်မ တော်တော် ကြောက်သွားတယ်၊ ကလေးတွေအတွက် စိတ်ပူနေရလို့ ကျွန်မအတွက် တကယ့်ကို စိတ်ဖိစီး စရာပါပဲ” ဟု ကလေးသုံးယောက်မိခင်က ထပ်လောင်းပြောကြားခဲ့သည်။

အခြားမြို့ခံတစ်ဦးဖြစ်သူ အသက် ၇၆ နှစ်အရွယ် ပိုလီနာ (Polina) က သူမ နိုးလာသည့်အချိန်တွင် သူမ၏ ဝရန်တာပြတင်းပေါက် ပေါက်ကွဲထွက်သွားသည်ကို တွေ့ရှိခဲ့ရကြောင်း ပြောသည်။

“ပျက်စီးဆုံးရှုံးမှုက ဒီလောက်အထိ ဆိုးရွားလိမ့်မယ်လို့ ကျွန်မ ဘယ်တုန်းကမှ မထင်ခဲ့ဘူး၊ ဝင်းထဲကို ထွက်ကြည့်လိုက်တဲ့အချိန်မှာ ကျွန်မ မျက်စိကိုယ်တိုင်တောင် မယုံနိုင်ခဲ့ဘူး” ဟု ၎င်း၏အမည်ကိုသာ ဖော်ပြရန် တောင်းဆိုခဲ့သည့် ပိုလီနာက ပြောသည်။ “ကျွန်မတို့ဆီမှာ စနစ်တကျ ဗုံးခိုကျင်းမရှိဘူး။ အနီးနားက အဆောက်အအုံတစ်ခုမှာပဲ ရှိပြီး ကျွန်မတို့ဆီမှာ မရှိတော့ ဘယ်အောက်ထပ်ကိုမှ ဆင်းမခိုနိုင်ကြဘူး”။

ကိဗ်မြို့တော်ဝန်က ယခုဖြစ်စဉ်ကို “မြို့တော်အပေါ် ရန်သူ့ရဲ့ အကြီးမားဆုံးအတိုင်းအတာ တိုက်ခိုက်မှု” ဟု ဖော်ပြခဲ့ပြီး မနက်ဖြန်ကို ဝမ်းနည်းခြင်းအထိမ်းအမှတ်နေ့အဖြစ် ကြေညာခဲ့သည်။ ဇီလန်းစကီးက ပြောကြားရာတွင် နှစ်ရက်တာ ဝေဟင်မှ ပြင်းပြင်းထန်ထန် ဗုံးကြဲမှုသည် ရုရှားအနေဖြင့် “ဒရုန်းများနှင့် ဒုံးကျည်များကို ကာလတစ်ခုအထိ စုဆောင်း ထားခဲ့ပြီး၊ တိုက်ခိုက်မှုအတိုင်းအတာ ကြီးမားစေရန်နှင့် ကျွန်ုပ်တို့၏ လေကြောင်းရန် ကာကွယ်ရေး အတွက် စိန်ခေါ်မှု အကြီးမားဆုံးဖြစ်စေရန် ရည်ရွယ်ချက်ရှိရှိ အချိန်ကိုက် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်” ဟု ဆိုသည်။ ၎င်းအပြင် ယူကရိန်းအနေဖြင့် ပြန်လည်တုံ့ပြန်ရန် ပြင်ဆင်နေကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

တစ်ချိန်တည်းမှာပင် ကြာသပတေးနေ့ နံနက်ပိုင်းက ကာကိဗ် (Kharkiv) မြို့ပေါ် တိုက်ခိုက်မှုများကြောင့် အနည်းဆုံး လူ ၂၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဇီလန်းစကီးပြောကြားမှု အရ သိရသည်။ အိုဒက်ဆာ (Odesa) ဒေသတွင်လည်း လူနှစ်ဦး ဒဏ်ရာရရှိခဲ့သည်။

ရုရှား၏ အကြီးစား လှိုင်းလုံးထွက် တိုက်ခိုက်မှုများသည် ပိုတာဗာ (Poltava) နှင့် ဇာပိုရီရှား (Zaporizhzhia) အပါအဝင် အခြားဒေသများကိုလည်း ပစ်မှတ်ထားခဲ့ပြီး စွမ်းအင်နှင့် ရထားလမ်း အခြေခံအဆောက်အအုံအချို့ကို ပျက်စီးစေခဲ့သည်။

ဒုံးကျည်နှင့် ဒရုန်းတိုက်ခိုက်မှုအပြီးတွင် ကိဗ်မြို့၌ လျှပ်စစ်ဓာတ်အားခွဲရုံတစ်ခုနှင့် ဗို့အားမြင့် ဓာတ်အားလိုင်းတစ်ခု ပျက်စီးသွားခဲ့ကြောင်း စွမ်းအင်ကုမ္ပဏီ DTEK က ထုတ်ပြန်ချက်တစ်ခု တွင် ပြောကြားခဲ့သည်။ ကာကိဗ်ဒေသတွင် ရထားစက်ခေါင်းတစ်စီး ထိမှန်ခဲ့ကြောင်း ယူကရိန်းရထားလမ်းလုပ်ငန်း (Ukrzaliznytsia) အရ သိရသော်လည်း ရထားစက်ခေါင်း အဖွဲ့သားများသည် အချိန်မီ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းနိုင်ခဲ့ကြသည်။

၂၀၂၆ ခုနှစ်၊ မေလ ၁၄ ရက်နေ့က ရုရှား၏ ကိဗ်မြို့အပေါ် တစ်ညတာ အကြီးအကျယ် တိုက်ခိုက်မှု အတွင်း ပြိုကျပျက်စီးသွားသော လူနေအိမ်ရာအဆောက်အအုံ၏ အပျက်အစီး များအောက်တွင် ပိတ်မိနေသူများကို ကယ်ဆယ်ရေးသမားများက ရှာဖွေနေကြစဉ်။ သေဆုံးသူများထဲတွင် မိန်းကလေးငယ် နှစ်ဦးလည်း ပါဝင်ခဲ့သည်။ ဓာတ်ပုံ- Valentyn Ogirenko/Reuters

ကိဗ်မြို့ ဒါနစ်စကီး (Darnytskyi) ခရိုင်ရှိ ပျက်စီးသွားသော အထပ်မြင့်အဆောက်အအုံ တည်ရှိရာနေရာတွင် အပျက်အစီးများအောက်မှ ဆယ်ယူရရှိခဲ့သည့် လူတစ်ဦး၏ ရုပ်အလောင်းကို ကယ်ဆယ်ရေးသမားများက သယ်ဆောင်လာစဉ်။ ဓာတ်ပုံ- Valentyn Ogirenko/Reuters

ရုရှား၏ နောက်ဆုံး လှိုင်းလုံးထွက် ဒုံးကျည်နှင့် ဒရုန်းတိုက်ခိုက်မှုများကြောင့် ပျက်စီးသွားသော ကိုးထပ်လူနေအိမ်ရာအဆောက်အအုံ၏ အပြင်ဘက်တွင် မြို့ခံများ ရပ်နေကြစဉ်။ ဓာတ်ပုံ- Valentyn Ogirenko/Reuters

စစ်ပွဲစတင်ကတည်းက နှစ်ရက်တာကာလအတွင်း ယူကရိန်းအပေါ် အကြီးမားဆုံးသော ဝေဟင်မှ တိုက်ခိုက်မှုအပြီးတွင် ကိဗ်မြို့ လူနေအဆောက်အအုံ၏ အပျက်အစီးများအောက်၌ ပိတ်မိနေသူများကို ကယ်ဆယ်ရေးသမားများက ရှာဖွေနေကြစဉ်။ ဓာတ်ပုံ- Thomas Peter/Reuters

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 20 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 13 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 17 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 14 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 16 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 23 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 27 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 22 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက