နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ အောက်တိုဘာလ 7 ရက်

မြန်မာသတင်း

မြန်မာသတင်း အရှေ့တောင်အာရှ

တရုတ်စွက်ဖက်မှုနဲ့ အမေရိကန်ခြေလှမ်း (ရုပ်သံ)

တရုတ်စွက်ဖက်မှုနဲ့ အမေရိကန်ခြေလှမ်း (ရုပ်သံ)

+++++++++++++++++++++++++++

ဒီအပတ်ဆွေးနွေးခန်းမှာ ခေတ်မျက်လုံးရဲ့ ပင်တိုင်ဆွေးနွေးသူ ဦးထွန်းအောင်ကျော် နဲ့ ဦးထွန်းကြည်တို့နဲ့အတူ ဗကသခေါင်းဆောင်ဟောင်းတဦးဖြစ်တဲ့ ကိုမင်းသွေးသစ်က ပါဝင်ဆွေးနွေးထားကြပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီမြန်မာပြည်လာရောက်ပြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့သလို ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာလည်း လာအိုနိုင်ငံခြားရေးဝန်ကြီး ထိုင်းဒုနိုင်ငံခြားရေးဝန်ကြီးနဲ့ စစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေတို့ တွေ့ဆုံပြီး အာဆီယံကနေ မြန်မာပြည်ကို ပစ်ပယ်ထားလို့မရတာ၊ ပြည်တွင်းစစ်ဖြစ်လို့ မရတာတွေအပြင် မြန်မာ့အရေးမှာ ပြင်ပက ဝင်ရောက်စွက်ဖက်မှုတွေကို သတိထားဖို့ နဲ့ မြန်မာဒုက္ခသည်တွေကို ကူညီတဲ့သူတွေက စစ်ကောင်စီနဲ့ တွဲလုပ်ဖို့ပြောကြားချက်တွေကိုဆွေးနွေးထားကြပါတယ်။

တရုတ်ကကြားဝင် ဆွေးနွေးလာတာနဲ့ မရှေးမနှောင်း အမေရိကန်က အရင်က အကူအညီတွေကို အကန့်အသတ်နဲ့တဆင့်ခံပေးခဲ့ရာက မြန်မာ့အရေး တိုက်ပွဲဝင်နေတဲ့ အဖွဲ့အစည်းတွေကို တိုက်ရိုက်ကူညီမယ်လို့ ပြောကြားလာမှု အပေါ်ကိုလည်း ဆွေးနွေးထားသလို မကြာခင်က ထုတ်လိုက်တဲ့ NUCC ရဲ့ထုတ်ပြန်ချက်ကိုလည်း သုံးသပ်ထားကြတာကို ကြည့်ရှု နားဆင်နိုင်ကြမှာ ဖြစ်ပါတယ်။

ကိုမင်းသွေးသစ်ရဲ့ ထမင်းတနပ် (၁၅) ဘတ် လူမှုကူညီရေး လုပ်ငန်းတွေကို တိုက်ရိုက် ကူညီချင်သူတွေအတွက် လှူဒါန်းနိုင်တဲ့ ဘဏ်အကောင့်နဲ့ အချက်အလက်တွေကိုလည်း အောက်မှာ ဖော်ပြပေးထားပါတယ်။

ထမင်းတနပ် (၁၅) ဘတ်

Krung Thai Bank

Account Name- Mr. Naing Aung

Bank Account- 662-3-07468-6

ခေတ်မျက်လုံးရဲ့ YouTube ချန်နယ်မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ထားဝယ်ထောင်မှာ နိုင်/ကျဉ်းတစ်ဦး ကျန်းမာရေးစောင့်ရှောက်မှု လုံလောက်စွာမရတာကြောင့် သေဆုံးခဲ့ရ

  • 2025 ခုနှစ်၊ အောက်တိုဘာလ 7 ရက်
  • 0 Views
အောက်တိုဘာလ (၇)ရက်။ အောက်တိုဘာလ (၃)ရက်နေ့က ထားဝယ်ထောင်မှာ မတရားဖမ်းဆီးအကျဉ်းချခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတဦး သေဆုံးခဲ့တယ်လို့ PPNM ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

ဂန့်ဂေါမြို့ရှိ စစ်တပ်ရဲ့ ခလရ(၅၀)နဲ့ မြို့မရဲစခန်း ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခံရ

  • 2025 ခုနှစ်၊ အောက်တိုဘာလ 7 ရက်
  • 1 Views
အောက်တိုဘာလ (၇)ရက်။ မနေ့က ညနေ (၆)နာရီကျော်အချိန် ဂန့်ဂေါမြို့ရှိ စစ်တပ်ရဲ့ ခလရ(၅၀)တပ်နဲ့ မြို့မရဲစခန်း ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခံခဲ့ရတယ်လို့ ဒေသထဲသတင်းထုတ်ပြန်ထားချက်တွေအရ
မြန်မာသတင်း

ချောင်းဦးမှာ ဆီမီးသပိတ်ပြုလုပ်ချိန် ဗုံးကြဲခံရပြီး သေဆုံးသူ (၄၀)ကျော်အထိရှိလာ

  • 2025 ခုနှစ်၊ အောက်တိုဘာလ 7 ရက်
  • 2 Views
အောက်တိုဘာလ (၇)ရက်။ မနေ့က သီတင်းကျွတ်လပြည့်နေ့ ည (၈)နာရီအချိန် မုံရွာနဲ့ ချောင်းဦးအစပ်ရှိ ဗုံတိုရွာကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲခဲ့တယ်လို ဒေသခံတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။ “ သီတင်းကျွတ်လပြည့်နေ့ဆိုတော့ ပြည်သူတွေစုပြီး မီးထွန်းပွဲနဲ့ စစ်အာဏာရှင်ဆန့်ကျင်တဲ့သပိတ်
မြန်မာသတင်း

သီတင်းကျွတ်လပြည့်နေ့ သီပေါနဲ့ နမ္မတူကို စစ်တပ် လေကြောင်းဗုံးကြဲ

  • 2025 ခုနှစ်၊ အောက်တိုဘာလ 6 ရက်
  • 38 Views
အောက်တိုဘာလ (၆)ရက်။ သီတင်းကျွတ်လပြည့်နေ့ဖြစ်တဲ့ ဒီကနေ့ နံနက် (၇)နာရီခွဲကျော်အချိန်က သီပေါနဲ့ နမ္မတူမြို့တို့ကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲခဲ့တယ်လို့ TNLA ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဒီကနေ့ မနက်ပိုင်း (၇)နာရီခွဲလောက်မှာ နမ္မတူမြို့နဲ့
မြန်မာသတင်း

ခေတ်မျက်လုံးရဲ့ အပတ်စဥ် နိုင်ငံ‌ရေးဖြစ်စဥ်များကိုဆွေးနွေးတင်ပြခြင်း (၁၅)

  • 2025 ခုနှစ်၊ အောက်တိုဘာလ 5 ရက်
  • 47 Views
+++++++++++++++++++++++++++++++++++++++++++ ဒီအပတ်ခေါင်းစဥ်ကတော့ “ရွေးကောက်ပွဲလုပ်မှာက စကမ တရားစီရင်ရေးက တရုတ်လက်ထဲ စိုးမိုးနယ်မြေဘယ်မှာလဲ” ဖြစ်ပါတယ်၊ စစ်ကော်မရှင်တဖြစ်လဲ စစ်အုပ်စုက ရွေးကောက်ပွဲကို စိုင်းပြင်းနေပြီး ရွေးကောက်ပွဲနီးချိန် ဝန်ထမ်းတွေနဲ့ အငြိမ်းစားတွေကို စစ်ကော်မရှင်က အပိုထောက်ပံ့ကြေး တိုးမြှင့်ပေးစည်းရုံးနေတာ၊ ကြံဖွတ်ပါတီခေါင်းဆောင်ခင်ရီနဲ့ မအလတို့
မြန်မာသတင်း

ရွေးကောက်ပွဲကို နှောင့်ယှက်တာကြောင့်ဆိုပြီး ဖမ်းဆီးခံရသူ (၆၄)ဦးအထိရှိလာ

  • 2025 ခုနှစ်၊ အောက်တိုဘာလ 4 ရက်
  • 50 Views
အောက်တိုဘာလ (၄)ရက်။ ရွေးကောက်ပွဲကို ကာကွယ်တဲ့ဥပဒေ ပြဌာန်းပြီးတဲ့အချိန်ကစပြီး  စက်တင်ဘာလကုန်အထိ ဖမ်းဆီးခံရသူ (၆၄)ဦးအထိရှိခဲ့တယ်လို့ စစ်ကော်မရှင်ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာ ဗဟိုကော်မတီက ရွေးကောက်ပွဲလုပ်ငန်းစဉ်တွေ ပျက်ပြားစေဖို့ နည်းအမျိုးမျိုးနဲ့ ကျူးလွန်သူတွေကို
မြန်မာသတင်း

မင်းအောင်လှိုင် မန္တလေးရောက်ချိန် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခံရ

  • 2025 ခုနှစ်၊ အောက်တိုဘာလ 4 ရက်
  • 43 Views
အောက်တိုဘာလ (၄)ရက်။ ဒီကနေ့ နံနက် (၆)နာရီ (၁၅)မိနစ်အချိန်က မန္တလေးရှိ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်(လပခ)ကို ၁၀၇မမ ရှော့တိုက်ဒုံး (၂)လုံးနဲ့ ပစ်ခတ်ခဲ့တယ်လို့ Brave Warriors for Myanmar(BWM)ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မနေ့ကညပိုင်းမှာ
မြန်မာသတင်း

ထိန်းချုပ်စိုးမိုးထားတဲ့နယ်မြေတွေက မလေးရှားနိုင်ငံလောက်ရှိပြီလို့ NUG ပြော

  • 2025 ခုနှစ်၊ အောက်တိုဘာလ 4 ရက်
  • 33 Views
အောက်တိုဘာလ (၄)ရက်။ NUG နဲ့ တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်စိုးမိုးထားတဲ့ နယ်မြေတွေက မလေးရှားနိုင်ငံရဲ့ အကျယ်အဝန်းလောက်ရှိပြီလို့ ဝန်ကြီး ဒေါက်တာဇော်ဝေစိုးက မနေ့က PVTV နဲ့ အင်တာဗျူးမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ ကျွန်တော်တို့ရဲ့ ထိန်းချုပ်စိုးမိုးဒေသဟာ