နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဩဂုတ်လ 23 ရက်

မြန်မာသတင်း

မြန်မာသတင်း

PDF တွေကိုဂရုမစိုက်ဘူး ကြိုက်တဲ့အချိန်လာခဲ့ဆိုတဲ့ စစ်ကောင်စီသတင်းပေး ရာအိမ်မှူး ပစ်ခတ်ရှင်းလင်းခံရ

ဩဂုတ်လ (၂၄)ရက်။

မနေ့က ည(၈)နာရီအချိန်မှာ ကြို့ပင်ကောက်မြို့၊ ‌ရုံးချောင်းအုပ်စုရှိ ငွေတူးကျောကျေးရွာက စစ်ကောင်စီသတင်းပေး ရာအိမ်မှူး မြင့်တင်ကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ Dragon Brothers PDF(GBK)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

စစ်ကောင်စီသတင်းပေး ရာအိမ်မှူး မြင့်တင်ကို BTZM GBK PDF ပဲခူးရိုးမအခြေပြုတပ်ခွဲနဲ့ တပ်ရင်း (၃၈၀၂)၊ တပ်ခွဲ(၁) Dragon Brothers တပ်ဖွဲ့နှစ်ဖွဲ့ပေါင်းပြီး ၀င်ရောက်ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။

ရာအိမ်မှူး မြင့်တင်ဟာ ၀င်ရောက်ဖမ်းဆီးတာကို အဖမ်းမခံဘဲ ထွက်ပြေးတာကြောင့် သေနတ်နဲ့ လိုက်လံပစ်ခတ်ရှင်းလင်းခဲ့ရာ သေနတ်ဒဏ်ရာ (၂)ချက်နဲ့ ပွဲချင်းပြီး သေဆုံးသွညးတယ်လို့ ဖော်ပြထားပါတယ်။

မြင့်တင်ဟာ စစ်ကောင်စီအလိုကျ ကျေးရွာအုပ်စုထဲ လုပ်ဆောင်ပေးနေသူဖြစ်ကာ စစ်ကောင်စီအတွက် တပ်သားသစ်စုဆောင်းပေးပြီး ဒေသခံတွေအပေါ် ခြိမ်းခြောက်ငွေတောင်းခံနေတာလို့ ရေးသားထားပါတယ်။

ဒါ့အပြင် သူဟာ PDF တွေကို ဂရုမစိုက်ဘူး ကြိုက်တဲ့အချိန်လာခဲ့ဆိုပြီး စစ်ကောင်စီအလိုကျ စိတ်ပါလက်ပါ တက်တက်ကြွကြွ လုပ်ကိုင်နေတဲ့အတွက် ဖက်ဆစ်ဒေါက်တိုင်အနေနဲ့ ရှင်းလင်းသုတ်သင်ခဲ့တာလို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

မင်းတပ်မြို့သိမ်းတိုက်ပွဲထဲ ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဝှက်ထားတဲ့ လက်နက်တွေကို ပြည်သူတွေက CDF-Mindat ထံ အပ်နှံ

  • 2025 ခုနှစ်၊ ဩဂုတ်လ 22 ရက်
  • 14 Views
ဩဂုတ်လ (၂၂)ရက်။ မင်းတပ်မြို့သိမ်းတိုက်ပွဲမှာ ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဝှက်ထားတဲ့ လက်နက်တွေကို ပြည်သူတွေက CDF-MINDAT ထံ လာရောက်အပ်နှံခဲ့တယ်လို့ ဒီကနေ့မှာ
မြန်မာသတင်း

ရန်သူ ပစ်မှတ်များကို အမှုန့်ဖြစ်သွားစေနိုင် မည်ဟု ပူတင်က ပြောသည့် တစ်စက္ကန့်လျှင် နှစ်မိုင်နှုန်းသွားသည့် စူပါဒုံးလက်နက်များ အတွက် ပြိုင်ဆိုင်မှု

  • 2025 ခုနှစ်၊ ဩဂုတ်လ 22 ရက်
  • 17 Views
BBC- ၂၀၂၅ခုနှစ်၊ သြဂုတ်လ ၂၂ရက် ပေကျင်းရှိ စစ်ရေးပြကွင်း တစ်ခုတွင် ဆောင်းဦးရာသီနေရောင်ကို လင်းလက် တောက်ပ စေသော ပြည်သူ့လွတ်မြောက်ရေးတပ်မတော်၏
မြန်မာသတင်း

ရွေးကောက်ပွဲအတွက် စစ်တပ်က ထိုးစစ်ဆင်လာနိုင်တာကြောင့် ကန်ပက်လက်မြို့က လမ်းပိုင်းတွေကို CDF-Kanpetlet ယာယီပိတ်ထား

  • 2025 ခုနှစ်၊ ဩဂုတ်လ 22 ရက်
  • 19 Views
ဩဂုတ်လ (၂၂)ရက်။ ချင်းပြည်နယ်မှာ စစ်တပ်က ရွေးကောက်ပွဲကျင်းပနိုင်ဖို့ ထိုးစစ်ဆင်လာနိုင်တဲ့အတွက် ကန်ပက်လက်မြို့က လမ်းပိုင်းတွေကို ယာယီပိတ်ထားတယ်လို့ CDF-Kanpetlet ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်ကောင်စီတပ်ဟာ ယောဒေသကနေတဆင့် ချင်းပြည်ထဲ ရွေးကောက်ပွဲ ကျင်းပနိုင်ဖို့အတွက် ချင်းညီနောင်ထိန်းချုပ်ထားတဲ့ မင်းတပ်၊
မြန်မာသတင်း

မြင်းခြံမှာ စစ်ကောင်စီတပ်သားတွေ တိုက်ခိုက်ခံရပြီး (၁၀)ဦးခန့် သေဆုံး

  • 2025 ခုနှစ်၊ ဩဂုတ်လ 22 ရက်
  • 20 Views
ဩဂုတ်လ (၂၂)ရက်။ မနေ့က နေ့လယ် (၁၂)နာရီ (၁၅)မိနစ်အချိန်က မြင်းခြံမြို့ ဆုံရွာကထွက်လာတဲ့ စစ်ကောင်စီတပ်သားတွေကို ပြောက်ကျားစနစ်နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Natogyi-PDF ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဆုံရွာကနေ စစ်ကော်မရှင်တပ်သားတွေ လိုက်ပါလာတဲ့
မြန်မာသတင်း

ကန့်ဘလူမှာ အခွန်ဘဏ္ဍာငွေ အလွဲသုံးစားလုပ်ရင် တိုင်ကြားဖို့ မြို့နယ်ပအဖ ထုတ်ပြန်

  • 2025 ခုနှစ်၊ ဩဂုတ်လ 22 ရက်
  • 17 Views
ဩဂုတ်လ (၂၂)ရက်။ ကန့်ဘလူမြို့နယ်ထဲ အခွန်ဘဏ္ဍာစည်းကြပ်ရာမှာ ငွေကြေးအလွဲသုံးစားလုပ်တာတွေရှိရင် သတင်းပေးတိုင်ကြားဖို့ မြိုနယ်ပအဖက မနေ့က ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ ကန့်ဘလူမြို့နယ်ထဲ အခွန်ကောက်ခံတဲ့ ဂိတ်(၄)ခုထားရှိပြီး (၃)ပိုင်းဖြတ်အခွန်ချလံတွေနဲ့ စနစ်တကျ ဆောင်ရွက်နေကာ လမ်းတံတားကော််မတီတရပ်ကို ဖွဲ့စည်းထားပြီး ခရိုင်ပေါင်းစပ်ညှိနှိုင်းရေးကော်မတီနဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့
မြန်မာသတင်း

စစ်ကော်မရှင်ခန့် ဝန်ကြီးတွေကို ဩဂုတ်လ (၁၈)ရက်နေ့ကစပြီး စည်းရုံးရေးလုပ်ဖို့ခွင့်ပြုထား

  • 2025 ခုနှစ်၊ ဩဂုတ်လ 22 ရက်
  • 14 Views
ဩဂုတ်လ (၂၂)ရက်။ စစ်ကော်မရှင်ခန့်ထားတဲ့ ဝန်ကြီးတွေနဲ့ ဒုဝန်ကြီးတွေ နယ်မြေစည်းရုံးရေးလုပ်တာတွေကို ဩဂုတ်လ (၁၈)ရက်နေ့ကစပြီး ခွင့်ပြုထားတယ်လို့ ရွေး/ကော်ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဝန်ကြီးတွေအနေနဲ့ အပိုင်းလိုက်ကျင်းပမယ့် ရွေးကောက်ပွဲမှာ ပါဝင်ရွေးချယ်ခံမယ့်သူဖြစ်ရင် ရွေးကောက်တင်မြှောက်ခံပိုင်ခွင့် မဆုံးရှုံးစေဖို့ စည်းရုံးရေးလုပ်ငန်းတွေကို
မြန်မာသတင်း

(၇)လတာကာလထဲ စစ်ကောင်စီတပ်ဖွဲ့ဝင် (၄၀၀)ကျော် ပြည်သူ့ရင်ခွင်ခိုလှုံခဲ့တယ်လို့ NUG ထုတ်ပြန်

  • 2025 ခုနှစ်၊ ဩဂုတ်လ 21 ရက်
  • 40 Views
ဩဂုတ်လ (၂၁)ရက်။ အခုနှစ် ဇန်နဝါရီလကနေ ဇူလိုင်လအထိ စစ်ကောင်စီတပ်ဖွဲ့ဝင် (၄၀၉)ဦး ပြည်သူ့ရင်ခွင်ခိုလှုံလာခဲ့တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီကာလမှာ ပြည်သူ့ရင်ခွင်ခိုလှုံလာသူတွေထဲ စစ်ကောင်စီတပ်ဘက်က ဗိုလ်မှုးအဆင့်ရှိသူ (၂)ဦးပါဝင်ပြီး PDF တပ်ရင်းတွေနဲ့
မြန်မာသတင်း

စစ်ကော်မရှင်ကျင်းပမယ့် ရွေးကောက်ပွဲကို ဆန့်ကျင်တိုက်ပွဲဝင်ကြဖို့ KNA တိုက်တွန်း

  • 2025 ခုနှစ်၊ ဩဂုတ်လ 21 ရက်
  • 44 Views
ဩဂုတ်လ (၂၁)ရက်။ အကြမ်းဖက်စစ်ကော်မရှင်ကျင်းပမယ့် ရွေးကောက်ပွဲကို နည်းလမ်းပေါင်းစုံနဲ့ ဆန့်ကျင်တိုက်ပွဲဝင်ကြဖို့ ကယန်းအမျိုးသားတပ်မတော်(KNA)က မနေ့က ထုတ်ပြန်တိုက်တွန်းခဲ့တယ်လို့ သိရပါတယ်။ KNA အနေနဲ့ ရွေးကောက်ပွဲစနစ်နဲ့ ဒီမိုကရေစီစနစ်ဟာ တပေါင်းတစည်းထဲဖြစ်ပြီး ဒီမိုကရေစီမရှိဘဲ ရွေးကောက်ပွဲ ကျင်းပခွင့်မရှိဆိုတာကို အလေးအနက် ခံယူထားတယ်လို့