နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ မတ်လ 28 ရက်

မြန်မာသတင်း

မြန်မာသတင်း

စစ်ကောင်စီရဲ့ စစ်ကျွန်ပြုတာကို ဆန့်ကျင်ပြီး တောင်ပိုင်းစစ်ဒေသကို လူငယ် ထောင်နဲ့ချီရောက်ရှိလာ

ဩဂုတ်လ (၂၃)ရက်။

စစ်ကောင်စီရဲ့ အဓမ္မစစ်ကျွန်ပြုတာကို ဆန့်ကျင်ပြီး လူငယ် ထောင်နဲ့ချီဟာ တောင်ပိုင်းစစ်ဒေသကို ရောက်ရှိလာခဲ့တယ်လို့ ဒုစစ်ဒေသမှူး ရဲဘော် စောရှားရဲ့ ဒီကနေ့မှာ ‌ထုတ်ပြန်ပြောဆိုထားချက်အရ သိရပါတယ်။

“ စစ်ကောင်စီရဲ့ အဓမ္မစစ်ကျွန်ပြုတာကို ဆန့်ကျင်တဲ့ လူငယ်တွေဟာ တောင်ပိုင်းစစ်ဒေသကို ထောင်နဲ့ချီပြီး ရောက်ရှိလာပါတယ်။ တောင်ပိုင်းစစ်ဒေသခွဲ (၃)ခုလုံးမှာ သင်တန်းတွေ ဆက်တိုက်စီစဉ်ပေးပြီး PDF အားကောင်းအောင် ဆောင်ရွက်နေပါတယ်” လို့ သူက ဆိုပါတယ်။

စစ်ကောင်စီရဲ့ စစ်ကျွန်ပြုတာကို ဆန့်ကျင်တဲ့ လူငယ် ထောင်နဲ့ချီကို တောင်ပိုင်းစစ်ဒေသခွဲ (၃)ခုလုံးက အခြေခံစစ်ပညာသင်တန်းတွေ၊ NCO သင်တန်းတွေ၊ အထူးတိုက်ခိုက်ရေးနဲ့ ကွန်မန်ဒိုသင်တန်းတွေ စီစဉ်ပေးထားတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လက တောင်ပိုင်းစစ်ဒေသနယ်မြေထဲ စစ်ကောင်စီတပ်နဲ့ ထိတွေ့တိုက်ပွဲပေါင်း (၅၂)ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား စုစုပေါင်း (၁၆၇)ဦးသေဆုံးကာ (၁၅၄) ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

တိုက်ပွဲတွေကို တောင်ပိုင်းစစ်ဒေသ PDF တပ်ရင်းတပ်ဖွဲ့တွေ၊ ပကဖတွေ၊ LDF တွေ၊ မွန်ပြည်သစ်(AD) ပူးပေါင်းတပ်ဖွဲ့တွေ၊ KNLA/KNDO နဲ့ မဟာမိတ်ပူးပေါင်းတပ်တွေနဲ့ ဒရုန်းပူးပေါင်းတပ်တွေ ပူးပေါင်းပြီး အောသ်မြင်စွာ ဆောင်ရွက်နိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် တောင်ပိုင်းစစ်ဒေသရဲ့ အထူးလက်ရုံးတပ်ဖွဲ့ဖြစ်တဲ့ အထူးစစ်ဆင်ရေးတပ်ဖွဲ့(SOF)က သင်တန်းသားရဲဘော်သစ်တွေ ထပ်မံခေါ်ယူနေပြီး အဆုံးသတ်တိုက်ပွဲဆင်နွှဲဖို့ လူငယ်အမျိူးသား/အမျိုးသမီးတွေကို ကြိုဆိုလက်ခံနေတယ်လို့လဲ အသိပေးထားပါတယ်။

တပ်ဖွဲ့၀င်လိုသူတွေအနေနဲ့ အသက် (၁၈)နှစ်ကနေ (၃၅)နှစ်ထဲ ဖြစ်ရမှာဖြစ်ပြီး အခြေခံစစ်ပညာ‌သင်တန်း၊ အထူးစစ်ဆင်ရေးသင်တန်းနဲ့ လိုအပ်ရင် မွမ်းမံသင်တန်းပါ တက်နိုင်ရမှာဖြစ်သလို တောင်ပိုင်းစစ်ဒေသရဲ့ ဘယ်နေရာမဆို တာ၀န်ထမ်းဆောင်နိုင်ရမယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ငလျင်ကြောင့် နေပြည်တော်အပါအဝင် တိုင်းနဲ့ပြည်နယ် (၆)ခုကို စစ်ကောင်စီ အရေးပေါ်အခြေအနေကြေညာ

  • 2025 ခုနှစ်၊ မတ်လ 28 ရက်
  • 1 Views
မတ်လ (၂၈)ရက်။ ပြင်းထန်ငလျင်လှုတ်ခတ်တာကြောင့် နေပြည်တော်အပါအဝင် တိုင်းနဲ့ပြည်နယ် (၆)ခုကို စစ်ကောင်စီက အရေးပေါ်အခြေအနေ ဒီကနေ့မှာ ကြေညာလိုက်တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မြန်မာသတင်း

စစ်ကောင်စီစစ်ကြောင်းကနေ ထွက်ပြေးလာတဲ့ တပ်ရင်းမှူးတစ်ဦးကို ဖမ်းမိခဲ့တယ်လို့ မြိတ်ခရိုင်အမှတ်(၁)တပ်ရင်းထုတ်ပြန်

  • 2025 ခုနှစ်၊ မတ်လ 28 ရက်
  • 1 Views
မတ်လ (၂၈)ရက်။ မတ်လ (၂၆)ရက်နေ့ နံနက် (၁၀)နာရီဝန်းကျင်က ခရီးသည်တင်ကားတွေကို စစ်ဆေးချိန် စစ်ကောင်စီတပ်ရင်းမှူးတစ်ဦးကို ဖမ်းမိခဲ့တယ်လို့ မြိတ်ခရိုင်အမှတ်(၁)တပ်ရင်းရဲ့ ဒီကနေ့မှာ
မြန်မာသတင်း

မန္တလေးလေယာဉ်ကွင်း ငလျင်မြင်ကွင်း

  • 2025 ခုနှစ်၊ မတ်လ 28 ရက်
  • 4 Views
မြန်မာနိုင်ငံ အလယ်ပိုင်းမှာ မဂ္ဂနီကျူ ၇.၇ အင်အားရှိ ငလျင်ကြီးလှုပ် မတ်လ ၂၈ ရက်။ မတ်လ ၂၈ ရက်နေ့ မြန်မာစံတော်ချိန် မွန်းလွဲ 12 နာရီ မိနစ် 50 ဝန်းကျင်မှာ အင်အား
မြန်မာသတင်း

မြန်မာနိုင်ငံ အလယ်ပိုင်းမှာ မဂ္ဂနီကျူ ၇.၇ အင်အားရှိ ငလျင်ကြီးလှုပ်

  • 2025 ခုနှစ်၊ မတ်လ 28 ရက်
  • 4 Views
မတ်လ ၂၈ ရက်။ မတ်လ ၂၈ ရက်နေ့ မြန်မာစံတော်ချိန် မွန်းလွဲ 12 နာရီ မိနစ် 50 ဝန်းကျင်မှာ အင်အား ၇.၇ ရှိတဲ့ ငလျင်ကြီးလှုပ်ခတ်ပြီး ထိုင်းနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ အိန္ဒိယနိုင်ငံ၊
မြန်မာသတင်း

ရန်ကုန်-မန္တလေးလမ်းဟောင်းတိုက်ပွဲထဲ စစ်ကောင်စီတပ်ဖွဲ့ဝင် (၅)ဦး သေဆုံးခဲ့

  • 2025 ခုနှစ်၊ မတ်လ 28 ရက်
  • 12 Views
မနေ့က နံနက် (၆)နာရီအချိန် အုတ်တွင်းမြို့ ရန်ကုန်-မန္တလေးလမ်းဟောင်း ညောင်ခြေထောက်အပိုင်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ တောင်ပိုင်းစစ်ဒေသရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ရန်ကုန်-မန္တလေးလမ်းဟောင်း ညောင်ခြေထောက်အပိုင်မှာ ကာကွယ်ရေးတပ်တွေက လမ်းပိုင်းလုံခြုံရေး စစ်ဆေးခဲ့တာပါ။ အဲ့ဒီအချိန် ညောင်ခြေထောင်အပိုင်ရဲစခန်းက
မြန်မာသတင်း

လက်နက်ကိုင်လမ်းစဉ်ကို လုံးဝလက်မခံဘဲ တိုက်ပွဲတွေ ဆက်လက်ဆင်နွှဲမယ်လို့ စစ်ခေါင်းဆောင်ပြော

  • 2025 ခုနှစ်၊ မတ်လ 28 ရက်
  • 7 Views
မတ်လ (၂၈)ရက်။ လက်နက်ကိုင်လမ်းစဉ်ကို လုံးဝလက်မခံတဲ့အတွက် တရားတဲ့စစ်ကို ဆက်လက်ဆင်နွှဲသွားမယ်ဆိုပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မနေ့ကပြုလုပ်တဲ့ တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ နယ်မြေဒေသအလိုက် အာဏာရရှိဖို့ ကြိုးစားနေတဲ့ တိုက်ပွဲဖော်ဆောင်တာတွေဟာ ပြည်သူတွေရဲ့ အသက်အိုးအိမ် ပစ္စည်းဥစ္စာတွေနဲ့
1027 Operations မြန်မာသတင်း

နောင်ချိုမှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်တာကြောင့် ဒေသခံ (၄)ဦးသေဆုံးခဲ့

  • 2025 ခုနှစ်၊ မတ်လ 27 ရက်
  • 16 Views
မတ်လ (၂၇)ရက်။ မနေ့က ည (၆)နာရီခွဲအချိန် နောင်ချိုမြို့ရှိ ကျေးရွာတွေကို စစ်ကောင်စီက ဂျက်ဖိုက်တာ (၂)စီးနဲ့ ဗုံး (၅)လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ TNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ နောင်ချိုက