သြဂုတ်လ (၂၅) ရက်။
ထိုင်းနိုင်ငံတောင်ပိုင်း ဖူးခတ် ပြည်နယ်တွင် ဩဂုတ် ၂၃ ရက်က မိုးသည်းထန်စွာ ရွာသွန်းခြင်းကြောင့် မြေပြိုကျမှု ဖြစ်ပွားခဲ့ကာ မြန်မာလုပ်သားများအပါအဝင် ၁၀ ဦး သေဆုံးခဲ့ပြီး နေအိမ် (၅၀) ခန့် ပျက်စီးသွားကြောင်း ထိုင်းနိုင်ငံ ဒေသတွင်း သတင်းများအရ သိရှိရပါသည်။
ဖူးခက်ပြည်နယ်တွင် ဩဂုတ်၂၃ ရက်နေ့ နံနက် ၁ နာရီခန့်က မိုးသည်းထန်စွာရွာသွန်းခဲ့သဖြင့် Chalong နှင့် Karon တို့တွင် ရေကြီးရေလျှံမှုဖြစ်ခြင်း၊ မြေပြိုခြင်းတို့ ဆိုးဆိုးရွားရွား ဖြစ်ပွားခဲ့ကာ နေအိမ် ၂၅၀ ဝန်းကျင် ထိခိုက်ပျက်စီးခဲ့သလို Karon မှ Soi Patak တွင် မြေပြိုမှု အကြီးမားဆုံး ဖြစ်ပွားခဲ့ပြီး နေအိမ် ရာနှင့်ချီ၍ ပျက်စီးခဲ့သည်ဟု ဖော်ပြထားသည်။
မြေပြိုမှုကြောင့် မြန်မာလုပ်သား (၆) ဦး၊ ရုရှားစုံတွဲ (၂) ဦး၊ ထိုင်းလူမျိုး (၂) ဦး သေဆုံးသွားသည်ဟု သိရှိရပါသည်။
ဖူးခက်ပြည်နယ် အုပ်ချုပ်ရေးဌာန အကြီးအကဲ ရုံးအနီးတွင် ကယ်ဆယ် စောင့်ရှောက်ရေးစင်တာကို ဖွင့်လှစ်ထားပြီး လူ ၂၀ ကျော်ကိုစောင့်ရှောက်ထားကြာင်း သတင်းများအရ သိရှိရပါသည်။