နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 30 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဥရောပ

တယ်လီဂရမ်ကို စီအီးအို ဘီလျံနာ ပါဗယ်ဒူရော့ဗ်ကို ပြင်သစ်က ဖမ်းဆီးထား

+++++++++++++++++++++++++++++++++++++++++++

သြဂုတ်လ (၂၅) ရက်။

တယ်လီဂရမ်ကို တည်ထောင်သူနှင့် စီအီးအိုဖြစ်သည့် ဘီလျံနာ ပါဗယ်ဒူရော့ဗ်သည် စနေနေ့ညနေပိုင်းက ပါရီမြို့အပြင်ဘက်ရှိ Bourget လေဆိပ်တွင် ဖမ်းဆီးခံခဲ့ရကြောင်း အမည်မဖော်လိုသည့် သတင်းရင်းမြစ်များကို ကိုးကား၍ TF1 TV နှင့် BFM TV တို့က ပြောကြားခဲ့သည်။

ဒူရော့ဗ်သည် သူ၏ သီးသန့်ဂျက်လေယာဉ်ဖြင့် ခရီးထွက်နေရာ ပြင်သစ်နိုင်ငံတွင် သူ့အား ဖမ်းဝရမ်းတစ်ခုဖြင့် ပစ်မှတ်ထားခံခဲ့ရကြောင်း TF1 နှင့် BFM TV တို့က ဆိုခဲ့သည်။

TF1 နှင့် BFM နှစ်ခုလုံးက စုံစမ်းစစ်ဆေးမှုသည် တယ်လီဂရမ်ပေါ်တွင် အသုံးပြုသူများကို ထိန်းညှိပေးသူ မရှိခြင်းအပေါ် အာရုံစိုက်ထားကြောင်း၊ ဤအခြေအနေသည် ရာဇ၀တ်မှုဆိုင်ရာ လုပ်ဆောင်ချက်ကို တယ်လီဂရမ်တွင် ဟန့်တားခြင်းမပြုခဲ့ဟု ရဲတပ်ဖွဲ့က ယူဆထားကြောင်း ပြောကြားခဲ့သည်။

တယ်လီဂရမ်သည် ရိုက်တာသတင်းဌာန၏ မှတ်ချက်ပေးရန် တောင်းဆိုမှုကို ချက်ချင်းတုံ့ပြန်ခြင်းမရှိပေ။ ပြင်သစ်ပြည်ထဲရေး ဝန်ကြီးဌာနနှင့် ရဲတပ်ဖွဲ့တို့ကလည်း မှတ်ချက်ပေးခြင်း မရှိပေ။ ရုရှားနိုင်ငံခြားရေး ဝန်ကြီးဌာနက အခြေအနေကို ရှင်းလင်းရန် ခြေလှမ်းများ လုပ်ဆောင်နေပြီး အနောက်နိုင်ငံ အစိုးရမဟုတ်သော အဖွဲ့အစည်းများ (NGO) များက သူ့ကို လွှတ်ပေးရန် တောင်းဆိုမည်လားဆိုသည်ကိုတော့ မသိရှိရသေးပါ။

အသက် ၃၉ နှစ်အရွယ် ဒူရော့ဗ်သည် အဇာဘိုင်ဂျန်နိုင်ငံမှ ထွက်ခွာလာသည်ဟု ယူဆရပြီး ပြင်သစ်နိုင်ငံတွင် ဒေသစံတော်ချိန် ည ၈ နာရီတွင် အဖမ်းခံခဲ့ရခြင်းဖြစ်သည်။

ပြင်သစ်နိုင်ငံရှိ ရုရှားသံရုံးကမူ အခြေအနေကို ရှင်းရှင်းလင်းလင်း သိနိုင်ရန် ချက်ချင်းလုပ်ဆောင်လျက်ရှိကြောင်း TASS သတင်းဌာနဆိုခဲ့သည်။

ဒူရော့ဗ်နှင့် တယ်လီဂရမ်အကြောင်း အချက်အလက်များ

+++++++++++++++++++++++++++++++

အသက် ၃၉ နှစ်အရွယ် ရုရှားနိုင်ငံဖွား စွန့်ဦးတီထွင်သူ ဒူရော့ဗ်သည် တယ်လီဂရမ် ကုမ္ပဏီအခြေစိုက်ရာ ဒူဘိုင်းတွင် နေထိုင်သူဖြစ်ပြီး ပြင်သစ်နှင့် ယူအေအီး နှစ်နိုင်ငံ၏ နိုင်ငံသားအဖြစ် ခံယူထားသူဖြစ်သည်။

Facebook ၏ WhatsApp၊ သို့မဟုတ် Instagram, TikTok နှင့် Wechat ကဲ့သို့သော အခြားလူမှုရေးမီဒီယာပလက်ဖောင်းများနှင့် ယှဉ်ပြိုင်နိုင်သော အခမဲ့အသုံးပြုခွင့်ရှိသော စာတိုပေးပို့ခြင်းအက်ပ် တယ်လီဂရမ်ကို တည်ထောင်သူနှင့် ပိုင်ရှင်ဖြစ်သည်။ အဆိုပါပလပ်ဖောင်းသည် တစ်နှစ်အတွင်း လစဉ်အသုံးပြုသူ တစ်ဘီလီယံကျော်အထိ ရည်မှန်းထားသည်။

တယ်လီဂရမ်သည် ရုရှား၊ ယူကရိန်းနှင့် ယခင် ဆိုဗီယက်ယူနီယံ၏ သမ္မတနိုင်ငံများတွင် သြဇာညောင်းသည်။ ၎င်းသည် မော်စကိုနှင့် ကိယက်ဗ် အရာရှိနှစ်ဦးစလုံးမှ ကြီးကြီးမားမား အသုံးပြုခဲ့သည့် ယူကရိန်းရှိ ရုရှားစစ်ပွဲအတွက် အရေးကြီးသော သတင်းအချက် အလက်တစ်ခု ဖြစ်လာခဲ့သည်။ အချို့သော လေ့လာသုံးသပ်သူများသည် စစ်ပွဲအတွက် တယ်လီဂရမ်အက်ပ်ကို “စစ်မြေပြင်” ဟုခေါ်ဆိုကြသည်။

Forbes မဂ္ဂဇင်းကြီး၏ ခန့်မှန်းချက်အရ ဒေါ်လာ ၁၅.၅ ဘီလီယံ ကြွယ်ဝသည့် ဒူရော့ဗ်သည် ၎င်း၏ VK လူမှုမီဒီယာပလက်ဖောင်းမှ အတိုက်အခံအုပ်စုများ၏အကောင့်များအားပိတ်ပေးရန် တောင်းဆိုချက်ကို လိုက်နာရန် ငြင်းဆန်ခဲ့ပြီးနောက် ၂၀၁၄ ခုနှစ်တွင် ရုရှားမှ ထွက်ခွာလာသူဖြစ်သည်။

* ရုရှားနှင့် ပြင်သစ်မီဒီယာများက ဒူရော့ဗ်သည် ၂၀၂၁ ခုနှစ်တွင် ပြင်သစ်နိုင်ငံသား ဖြစ်လာခဲ့သည်ဟု ဆိုသည်။ သူကိုယ်တိုင်နှင့် တယ်လီဂရမ်ကုမ္ပဏီကို ၂၀၁၇ ခုနှစ်တွင် ဒူဘိုင်းသို့ ပြောင်းရွှေ့ခဲ့သည်။

“တစ်စုံတစ်ယောက်ဆီက အမှာစာ ယူတာထက် ကျွန်တော် လွတ်လွတ်လပ်လပ် နေလိုပါတယ်” ဟု ဒူရော့ဗ်က ဧပြီလတွင် အမေရိကန် သတင်းထောက် Tucker Carlson အား ရုရှားမှ ထွက်ခွာပြီး ဘာလင်၊ လန်ဒန်၊ စင်္ကာပူနှင့် ဆန်ဖရန်စစ္စကိုတို့ရှိ ၎င်း၏ ကုမ္ပဏီအတွက် အိမ်တစ်လုံးရှာနေသည်ဟု ပြောကြားခဲ့သည်။

ယင်းအင်တာဗျူးတွင် ဒူရော့ဗ်က သူသည် လွတ်လွတ်လပ်လပ်ဖြစ်လိုသောကြောင့်၊ ငွေ သို့မဟုတ် Bitcoin သာ သူ့ထံတွင်ရှိပြီး အိမ်ခြံမြေ၊ ဂျက်လေယာဉ်များ၊ ရွက်လှေများကဲ့သို့သော အဓိကပိုင်ဆိုင်မှု မရှိကြောင်း ပြောကြားခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 27 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 19 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 22 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 19 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 22 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 29 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 32 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 27 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက